မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ကြတော့ မည်လား

၃၀ ဒီဇင်ဘာ ၂၀၀၈။ လူထုအသံ
မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက်များ တပ်ဆင်နိုင်ရေး အတွက် မြန်မာ စစ် အစိုးရက ပိုမို အားထည့် ကြိုးပမ်း လာ မှုနှင့် အတူ မြန်မာ့ နျူကလီးယား လက်နက် အစီအစဉ်မှာ မကြာမီ နှစ်များ အတွင်း အသက်ဝင် လာဖွယ်ရှိ
နေ သည်။ ကျွမ်းကျင်သူ များ၏ အဆိုအရ မြန်မာ နိုင်ငံအတွင်း နျူကလီယား လက်နက်များ ပိုင်ဆိုင်လာနိုင်သော အလားအလာ သည် နောက်ထပ် (၁၀)နှစ်မျှပင် မကြာ နိုင်တော့ကြောင်း သိရှိ ရသည်။ ထို့ကြောင့် ကမ္ဘာ့အဆိုးရွားဆုံး စစ်အာဏာ ရှင် အစိုးရ အဖွဲ့အစည်း တစ်ခု၏လက်သို့ အစုလိုက် အပြုံလိုက် သေစေ နိုင်သော အဖျက် လက်နက် ဆန်းကြီး ရောက်ရှိ သွားနိုင် မှုအပေါ် နိုင်ငံတကာ မှ စိုးရိမ် ထိတ်လန့်မှု မှာလည်း တစစဖြင့် တိုးမြင့် လာနေသည်။
မကြာသေးမီ နှစ်များအတွင်း အနုမြူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရေး မြန်မာအစိုးရဘက်မှ အသည်းအသန် ဆောင်ရွက်လာမှုနှင့်အတူ မြန်မာနိုင်ငံအနေနှင့် နျူကလီးယား လက်နက်ဆိုင်ရာ လျှို့ဝှက်စီမံကိန်းကြီး တစ်ခုကို အသက်သွင်းနေပြီဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ ထိုအခြေအနေသည် ကောလဟာလတစ်ခုအဖြစ် သတ်မှတ်နိုင်သလို သတင်းမှန်သာ ဖြစ်ခဲ့မည်ဆိုပါက အရှေ့တောင် အာရှ ဒေသတစ်ခုလုံး၏ ရပ်တည်မှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့နိုင်ငံရေး သုတေသီများက သုံးသပ် ပြောဆိုထားကြသည်။
မြန်မာနိုင်ငံသည် မူလက ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံ၏ အကူအညီကို ရယူခဲ့သော်လည်း နောက်ပိုင်းတွင်မူ အဆိုးရွားဆုံး စစ်အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် လက်တွဲလာခဲ့သည်။ ကမ္ဘာ့အပယ်ခံ နိုင်ငံနှစ်ခု၏ အစိုးရချင်း ရင်းနှီးလာမှုနှင့်အတူ မြန်မာ့နျူကလီးယား လက်နက်အိပ်မက်မှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံများမှ အကူအညီများ မျှော်လင့်နေသည့်တိုင် ထိုနိုင်ငံကြီးများမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ဆက်ဆံနေမှုကြောင့် ကမ္ဘာ့လူမုန်းအများဆုံး မြန်မာစစ်အစိုးရအား အင်တိုက်အားတိုက် ကူညီထောက်ပံ့ရေးတွင် အကန့်အသတ်များ မလွဲမသွေ ကြုံရမည် သာဖြစ်သည်။
သို့သော်လည်း မြောက်ကိုရီးယားမှာမူ ကွဲပြားသော အခြေအနေတွင် ရပ်တည်နေသည်။ သမ္မတ ကင်မ်ဂျုံအီလ်အုပ်ချုပ်သော အထီးကျန် နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး လက်နက်နိုင်ငံတော်တစ်ခု ဖြစ်နေပြီး နိုင်ငံတကာ ဖိအားပေးမှုများကို မျက်ကွယ်ပြုလေ့ရှိသဖြင့် မြန်မာအစိုးရ မျှော်မှန်းသော နျူကလီးယားလက်နက် စီမံကိန်းအား စိတ်ပါလက်ပါ ကူညီလာဖွယ်ရှိသည်။ ထိုကဲ့သို့ မြောက်ကိုရီးယားနှင့် ရင်းနှီးစွာ ဆက်ဆံလာနိုင်ခြင်းကြောင့် မြန်မာ့နျူကလီးယား လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ လေ့လာသူများက အိမ်နီးချင်း နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ နည်းပညာများ ပြန့်ပွားမှုသည် လျင်လျင်မြန်မြန် တိုးတက်လာနေကြောင်း သတိပေးခဲ့သည်။
ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသည် အီရန်ကဲ့သို့ နျူကလီးယားလက်နက် စမ်းသပ်နေသည့် နိုင်ငံများကို သံတမန်နည်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေတတ်ပြီး ပိုမိုတိုက်ရိုက်ကျသော အရေးယူမှုမျိုး ပြုလုပ်ရန် ဆုတ်ဆိုင်းနေသည့် သာဓကများက မြန်မာအစိုးရအား နျူကလီးယား ထုတ်လုပ်မှုကို အကြောက်အလန့်မရှိ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။
အချို့သော နိုင်ငံရေး သုတေသီများက မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းမှာ ထင်သလောက် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပုံကြီးချဲ့ပြီး အစိုးရိမ်လွန်နေကြောင်း ဝေဖန်ခဲ့သည်။ အမှန်ဆိုလျင် မြန်မာနိုင်ငံသည် နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို (၁၉၅၆)ခုနှစ်ကတည်းက စတင်လာခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ထိုအချိန်ကတည်းက မြန်မာ့အက်တမ်စွမ်းအင်စင်တာ (UBAEC) ကို ဖွင့်လှစ်ထားခဲ့ပြီး (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော စစ်အစိုးရ အာဏာသိမ်းမှု အပြီးတွင်မူ အဆိုပါစင်တာ၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့သည်။ ကာလကြာညောင်းပြီးနောက် (၂၀၀၁) ခုနှစ်၊ ဖေဖေ၀ါရီလမှ စတင်ပြီး လက်ရှိစစ်အစိုးရ အာဏာပိုင်များက နျုကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေးကို ပြန်လည်အာရုံကျလာသည်။

ရုရှားနိုင်ငံ အက်တမ်စွမ်းအင် ၀န်ကြီးဌာနက မြန်မာနိုင်ငံအတွင်း (၁၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရန် အကူအညီပေးသွားမည်ဟု အတည်ပြု ကြေငြာခဲ့သည်။ ထိုအခြေအနေသည် တစ်ကမ္ဘာလုံးအတွက် မြန်မာ့နျူကလီးယား အကောင်အထည် ဖော်နေမှုကို အာရုံစိုက်လာစေမည့် အချက်ပေး ခေါင်းလောင်းသံလည်း ဖြစ်သည်။ ထိုနှစ် ဇူလိုင်တွင်မူ စွမ်းအင်နှင့် သိပ္ပံဆိုင်ရာ ၀န်ကြီးဦးသောင်း၏ လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယားစွမ်းအင်ဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင်တော့ မြန်မာ့ကာကွယ်ရေး အကယ်ဒမီ(DSA)မှ ဘွဲ့ရအရာရှိများကို ရုရှားသို့ နျူကလီးယားဆိုင်ရာ ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့တော့သည်။

(၂၀၀၂)ခုနှစ်၊ ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် ထိုစဉ်က မြန်မာ့စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်ဝင်းက မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းအင်ထုတ်လုပ်နိုင်မှုအပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့သည်။ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့သော်လည်း စစ်အစိုးရ၏ အစစ်အမှန် ရည်မှန်းချက်ကို တစ်ကမ္ဘာလုံးက သံသယရှိလာနေခဲ့သည်။ စစ်အစိုးရ ထိပ်တန်းအရာရှိများထံမှ စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး စွမ်းအင်ကို နျူကလီးယားမှ ထုတ်လုပ်ရန် ရည်ရွယ်ပါကြောင်း လေသံပစ်လာကြသည့်တိုင် မြန်မာနိုင်ငံ စစ်အစိုးရသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်မှာ သေချာပါသည်ဟု အာမခံဝံ့သူ မရှိခဲ့ချေ။ ရေအားလျှပ်စစ် အပါအ၀င် နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု မလောက်ငသည့် အခြေအနေများကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် ကြံစည်နေပါသည်ဟု စစ်အစိုးရက ပြောဆိုနေသည့်တိုင် နိုင်ငံတိုင်းက သံသယ မျက်လုံးများဖြင့် စူးစမ်းနေဆဲဖြစ်သည်။

နောက်ပိုင်းတွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို ဆေးပညာ လေ့လာမှုအတွက်ပါ အသုံးချသွားမည်ဟု ပြောင်းလဲပြောဆိုလာပြန်သဖြင့် စစ်အစိုးရ၏ မူရင်းရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ရန် ပိုမိုရှုပ်ထွေး လာတော့သည်။ သို့သော်လည်း လေ့လာသူများက ရုရှား၏ အကူအညီဖြင့် မြန်မာအစိုးရသည် အနည်းဆုံး (၅)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖိုတစ်ခုလောက် အနည်းဆုံး တည်ဆောက်နိုင်ရန် မရမက ကြိုးပမ်းမည်ဖြစ်ပြီး ထိုမှတဆင့် လက်နက်ထုတ်လုပ်နိုင်သည်အထိ နျူကလီးယား သန့်စင်မှုဆိုင်ရာ နည်းစနစ်များကို မြောက်ကိုရီးယားထံမှ မှီခိုရယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။
ထိုအခြေအနေများကြောင့် နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေး ထိန်းချုပ်မှု အဖွဲ့အစည်းများအတွက် အဆုံးဖြတ်ရ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်လာရသည်။ လက်ရှိအချိန်သည် အမေရိကန်အနေနှင့် အီရန်၏ နျူကလီးယား အစီအမံများအပေါ် အပြည့်အ၀ အာရုံစိုက်နေသဖြင့် မြန်မာနိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ လုပ်ငန်းဆောင်တာများ မည်မျှတိုးတက်နေသည်ကို ထောက်လှမ်းနိုင်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ထို့အပြင် ရုရှားနှင့် တရုတ်တို့ကဲ့သို့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ကျောထောက်နောက်ခံ အင်အားကို ရရှိထားသည့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအမံများကို ခိုင်မာသော အထောက်အထား မပြနိုင်ဘဲ ကန့်ကွက်ရှုတ်ချနိုင်ရေးမှာ အမေရိကန်အတွက် အလွန်သတိထားရမည့် ခြေလှမ်း တစ်ခုဖြစ်သည်။ ထို့အပြင် ဆာဒမ်ဟူစိန်သည် အစုလိုက်အပြုံလိုက် သေစေတတ်သော လက်နက်ဆန်းများ သေချာပေါက် ထုတ်လုပ်နေသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်ကို ကျူးကျော်သိမ်းပိုက်ပြီးမှ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ သတင်းမှားကို ယုံစားမိသည့် အပြစ်အတွက် လက်ညှိုးထိုးခံရမှုမျိုး နောက်တစ်ကြိမ် ကြုံရမည်ကို အမေရိကန် ပြည်ထောင်စု အစိုးရအနေနှင့် ၀န်လေးနေမည်သာဖြစ်သည်။
ထိုနောက်ခံဖြစ်ရပ်များ အားလုံးတို့ကို အခွင့်ကောင်းယူကာ မြန်မာအစိုးရအနေနှင့် ၎င်း၏ရည်မှန်းချက် ပန်းတိုင်ဆီသို့ တိတ်တဆိတ် ချီတက်နေဖွယ်ရှိသည်။ အကယ်၍သာ မြန်မာနိုင်ငံ အစိုးရတွင် အဖျက်စွမ်းအား အလွန်ကြီးမားပြင်းထန်သည့် နျူကလီးယား လက်နက်ကြီးများ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရလာတော့မည်ဆိုလျင် ကမ္ဘာတစ်ခုလုံး ကျီးလန့်စာစား ဖြစ်လာရမည်မှာ မလွဲနိုင်ပေ။ ထိုအကြောင်းကို ကမ္ဘာ့နိုင်ငံများမှ အစိုးရတိုင်း သဘောပေါက်ကြပါသည်။ သို့သော်လည်း ထိုသို့မဖြစ်လာစေရေး မည်သို့ထိန်းချုပ်ရပါမည်နည်း။ လက်နက်ကိုင် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့တစ်ခုသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချပါမည်ဟု ကြွေးကြော်လျက်ရှိသည်။ အမှန်လား၊ အမှားလားဆိုသည်ကိုမူ ကာယကံရှင် စစ်အစိုးရသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းမှုကို လိုလားသော ကမ္ဘာ့နိုင်ငံများအတွက် မြန်မာ့နျူကလီးယား ပြဿနာမှာ အနာသိလျက် ဆေးအရှာခက်နေသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါတော့သည်။

အပြည့်အစုံ...>>

အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်

၃၀ ဒီဇင်ဘာ ၂၀၀၈။ NEJ
ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။
ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။
အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။
မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။

အပြည့်အစုံ...>>

နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

၂၉ ဒီဇင်ဘာ ၂၀၀၈။ ခိုင်မင်း
ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည်ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သည့်အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံများက ပြောသည်။
နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီးတွင် တည်ဆောက်ခဲ့သည်မှာ ယခုအခါ အပြီး သတ်လုဖြစ်သော်လည်း ဘူတာတည်ဆောက်ရာ မြေနေရာမှာ လယ်မြေဖြစ်ပြီး စမ်းပေါက်နေသည့်အတွက် ဘူတာအဖြစ် အသုံးပြုရန်မဖြစ်နိုင်ဘဲ စမ်းသပ်မောင်းနှင်သည့် မီးရထားစက်ခေါင်းများ (၃) ကြိမ်ခန့် တိမ်းမှောက်ခဲ့သည်။
ထို့ကြောင့် နေပြည်တော်ဘူတာသစ် နောက်တခုတည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီက ကံထရိုက်ရရှိထားသည်ဟု စုံစမ်းသိရသည်။
ရွှေ့ပြောင်းရမည့်ရပ်ကွက်များမှာ ပျဉ်းမနားဘူတာအနီးတ၀ိုက်တွင်ရှိသည့် ရန်အောင် (၂) ရပ်ကွက်အုပ်စု အတွင်းပါဝင်သော ဂုဏ်တန်ရပ်ကွက်၊ ရန်နိုင်ဟူစိန်ရပ်ကွက်နှင့် တောင်သာအုပ်စုတွင်ပါဝင်သည့် ဂွကြားရပ်ကွက်များ ဖြစ်သည်ဟု သိရသည်။
အဆိုပါရပ်ကွက်များ၌ ၀န်ထမ်းနှင့် လက်လုပ်လက်စားအများစုပါဝင်ပြီး ဂွကြားရပ်ကွက်မှာမူ ပန်းပဲလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေနှစ်သောင်းကျော်ရှိကြောင်း၊ ယင်းရပ်ကွက်မှလူများကို ပျဉ်းမနား နေပြည်တော် နယ်မြေတွင်ရှိသည့် လေတွင်းတောင်ခြေအနီးနှင့် ပျဉ်းမနားအရှေ့ ဘက် (၇) မိုင် အကွာရှိ ဆင်ဖြူတောင်ခြေအနီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။
လေတွင်းတောင်သည် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အနီးတည်ရှိပြီး ရှမ်းရိုးမနှင့်လည်းနီးကာ ငှက်ဖျားရောဂါထူပြောသည့်အပြင် ပေါင်းလောင်းရေကာတာ၏ အောက်ခြေဘက်တွင် တည်ရှိသောကြောင့် အန္တရာယ်အလွန်များသည်ဟု ဆည်မြောင်းကျွမ်းကျင်သူများက ပြောသည်။
ထို့အပြင် အစားထိုးပြန်ပေးမည့် တန်ဖိုးနည်းအိမ်ရာများမှာ ကျဉ်းမြောင်းပြီးသေးငယ်သည့်အတွက် မိသားစုဝင်များ နေထိုင်ရန်အတွက် မလုံလောက်ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါဒေသများသည် ပျဉ်းမနားမြို့နှင့် အလွန်အလှမ်းကွာသည့်အတွက် အလုပ်အကိုင်ရှားပါးပြီး ရောဂါဘယများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။
“ဒီဇင်ဘာ (၁၅) ရက်နေ့က လာတိုင်းတယ်။ သူတို့ပြောတာကတော့ နေပြည်တော်ဘုရားကြီးပတ်လမ်း ဖောက်ဖို့လို့ ပြောသွားတယ်။ အခုတော့ မှတ်တိုင်တွေ၊ အမှတ်အသားတွေစိုက်ပြီးသွားပြီ။ မကြာခင် ရွှေ့ရမယ်လို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ကျမတို့ မိသားစုတော့ ဒုက္ခပါပဲ။ ကျမက လက်လုပ်လက်စား၊ သားက၀န်ထမ်းဆိုတော့ ပြောင်းရွှေ့မယ့်နေရာရောက်ရင် ဘာလုပ်ကိုင်စားပြီး ဘယ်လိုနေရမှန်းတောင် မသိပါဘူး” ဟု ပြောင်းရွှေ့ခံရမည့်အထဲတွင် ပါဝင်သူဒေသခံတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

အပြည့်အစုံ...>>

ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

၂၈ ဒီဇင်ဘာ ၂၀၀၈။ မင်းနိုင်သူ

အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။
နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။
ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။
ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက် တဦးက ပြောသည်။
ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့်အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံ သို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။
အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။
၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့ လမ်းစဉ်ကို ကိုင်စွဲသည်။၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။
ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အပြည့်အစုံ...>>

