သတင်းစာဆရာကြီး ဦးဝင်းတင် လွှတ်မြောက်

၂၃၊ စက်တင်ဘာ၊ ၂၀၀၈
ယနေ့  နအဖက လွှတ်တဲ့ အယောက် (၉၀၀၂) ယောက်ထဲမှာ နှစ်ပေါင်းကြာရှည်စွာ အကျဉ်းချခံထားရတဲ့ ဆရာကြီး ဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် - အကြံပေးပုဂ္ဂိုလ်ကြီး) ပါ ပါဝင်လွတ်မြောက်လာကြောင်း သိရှိရပါတယ်။ဆရာကြီးဦးဝင်းတင်ရဲ့  အာဏာရှင်အပေါ် လုံးဝအရှုံးမပေး အညံ့မခံဘဲ သံမဏိစိတ်ဓါတ်ကြံ့ ခိုင်စွာနဲ့  နိုင်ငံရေးအရ လွတ်မြောက်လာတာဖြစ်တဲ့အတွက် ဆရာကြီး ဦးဝင်းတင်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။နိုင်ငံရေးအရလွတ်မြောက်လာတဲ့ ဆရာကြီး ဦးဝင်းတင် ကျန်းမာရေး ကောင်းမွန်ပါစေလို့  အထူးဆုတောင်းပြီး၊ ဆရာကြီး ပြောကြားတဲ့ စကားဖြစ်တဲ့ “သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့” စကားကို ကျွန်တော်တို့ အားလုံး အလေးထားကြရမှာ ဖြစ်ပါတယ်။ ထို့ အတူ နောက်ထပ်ရရှိသောသတင်းအရ - ဆရာကြီးဦးဝင်းတင်ကဲ့သို့  နှစ်ပေါင်းမြောက်များစွာ ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် - ဒုဥက္ကဌ နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ ) လည်း ကသာထောင်မှနေ လွတ်မြောက်လာပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်ဦး၊ ဦးအေးသိန်းတို့ အပြင် ဦးဝင်းထိန်ပါ လွတ်မြောက်လာခြင်းအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသော်လည်း၊ ကျန်ရစ်နေသေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားအား မလွှတ်ခြင်းသည် နအဖ၏ မရိုးသားသော မမှန်ကန်သေးသော လုပ်ရပ်ဖြစ်နေဆဲ ဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပါတယ်။
niknayman

Comments :

0 comments to “သတင်းစာဆရာကြီး ဦးဝင်းတင် လွှတ်မြောက်”