ပြည်သူများ မကျေနပ်၍ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ယာဉ်ထိန်းရဲ တစ်ဦး သေဆုံး။

၂၅၊ စက်တင်ဘာလ၊ ၂၀၀၈။
ယခုအခါ ရန်ကုန်မြို့ တွင်းတွင် စက်ဘီးစီးသူများအား လိုက်လံဖမ်းဆီးလျှက်ရှိပါတယ်။ ထို့ အပြင် မြို့ အပြင်တွင် လိုင်စင်မဲ့ဆိုင်ကယ်စီးသူများအားလည်း လိုက်လံစောင့်ကြည့် ဖမ်းဆီးလျှက် ရှိနေပါတယ်။ရန်ကုန်မြို့ မင်္ဂလာဒုံ ၀ါယာလက်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များဖြင့် ဆိုင်ကယ်ကယ်ရီ လုပ်နေမှုများလည်း ရှိနေပြီး၊ အခုရက်ပိုင်းတွင် ညဘက်၌လည်း ကင်းလှည့်၍ လိုက်လံဖမ်းဆီးမှုများ ရှိနေပါတယ်။ ထိုသို့  လိုက်လံဖမ်းဆီးမှုများကြောင့် ဒေသခံပြည်သူများ မကျေမနပ်ဖြစ်ကာ ယမန်နေ့ ညပိုင်းတွင် မင်္ဂလာဒုံ ၀ါယာလက်တွင် ထိုသို့ လိုက်လံဖမ်းဆီးနေသော ယာဉ်ထိန်းရဲများအား ဒေသခံပြည်သူများက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ထိုသို့  ရိုက်နှက်မှုကြောင့် ယာဉ်ထိန်းရဲ တစ်ယောက် သေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိကြောင်း သတင်းတစ်ရပ်အရ သိရပါတယ်။
(သတင်းဖေါ်ပြသော ကိုသူတော်စင်ကြီးအား အထူးကျေးဇူးတင်ရှိပါတယ်)။
နစ်နေမင်း

Comments :

0 comments to “ပြည်သူများ မကျေနပ်၍ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ယာဉ်ထိန်းရဲ တစ်ဦး သေဆုံး။”