ထိုင်း-မြန်မာ ဆက်ဆံရေးသစ် စတင်တော့မည်လော

၁၅ ဒီဇင်ဘာ ၂၀၀၈။ ဧရာဝတီ

ထိုင်းဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်သည့် သဘောထားကို ယမန်နေ့က ထုတ်လွှင့်သည့် အယ်လ်ဂျာ ဇီးယား ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေဆိုတာ နိုင်ငံတကာရဲ့အမြင်မှာ အင်မတန် အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျနော်တို့ကို အထင်သေးမယ်၊ မယုံကြည်ဘူးဆိုရင် (အာဆီယံ) အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်မှာမဟုတ်ဘူး” ဟု မစ္စတာ အဖိဆစ်က ဆိုသည်။မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် အာဆီယံနိုင်ငံများက ကူညီရမည်ဟုလည်း ပြောကြားလိုက်သည်။ “အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ကောင်းတဲ့ဘက်ကို ပြောင်းလဲလာစေချင်တယ်ဆိုတဲ့ ဘုံရပ်တည်ချက် ရှိပါတယ်။ … … ကျနော်တို့မှာ ကိုယ်လိုချင်တဲ့အပြောင်းအလဲဖြစ်လာဖို့အတွက် သင့်လျော်တဲ့ချည်းကပ်မှုတွေ၊ မဟာဗျူဟာတွေ ရှိရပါမယ်” ဟု ယခုလ ၁၅ ရက်နေ့က ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရသည့် မစ္စတာ အဖိဆစ်က ဆိုသည်။ ၀န်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်လက်ထက်တွင် ထိုင်းအစိုးရက မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ခဲ့သည်။ မစ္စတာသက်ဆင်မိသားစုက မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရသူ မစ္စတာ ကဆစ်ဖိရုမ်းက ၎င်းတို့အနေဖြင့် ယခင်အစိုးရကဲ့သို့ မြန်မာပြည်တွင် မိသားစုစီးပွားလုပ်ငန်းများ သွားရောက်လုပ်ကိုင်မည်မဟုတ်ကြောင်း ပညာရှင်ဆွေးနွေးပွဲတခုတွင် ပြောကြားလိုက်သည်ဟု ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာတွင် ရေးသားထားသည်။“ကျနော်တို့က စစ်အစိုးရနဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေ လုပ်မှာမဟုတ်ဘူး။ ကျနော်တို့က လူ့အခွင့်အရေးအခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို စောင့်ကြည့်မှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးသစ်က ဆိုသည်။ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ဝန်ကြီးချုပ်သစ်က “(အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်) စီးပွားရေးပိတ်ဆို့တာကို ကျနော် မဆန့်ကျင်ပါဘူး။ … အိမ်နီးချင်းနိုင်ငံတွေအကြား ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟုလည်း အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့သည်။ထိုင်းဝန်ကြီးချုပ်များသည် ရာထူးရခါစ အစောပိုင်းကာလတွင် မြန်မာပြည်အပါအ၀င် ဒေသတွင်းနိုင်ငံများသို့ သွားရောက် လည်ပတ်လေ့ရှိခဲ့သည်။ ယခု ၀န်ကြီးချုပ်သစ် မစ္စတာ အဖိဆစ်က ဒေသတွင်းခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။ မစ္စတာ အဖိဆစ်သည် ထိုင်းနိုင်ငံတွင် သက်တမ်းအရင့်ဆုံး နိုင်ငံရေးအဖွဲ့ဖြစ်သော ဒီမိုကရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ယခင် ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာချွန်လိပိုင်က ၎င်း ၀န်ကြီးချုပ်တာဝန်ယူခဲ့သော ၁၉၉၂-၉၅၊ ၁၉၉၇-၂၀၀၁ ကာလများတွင် မြန်မာနိုင်ငံသို့ သွားရောက်ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် မစ္စတာချွန်လိပိုင်သည် စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုသည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ်ဖြစ်သည်။မစ္စတာချွန်လိပိုင်လက်ထက်တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။ ဘန်ကောက်မြို့မြန်မာသံရုံးကို စီးနင်းသည့် သေနတ်သမားများကို ထိုင်းပြည်ထဲရေးဝန်ကြီးက “သူတို့က အကြမ်းဖက်သမားတွေမဟုတ်ပါဘူး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေပါ” ဟု ဆိုသည်။ အဆိုပါ ပြည်ထဲရေးဝန်ကြီး ဆနန်ခချွန်ပရာဆတ်မှာ ယခုထိုင်းအစိုးရအဖွဲ့တွင် ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။

အပြည့်အစုံ...>>

ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ကွယ်လွန်

၂၃ ဒီဇင်ဘာ ၂၀၀၈။ NEJ
ရုပ်ရှင်မင်းသား အကယ်ဒမီ ထွန်းထွန်းနိုင် ယနေ့ နံနက် (၅) နာရီအချိန်က ရန်ကုန် မဟာမြိုင် အထူးကုဆေးခန်းတွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်သည်ဟု၎င်း၏ မိသားစုများက ပြောသည်။
အကယ်ဒမီ ထွန်းထွန်းနိုင်သည် ကွယ်လွန်ချိန်တွင် အသက် (၅၇) နှစ် ရှိပြီဖြစ်သည်။ သူ၏ရုပ်အလောင်းကို ဒီဇင်ဘာ (၂၅) ရက် (ခရစ်စမတ်နေ့ ) ၌ ရေဝေးသုသာန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။အကယ်ဒမီ ထွန်းထွန်းနိုင်သည် ၁၉၈၅ ခုနှစ်က အချစ်မီးလျှံထဲက မေချို ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုရခဲ့သူဖြစ်ပြီး ယခု သေဆုံးချိန်ထိ ဒါရိုက်တာ နောင်ထွန်းလွင်အမည်ဖြင့်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သည်။

အပြည့်အစုံ...>>

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ AK-47 ကျည်ဆန်ရှားပါး

၂၃ ဒီဇင်ဘာ ၂၀၀၈။ ဧရာဝတီ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနှင့် စစ်အစိုးရ တပ်ဖွဲ့များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် အားလျော့ လာခြင်းသည် လက်နက်ခဲယမ်း အခက်အခဲ များကြောင့် ဖြစ်ကြောင်း သိရသည်။အထူးသဖြင့် ၎င်းတို့အသုံးပြုနေသော AK-47 ချေမှုန်းရေး ရိုင်ဖယ် သေနတ် ကျည်ဆန်များ ၀ယ်ယူရရှိရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုကြသည်။“အခု AK-47 အ၀ယ် ရပ်ထားရတယ်၊ အဲဒီ သေနတ်ကျည်ဆန်က ဘယ်နေရာမှာမှ ၀ယ်လို့မရဘူးဖြစ်နေလို့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ KNLA တပ်ဖွဲ့ဝင် တဦးက ပြောပြသည်။
ယင်း AK-47 သေနတ်ကျည်ဆန် ရှားပါးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် စစ်အစိုးရ စစ်တပ် များကို ဆန့်ကျင်တိုက်ခိုက်မှု ရပ်တန့်နေရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။“AK-47 ကျည်ဆန်ကို ထိုင်းဘက်မှာ ၀ယ်ဖို့ကလည်း အခက်အခဲရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အခု ထိုင်းစစ်တပ် က အမေရိကန်လုပ် M-16 အော်တိုမက်တစ် ရိုင်ဖယ်တွေကို သုံးနေတာ”ဟု ဘုရားသုံးဆူ ရှိ မွန်ပြည်သစ်ပါတီ (NMSP)အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာစစ်အစိုးရကို ဆယ်စုနှစ်များစွာ ဆန့်ကျင်တိုက်ခိုက် ခဲ့ကြသော်လည်း မကြာသေးသောနှစ်များမှစတင်၍ လက်နက် ခဲယမ်း အခက်အခဲများကြောင့် အင်အားလျော့ နည်းလာခဲ့ကြပြီး တိုက်ခိုက်ရေးဘက်တွင်လည်း အားနည်းလာကြောင်း သိရသည်။လွန်ခဲ့သော နှစ် ၂၀ ခန့်က ကမ္ဘောဒီးယား စစ်ပွဲမှ ပိုလျှံလက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်က ဆယ်ဘီးကား ကြီးများဖြင့် နယ်စပ်ဖြတ်ကျော် သယ်ဆောင်၍ မြန်မာလက်နက်ကိုင်သူပုန်အဖွဲ့များသို့ သက်သာသည့် ဈေးနှုန်း ဖြင့် ပြန်လည် ဖြန့်ဖြူးခဲ့ဖူးသည်။ မကြာသေးခင်က ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ရုရှ ထုတ် AK-47 ၊ အမေရိကန်ထုတ် M-16 သေနတ် များ၊ အပေါ့စား စက်သေနတ်များ အပါအ၀င် လက်နက်ငယ် ပစ္စတို သေနတ်များ၊ RPG လောင်ချာ၊ လက်ပစ်ဗုံး နှင့် SAM-7 ကဲ့သို့သော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ စသော လက်နက်ခဲယမ်းများကို ကားများဖြင့် သယ်ဆောင်၍ အရောင်းအ၀ယ်ပြုလုပ်ရန် မည်ကဲ့သို့ သိုလှောင်သည်ကို ရေးသားထားသည်။ဘိန်းဘုရင် ခွန်ဆာသည်လည်း ၎င်းတပ်ဖွဲ့၏ နှစ်ပတ်လည်စွမ်းရည်ပြပွဲများ၌ လက်နက်များပြသရာတွင် အဆိုပါ SAM-7 ဒုံးကျည်များကို ပြသခဲ့ဖူးသည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည်။ “အရင်က ကမ္ဘောဒီးယား နယ်စပ်ကနေ မြန်မာနယ်စပ်ကို လက်နက်သယ်ယူရတာ အခက်အခဲ မရှိခဲ့ဘူး၊ အခုတော့ လက်နက်ဝယ်ဖို့ က တော်တော် ခက်သွားပြီ”ဟု မွန်တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်း တဦးကလည်း ပြောပြသည်။ လက်ရှိအခြေအနေအရ ရှမ်း (SSA) နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ယင်းသို့ အခက်အခဲများကြား မှ မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား အဖွဲ့များ ဖြစ်သည်။စစ်အစိုးရကို ပြန်လည်တိုက်ခိုက်နေသည့် များစွာသော အဆိုပါသူပုန်တပ်သားများအတွက် လက်နက် ရွေးချယ် သုံးစွဲခွင့်သည်လည်း အရေးပါကြောင်း သိရသည်။ “ကျနော်ကတော့ AK-47 ကိုကြိုက်တယ်၊ M-16 ထက်ပိုကောင်းလို့”ဟု ကရင်တပ်ဖွဲ့ဝင် တဦး ကပြောသည်။ယင်း AK-47 သည် ကြာရှည်အသုံးခံပြီး ထိန်းသိမ်းပြုပြင်ရန်လည်းများစွာမလိုအပ်သောကြောင့် ၎င်းအနေနှင့် ကြိုက်နှစ်သက် ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။သို့သော် AK-47 ကျည်ဆန်သည် ဈေးကြီးကြောင်း၊ ကျည်တတောင့်လျှင် ထိုင်း ဘတ်ငွေ ၁၀ ဘတ် - ၁၅ ဘတ် (ကျပ် ၃၅၀ - ၅၂၅ ) ခန့် ပေးရကြောင်း AK-47 ကိုကြိုက်နှစ်သက်သည့် တခြားသော တပ်ဖွဲ့ဝင်တဦးကလည်း ပြောသည်။မြန်မာနိုင်ငံမြောက်ပိုင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များကလည်း စီးပွားရေးတွက်ဖြင့် ကျည်ဆန် ၀ယ်ယူ သုံးစွဲမှု လျှော့ချနေကြောင်း သိရသည်။တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သည့် ၀ ပြည် စည်းလုံးညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်းတို့ တပ်ဖွဲ့များနှင့် စစ်အစိုးရကြား တိုက်ပွားများဖြစ်ပွားသည့်အခါ အသုံးပြရန် နှင့် မဟာမိတ် တိုင်းရင်းသား အဖွဲ့များကိုပြန်လည် ရောင်းချရန်အတွက် မကြာသေးခင်က AK-47 နှင့် ကျည်ဆန်များ ကိုယ်ပိုင် ထုတ်လုပ်နေသည်။ UWSA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၀ ခုနှစ် အစောပိုင်းကာလတွင် ငြိမ်းချမ်းရေး ယူ ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်း တဦးကမူ UWSA တွင် ရောင်းချရန် ကျည်ဆန်များ အဆင်သင့်ရှိပြီး အရည်အသွေးအနည်းငယ်ညံ့၍ ဈေးနှုန်း သိပ်မသက်သာဟု ပြောသည်။တချိန်တည်းတွင်ပင် ၎င်းတို့ အဖွဲ့အနေနှင့် UWSA ထံမှ လက်နက်နှင့် ကျည်ဆန်များ မ၀ယ်ယူနိုင်သေးကြောင်း KNU အဖွဲ့ဝင် တဦးကလည်း ပြောဆိုသည်။အဆိုပါ လက်နက်ကိုင်အဖွဲ့ KNU သည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ၎င်းတို့၏ ဌာနချုပ်ကို သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ပြောက်ကျား စနစ်ဖြင့် စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။ လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တွင် AK-47 နှင့် M-16 သေနတ်တလက်လျှင် ဘတ် ၁၀၀၀၀ - ၁၅၀၀၀ (ဒေါ်လာ ၂၉၅ - ၄၄၀)ခန့်ရှိကြောင်း၊ ယခင် ၁၀ နှစ်ခန့်က ဘတ် ၄၀၀၀ ခန့်ရှိပြီး ကျည်ဆန်တတောင့်လျှင် ၃ ဘတ် ခန့်သာ ရှိကြောင်း ဘုရားသုံးဆူရှိ လက်နက်ဝယ်ယူသူ တဦး၏ အဆိုအရ သိရသည်။ဧရာဝတီက ရရှိထားသော စာမျက်နှာ ၆၈ မျက်နှာပါ ၂၀၀၇ ခုနှစ်အတွင်းက ထုတ်ပြန်သည့် မြန်မာစစ်အစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်သော မဟာဗျူဟာ လျှို့ဝှက် အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ်အတွင်း သူပုန် ၁၅၇ ဦးအသေရခဲ့ပြီး ၃ရ ဦး အသက်ရှင်လျက်ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့အနေနှင့် မိုင်းများထောင်၍ တိုက်ခိုက်ခဲ့ကြောင်း၊ လူတဦး မိုင်းနင်းမိပါက ကျန် လူ ၃ ဦး သို့မဟုတ် ၄ ဦးကိုပါ တိုက်ခိုက်ပြီးသကဲ့သို့ ဗျူဟာ ချမှတ် တိုက်ခဲ့ကြောင်း ပါရှိသည်။

အပြည့်အစုံ...>>

နအဖရဲ့ လျှို့ဝှက်စက်ရုံ

၂၁ ဒီဇင်ဘာလ ၂၀၀၈။ ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံမြို့နဲ့ တောင်သာမြိုကြားမှာ ၂၀၀၀ ခုနှစ်ကစပြီး အစိုးရကတည်ဆောက်လာခဲ့တဲ့ စက်ရုံကြီးတစ်ရုံဟာ အခု ၂၀၀၈ ခုနှစ်မှာပြီးစီးသလောက်နီးနီးဖြစ်နေပေမယ့် ဘာစက်ရုံမှန်းအသေအချာမသိတဲ့အတွက် ဒေသခံတွေကစိုးရိမ်မှုနဲ့အတူ အကဲခတ်လျက်ရှိနေကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ဒီစက်ရုံတည်ဆောက်တဲ့ နေရာကိုလာရောက်ကြည့်ရှု့သွားပေမယ့် နိုင်ငံပိုင်မီဒီယာတွေမှာဒီသတင်းကိုဖော်ပြခြင်းမရှိတဲ့အတွက် ဒေသခံတွေက ဒီစက်ရုံဟာ အစိုးရလျှို့ဝှက်ထားတဲ့ စက်ရုံဖြစ်မယ်လို့ ယူဆကြပါတယ်။ စက်ရုံဝင်းဟာ ဧက ၁၅၀၀ ကျယ်ဝန်းသလိုစက်ရုံအမြင့်ကလည်း အထပ် ၁၂ ထပ်လောက်မြင့်တာကြောင့် အစိုးရရဲ့အကြီးစား စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း ဒေသခံတွေက သတ်မှတ်ကြသလို စက်ရုံတည်ဆောက်ရာမှာ ဒေသခံတွေကထဲက အော်ကခြေအဆင့် ဆောက်လုပ်ရေး ၀န်ထမ်းတွေကို ခေါ်ယူအလုပ်ခန့်တာကလွဲပြီး တခြားအလုပ်သမားတွေအားလိုးက စစ်တပ်ကသာဖြစ်ကြောင်းဒေသခံတဦးက ဘီဘီစီကို ပြောပြပါတယ်။ စက်ရုံထဲမှာ အရည်ကျိုတဲ့စက်ကရိယာတွေတပ်ဆင်ထားပြီး သတင်းမထုတ်ပြန်ပဲ အခုလိုတည်ဆောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ လက်နက်စက်ရုံတခုဖြစ်မယ်လို့ ထင်မြင်နေကြပါတယ်။


အပြည့်အစုံ...>>

အနာဂတ်ကုလသမဂ္ဂ

၂၀ ဒီဇင်ဘာ ၂၀၀၈၊ ခရမ်း
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည် ကွန်မြူနစ်ကို ဒူးတုန်အောင်ကြောက်လန့်နေမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် အပြစ်မဲ့ကမ္ဘာ့လူထုသန်းပေါင်းများစွာဟာ ကုလသမဂ္ဂရဲ့တာဝန်မဲ့မှု လူကိုတန်ဖိုးမထားမှု ကိုယ်တိုင်ပြောတဲ့အခွင့်အရေးကို ကိုယ်တိုင်အကောင်အထည်မဖေါ်ဆောင်နိုင်မှု
တွေကြောင့်သေဆုံးခဲ့ကြရပါတယ်။ ဒီကနေ့ကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ ကွန်မြူနစ်စနစ်နှစ်ခုရဲ့ အားပြိုင်မှုကြောင့်လည်း ကုလသမဂ္ဂဆိုတာ နောက်နောင်တည်မြဲဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ၁၉၉၄ ခုနှစ်က လူမျိုးတုန်းအောင်သတ်ခဲ့တဲ့ ရ၀မ်ဒါလူသတ်ပွဲကြီး အပြစ်မဲ့တဲ့သူ ၁ သန်းကျော်သေဆုံးခဲ့ရတယ်။ အဲ့ဒီလိုဖြစ်ပျက်ခဲ့တဲ့နောက်ပိုင်းမှာ ကျူးလွန်သူကိုရှုံ့ချတာတွေ၊ နစ်နာသေဆုံးသူတွေအတွက် စိတ်မကောင်းတာတွေ ၀မ်နည်းမိတာတွေ ဒါတွေဘဲ ထပ်ကာတလဲလုပ်ပြနေတာဟာ ကုလသမဂ္ဂရဲ့ ဥာဏ်ဆိုးတစ်ခုလိုဖြစ်နေပါပြီ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အမေရိကန်နဲ့ ဗြိတိန်လိုနိုင်ငံကြီးတွေအပြင်
ကွန်မြူနစ်တွေဖြစ်ကြတဲ့ ရုရှားနဲ့ တရုပ်ကလည်းစစ်မျက်နှာတွေဖွင့်လာကြပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အားပြိုင်မှုတွေကြားမှာ လူသန်းပေါင်းမြောက်များစွာတန်ဖိုးမဲ့စွာ အသက်ပေးခဲ့ရတယ်။ ကုလသမဂ္ဂရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ကွန်မြူနစ်စနစ်ဟာ ပိုမိုကြီးထွားလာခဲ့ရတယ်။ အီရတ်နိုင်ငံကို မခိုင်လုံတဲ့စွတ်ဆွဲချက်တွေနဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခဲ့လို့။ ကုလရဲ့ရလဒ်က အကြမ်းဖက် တုန့်ပြန်မှုတွေနဲ့ လူထုရဲ့နာကြီးမှုတွေဘဲဖြစ်တယ်၊ ဒီကနေ့ကမ္ဘာကြီးပေါ်မှာအကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာမှုတွေကလည်း ခံပျင်းမှုတွေ ဆုံးရှုံးနစ်နာမှုတွေ နာကြည်းမှုတွေကြောင့် ကလဲစားချေနေတာ မျိုးအဖြစ်မြင်တွေ့ရပါတယ်။
အကြမ်းဖက်တိုက်ခိုက်သူတွေကိုအမြဲ ကုလကအပြစ်ပြောနေပေမယ့် အကြမ်းဖက်တိုက်ခိုက်သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဥပကာပြုထားမှုတွေကြောင့်ဆိုတာထင်ထင်ရှားရှားမြင်ရမှာပါ။ မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ကတည်းက တရားဝင်လူသတ်ပွဲကြီးစတင်ခဲ့တယ်၊ ပညာတတ်တော်တော်များများဆုံးရုံးခဲ့ရတယ်။ လူ့အခွင့်အရေးတွေခြိုးဖောက်ခံရတယ်။ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေးတွေထုတ်ပြန်တယ် ပြဌာန်းတယ်။ မြန်မာအာဏာလုစစ်တပ်က လူအခွင့်အရေးတွေ စနစ်တကျနဲ့ခြိုးဖောက်တယ် မုဒိန်းမှုတွေကို
စနစ်တကျစီစဉ်ကျင်းပတယ် လူညွန့်တုန်းအောင်စနစ်တကျနဲ့လုပ်ဆောင်တယ် နှစ်ပေါင်း ၅၀ ကျော်ပြည်တွင်း စစ်တွေဖြစ်နေတယ်၊ မူးယစ်ဆေးဝါးတွေ တရားဝင်ထုတ်လုပ်တယ် ဒီလိုလုပ်ဆောင်မှုတွေကို ကျူးလွန်မှုတွေကို စစ်တမ်းကောက် မှတ်တမ်းများထုတ်ပြန်ပြီး အရေးယူဖို့ တရားဝင်ကုလသမဂ္ဂကိုတင်ပြပေမယ့် မခိုင်လုံတဲ့ ပြည်တွင်းရေးဆိုပြီး ပယ်ချခံရတယ် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအံကြွမှုအပြီး အာဏာလုစစ်တပ်က ဆက်တိုက်တရားဝင် လူဖမ်းဆီးညှင်းပမ်းနှိပ်စက်ပွဲကြီးတရားဝင်ကျင်းပတယ် တရားဝင်မတရား အသက်ကျော်ထောင်ချမှုတွေပြုကျင့်ခဲ့တယ်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုက်ကလုန်းမုန်တိုင်းတုန်းက လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရတယ် စစ်တပ်ရဲ့တာဝန်မဲ့မှုတွေကြောင့် မသေသင့်ဘဲအသက်ဆုံးခဲ့ရတယ်။ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းဟာ တာဝန်နဲ့ ၀တ္တရားအရမြန်မာပြည်ကိုလာခဲ့ရတယ် ထို့အတွက် ကျေးဇူးတင်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။
မြန်မာအာဏာလုအစိုးရလုပ်ရပ်ကို နိုင်ငံတကာက ၀ိုင်းဝန်းပြောဆိုမှုတွေရှိလာပါတယ် ဒါပေမယ့် ကွန်မြူနစ်လိုလားတဲ့ တရုပ်နဲ့ ရုရှားမပါဝင်ပါဘူး ဒါကိုကုလသမဂ္ဂအတွင်းရေးမှူး
ဘန်ကီမွန်းက မလွှဲမရှောင်သာဖြင့် စိတ်ပျက်တယ် ဆိုတဲ့စကားတစ်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီ့စကားတစ်ခွန်းတည်းနဲ့ မြန်မာပြည်ပြောင်းလဲသွားမယ်လို့ ဘန်ကီမွန်းထင်နေပုံရတယ်။
၁၉၆၁ ခုနှစ် ကစပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသန့် ကထမ်းဆောင်ခဲ့တယ် သူလက်ထက်မှာ ကျူးဘား ဒုံးပျံအရေးအခင်းနဲ့ ကွန်ဂိုပြည်တွင်းစစ် ပြသနာများကိုဖြေရှင်းနိုင်ခဲ့တယ်။ ဘန်ကီမွန်းကတော့ အဂတိလိုက်စားမှု တွေရှိခဲ့တယ်ဆိုတာမလွဲနိုင်ပါဘူး။ အထူးကိုယ်စာလှယ်တွေခန့်အပ်ထားခဲ့တဲ့ မစ္စတာရာဇလီအစ်စ္စမေးလ်တောင် ကိုယ်စားလှယ်ယောင်ယောင် နဲ့စီးပွားရေးလုပ်သွားလို့ အီးပါ့စ်စပို့တောင်မြန်မာပြည်ကရလိုက်သေးတယ်။ ဂန်ဘာရီ ကုလားကျပြန်တော့ ပါးစပ်ကဘုရားဘုရား လက်က ကားယားကားယားနဲ့ မြန်မာပြည်လာပြီး ဖာလိုက်စားနေတာ ကုလလုပ်ငန်းတွေဖော်ဆောင်နေတာလား။ လူမိုက်တွေနဲ့ ဒေါ်စုအိမ်ရှေ့မှာ ဆူညံဆူညံနဲ့ အော်ဟစ်ပြောဆိုနေတာကုလရဲ့ အထူးကိုယ်စားလှည်လား။ မြန်မာနိုင်ငံ အမှန်တရားဖေါ်ထုတ်တဲ့နေရာမှာ ကုလမှတာဝန်ရှိသူတွေရဲ့ လှစ်လျူရှုမှုတွေ ပျက်ကွက်မှုတွေအပေါ်မှာပါ ထည့်သွင်းအရေးယူနိုင်ဖို့ ဆိုတာဟာလည်း အင်မတန်လိုအပ်ပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက လူမျိုးပြုန်အောင်သတ်ဖြတ်မှုနဲ့ ရ၀မ်ဒါက ဗိုလ်မှူးကြီး သီယိုနစ်စတာကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။ ကုသသမဂ္ဂရဲ့တရားမမျှတလိုက်ပုံများ ကြည့်ကြပါဦး လူပေါင်း ၁ သန်းကျော်သတ်ဖြတ်ခဲ့တဲ့သူကို တစ်သက်တစ်ကျွန်းတဲ့ မြန်မာနိုင်ငံမှာ လူမသတ်ဘဲ လူ့အခွင့်အရေးလုပ်လို့ တစ်သက်တကျွန်းကျတဲ့သူတွေ ရှိပါတယ်။ မြန်မာနိုင်ငံက သန်းရွှေကိုတော့ နိုင်ငံတကာရာဇ၀တ်ရုံးမှာမစစ်ဘူး မြန်မာပြည်တွင်းရေးဖြစ်တာမို့ ကုလပါဝင်စရာမလိုဘူး စစ်ဖက်ဆိုင်ရာထိပ်တန်းအရာရှိတွေ ဆွေစဉ်မျိုးဆက်ကိုပြည်သူတွေက ဆုံးဖြတ်စီရင်ခွင့်ရှိတယ်။ ပြည်သူ့တရားရုံးက ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးထက်မျှတတယ် မှန်ကန်တယ်၊ မြန်ဆန်တယ်။ နောက်နောင်ကမ္ဘာမှာ ပြည်သူလူထုတွေက လူသားအချင်းချင်း လေးစားချစ်ခင်ပြီး
ကိုယ့်နိုင်ငံကိုအုပ်ချုပ်ကာ ကိုယ့်တရားကိုစီရင်ပြီး ညီညီညွတ်ညွတ်နေထိုင်မယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂဆိုတာရှိစရာမလိုပါဘူး နာမည်ခံကုလသမဂ္ဂဆိုတာမလိုတော့ဘူး။ နိုင်ငံတကာကပေးဆောင်နေရတဲ့ အခွန်အခတွေသက်သာပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးမရှိသင့်တော့ပြီလေ။

အပြည့်အစုံ...>>

ရဲချုပ်ခင်ရီနှင့် စီအန်အန်သတင်းထောက်အင်တာဗျူး

၁၈ ဒီဇင်ဘာ ၂၀၀၈။
အန်ဒါဆန် - မစ္စတာခင်ရီ အနေနဲ့ ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထဲကို ၀င်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။
ခင်ရီ - ဟုတ်ကဲ့၊ ဒီလိုပါ၊ ကျနော့်ဗီဇက ငယ်ငယ်ကတည်းက သူများကို နိုင်ထက်စီးနင်းလုပ်ပြီး ငွေညှစ်တာတို့၊ သူရဲကောင်း လုပ်တာတို့ ၀ါသနာပါခဲ့တာ ဆိုတော့ ရဲတပ်ဖွဲ့နဲ့လည်း ကိုက်မယ်ထင်လို့ပါ။ ပြီးတော့ ဆားပုလင်း နှင်းမောင် ဖြစ်ချင်တာလည်း ပါတာပေါ့။

အန်ဒါဆန် - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ အစောပိုင်းနဲ့ လက်ရှိအခြေအနေလေးကို ရှင်းပြပါဦး။
ခင်ရီ - ကျနော် စ၀င်တုန်းကဆို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အထင်ကရတော့ မဖြစ်သေးဘူးပေါ့ဗျာ၊ အခု အခြေအနေနဲ့တော့ ကွာသွားတာပေါ့၊ နိုင်ငံတော် အစိုးရရဲ့ ကြီးမား မြင့်မြတ်လှတဲ့ စေတနာတွေ၊ ဖြည့်ဆည်းပေးမှုတွေကြောင့် တိုးတက်လာတာလို့ ထင်ပါတယ်။

အန်ဒါဆန် - ဒီအဖွဲ့ ကိုဝင်ပြီး ကိုခင်ရီ ရခဲ့တဲ့ အတွေ့အကြုံလေး။
ခင်ရီ - အတွေ့အကြုံပိုင်းကတော့ ကျနော့်အနေနဲ့ မတရားအမှုဆင်တဲ့ အပိုင်းမှာ တော်တော်လေး တိုးတက်လာပါတယ်။ ကျနော့် မိန်းမကတော့ ရွှေကဲငွေကဲ ပိုတတ်လာတယ်ဗျာ၊ နောက် ဘယ်သူ့ဆီက ငွေ ဘယ်လောက်ညှစ်လိုက်ရမလဲ ဆိုတာ သူပဲ Command ပေးပါတယ်။

အန်ဒါဆန် - ဒီ ဘင်လာဒင်အမှုမှာ သူ့ကို ဘယ်လိုဖမ်းလိုက်နိုင်လဲ။
ခင်ရီ - ကျနော် အဲဒီဆိုင်မှာ စားနေတဲ့ အချိန်၊ ကြံ့ဖွံ့က အပေါင်းအပါတွေနဲ့ ပေါ့ဗျာ၊ စားတာကလည်း ကြိုက်လို့တော့ မဟုတ်ပါဘူး၊ ဒီဘက်က ပျံကျဈေးသည်တွေဆီက ဆတ်ကြေးတောင်းရင်းနဲ့ ကြုံလို့ပါ။ အဲဒီမှာ ဘင်လာဒင် ရောက်လာတယ်၊ ကျနော့် ဘော်ဒါတွေနဲ့ သူ အဖွဲ့ကျနေတဲ့ အချိန် ကျနော် တိတ်လေးခိုးထွက်လာပြီး ချဲဒိုင်တစ်ယောက်ဆီက မတရား သိမ်းထားတဲ့ ဟန်းဖုန်းနဲ့ စီအိုင်အေ ကို လှမ်းသတင်းပေးလိုက်တာပါ။

အန်ဒါဆန် - အခုလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ လေ့လာဆည်းပူးမည့် ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီးယားက သူတွေအပေါ် ကိုခင်ရီ ဘယ်လိုမြင်လဲ။
ခင်ရီ - ကောင်းပါတယ်။ ဒီကောင်တွေရဲ့ အရည်အချင်းကတော့ ငွေများများပေးနိုင်တဲ့ သူတွေကိုတော့ စနစ်တကျ သင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ တော်လောက်ပါပြီ၊ ဘာလို့လဲဆိုတော့ ကျနော်က မတရားအသင်း ဆက်သွယ်မှုနဲ့ အဖမ်းခံရမှာတော့ အကြောက်သားဗျ။

(မှတ်ချက် - ရဲချုပ် ခင်ရီ အင်္ဂလိပ်စကားသင်နေသည့်အတွက် အန်ဒါဆန်က ဗမာလိုမေးသွားခြင်း ဖြစ်ပါသည်။)

လေလွင့်သူ blog မှကူးယူဖေါ်ပြပါသည်။

အပြည့်အစုံ...>>

ဝဒေသတွင် AK-47 ထုတ်နေပြီ

၁၇ ဒီဇင်ဘာ ၂၀၀၈။ ဧရာဝတီ
တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ ဖြစ်သည့် ၀ပြည် စည်းလုံးညီညွတ်ရေး တပ်မတော် (UWSA) က ၎င်းတို့ တပ်ဖွဲ့များနှင့် စစ်အစိုးရကြား တိုက်ပွဲများ ဖြစ်ပွားသည့်အခါ အသုံးပြရန်အတွက် ကိုယ်ပိုင် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်နေကြောင်း သိရသည်။
UWSA ထုတ်လုပ်သော စစ်လက်နက် ပစ္စည်းများမှာ AK-47 အမျိုးအစား သေနတ်များနှင့် ကျည်ဆံများ ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်သည့် စိုင်းဆိုင်မောဝ်က ပြောသည်။“UWSA က အခု သူတို့ ကိုယ်ပိုင်လက်နက် ထုတ်နေပြီ၊ သူတို့ အခု ထုတ်တဲ့ AK-47 က တရုတ်လုပ်နဲ့ တူတယ်၊ မနှစ်က စထုတ်တာ”ဟု ၎င်းက ပြောပြသည်။
တခြားသော UWSA နှင့် နီးစပ်သူ တဦးကလည်း “UWSA လက်နက် ထုတ်တာက သူတို့ တပ်ဖွဲ့တွေ အတွက်ချည်းပဲ မဟုတ်ဘူး၊ ဒီ ရှမ်းပြည်နယ် အတွင်းက သူတို့နဲ့ မဟာမိတ် တိုင်းရင်းသား အဖွဲ့တွေကိုလည်း ရောင်းတယ်”ဟု ပြောသည်။ရှမ်းပြည်နယ် အပါအ၀င် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရှမ်း၊ ကိုးကန့်၊ မုန်းလား၊ ကချင် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိကြောင်း သိရသည်။“UWSA အဖွဲ့က အဲဒီ AK-47 သေနတ် လုပ်ပုံ လုပ်နည်းကို တရုတ်ဆီကနေ လေ့လာခဲ့တာ” ဟုလည်း ၎င်း UWSA နှင့် နီးစပ်သူက ဆိုသည်။UWSA သည် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှ ရရှိသော ၀င်ငွေပြီးလျှင် လက်နက် မှောင်ခို ရောင်းချခြင်းမှ ၀င်ငွေရရှိကြောင်း မေလ အတွင်းက ထုတ်ပြန်သည့် “ဂျိန်း” စစ်ဘက် လုံခြုံရေး သတင်းဆိုင်ရာ (The Jane’s News Security reported) ထုတ်ပြန်ချက်အရ သိရှိရသည်။UWSA အနေနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့နှင့် အိန္ဒိယ လက်နက်ကိုင် သူပုန် အဖွဲ့များသို့ လက်နက် ရောင်းချခြင်းမှ ငွေကြေး အမြောက်အမြား ရရှိကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ တွင်လည်း “ဂျိန်း” က ထုတ်ပြန်ထားသည်။UWSA ၏ ယခု လက်နက်ငယ် ထုတ်လုပ်မှုသည် ထိုဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း ပထမဆုံး အကြိမ် အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။လတ်တလော လက်နက် ထုတ်လုပ်ရာ ဒေသသည် တရုတ်-မြန်မာ နယ်စပ်အနီး UWSA ဌာနချုပ်ရှိရာ ပန်ဆန်း မြောက်ဘက် ၁၂၅ ကီလိုမီတာ ခန့်ကွာဝေးပြီး UWSA အကြီးအကဲ ပေါက်ယူချမ်း၏ ဇာတိ ဖြစ်သော ၀ တောင် တန်းပေါ်ရှိ ခွေးမ နယ်မြေအတွင်း၌ ဖြစ်ကြောင်း သိရသည်။ယခုအခါ ထိုင်း-တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် UWSA တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့်ကို တပ်ဖြန့် ချထားကြောင်း၊ ရှမ်းပြည်နယ် အောက်ဘက် တွင်လည်း ၆၀၀၀၀ မှ ၁၂၀၀၀၀ ခန့်ရှိသော ၀ ရွာသားများ အခြေချ နေထိုင်လျှက် ရှိကြောင်း တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပြသည်။UWSA အဖွဲ့သည် တရုတ် လက်နက် ထုတ်လုပ်သူများ၊ တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ပြီး တရုတ်နိုင်ငံ ယူနန် ပြည်နယ်ဘက် လမ်းကြောင်းမှနေ၍ လက်နက် အရောင်း အ၀ယ် ပြုလုပ်မှုများ ရှိသည်ဟုလည်း ဆိုသည်။အဆိုပါ UWSA အဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၀ ခုနှစ် အစောပိုင်း ကာလတွင် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ဝေရှောက်ခမ်း အပါအ၀င် UWSA ခေါင်းဆောင်များကို တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် အမေရိကန် အစိုးရက အလိုရှိနေခဲ့သည်။

အပြည့်အစုံ...>>

ဥပဒေအဖွဲ့ မြန်မာကိုလွှတ်ဘို့ အာဆီယံကို HRW တောင်းဆို

၁၇ ဒီဇင်ဘာ ၂၀၀၈။ (ဘီဘီစီမြန်မာပိုင်း)
မြန်မာနိုင်ငံက တရာစီရင်ရေးစနစ်မှာ ဘက်လိုက်မှုတွေ၊ သာသမတ်ကင်းမဲ့မှုတွေရှိနေတယ်ဆိုတဲ့ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံကို လွတ်လပ်တဲ့ဥပဒေအဖွဲ့တဖွဲ့စေလွှတ်ဘို့ နယူးရောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့က အာဆီယံကို ဆော်သြေလိုက်ပါတယ်။
အာဆီယံချာတာဟာ အခုရက်ပိုင်းအတွင်းမှာဘဲ အကြုံးဝင်လာခဲ့ပြီး ချာတာထဲမှာပါတဲ့ ဥပဒေနဲ့အညီအုပ်ချုပ်မှု၊ လူ့အခွင့်အရေးကာကွယ်မြင့်တင်မှုတွေကို မြန်မာနိုင်ငံလည်းဖြစ်လာအောင် အာဆီယံအနေနဲ့ အပြောနဲ့အလုပ်အညီ ဖြစ်အောင်လုပ်ပြရလိမ့်မယ်၊ မဟုတ်ရင် အာဆီယံချာတာဟာ အသုံးမကျဘူးဆိုတဲ့အဓိပ္ပါယ်ထွက်လိမ့်မယ်လို့ HRW က Elanie pearson ကပြောပါတယ်။တကယ်တော့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Mr Tomas Quintana ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံက ဥပဒေစံနစ်မှာ ပြုပြင်ပြောင်းလဲမှုလုပ်ဘို့ပြောဘူးပါတယ်။ အာဆီယံအဖွဲ့မှာ တနိုင်ငံပြည်တွင်းရေးကို အဖွဲ့က၀င်မစွက်ရမှုရှိပေမဲ့လည်း လွတ်လပ်တဲ့ဥပဒေအဖွဲ့စေလွှတ်ပြီး တွေ့ဆုံမေးမြန်းတာလောက်တော့လုပ်နိုင်လောက်စရာရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။အနဲဆုံးနအဖကို အာဆီယံက သူတို့လာကြည့်ချင်တယ်ဆိုတာကို ခွင့်တောင်းဒါမှမဟုတ် ရှေ့နေတွေကိုပါဖမ်းပြီးထောင်ချပစ်နေတာတွေနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းတာလောက်တော့ လုပ်သင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်က ၈၈ မျိုးဆက်ကျောင်းသာားတွေအပါအ၀င် နိုင်ငံရေး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရမှုမှာအာဆီယံက ဘာမှဟုတ်တိပ္ပတိ မပြောတဲ့အတွက် ခုလိုဥပဒေအဖွဲ့စေလွှတ်ဘို့တောင်းဆိုတာကို စဉ်းစားပါ့မလားဆိုတာတောင် မေးစရာရှိပါတယ်။ ဒါပေမဲ့ အရင်အကြိမ်တွေနဲ့ကွာတာက ခုအာဆီယံချာတာအတည်ဖြစ်လာပြီဖြစ်တဲ့အတွက် အာဆီယံလေးလေးနက်နက်လုပ်ဘို့မျှော်လင့်တာတွေတော့ရှိနေပါတယ်။

အပြည့်အစုံ...>>

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်

၁၇ ဒီဇင်ဘာ ၂၀၀၈။
အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။(၁) အရေးပေါ် အတွက်keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လားသင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။(၃) ဖွက်ထားတဲ့ အပို ဘက္ထရီသင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။မျိုးချစ်မြန်မာမှ ကူးယူ မျှဝေပါသည်


အပြည့်အစုံ...>>

လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်း ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိ

၁၅ ဒီဇင်ဘာ ၂၀၀၈။ ဗွီအိုအေ မြန်မာပိုင်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်ပေးရင်းနဲ့ တရားစီရင်ရေးကို အနှောင့်အယှက်ပြုပါတယ်ဆိုပြီး ပုဒ်မ ၂၂၈ နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၆ လချခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းဟာ အခုတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်လာပါတယ်။ သူ့အနေနဲ့ ပြည်တွင်းမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပြခဲ့ပါတယ်။ အကြောင်းစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
သူ့အနေနဲ့ ဥပဒေမဲ့ ဖမ်းဆီးခြင်းကို မခံနိုင်တာကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့အကြောင်း အခုလိုပြောပါတယ်။

"မတရားဖမ်းဆီးခံရတဲ့ သူတွေဘက်ကနေပြီး လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတယောက်ကို ဥပဒေနဲ့မညီတဲ့ မတရားဖမ်းဆီးဖို့၊ မတရားထောင်ချဖို့ ပြုလုပ်တဲ့အတွက်ကျနော့်အနေနဲ့ လုံးဝလက်ခံနိုင်ခြင်း မရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ပါတယ်။"
ရှေ့နေ ၂ ဦးဖြစ်တဲ့ ကိုစောကျော်ကျော်မင်းနဲ့ ကိုညီညီထွေးတို့ ၂ ဦးဟာ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် တရားရုံးမှာ ကိုသန့်ဇင်ဦး အပါအ၀င် ၁၁ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ရင်း သူတို့ရဲ့အမှုသည်များက တရားရုံးကို ကျောပေးထိုင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေတွေကို ဖျောင်းဖျပေးဖို့ ပြောခဲ့ရာက သူတို့ကိုပါ တရားစွဲဆိုဖို့လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
"တရားခံတွေ၊ စွပ်စွဲခံရသူတွေရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်ပါဆောင်ရွက်ရတာဖြစ်တယ်။ အဲဒီအတွက် စွပ်စွဲခံရသူတွေကိုယ်တိုင် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးကျနော်တို့အနေနဲ့ ဘာမှ ၀င်ရောက်စွက်ဖက် ပြောဆိုလိုခြင်း မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒီဟာတွေကို အခြေခံပြီး မြောက်ပိုင်းခရိုင်တရားရုံး၊ လှိုင်သာယာမြို့နယ်တရားသူကြီးက ကျနော်တို့ကို ပြစ်မှုဥပဒေပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုပါတယ်။"
နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအနေနဲ့ အခက်အခဲရှိပုံတွေကိုလည်း ဆက်ပြောသွားပါတယ်။
"ကျနော် လိုက်ပါဆောင်ရွက်ခဲ့တုန်းကဆိုရင် အမှုသည်တွေကို ဒီရှေ့နေတွေ ငှားရမ်းတဲ့အတွက် ဘာ့ကြောင့်ငှားရမ်းတာလဲ၊ ဘာအဆက်အသွယ်နဲ့ ငှားရမ်းတာလဲဆိုတဲ့ မိသားစုတွေ၊ အကျဉ်းသားတွေကို ဖိအားပေးခံရတယ်။ ကိုယ်စားလှယ်လွှဲစာ ရရှိဖို့အတွက်ထောင်မှာသွားပြီးတော့ ကိုယ်စားလှယ်လွှဲစာ သွားတင်ရတယ်၊ ထောင်မှာသွားပြီးလက်မှတ်ထိုးယူရတယ်။
"ယူတဲ့အခါမှာ တခြားအမှုတွေလို မဟုတ်ဘဲနဲ့ နိုင်ငံရေးအမှု လိုက်ပါဆောင်ရွက်တဲ့အတွက် စာကို ညွှန်ကြားရေးမှူးချုပ် တင်ပေးရမှာမို့လို့ဆိုပြီး အချိန်မကြန့်ကြာသင့်ဘဲကြန့်ကြာရတယ်။ တခါတလေ ၇ ရက်၊ ၈ ရက်၊ ၁၀ ရက်လောက်အထိကြာတယ်။ အဲလိုအနေအထားမျိုးတွေ ဖြစ်ပါတယ်။
"နောက်တခုက တရားရုံးတွေကလည်း နိုင်ငံရေးအမှုတွေနဲ့ပတ်သက်ပြီး ရုံးချိန်းအတိအကျမပေးဘူး။ ရုံးချိန်းတယ်၊ ဒါပေမယ့် အချိန်အတိအကျ မပေးဘူး။ မပေးတဲ့အခါကြတော့ ရှေ့နေတွေက အဲဒီတရားခွင်ကိုရောက်ပြီး သတင်းပို့ထားပေမယ့် အချိန်အတိအကျ မရှိတဲ့အတွက်၊ ဘယ်အချိန်မှ သက်သေလာမှန်း မသိတဲ့အတွက် တနေကုန်ထိုင်စောင့်ရတာတွေ ရှိတယ်။"
အခုဆိုရင် နိုင်ငံရေးသမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့၊ တရားမျှတစွာဥပဒေကြောင်းအရ လျှောက်လဲချက်ပေးနေတဲ့ ရှေ့နေကြီးတွေကိုတောင်မှ ဖမ်းဆီးထောင်ချ နယ်ပြောင်းနေတာတွေ လုပ်နေတဲ့အတွက် ရှေ့ဆက်ပြီး လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေရဲ့ အလားအလာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။
"နိုင်ငံရေးသမားတွေကို ယုံကြည်တဲ့၊ လေးစားတဲ့စိတ်ဓာတ်နဲ့ ရှေ့နေရှေ့ရပ်တွေကတော့ လိုက်ပါဆောင်ရွက်နေဆဲပဲဆိုတာ ကျနော် သိရပါတယ်။"ကိုစောကျော်ကျော်မင်းဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၆ လအပြစ်ပေးခြင်း ခံခဲ့ရပေမယ့် သူဟာ အဖမ်းအဆီးမခံဘဲ တိမ်းရှောင်နေရာကထိုင်း-မြန်မာနယ်စပ်ကို မကြာသေးခင်ကပဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

အပြည့်အစုံ...>>

အာဘီဆစ်ဝိဇ္ဇာဇီဝ ထိုင်းဝန်ကြီးချုပ် အရွေးခံရ

၁၅ ဒီဇင်ဘာ ၂၀၀၈။ NEJ
ယနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပါလီမန်မှာ ကျင်းပသည့် အရေးပေါ် လွှတ်တော်အစည်းအဝေး၌ ၀န်ကြီးချုပ်သစ် မဲပေးပွဲကျင်းပရာ အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင်က (၂၃၅) မဲဖြင့် အနိုင်ရရှိကာ ထိုင်းနိုင်ငံ၏ (၂၇) ကြိမ်မြောက် ၀န်ကြီးချုပ် ဖြစ်လာသည်။
ပွေထိုင်းပါတီကလည်း ပွေပါဒင်းပါတီခေါင်းဆောင် ရဲချုပ် ပရာချာ ပရောင်မန့်ကို ၀န်ကြီးချုပ်သစ်နေရာ လျာထားပြီး ၀င်ပြိုင်သော်လည်း (၁၉၈) မဲဖြင့် ရှုံးနိမ့်သွားသည်။ ၀န်ကြီးချုပ်ဖြစ်လာသည်နှင့် တိုင်းပြည်စီးပွားရေး ယိုင်နေသည်ကို ပြန်ဦးမော့လာအောင် လုပ်မည်ဟု ၀န်ကြီးချုပ် အာဘီဆစ်ဝိဇ္ဇာဇီဝက ကတိပေးသည်။
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်ဘွဲ့ရ အာဘီဆစ်ဝိဇ္ဇာဇီဝသည် အသက် (၄၄) နှစ်သာရှိသေးပြီး ချမ်းသာကြွယ်ဝသည့် ထိုင်းတရုတ် အထက်တန်းလွှာ မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်သည်။ အဂတိလိုက်စားမှုနှင့်မကင်းသည့် ထိုင်းနိုင်ငံရေးလောကတွင် အဂတိလိုက်စားမှု ကင်းသူအဖြစ် လူသိများသည်။ ၂၀၀၅ ခုနှစ်တွင် ဒီမိုကရက်ပါတီခေါင်းဆောင် ဖြစ်လာသည်။
အာဘီဆစ်ဝိဇ္ဇာဇီဝကို ထိုင်းတောင်ပိုင်းနှင့် ဘန်ကောက် အလယ်အလတ် လူတန်းစားကသာ ထောက်ခံကြပြီး ထိုင်းကျေးလက်၏ ထောက်ခံမှုရအောင် မလုပ်နိုင်ခဲ့ဟု သိရသည်။
ဒီမိုကရက်ပါတီဘက် ဘက်ပြောင်းသည့်အမတ်များအား ယနေ့ကျင်းပသည့် ၀န်ကြီးချုပ်သစ် ရွေးချယ်ပွဲကို နေမကောင်းသည့်အကြောင်းပြချက်ဖြင့် မတက်သည့်အမတ်များအား တဦးကို ဘတ်သန်း (၅၀) ပေးမည်ဟု တဘက်က ဆွဲဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အပြည့်အစုံ...>>

ယုဇနပလာဇာမီးလောင်မှုဖြစ်ပွား

၁၄ ဒီဇင်ဘာ ၂၀၀၈။ ဒီနေ့ညနေ ၆နာရီလောက်က ယုဇနပလာဇာ အောက်ထပ် TRI Fashion လက်ကားဆိုင်နားမှာ မီးလောင်တယ်လို့ကြားရပါတယ်
ဆိုင်ခန်းလေးခန်းမီးထဲပါသွားပါတယ်။
ဝါယာရှော့ခ်ကြောင့် မီးလောင်တာလို့သိရပါတယ်။ ယခုလတ်တလောရက်တွေမှာ ရန်ကုန်မှာမီးအရမ်းပျက်ပြီး လာချင်တဲ့အချိန်ပြန်လာ ပျက်ချင်တဲ့အခါပျက်တတ်တာမို့ မီးမပျက်ခင်ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ဖို့မေ့လျော့တတ်ကြပြီး မီးပြန်လာတဲ့အခါ ရှော့ခ်ဖြစ်ပြီးမီးလောင်တာမျိုးလို့ပြောသံကြားရပါတယ်။
ခြောက်သွေ့တဲ့ရာသီလည်းရောက် လျှပ်စစ်မီးကလည်းမမှန်တဲ့အတွက် မီးပျက်တဲ့အချိန်ဆို အစစအရာရာသတိထားကြဖို့လိုပါတယ်။
ဖယောင်းတိုင်ထွန်းတာ၊ ဟင်းချက်တာကအစ ဂရုစိုက်ဖို့လိုပါတယ်။
မတော်တဆမီးလောင်ခဲ့ပြန်ရင်လည်း မြန်မာပြည်ရဲ့ထုံးစံအတိုင်း မီးသတ်ကားက ပြာကျမှပဲရောက်လာတတ်တာမို့ ခုလို အချိန်မျိုးဆို ပြည်သူတွေမှာ ရင်တထိတ်ထိတ်ဖြစ်နေကြရတတ်ပါတယ်။
regards

moethway
Generation Wave

အပြည့်အစုံ...>>

နှစ်သက်မိသောကာတွန်း


အပြည့်အစုံ...>>

ဒေါ်စု လွတ်မြောက်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ နိုဘယ်လ်ဆုရှင်တွေ တိုက်တွန်း

၁၃ ဒီဇင်ဘာ ၂၀၀၈။ ဗွီအိုအေ မြန်မာပိုင်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်တွန်း ဆောင်ရွက်ဖို့ ဥရောပ နိုင်ငံတွေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တွေရဲ့ ထိပ်သီး ညီလာခံကနေ အိုင်ယာလန်နိုင်ငံက ရော့ခ်အဆိုတော် ဘိုနို ကိုလည်း ငြိမ်းချမ်းရေး အကျိုးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာအောင် တိုက်တွန်းဖို့ နိုဘယ်လ်ငြိမ်းချမ်းဆုရှင်တွေက ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အခမ်းအနားမှာ အိုင်ယာလန်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုင်းရိဒ် ကော်ရီဂန် မက်ကွိုင်းယား (Mairead Corrigan Maguire) က မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးအတွက် မဆုတ်မနစ် ဆက်ပြီး တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲ့ ရဲရင့်မှုနဲ့ သတ္တိကို အမှတ်တရ ရှိနေစေချင်ပါတယ်။ ဒါကို ကမ္ဘာက အမှတ်တရ ရှိနေစေဖို့ ကျမတို့ ဒီနေ့ ဒီနေရာမှာ စုဝေး ရောက်ရှိ နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ပြောဆိုသွားပါတယ်။
နိုင်ဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တွေရဲ့ (၉) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သုံးရက်ကြာ ကျင်းပပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အထိန်းအမှတ် အခါသမယ နဲ့ တိုက်ဆိုင်ပြီး ဒီ ထိပ်သီး ညီလာခံကို ကျင်းပတာပါ။
အိုင်ယာလန်နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေဖြစ်ကြတဲ့ ဘက်တီ ၀ီလျံ (Betty William)၊ ဂျွန်ဟူးမ် (John Hume)၊ တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဘလျု ဒီ ကလပ် (F.W de Klerk) နဲ့ ပိုလန်နိုင်ငံက နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Lech Walesa (လက်ခ် ဗာဝင်ဆာ) တို့လည်း တက်ရောက်ပါတယ်။ အိုင်ယာလန်နိုင်ငံက နာမည်ကြီး ရော့ခ် အဆိုတော် ဘိုနို ကို ညီလာခံကနေ Man of Peace ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
အခုလို ညီလာခံကနေ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ တောင်းဆိုတာက ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်ပါသလဲ။ ပါရီမှာ နိုဘယ်ဆုရှင်တွေရဲ့ ထိပ်သီး အစည်းအဝေး အခမ်းနားကို တက်ရောက်နေတဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့က အဖွဲ့ဝင် ၀န်ကြီး တဦးဖြစ်သူ ဦးဘိုလှတင့် က အခုလို သူ့သဘောထားကို ပြောဆိုပါတယ်။
“ဘိုနိုကို ဆုပေးတဲ့အခမ်အနားမှာ ပြင်သစ် သမ္မတကတော် လည်း တက်တယ်၊ မြို့တော်ဝင်လည်း တက်တယ်၊ (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ညီလာခံမှာ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်မြေက်ရေး ပိုပြီးတော့ အာရုံစိုက်ဆောင်ရွက်ဖို့ တိုက်တွန်းတာမျိုး၊ သူတို့တတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုဘယ်လ်ဆုရှင်တွေ ဦးဆောင်ပြီး တကမ္ဘာလုံးမှာ စပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချတယ်ဆိုတော့ ထိရောက်မှု ရှိမရှိ ဆိုတာက နအဖက တကမ္ဘာလုံးရဲ့ အသံကို ဘယ်လောက်အထိ လေးစား လိုက်နာတယ် ဆိုတဲ့အပေါ်မှာ မူတည်မှာပဲ၊ ဒါပေမယ့် သူတို့ လှုပ်ရှားမှုကတော့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ ဦးဆောင်လုပ်မယ် ဆိုတာ စ ကြေညာတာဆိုတော့ ထိရောက်မှုတွေ အများကြီး ရှိမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
ဦးဘိုလှတင့် ပြောသွားတာပါ။ အခမ်းအနားမှာ ငြိမ်းချမ်းရေး အကျိုးဆောင် ဆု ချီးမြှင့်ခံရတဲ့ ရောခ့် အဆိုတော် ဘိုနို က ဒီဆုဟာ သူ့လို ရော့ခ် ဂီတ သမားတယောက်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသလောက်အထိ ကျေနပ် ကြည်နူး မိပါတယ်လို့ ပြောသွားပါတယ်။
အာဖရိကတိုက်ရဲ့ ကြွေးမြီ အကျပ်အတည်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ရောဂါပျံ့ပွားမှု ကာကွယ်ရေး နှစ်ပေါင်း ၂၀ လောက် အကျိုးဆောင်ခဲ့သူအဖြစ် ဒီလို ငြိမ်းချမ်းရေး အကျိုးဆောင် ဆုကို ချီးမြှင့်တာပါ။ ဘိုနို ဟာ သီချင်းတွေ စာသားတွေနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့သူ၊ တိုက်ပွဲဝင်နေမယ့်သူ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခဲ့သူ၊ တိုက်ဖျက်နေမယ့်သူ လို့ အခမ်းအနားကို ပူးတွဲ ကျင်းပတဲ့ အီတလီနိုင်ငံ လက်ဝဲယိမ်း ခေါင်းဆောင် ဝေါ်လ်တာ ဗက်ထရိုနီ (Walter Veltroni) က အခမ်းအနားမှာ ပြောဆိုပါတယ်။
ဘိုနို က ဆုကို လက်ခံရယူပြီးတဲ့အချိန် မိန့်ခွန်းပြောကြားတဲ့အခါ ဒီ ထိပ်သီး ညီလာခံမှာ ရောက်မလာနိုင်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်တရအဖြစ်နဲ့ သူ လေးစားမိတဲ့ အကြောင်း တခုတ်တရ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အပြည့်အစုံ...>>

တန်ပြန်တိုက်ခိုက်ခြင်း

၁၂ ဒီဇင်ဘာ ၂၀၀၈။
ကွန်မြူနစ်တွေရဲ့ ``သူစု ကိုယ်ဖြန့်၊ သူဖြန့် ကိုယ်စု´´ ဆိုတဲ့ သဘောတရားလေး ကြားဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တိုက်ခိုက်ကြတဲ့အခါ သူ့ဗျူဟာ ကိုယ့်ဗျူဟာ ဘယ်လိုခင်းကျဉ်းကြတယ်ဆိုတာပေါ်မူတည်ပြီး တိုက်ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အဓိကဆုံးဖြတ်ပေးနိုင်ပါတယ်။ မီးကို ရေအေးနဲ့ပဲ ငြိမ်းသည်ဖြစ်စေ၊ ရေနွေးနဲ့ပဲ ငြိမ်းသည်ဖြစ်စေ ငြိမ်းဖို့သာအဓိက ဆိုတဲ့ သဘောတရားကိုလည်း သိကြမှာပါ။ တစ်ချို့ကတော့ Fight Fire with Fire လို့ ဆိုကြပါတယ်။
မြန်မာတွေရဲ့ ရှေးကတည်းက ကြားဖူးနေကြ နောင်ရိုးတိုက်ပွဲဥပမာမှာတော့ ``လက်ရုံးရည်သည် အဓိကမဟုတ်၊ နှလုံးရည်သာ အဓိက´´ လို့ဆိုထားတာလည်း အားလုံးသိတာပဲ။ ``ဘုရင့်နောင်ဖောင်ဖျက်´´ ဆိုတဲ့ စကားက ခုထိသုံးကြတုန်းပါ။ ဒါမျိုးဥပမာတွေ ပြောရရင် အများကြီးပါ။ ကမ္ဘာမှာရော၊ မြန်မာမှာရော ဥပမာတွေ ပေးလို့မကုန်နိုင်အောင် အများကြီးရှိပါတယ်။ဒါဆိုရင် ဘာဖြစ်လို့ လူနည်းစုလေးကို လူများစုက ခေါင်းငုံ့ခံပြီး အရှုံးပေးနေရသလဲ။သူတို့လောက် အရည်အချင်း မရှိလို့လား။သူတို့လောက် အင်အားမများလို့လား။သူတို့လောက် ဖွဲ့စည်းညီညွတ်မှု မရှိလို့လား။သူတို့ထက် ပိုပြီး အဓိကဖြေရှင်းနေရတဲ့ ပြဿနာတွေကနေ မကျော်နိုင်လို့လား။ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်နိုင်ပါတယ်။ ငါက ငါ့အတွက်ပဲ ငါ့လုပ်နေပါလားဆိုတာ သေသေချာချာ သိဖို့လိုပါတယ်။ ဒါဖြင့် မင်းကရော ? အတူတူပဲပေါ့ဗျာ။ စကားစပ်လို့ စံပယ်ဖြူမဂ္ဂဇင်း အမှတ် (၆)၊ အောက်တိုဘာ ၂၀၀၆ ထဲက ဆောင်းပါးရှင် ကျော်ဇောခိုင်ရဲ့ တွေးခြင်းမဟာဗျူဟာများ ဘာသာပြန်ဆောင်းပါးထဲက တစ်ခုကို ပြန်ပြောပါရစေ။`` ဆိုဗီယက်အကြောင်း နောက်တစ်ခု ထပ်ပြောမယ်ဗျာ။ ပါတီရဲ့ အကြိမ် ၂၀ မြောက် ကွန်ဂရက်မှာ ခရူးရှော့ကြီးက စတာလင်အကြောင်း မကောင်းပြောတယ်။ အပုပ်ချတယ်ပေါ့ဗျာ။ မိန့်ခွန်းလည်း ဆုံးရော အောက်က လူအုပ်ထဲက တစ်ယောက်က စတာလင်ရှိတုန်းက ခေါင်းဆောင်ကြီး ဘာလုပ်နေသလဲလို လှမ်းမေးသဗျာ။ အဲဒါ ဘယ်သူလဲ၊ မတ်တတ်ရပ်ပြပါလို့ ခရူးရှော့က ဆိုတော့ ဘယ်သူမှမလှုပ်ကြဘူးတဲ့။ ငြိမ်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ခရူးရှော့က ပြောတယ်။ ကျုပ်ဒီလိုပဲ လုပ်ခဲ့ရတာပေါ့တဲ့။´´ကျွန်တော်တို့လည်း ဒီလိုပဲ လုပ်နေတဲ့ လူတွေများနေတယ်။ ငါ့ရေတစ်ခွက်နဲ့ သူကြီး နို့အိုးကြီး ဘာမှ မသိသာပါဘူးဆိုတဲ့ ပုံပြင်ထဲကလိုပေါ့။ဒီတော့ ကျွန်တော်တို့ မညီညွတ်ဘူး။ ဒါ အသေအချာပဲ။ ကျွန်တော်တို့ရဲ့ ဖျောက်မရနိုင်သေးတဲ့ အကျင့်ဆိုးကြီး၊ ဒါမှမဟုတ် စရိုက်ဆိုးကြီးက လူတစ်ယောက်ကနေ နှစ်ယောက် တွဲလို့ မရဘူး။ တစ်ယောက်ထဲကြပြန်တော့လည်း ငါ့ရေတစ်ခွက်ဆိုတာနဲ့ ပြီးနေတယ်။ နှစ်ယောက်ရှိလာပလား။ ``ဒီကောင်က မဆိုးပါဘူး။ ငါ့ကို မှီဖို့တော့ နည်းနည်း လိုသေးတယ်´´ ဆိုတာမျိုး၊ ``မင်းမရှိလည်း ဘာမှ မဖြစ်ဘူးကွ၊ ငါ့ဘာသာငါ လုပ်နိုင်တယ်´´ ဆိုတာမျိုး၊ ``ဒီကောင်က ဘာပညာတွေများ ငါ့ထက်သာလို့တုန်း၊ ဘာအတွေ့အကြုံတွေများ ပိုရှိလို့တုန်း´´ ဆိုတာမျိုး၊ ``ဒီကောင့်ကို စောစောစီးစီး နှိပ်ကွပ်ထားမှ၊ နို့မို့ဆိုရင် ငါ့အတွက် နေရာ မသေချာဘူး´´ ဆိုတာမျိုးတွေ ရှိလာကြပါတယ်။ ရန်သူကို တန်ပြန်တိုက်ခိုက်ဖို့ ဒါမျိုးလူတွေနဲ့ မရနိုင်ဘူး။ကျွန်တော်တို့ အရည်အချင်း မရှိဘူးလား။ အရည်အချင်း တကယ်ပြည့်ဝတဲ့သူတွေ အများကြီးပါ။ ကမ္ဘာမှာရော၊ မြန်မာမှာရော ရှိကြပါတယ်။ ရန်သူထက် သာတဲ့သူတွေ အပုံကြီးပါဗျာ။ ဒါဖြင့် ဘာဖြစ်လို့ မအောင်မြင်သလဲ။ အဖွဲ့အစည်း စိတ်ဓတ်မရှိမှုနဲ့၊ အရည်အချင်းပိနေတဲ့သူတွေကြောင့်လို့ ယူဆပါတယ်။ ရီးယဲလ်ဘောလုံးအသင်းမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေချည်းပဲ။ ဒါပေမယ့် သူတို့ ဖလား အများကြီးမရပါဘူး။ တစ်ဦးချင်းစွမ်းရည်ကောင်းတဲ့သူတွေ လိုပါတယ်။ ဒါပေမယ့် တစ်ဦးချင်းလုပ်ရမယ့်အခြေအနေမျိုးမှာပဲ သူတို့ကို ရှိနေခိုင်းတာ ကောင်းပါတယ်။ အုပ်စုလိုက်လှုပ်ရှားကြရင် Team Work ကောင်းကောင်းရှိတဲ့သူမျိုးတွေ အဓိက များများစားစား လိုပါတယ်။ မိတ်ဆွေတစ်ယောက်ပြောဖူးတဲ့ Management Game အကြောင်း ပြောပါရစေ။ လူတွေကို အုပ်စုတွေ ဖွဲ့ပြီး ပြဿနာ တွေ ဖြေရှင်းခိုင်းကြည့်ပါတယ်။ အဲဒီအခါမှာ လူတစ်ချို့က အုပ်စုနဲ့ ညီညီညွတ်ညွတ် ပြဿနာရဲ့ အဖြေတွေကို ၀ိုင်းဝန်းစဉ်းစားနိုင်ပါတယ်။ လူတစ်ချို့ကတော့ သူများပြောသမျှ လိုက်ခေါင်းငြိမ့် ခေါင်းခါနဲ့ ဘာမှ တက်တက်ကြွကြွ မဖြေရှင်း မစဉ်းနိုင်ပါဘူး။ ဒါပေမယ့် လူတွေကို တစ်ယောက်ချင်းစီ ခွဲပြီး ပြဿနာတွေကို ဖြေရှင်းခိုင်းတဲ့အခါမှာတော့ အုပ်စုလိုက် မဖြေရှင်းတတ်တဲ့သူတွေက တစ်ဦးချင်းစွမ်းရည်တွေ ကောင်းနေတတ်သလို အုပ်စုလိုက် စွမ်းရည်ကောင်းနေတဲ့သူတွေက တစ်ဦးချင်းစွမ်းရည် ညံ့နေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ညံ့တော့ မညံ့ဘူး။ လူတော်တွေအများကြီးပဲ။ ဒါပေမယ့် လူမှန် နေရာမှန်ရှိမနေကြဘူး။ ဒီလိုပုံမျိုးနဲ့တော့ တန်ပြန်တိုက်ခိုက်မှု မလုပ်နိုင်ဘူး။နောက်တစ်ချက်က ဟိုဝါဒ ဒီဝါဒတွေကို နည်းနည်း ဘေးချိတ်ထားဖို့လိုမယ်။ လူတွေက ၀ါဒတွေကို မသိမသာပြဌာန်း၊ ပြီးတော့ အဲဒီဝါဒတွေအောက်က ရုံးမထွက်နိုင် ဖြစ်မနေသင့်ဘူး။ ၀ါဒဆိုတာ ၀ါဒအားလုံးကို ပြောတာပါ။ ကွန်မြူနစ်စင်၊ ဘာနစ်စင် ညာနစ်စင်တွေကနေပြီး၊ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ အားလုံးကို ပြောတာပါ။ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်၊ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်ပေါ့ဗျာ။ အဲဒါကိုလည်း ဘာဝါဒလို့ သတ်မှတ်ထားလည်း ကျွန်တော်လည်း မသိပါဘူး။ မြေပဲခိုးစားတဲ့ မျောက်တွေကို ယာသမားတွေ ဘယ်လို ဖမ်းလဲဆိုတော့ အ၀ ခပ်ကျဉ်းကျဉ်း အိုးတစ်ခုထဲမှာ မြေပဲ ထည့်ပြီး အဲဒီအိုးကို မြေကြီးထဲမြှုပ်ထားလိုက်တာပဲ။ ညကြတော့ မျောက်တွေက အိုးထဲက မြေပဲကို လက်နဲ့ နှိုက်ယူပြီး လက်ပြန်ထုတ်တော့ အ၀မှာတစ်နေလို့ ထုတ်လို့မရဘူး။ ဒါပေမယ့် မျောက်တွေက မြေပဲကို မလွှတ်ပဲ လက်ကို အတင်းထုတ်တာဆိုတော့ မနက်မှာ အေးအေးဆေးဆေး မျောက်တွေကို ဖမ်းရုံပဲဗျ။ ကျွန်တော်တို့လည်း မြေပဲနည်းနည်းအတွက် အသက်တွေတော့ အဆုံးရှုံးမခံသင့်ဘူး မဟုတ်လား။ လွှတ်ချသင့်တာတွေကို လွှတ်ချဖို့ လိုမယ်။ ငါက ဘာဝါဒီ ညာဝါဒီဆိုတာမျိုး တစ်ခုခုကို ဆုပ်ကိုင်မထားသင့်ဘူး။ ပြောင်းလွယ် ပြင်လွယ် Flexible ဖြစ်မှ တန်ပြန်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နိုင်မယ်။ကောင်းပါပြီတဲ့။ ဘယ်လို တန်ပြန်တိုက်ခိုက်ကြမလဲ။ No one is perfect ဆိုသလိုပေါ့။ Weak Point တွေတော့ ရှိမှာပဲ။ အဲဒီနေရာကနေ ၀င်ရမှာပေါ့။ ကျွန်တော်တို့ ရုပ်ရှင်တွေထဲမှာလည်း ကြည့်ဖူးသလို သူ့အဖွဲ့အစည်းကို မကျေနပ်တဲ့သူတွေကို သူ့လူကိုယ့်ဘက်သားလုပ်နည်းတွေ စသည်ဖြင့်ပေါ့။ ဒါတွေက ပြောလို့မကောင်းဘူး။ ဘတ်စ်ကားပေါ်က သင်္ကြန်စာ ရောင်းတဲ့သူပြောသလိုဆိုရင် ပြောလို့ မကောင်းဘူး။ ဖတ်လို့ကောင်းတယ်ပေါ့ဗျာ။ ပြီးရင် အကောင်အထည်ဖေါ်ဖို့ ဆိုတာကတော့... ကျွန်တော် ဒီနေရာမှာ လျှောချရင်ရတယ်ဗျာ။ ဒါပေမယ့် လျှောမချချင်ဘူး။ လူလည်း လျှောချရတာတွေ များလွန်းလို့ အ၀ီစိကမတက်နိုင်တာ တော်တော်ကြာနေပြီ။ပြောမယ်ဆိုရင်တော့ ပြောစရာတွေ ရှိသေးတာပေါ့လေ။ အပြောနည်းနည်းလျှော့ပြီး အလုပ်များများ လုပ်သင့်တယ်ထင်လို့ ဆက်မပြောတော့ဘူးဗျာ။
စာရေးသူ -မျက်လုံး ။ eye blog မှပြန်လည်ဖော်ပြသည်။

အပြည့်အစုံ...>>

ဘိုကလေးမြို့တွင် လျှပ်စစ်မီးပေးသည့်အချိန် ထပ်မံလျှော့ချ

၁၁ ဒီဇင်ဘာ ၂၀၀၈။ ဘုန်းခိုင်
ဘိုကလေးမြို့တွင် လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်သည့် သတင်း ပြည်ပအသံလွှင့်ဌာနတွင် ထုတ်လွှင့် ခဲ့သည့်အပေါ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးက မကျေနပ်သည့်အတွက် လျှပ်စစ်မီးပေးချိန် လျှော့ချခဲ့သည်။
ဘိုကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင့်လွင်က ပြီးခဲ့သည့်တနင်္လာနေ့ VOA အသံလွှင့်အစီအစဉ်တွင် မီးမမှန်သည့်သတင်း ပါလာသည်ကို မကျေနပ်၍ အင်္ဂါနေ့မှစတင်ကာ တနေ့ (၄) နာရီသာ ပေးမည်ဖြစ်ကြောင်းကို စာရွက်တွင်ရေးကာ လ္ဘက်ရည်ဆိုင်များတွင် ဝန်ထမ်းတဦးက လိုက်လံပြောဆိုနေကြောင်း မြို့ခံတဦးက ပြောသည်။
“VOA မှာပါတာက တနေ့ (၅) နာရီပဲ ပေးတယ်လို့ပြောတယ်၊ အခု (၄) နာရီပဲ ပေးတယ်၊ ဘာဖြစ်လဲလို့ပြောတယ်၊ အဲဒါလဲ မီးလာတာနဲ့ တိုက်ဆိုင်မှ ရမှာဖြစ်ကြောင်း သူ့လူ မောင်မျိုးဆိုတဲ့သူကို စာရွက်ထဲမှာရေးပြီး (၄) နာရီပဲ ပေးမဲ့အကြောင်းကို လ္ဘက်ရည်ဆိုင်တွေမှာ လိုက်ပြခိုင်းတယ်”ဟု မြို့ခံက ပြောသည်။ယခင်က ဘိုကလေးမြို့ပေါ်တွင် ည (၈) နာရီမှာ မနက် (၄) နာရီအထိ တနေ့ (၈) နာရီခန့် မီးပေးခဲ့သော်လည်း ပုံမှန်လာခြင်းမရှိသည့်အပြင် (၅) ရပ်ကွက်တွင် မီးလာသည့်နေ့ အလွန်နည်းကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။“အခုနောက်ပိုင်း လျှပ်စစ်နဲ့လုပ်ထားတဲ့ မီးလုံးလေးတွေ သုံးနေရတယ်၊ ဖယောင်းတိုင်က တတိုင်ကို (၁၀၀) နီးပါးလောက်တော့ ရှိတယ်၊ ကျောင်းသားကလေးတွေ စာမေးပွဲကလဲနီး မီးကလဲမလာနဲ့ ကလေးတွေလည်း စာကျက်ဖို့အတွက် စိတ်ညစ်နေတယ်”ဟု သူက ပြောသည်။မီးပုံမှန်မလာသည့်အတွက် အချို့စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ပဲကြိတ်စက်များမှာ စပါးခွံဖြင့် လည်ပတ်နိုင်သော်လည်း ယခုရက်ပိုင်း စာမေးပွဲဖြေနေရသည့် ကျောင်းသားများအတွက် အလွန်ဒုက္ခရောက်နေရသည်။“အဆောင်နေကျောင်းသားတွေ တော်တော် ဒုက္ခရောက်တယ်၊ မနေ့က ညနေ (၅) နာရီက လာတယ်၊ (၅) နာရီ (၂၀) လောက်မှာ ပျက်တယ်၊ နောက် (၆) နာရီကျော်မှာ ပြန်လာပြီး (၉) နာရီထိုးတော့ ပျက်သွားတယ်၊ တကယ်ပဲ (၄) နာရီပဲ ပေးတော့တာ၊ မိဘတွေက ကလေးတွေ မီးခွက် ဖယောင်းတိုင်နဲ့ စာကြည့်နေရတော့ မီးအန္တရယ်ကို စိုးရိမ်နေကြတယ်၊ ဒီရက်မှာ စာမေးပွဲဖြေနေတာတွေလဲ ရှိတယ်”ဟု ကျောင်းသားမိဘတဦးက ပြောဆိုသည်။ထိုကဲ့သို့ မီးပုံမှန်မလာသည်ကို မြို့ခံများက မကျေနပ်ကြသဖြင့် နေပြည်တော် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မှုကာ တိုင်တန်းခဲ့သော်လည်း ယနေ့အထိ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း မြို့ခံက ဆက်လက်ပြောသည်။
ရိုးမ ၃ မှ

အပြည့်အစုံ...>>

ဦးအုန်းကြိုင်သည် ပြန်လည်လွတ်မြောက်ဘာ

၁၁ ဒီဇင်ဘာ ၂၀၀၈။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ နာဂစ်ကယ်ဆယ်ရေးဥက္ကဌ ဦးအုန်းကြိုင်သည် ယနေ့ နေ့လည်ပိုင်း ပြန်လည်လွတ်မြောက်လာကြောင်းသိရပါသည် ။ ယနေ့ နေ့  လည် ပိုင်း က သီးအုန်းကြိုင် ၏ ရုံးထုတ်ရက် ဖြစ်သည့်  အတွက် မိသားစု ၀င် များ နှင့် မိတ်ဆွေ များက တရားရုံးသို့  သွားရောက် တွေ့  ဆုံ ကြရာ မတွေ့ ရှိပဲ ဦးအုန်းကြိုင်မှာ နေအိမ်သို့  ပြန် လည် ရောက် ရှိလာ သည့်  အတွက် မိသားစုဝင် များနှင့်  မိတ်ဆွေ များမှ အားရ ၀မ်းသားဖြစ် နေကြပါသည် ..။ ရက် ပိုင်း အတွင်း ရုံးပြန်လည် တက်ရောက် နိုင် မည် ဟု လည်း သိ ရှိရ ပါသည် ။
ခွပ်ဒေါင်းသွေး (http://freeforcountry.blogspot.com/)မှရယူပါသည်။

အပြည့်အစုံ...>>

(HRDP) အဖွဲ့ဝင်များ လူ့အခွင့်အရေးနေ့အခမ်းအနား ပြုလုပ်

၁၀ ဒီဇင်ဘာ ၂၀၀၈။ ဖြိုးကြီး
ယနေ့ကျရောက်သည့် အနှစ် (၆၀) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့အခမ်းအနားကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) အဖွဲ့ဝင်များက ကျင်းပပြုလုပ်ခဲ့ကြသည်။ရန်ကုန်မြို့တွင် ယမန်နေ့က ကြိုတင်ကျင်းပလိုက်ခြင်းဖြစ်ပြီး ငွေဆောင်၊ ချောင်းသာ၊ ပုသိမ် ၊ ပန်းတနော်၊ ဘိုကလေး၊ ပြည်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ်များမှ (HRDP)အဖွဲ့ဝင်ပေါင်း ၁၈ ဦး တက်ရောက်ခဲ့ကြသည်။
ယမန်နှစ်က HRDP မှ ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးနေ့ အခမ်းအနားမြင်ကွင်းအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ “လူ့အဖွဲ့အစည်းမှာ ရှိတဲ့သူတွေက လူ့အခွင့်အရေးဆိုတာကို သိရှိလက်ခံနိုင်ဖို့၊ သက်ဆိုင်ရာ ဒေသအသီးသီးမှာ တာဝန်ယူနေတဲ့ အစိုးရတွေကိုယ်တိုင်က ဒီကိစ္စကို အကောင်အထည်ဖော်ပေးဖို့ ဆိုတာတွေကို ဆွေးနွေးတယ်၊ လူ့အခွင့်အရေးတွေကို အစိုးရရော လူထုရော သိရှိလိုက်နာဖို့အတွက် ရည်ရွယ်လုပ်တာပါ”ဟု (HRDP)အဖွဲ့ဝင် ကိုမောင်မောင်လေးက ပြောသည်။နိုင်ငံတကာက လူ့အခွင့်အရေးကို စံချိန်စံညွှန်းများနှင့် သတ်မှတ်ထားသော်လည်း နိုင်ငံအတော်များများသည် မြန်မာနိုင်ငံကဲ့သို့ ချိုးဖောက်မှုများရှိနေသည်ကို တွေ့နေရပြီး လူအခွင့်အရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရန်အတွက် သက်ဆိုင်ရာ အစိုးရများ၊ နိုင်ငံတကာအစိုးရများနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လိုကြောင်း ၎င်းက ပြောသည်။အခမ်းအနားသို့ တက်ရောက်လာသည့် ပုသိမ်မြို့နယ်မှ (HRDP)အဖွဲ့ဝင်တဦးက “တနိုင်ငံလုံးမှာ အိမ်ပေါ်က အောက်ဆင်းတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်နေရတာပါပဲ၊ အာဏာရှင်လက်အောက်မှာ ကျနော်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ များနေတယ်၊ ပုသိမ်ဘက်မှာဆိုရင် ငွေဆောင်မြို့နယ်ခွဲဘက်မှာ အဓမ္မ မြေယာသိမ်းဆည်းမှုတွေ များပါတယ်၊ ကုမ္မဏီတွေက အစိုးရနဲ့ပေါင်းပြီး ဒေသခံ မသိနားမလည်တဲ့ ပြည်သူတွေအပေါ်မှာ မြေယာသိမ်းဆည်းမှု များတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဆုံးရှုံးနေရတယ်”ဟု ပြောသည်။ယခုကဲ့သို့ အခမ်းအနားကို ကြိုတင်ပြုလုပ်ရခြင်းသည် ယခင်နှစ်များကျင်းပခဲ့စဉ်က ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ စောင့်ကြည့်မေးမြန်းမှုများကို ခံခဲ့ရ၍ဖြစ်ကြောင်း (HRDP)အဖွဲ့ဝင်များက ပြောသည်။ဘိုကလေးမြို့နယ်တွင် လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်ပျက်တခုကို (HRDP)အဖွဲ့ဝင် ကိုစောဗန်ကူးက “ဘိုကလေးဘက်မှာ ကျနော်တို့ ၂၀၀၄ ဒီဇင်ဘာ (၆) ရက်နေ့မှာ လူ့အခွင့်အရေး အချက် (၃၀) ပါဝင်တဲ့ စာအုပ်ကို ဖြန့်ဝေတာ အဖမ်းခံ၊ တရားစွဲခံရတယ်၊ အဲဒါ အစိုးရတွေကိုယ်တိုင် ကုလသမဂ္ဂမှာ လိုက်နာပါမယ်လို့ လက်မှတ်ထိုးထားတာ၊ အဲဒီစာအုပ်ဝေတဲ့ ကျနော်တို့ အဖမ်းခံရတယ်ဆိုတော့ ဒီစာအုပ်က အသက်မဝင်တော့သလို ဖြစ်နေတာ”ဟု ပြောသည်။ယခုပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင် (HRDP)အဖွဲ့က တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်များကို ဘိုကလေးမြို့နှင့် ကြည့်မြင့်တိုင်မြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
( ရိုးမ၃ မှ)

အပြည့်အစုံ...>>

သဘာဝဓာတ်ငွေ့မရသဖြင့် လျှပ်စစ်ဓါတ်အားပြတ်တောက်

NEJ / ၁၁ ဒီဇင်ဘာ ၂၀၀၈။
ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ်ဓာတ်အားပေးစက်ရုံများ သဘာဝ ဓာတ်ငွေ့မရ၍ လည်ပတ်နိုင်ခြင်း မရှိသည့်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ကို ခေတ္တရောက်ရှိလာသည့် စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံ(၄) ရုံနဲ့ စီအန်ဂျီ ကားတွေ အတွက် ထောက်ပံ့ရပါတယ်။ ခုနောက်ပိုင်း ကားတွေအတွက် ထောက်ပံ့ပေးရတာ များလာတာရယ်၊ ထိုင်းကို တင်ပို့တဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်း ကျဆင်းလာတဲ့အတွက် ဘတ်ဂျက်ပြည့်မီဖို့ ပိုပြီး တင်ပို့လာရလို့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဂက်စ် မထောက်ပံ့နိုင်ဖြစ်ပြီး မလည်နိုင်တော့တာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ဂက်စ်တာဘိုင်များ မလည်သည့်အတွက် လောလောဆယ် ရန်ကုန်မြို့တွင် လောပိတ ရေအားလျှပ်စစ်မှလာသည့် ဓာတ်အားများကိုသာ မှီခိုနေရပြီး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ အချို့နေရာများတွင် တနေ့ (၁၂) နာရီခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး အချို့နေရာများတွင်မူ တကြိမ်ကို (၂၄) နာရီမက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံနေရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
လျှပ်စစ်မီး မရ၍ မြို့ခံများ ရေပြဿနာနှင့် ကြုံရသည့်အပြင် အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်နေသည်ဟု သိရသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းသည် ရန်ကုန်မြို့ကို ပုံမှန်အားဖြင့် တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ (၂၅) သန်းကျော် ပေးပို့နေရသည်။ အဆိုပါ ဓာတ်ငွေ့များကို ပြီးခဲ့သည့်နှစ်က မော်တော်ကား (၁၃,ဝဝဝ) အတွက် ဓာတ်ငွေ့ တနေ့ ကုဗပေ (၁၃) သန်းကျော် ပေးပို့ရပြီး၊ ဂက်စ်တာဘိုင်များအတွက် တနေ့ ကုဗပေ (၁၂) သန်းခန့် ပေးပို့သည်။ ယခုနှစ်တွင်မူ ဂက်စ်သုံးသည့် မော်တော်ကား များလာသည့်အတွက် တနေ့ ကုဗပေ (၂၅) သန်းကျော် သုံးစွဲနေ၍ ဂက်စ်တာဘိုင်များအတွက် သဘာဝဓာတ်ငွေ့ခွဲဝေပေးနိုင်ခြင်း မရှိသည့်အတွက့် ယခုကဲ့သို့ စက်ရုံမလည်ပတ်နိုင်မတော့ခြင်း ဖြစ်သည်။
အဆိုပါ အရာရှိကြီးက ဆက်လက်၍ “ကားတွေကို ဂက်စ်မဖြည့်ပေးပါက လူတွေ ဆူပူနိုင်တယ်၊ မီးမပေးနိုင်ရင်တော့ ဘယ်သူမှ မဆူပူဘူး ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညွှန်ကြားချက်ကြောင့် ကားတွေကိုပဲ ဂက်စ်ပေးနိုင်အောင် ကြိုးစားရတာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကလည်း နိုဝင်ဘာ (၂၂) ရက်နေ့မှစ၍ အဆိုင်း (၃) ဆိုင်းခွဲပြီး အလှည့်ကျ မီးပေးသည့်စနစ် ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိအနေအထားမှာမူ မနှစ်ကထက် ဆိုးကြောင်း မြို့ခံများက ပြောပြသည်။
လျှပ်စစ်မီး မပေးနိုင်ခြင်းနှင့် ပတ်သက်၍ နအဖ ပိုင်သတင်းစာများ၌ ရေးသားဖော်ပြခြင်း မပြုသော်လည်း ပြီးခဲ့သည့် (၂၅) ရက်နေ့တွင်မူ ရန်ကုန်စီးတီး အက်ဖ်အမ်ကနေ မွန်ပြည်နယ်၊ ရေးမြို့နဲ့ မိုင် (၂ဝ) အကွာ လမိုင်းကျေးရွာနား၌ ဂက်စ်ပိုက်ပေါက်၍ ပေ (၂ဝ) အရှည် လဲလှယ်ရန် လိုကြောင်း၊ ထို့ကြောင့် (၃) ရက်ခန့် မီးပြတ်တောက်မည် ဖြစ်ကြောင်း လိမ်လည် ကြေညာခဲ့သည့်။
ပြီးခဲ့သည့် နအဖ တတိယ (၄) လပတ်အစည်းအဝေး၌ နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းကြီးများအကြောင်း မစားရဝခမန်း ပြောကြားသွားပြီးနောက် ယခုကဲ့သို့ လျှပ်စစ်မီးများ ဆိုးဆိုးရွားရွား ပြတ်တောက်နေခြင်းဖြစ်သည်။

အပြည့်အစုံ...>>

ဝပြည်အစဉ်ငြိမ်းချမ်းနေ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်မလိုဟု UWSA တပ်မှူးပြော

အင်္ဂါနေ့၊ 09 ဒီဇင်ဘာလ 2008/ သျှမ်းသံတော်ဆင့်
၂၀၁၀ ရွေးကောက်ပွဲအတွက် အပစ်ရပ်ငြိမ်းအဖွဲ့များအား လက်နက်နှင့် ငြိမ်းချမ်းရေးလဲရန် နအဖ စစ်တိုင်း စစ်ဗျူဟာမှူးများ လှည့်လည်ဖိအားပေးရာ UWSA ၀ တပ်မှူးတဦးက ၀ ပြည်အစဉ်ငြိမ်းချမ်းနေသောကြောင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ရန်မလိုကြောင်း၊ တြိဂံစစ်တိုင်းမှူးကိုတုံ့ပြန်ပြောဆိုသည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။
နိုဝင်ဘာလ ၅ ရက် မနက် ၉း၃၀ နာရီ ကကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ မိုင်းခတ်အခြေစိုက် စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အဖွဲ့သည် ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ ရှိ မိုင်းယန်းမြို့အနောက်မြောက် ဘက် မိုင်းပေါက် ဒေသ UWSA ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အထူးဒေသ ၂ ၊ တပ်မဟာ ၄၆၈ ဌာနချုပ် မှ တပ်မ ဟာမှူး၊ ဒုတပ်မဟာမှူးတို့နှင့်တွေ့ဆုံ၍ နေ့လည်စာလက်ဆုံစားကြစဉ် အခြေအတင်ပြောဆိုခဲ့ကြခြင်းဖြစ်သည်ဟု မိုင်းပေါက် အခြေစိုက် UWSA သတင်းရပ်ကွက်မှသိရသည်။“၁။ မိုင်းတုံမြို့အရှေ့တောင်ဘက် မိုင်းယွန်း အခြေစိုက် ၀ တပ်ဖွဲ့အားလုံး မြောက်ပိုင်းပန်ဆန်းဌာနချုပ်ကို တပ်ရုပ်ပါ၊ အဲဒီမှာ ၀ တပ်ဖွဲ့ရှိနေရင် တောင်ပိုင်း SSA ကို အပြတ်တိုက်ထုတ်ဖို့မလွယ်ဘူး။ ၂။ ၀ ဒေသ အစဉ်အေးချမ်းစေလိုရင်၊ အနာဂတ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ကြိုးပမ်းလိုရင်လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ပါ ” - တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး ကပြောခဲ့သည်ဟု ဆို၏။တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ ပြောဆိုမှုအပေါ် UWSA ၀ ပြည်တွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၄၆၈ တပ်မ ဟာမှူး စိုင်းဆမ် က- “၁။ တောင်ပိုင်း ၀ တပ်ဖွဲ့ အခြေစိုကှ်အခြေချလှုပ်ရှားတဲ့နယ်မြေဟာ အသက်သွေး ချွေးနဲ့ရင်းပြီးတိုက်ယူခဲ့ ရတယ်။ ဒါကြောင့်စစ်အစိုးရတိုက်တွန်းတိုင်း ၀ ခေါင်းဆောင်တွေကတပ်ရုပ်ဖို့အမြဲငြင်းဆန်တယ်။ နောက်နောင်လည်းဘယ် တော့မှတပ်ရုပ်မှာ မဟုတ်ဘူး။ ၂။ ၀ ပြည်က အစဉ်အေးချမ်းနေတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဖို့လဲမလိုဘူး။ အခု ၀ တပ်မတော်သားများ ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းအားလုံးဟာလဲ အစိုးရထောက်ပံ့တာတလက်မှမရှိဘူး၊ ” ဟု တုံ့ပြန်၏။ “ကျနော်တို့အသက်ရှင်နေ သရွေ့ဘယ်တော့ မှ လက်နက်မချဘူး” ဟု ပြောကြောင်း အဆိုပါတပ်မှူးနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်ကိုပြောပြသည်။ ၀ တပ်မဟာမှူး၏ တုံ့ပြန်မှုကြောင့် ဗိုလ်မှူးချုပ်ကျော်ဖြိုး နှင့် မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းတို့ အမျက်ဒေါသထွက်ကာ တခွန်းမျှစကား မဆိုနိုင်ဘဲ မိုင်းပေါက်မှ ချက်ခြင်းပြန်လှည့်ထွက်လာသည်ဟုဆို၏။ မိုင်းလား၌ တညတည်းခိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ပါတီထောင်ဖို့အကြောင်း လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ရေးအကြောင်း တခွန်းတပါဒမျှမဟ ဟု မိုင်းလားဌာနချုပ်အဆင့်မြင့်အရာရှိများနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်ကို ဤကဲ့သို့ပြောပြသည်။“သူတို့ မိုင်းလားမှာ တည အိပ်တယ်။ ဥက္ကဌ ကြီးနဲ့ တွေ့လားမတွေ့လားတော့မပြောတတ်ဘူး။ ရွေးကောက်ပွဲအကြောင်း၊ ပါတီ ထောင်ဖို့အကြောင်းလည်းတခွန်းမှ မပြောဘူးတဲ့။ ဒါပေမဲ့ ဌာနချုပ်က ယွမ်ငွေ ၆၀၀၀ ကျော် လက်ဆောင်ပေးလိုက်လို့ နောက် နေ့မနက်ခပ်ပြုံးပြုံးဘဲ ကျိုင်းတုံကိုပြန်သွားတယ်လို့ပြောတယ်”၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသသည် မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိပြီး အထူးဒေသ ၂ အတွင်း ခရိုင်အဆင့်အဖြစ်သတ်မှတ်ထားသည်။ စစ်အစိုးရ မြေတိုင်းဌာနက ထိုဒေသ ကို မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စုအဖြစ် သတ်မှတ်ထားသောကြောင့် ၀ တပ်ဖွဲ့များတပ်ရုပ်ပေးရန် ယခုချိန်ထိဖိအားပေးခံနေရ ဆဲဖြစ်သည်။

အပြည့်အစုံ...>>

လူသားတွေရဲ့အသက်ကိုကယ်ဖို့ နိုင်ငံတကာကစွက်ဖက်သင့်လား

၈ ဒီဇင်ဘာ ၂၀၀၈။ ဘီဘီစီ
ကိုယ့်တိုင်းပြည်သူတွေရဲ့သက်အိုးအိမ် ကာကွယ်ဖို့ ပျက်ကွက်တဲ့အစိုးရတွေကြောင့် ပြည်သူအမြောက်အများ မသေသင့်ဘဲ သေကြတဲ့အတွက် နိုင်ငံတကာက ကြားဝင်ဖြေရှင်းခွင့်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီက ခွင့်ပြုထားပါတယ်။
ဒီကနေ့မျက်မှောက်ခေတ်မှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံအချို့က နိုင်ငံတကာလူ့အခွင့်အရေးကောင်စီမှာ နေရာယူတာမျိုးလိုဖြစ်ရပ်တွေ ကာကွယ်နိုင်ဖို့ နိုင်ငံတကာတရားဥပဒေစိုးမိုးရေး ပိုမိုလိုအပ်ကြောင်း ဗြိတိသျှဝါရင့်နိုင်ငံရေးသမား Chris Patten က ဘီဘီစီကိုပြောပါတယ်။ ဒါအပြင် Bonsnia Kosovo တို့လိုနိုင်ငံတွေမှာဖြစ်တဲ့ ပြည်တွင်းစစ်တွေမှာ နိုင်ငံတကာစစ်ရေးအရ ၀င်ရောက်စွက်ဖက်သင့်ပေမယ့် ဇင်ဘာဘွေတို့လို မြန်မာနိုင်ငံလို ကိစ္စမျိုးမှာတော့ တစ်မျိုးစဉ်းစားဖို့လိုမယ်လို့ သူကဆိုပါတယ်။ နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ရာမှာ စစ်ရေးတစ်နည်းထဲသာရှိတာမဟုတ်ဘဲ သံတမန်နည်းလမ်း စီးပွားရေးအရစွက်ဖက်တဲ့ နည်းလမ်းတွေလည်းရှိကြောင်း သူကထောက်ပြသွားပါတယ်။ ဒါကြောင့် ၂၁ ရာစုမှာ အဲ့ဒီလိုစွက်ဖက်နိုင်အောင် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာပိုင်ခွင့်ဆိုတာကို ပြန်အဓိပ္ပါယ်သတ်မှတ်သင့်ကြောင်း Chris Patten ကဘီဘီစီကိုပြောသွားပါတယ်။ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Francis Fukuyama ကတော့ နိုင်ငံတစ်နိုင်ငံမှာ အစိုးရရဲ့ ပျက်ကွက်မှုကြောင့် လူတွေမသေသင့်ဘဲ သေရတဲ့အပေါ် နိုင်ငံတကာက ၀င်ရောက်စွက်ဖက်သင့်တယ်ဆိုတာ မူအားဖြင့်လက်ခံပေမဲ့လက်တွေ့ဘယ်လိုလုပ်ကြမယ်ဆိုတာကို ဥပဒေကြောင်းအရ အများလက်ခံနိုင်အောင်လုပ်ဖို့ လိုသေးကြောင်း ဆွေးနွေးသွားပါတယ်။

အပြည့်အစုံ...>>

သီးလေးသီးအငြိမ့် အမေရိကန်ရောက်ပြီ

၈ ဒီဇင်ဘာ ၂၀၀၈။ ဗွီအိုအေ
ပြည်တွင်းပြည်ပက ပရိတ်သတ်တွေ အထူး နှစ်ခြိုက်အားပေးတဲ့ သီးလေးသီး အငြိမ့်အဖွဲ့ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ အမေရိကန် ပြည်ထောင်စုက လော့အိမ်ဂျယ်လိစ်မြို့ကို ရောက်လာခဲ့ပါပြီ။ သီးလေးသီး အငြိမ့်အဖွဲ့ အမေရိကန် ပြည်ထောင်စုကို လာနိုင်ဖို့အတွက် တနှစ်နီးပါးအကြာ ဦးဆောင်ကြိုးပမ်းခဲ့သူ ဘားမားတူဒေးလို့ခေါ်တဲ့ ယနေ့မြန်မာ သတင်းဌာနက တာဝန်ခံ ဦးမြင့်လှိုင်ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးမြင့်လှိုင်က အခုလို ပြောပါတယ်။
သီးလေးသီးရဲ့ အမေရိကန်ပွဲအတွက် ကျွန်တော်တို့ ဒီမှာ စီစဉ်ရတာဟာ ဒီမှာရှိတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ အကူအညီနဲ့ သူတို့အတွက် သီးလေးသီးအဖွဲ့ကို ဖျော်ဖြေစေချင်တယ်။ တစိတ်တပိုင်း ဖြည့်စီးပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားကြတာဖြစ်ပါတယ်။ အခုလို အခက်အခဲတွေ အများကြီးကနေ အောင်မြင်တဲ့အတွက် ကျွန်တော်တို့ ၀မ်းသာမိပါတယ်။ ဒီနေ့ရောက်လာတဲ့ သီးလေးသီးအဖွဲ့သားတွေရဲ့ အမည် စာရင်းလေးတွေလည်း ပြောပြပေးပါဦး။ကိုစိန်သီး၊ ကိုပန်းသီး သီးလေးသီးအဖွဲ့ပါမယ်။ ကိုဂေါ်ဇီလာပါမယ်။ မင်းသမီး နှစ်လက် မချောစုမျိုးပါတယ်။ အားလုံးပေါင်း ၇ယောက်ပါဝင်ပါတယ်။ လောလောဆယ် ပွဲစဉ် ဘယ်နှပွဲ ကပြ ဖျော်ဖြေဖို့ စီစဉ်ထားပါသလဲ။လောလောဆယ်မှာ လော့အိမ်ဂျယ်လိစ်၊ ၀ါရှင်တန်၊ နယူးယောက်၊ ဖို့ဝင်း၊ လေးမြို့မှာ ကပြဖို့က သေချာပါတယ်။ ဆန်ဖရန်စစ္စကို တို့ တခြားဒေသတွေမှာလည်း ဒီပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာရှိပါတယ်။သူတို့ရဲ့ ဖျော်ဖြေပွဲတွေက အခကြေးငွေနဲ့ ဖျော်ဖြေမှာလား၊ အခမဲလား။ အခ ကြေးငွေနဲ့ ဆိုရင်ရော ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။ သူတို့ပွဲတွေက အခကြေးငွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ သဘောကတော့ သူတို့ ကုန်ကျစရိတ်တွေ ကာမိအောင်လို့ပါ။ နောက်တခုက ဒီပွဲကနေ ရတဲ့ အကျိုးအမြတ်တွေဟာလည်း ဒေသဆိုင်ရာ သာသနာရေးအဖွဲ့တွေအတွက် ရံပုံငွေ ဖြစ်မယ်။ မြန်မာပြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားတဲ့သူတွေအတွက် ရံပုံငွေအတွက် ရည်ရွယ်တာပါ။ ပုဂ္ဂလိက တဦးတယောက်အတွက်ကို ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ သူတို့ ပွဲတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ တီးဝိုင်းတို့ တီးဝိုင်းအဖွဲ့သားတို့လည်းပဲ ဦးမြင့်လှိုင်တို့မှာ အဆင်သင့် ရှိပြီးသားပေါ့။ သီးလေးသီက သူတို့ကမယ့် စက်ပစ္စည်း အားလုံး သယ်လာပါတယ်။ ဒီမှာကျတော့ အတီးပညာရှင်တွေနဲ့ ပြောဆိုတာတွေရှိပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် စီစဉ်ထားတာပါ။

အပြည့်အစုံ...>>

ထိုင်းအတိုက်အခံ ပါတီ အစိုးရသစ် ဖွဲ့တော့မည်

၆ ဒီဇင်ဘာ ၂၀၀၈။ ဗွီအိုအေ
ထိုင်းနိုင်ငံမှာ အတိုက်အခံ ပါတီ ဖြစ်တဲ့ ဒီမိုကရက် ပါတီက အစိုးရသစ် ဖွဲ့စည်းရေးအတွက် ပါလီမန်မှာ ထောက်ခံမှု အလုံအလောက် ရနေပြီလို့ ဒီနေ့ ပြောလိုက်ပါတယ်။

အရင်က ညွှန့်ပေါင်းအစိုးရ အဖွဲ့မှာ ပါခဲ့တဲ့ ပါတီငယ်တချို့ကလည်း ဒီလို အတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရ ဖွဲ့မယ်ဆိုရင် တိုင်းပြည်အကျိုးကို ရှေ့ရှုပြီး ပူးပေါင်းထောက်ခံမယ်လို့ ဒီနေ့ ဒီမိုရက်ပါတီမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ညွှန့်ပေါင်းအစိုးရကို ဦးဆောင်ခဲ့တဲ့ PPP ပြည်သူ့ အာဏာပါတီအပါအ၀င် ပါတီ သုံးခုကို ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး ပါတီတွေကို ဖျက်သိမ်းပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှာ အတိုက်အခံ ပါတီက အစိုးရဖွဲ့တော့မယ်လို့ ဒီနေ့ ကြေညာလိုက်တာပါ။
ထိုင်းနိုင်ငံမှာ ၆ လကြာ နိုင်ငံရေး တင်းမာမှုတွေအကြား အစိုးရအဆောက်အဦတွေကို ဆန္ဒပြသူတွေက သိမ်းဆည်းခဲ့ပြီး နိုင်ငံတကာ လေဆိပ်ကို ပိတ်ခဲ့ရတဲ့အထိ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ အတိုက်အခံ ဒီမိုကရက်ပါတီ က သူတို့ ပါတီခေါင်းဆောင် အဘီဆစ် ၀က်ဂျာဂျီဝါ (Abhisit Vejjajiva) ကို ၀န်ကြီးချုပ်အဖြစ် တင်မြှောက်မယ်လို့ ပြောဆိုထားပါတယ်။ တနင်္လာနေ့မှာ ၀န်ကြီးချုပ်အသစ် ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒီအတောအတွင်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တရားစွဲခံထားရပြီး တိုင်းပြည်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရဲ့ ဇနီး ခွန်းယိမ် ပွန်ဂျမာ ဒမ်မာပေါင် ဟာ မနေ့က ထိုင်းနိုင်ငံကို ပြန်ရောက်လာ ခဲ့တယ်လို့ ထိုင်း သတင်းစာတွေမှာ ဖော်ပြပါတယ်။

အပြည့်အစုံ...>>

ထိုနည်းတူစွာဘဲ ဘန်ကီမွန်းရေ

၆ ဒီဇင်ဘာ ၂၀၀၈။
Group of Friends on Myanmar အဖွဲ့အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးရာထူးနဲ့ မထိုက်တန်တဲ့ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ မျှော်လင့်ထားတဲ့ရလာဒ်တွေထွက်မလာလို့ ပိုမိုစိတ်ပျက်လာကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသို့ အချိန်မရွေးသွားလို့ရကြောင်း ထို့အတွက် ခရီးစရိတ်လည်းအဆင်သင့်ထုတ်ပြီးထားကြောင်း အသုံးလွန်သွားလို့ အချိန်နှောင့်နှေးသွားတာဖြစ်ကြောင်းရှင်းပြပါတယ်။သိုသော် မြန်မာပြည်သူများနှင့် နိုင်ငံတကာမှလည်း စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ အတွင်းရေးမှူးကို အလွန်မင်း စိတ်ပျက်မိပါကြောင်း ဘန်ကီးမွန်းသိအောင်ပြော ဆိုလိုက်ပါသည်။

အပြည့်အစုံ...>>

မာဖီးယားဂိုဏ်းသားများ အသုံးပြုသည့် လက်နက်တစ်မျိုး ရှာဖွေဖော်ထုတ်


၆ ဒီဇင်ဘာ ၂၀၀၈။
အီတလီရဲများက မာဖီးယားဂိုဏ်းသားများ အသုံးပြုသော လက်နက်တစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါလက်နက်မှာ မိုဘိုင်းလ်ဖုန်းယောင်ဆောင်ထားသော သေနတ်ဖြစ်သည်ဟု ရဲများကဆိုသည်။ ပွိုင့် (၂၂)ကျည်ဆန် လေးတောင့် အသင့်ဖြည့်ထားနိုင်သော အဆိုပါ ဖုန်းသေနတ်လေးသည် ဂျိမ်းစ်ဘွန်းဇာတ်ကားများမှ လျှို့ဝှက်လက်နက်တစ်ခုသဖွယ် စိတ်ကူးကောင်းကောင်းဖြင့် ဖန်တီးထားသည့် လူသတ်လက်နက်ကလေးဖြစ်သည်။
နေပယ်လ်မြို့တွင် ဖော်ထုတ်နိုင်ခဲ့သော အဆိုပါသေနတ်လေး၏ ဧရိယာတိုင်သည် ကျည်ထွက်ရာ ပြောင်းဝဖြစ်ပြီး keypad sectionကို ရွှေ့လိုက်ရုံမျှဖြင့် ဖုန်းမှသေနတ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့အနေနှင့် အဆိုပါလက်နက်မျိုး ပထမဆုံးအကြိမ် သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ရာဇ၀တ်ကောင်များတွင် အဆိုပါ လျှို့ဝှက်လက်နက်မျိုး မည်မျှရှိနေသည်ကို မခန့်မှန်းနိုင်ကြောင်း ရဲများကဆိုသည်။ ထိုသေနတ်အား စမ်းသပ်ကြည့်ပြီးနောက် မည်သို့သော အနေအထားမှမဆို အလွယ်တကူ ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။ အသက်(၂၈)နှစ်အရွယ် လူတစ်ဦးအား မူးယစ်ဆေးဝါးများ၊ အခြားသော သမားရိုးကျ သေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးရမိစဉ်က ၎င်းကိုင်ဆောင်သော မိုဘိုင်းလ်ဖုန်းကို သာမန်ဆက်သွယ်ရေး ကိရိယာအဖြစ်သာ ထင်မှတ်ခဲ့ကြောင်း ရဲများက ထုတ်ဖော်ပြောဆိုခဲ့သည်။ တော်ရီအနျူဇီတာ အရပ်တွင် မာဖီးယားဂိုဏ်းသားတစ်ဦးကို အဆိုပါလက်နက်ဆန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ထပ်ဂိုဏ်းသားများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
true myanmar မှတဆင့်ဖေါ်ပြပါသည်။

အပြည့်အစုံ...>>

ချင်းမိုင်မြို့က အငြိမ့်ပွဲ

၆ ဒီဇင်ဘာ ၂၀၀၈။
ဒီဇင်ဘာ ၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏဘူမိ ပန်းချီပြခန်းမှာ မြန်မာနိုင်ငံမှအငြိမ့်ပွဲတစ်ခုကို ဆိုင်းဝိုင်းနဲ့ လူပျက်များမပါဝင်ဘဲ တစ်မူထူးခြားစွာကျင်းပခဲ့ပါတယ်။
နေမျိုးဆေးတစ်ကိုယ်တော် ပန်းချီပြပွဲပါ။ ပန်းချီပြပွဲလေးရဲအမည်ကိုတော့အငြိမ့်လို့ပေးထားပုံလေးက တစ်မူထူးခြားလို့နေပါတယ်။ အငြိမ့်လို့ အမည်ပေးထားပုံလေးနဲ့အတူ ပန်းချီလက်ရာတွေဟာလည်း ထူးခြားလို့နေပါတယ်။ မြန်မာ့အငြိမ့်ကိုချစ်ခင်မြတ်နိုးသူ ၁၀၀ ကျော်တက်ရောက်ခဲပြီး အေးမြတဲ့ ဒီဇင်ဘာဆောင်းညလေးမှာ အငြိမ့်လာကြည့်သူပေါင်းနဲ့ သုဝဏဘူမိပန်းချီခန်းလေးက ပဏာတင့်နေပါတော့တယ်တယ်။ ၎င်း ပန်းချီပြခန်းမှာ နေမျိုးဆေး တစ်ကိုယ်တော်ပန်းချီပြပွဲကို ယခုအကြိမ်ပါနဲ့ဆို ဒုတိယမြောက်ပြသခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

ကမာမြေ (ဓါတ်ပုံ ဦးကုလား)

အပြည့်အစုံ...>>

လူရွှင်တော် ဇာဂနာကို ထောင်ပြောင်းပြီ

၎ ဒီဇင်ဘာ ၂၀၀၈။ အေးလဲ့
စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော လူရွှင်တော် ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်ကြောင်း မိသားစုဝင်များနှင့် ထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။
ပုဒ်မပေါင်း များစွာဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ် ခံထားရသူ လူရွှင်တော် ဇာဂနာကို ကချင်ပြည်နယ် မြစ်ကြီးနား ထောင်၊ ၎င်းနှင့် အမူတွဲများ ဖြစ်သည့် ထောင်ဒဏ် ၁၉ နှစ်ချမှတ် ခံထားရသူ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ရှမ်းပြည်နယ် တောင်ကြီး ထောင်၊ ထောင်ဒဏ်၂၉နှစ် ချမှတ်ခံရသူ ကိုတင်မောင်အေးကို ကရင်ပြည်နယ် ဘားအံ ထောင်၊ ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရသူ ကိုသန့်ဇင်အောင်အား မြင်းခြံထောင်သို့ ယနေ့ အာဏာပိုင်များက ပြောင်းရွေ့ လိုက်ကြောင်း ကိုဇာဂနာ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးက ပြောသည်။ အသက် ၈၄ နှစ်ရှိ ဒေါ်ကြည်ဦးက“လူကြီးမိဘတွေက ဘယ်လိုမှစိတ်မချမ်းသာ တော့ဘူးပေါ့၊ သူ့အဖေက လည်း တော်တော်စိတ်မကောင်း ဖြစ်နေတယ်၊ အခုပို့တော့လည်း တရားဝင်အကြောင်းမကြားဘူး၊ ဥပဒေမှ မရှိဘဲ ၊ လုပ်ချင်ရာလုပ်နေတာကိုး၊ ဥပဒေမရှိဘဲလုပ်နေတာက ကိုယ့်တယောက်တည်းတော့ မဟုတ်ဘဲလေ၊ အများနဲ့ကို လုပ်နေတာဆိုတော့ ဒီလို နဲ့ပဲ စိတ်ဖြေရတာပေါ့” ဟု ဧရာဝတီကိုပြောသည်။ ကိုဇာဂနာနှင့်ပတ်သက်ပြီး “သူကပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ လူပဲလေ၊ သူက ဘဝကိုအပျော်စိတ်နဲ့ပဲ နေတာ ကိုး ၊ သူကဒီလမ်းကို လျောက်တာကိုး၊ ဒီလမ်းကိုလျောက်တော့ ဒီလိုဟာမျိုး တွေနဲ့ကြုံရမှာပဲလေ၊ ဘုန်းကြီး တောင်အရိုက်ခံရတဲ့ ခေတ် ၊ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ခေတ်ဖြစ်နေတယ်” ဟုလည်း ဒေါ်ကြည်ဦးက ပြောသည်။ နာဂစ်ဆိုင်ကလုန်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကိုအတူလုပ်ကိုင်ခဲ့ကြသူများဖြစ်သော အဆိုပါကို ဇာဂနာ နှင့် ကိုဇော်သက်ထွေးတို့သည် ၎င်းတို့ကိုပုဒ်မ ၅၀၅(ခ)၊ ၁၇/၁ စသည့်ပုဒ်မ များအပါအဝင် ပုဒ်မ ၇ ခုဖြင့် စစ်အစိုးရအာဏာပိုင်များက တရားစွဲထောင်ချခဲ့ခြင်းဖြစ်သည်။ ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ကိုဇော်သက်ထွေးကိုမူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင်ဖမ်းဆီးခဲ့ သည်။ ယင်း ကိုဇာဂနာနှင့် မတွေ့ရသည်မှာ ၆ လ ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယခု ပြောင်းရွှေ့လိုက်သည့် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း ဒေါ်ကြည်ဦးက ပြောသည်။“ဥပဒေ မရှိတဲ့ တိုင်းပြည်မှာ ဘာမှပြောလို့ဆိုလို့မရပါဘူး၊ တနေ့ကြရင်တော့ သူတို့အလှည့်လာဦးမှာပါ၊ အခုသူတို့ပို့တဲ့ နေရာတွေက အေးတဲ့နေရာတွေဆိုတော့ မတတ်နိုင်တဲ့ သူတွေကို အနွေးထည်လှူနေပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ ယနေ့တွင်ပင် မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)မှ ကိုရန်နိုင်သူ အား ရခိုင်ပြည်နယ် ကျောက်ဖြူ ထောင် နှင့် ကိုဝေလွင်မျိုး ကို ရှမ်းပြည်နယ် မိုင်းဆတ် ထောင်များသို့ရွှေ့ပြောင်းလိုက်ကြောင်းလည်း အင်းစိန် ထောင် ဝန်ထမ်းအသိုင်းအဝန်းက ပြောသည်။

အပြည့်အစုံ...>>

ဂျီပုံးမနဲ့ ခွေးသူတောင်းစား နှစ်ပါးခွင်

အလကားမရပါ ပိုက်ဆံပေးရပါမည်။ ဘန်ကီပုံးကိုပြောတာပါ။


အပြည့်အစုံ...>>

ဘန်ကီမွန်း မြန်မာနိုင်ငံသွားရန် နိုင်ငံခေါင်းဆောင်ဟောင်း (၁၁၂) ဦးတိုက်တွန်း

၃၊ ဒီဇင်ဘာ ၂၀၀၈။ ကိုဝိုင်း
ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး စစ်အစိုးရကို တောင်းဆိုရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ မူလစီစဉ်ထားသည့်အတိုင်း ယခုလမကုန်မီ သွားရောက်ရန် ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်မှ သမ္မတဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးကစာရေးတိုက်တွန်းလိုက်သည်။
အဆိုပါတောင်းဆိုစာကို နော်ဝေအခြေစိုက် Center for Peace and Human Rights အဖွဲ့နှင့် အမေရိကန်အခြေစိုက် Freedom Now အဖွဲ့တို့မှတဆင့် ယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။
ယခုလကုန်သွားရန် တိုက်တွန်းသည့် ခရီးစဉ်သည် မစ္စတာဘန်ကီမွန်း၏ ဒုတိယခရီးစဉ်ဖြစ်ပြီး “ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အတွင်းရေးမှူးချုပ်၏ လုပ်ဆောင်ချက်များကို မြန်မာစစ်အစိုးရက မည်မျှအလေးထားသည်၊ မထားသည်ကို ကမ္ဘာကြီးအား ပြသရာ ရောက်မည့်ခရီးစဉ်” ဖြစ်သည်ဟု စာ၌ရေးသားဖော်ပြထားသည်။
ယခုတိုက်တွန်းစာဖြစ်ပေါ်လာစေရန် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Kjell Magne Bondevik က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မဟောင်းများဖြစ်ကြသည့် ဂျော့်ခ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ်၊ ဂျင်မီကာတာ၊ ဗြိတိသျှဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် တိုနီဘလဲ၊ မာဂရက်သက်ချာ၊ ဂျွန်မေဂျာတို့အပြင် ဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဗာချော့ဗ်တို့လည်း ပါဝင်လက်မှတ်ထိုးထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယခင်နှစ် အောက်တိုဘာ (၁၁) ရက်၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို တိုးမြှင့်ဖမ်းဆီးထောင်ချခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း၊ ၂၀၀၇ ခု ဇွန်လတွင် နိုင်ငံရေးအကျဉ်းသား (၁,၂၀၀) ဦးရှိရာမှ ယခုအခါ (၂,၁၀၀) ဦး ကျော်သွားပြီဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ကြုံတွေ့နေရသော ဆိုးရွားသည့် လူအခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ပြောဆိုရန်နှင့် ဒီမိုကရေစီပြောင်းလဲရေးများပြုလုပ်ရန်တို့အတွက် ကုလသမဂ္ဂက အရေးယူမှုတစုံတရာ လုပ်ဆောင်ပေးရန် လိုလားနေကြသောကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး ယခုလမကုန်မီ လွတ်မြောက်ရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဟုလည်း အတွင်းရေးမှူးချုပ်ကို စာအတွင်း၌ တောင်းဆိုထားသည်။ ထို့အပြင် မြန်မာစစ်အစိုးရက ဆက်လက်ငြင်းဆန်နေပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ခိုင်မာသည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ရန်လည်း မစ္စတာဘန်ကီမွန်းအား တိုက်တွန်းထားသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည်လည်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရရှိခဲ့သဖြင့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မဖြစ်မနေသွားရမည်ဖြစ်ကြောင်း စာအတွင်း၌ ဖော်ပြထားသည်။

အပြည့်အစုံ...>>

ကလေးစစ်သားမရှိပါ။

၃ ဒီဇင်ဘာ ၂၀၀၈။
နအဖအစိုးရက မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ မရှိပါဘူးလို့ ဗြောင်လိမ်နေပေမယ့် တော်တော်များများ တွေ့နေမြင်နေကြရတာ အားလုံးအသိပါ။ လေ့ကျင့်ရေးတပ်တွေမှာ ပိုပြီးတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေကို ကြိုက်တဲ့အချိန်သွားမေးကြည့်၊ မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုရင် (၁၈) နှစ်လို့ပဲ ဖြေလိမ့်မယ်။
ကြားဖူးတဲ့ စစ်ချီသီချင်းတစ်ပုဒ်ရှိတယ်။ ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည်’’ ဆိုတဲ့ သီချင်းပါ။ အင်းဝဘုရင်မင်းခေါင်ရဲ့ သားတော် မင်းရဲကျော်စွာဟာ ရခိုင်ကို စစ်ချီတုန်းက သက်တော် (၁၃)နှစ်ပဲ ရှိသေးတယ်။ မွန်ဘုရင် ရာဇဓိရာဇ်နဲ့တိုက်တော့ သက်တော်(၁၇)နှစ်ပဲ ရှိပါသေးတယ်။အဲဒီလိုပဲ တပင်ရွှေထီးဟာလည်း သက်တော်(၁၇)နှစ် အရွယ်မှာ ရန်သူ့နယ်မြေဖြစ်တဲ့ ရွှေမော်ဓေါဘုရားပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ နားထွင်းတော်မူခဲ့တယ်။ပြောရရင်တော့ စစ်ချီသီချင်းမှာပါတဲ့ မင်းရဲကျော်စွာနဲ့ တပင်ရွှေထီးတို့ဟာ အသက်(၁၈)နှစ် မပြည့်ခင်မှာပဲ သူတို့ရဲ့ စွမ်းရည်သတ္တိကို အပြည့်အ၀ တွေ့မြင်ကြရပါတယ်။ကဲ ... နအဖစစ်တပ်မှာ ကလေးစစ်သားတွေရှိနေတာကို မပြောကြပါနဲ့။ တွေ့ခဲ့မြင်ခဲ့ရင်လည်း ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည် ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့သည်’’ ဆိုပြီး အကျယ်ကြီး သီချင်းအော်ဆိုလိုက်ကြပါတော့ခင်ဗျား။ ။
(နွေးဆူးလင်္ကာမှပြန်လည်ရယူ ဖော်ပြပါသည်။) ဓါတ်ပုံပိုင်ရှင်အမည်မသိလို့မဖော်ပြလိုက်ရပါ။

အပြည့်အစုံ...>>

အရှင်ဂမ္ဘီရ ကျန်းမာရေးအခြေအနေကို မိသားစုဝင်များစိုးရိမ်နေ

၂ ဒီဇင်ဘာ ၂၀၀၈။ ရိုးမ၃
ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်သည့် သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ၏ ကျန်းမာ ရေးအခြေအနေနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်နေကြသည်။
အရှင်ဂမ္ဘီရသည် ထောင်တွင်းဆေးရုံတွင် ရင်ကြပ်ရောဂါကို ထိရောက်စွာ ဆေးကုသခွင့်မရခဲ့ သဖြင့် ယခုကဲ့သို့ အလွန်အေးသည့် ခန္တီးထောင်သို့ ပို့ဆောင်လိုက်ခြင်းအပေါ် မိသားစုဝင်များက အလွန်စိုးရိမ်နေကြခြင်းဖြစ်သည်။“ဦးဇင်းက ထောင်ဆေးရုံမှာ အာရုံကြေရောဂါက ဆေးကောင်းကောင်းလဲ ကုခွင့်မရဘူး၊ ရင်ကြပ် ချောင်းဆိုးရောဂါအခံက နဂိုကတည်းကရှိတော့ အခုလို ခန္တီးထောင်ကိုပို့တယ်ဆိုတော့ အေးကလဲအေးနဲ့၊ ပြီးတော့ သူ့ရဲ့ အဝတ်အထည်ပစ္စည်းတွေ ဘာမှလဲ ယူသွားခွင့်မရတော့ သူ့ ကျန်းမာရေးကို အရမ်းစိုးရိမ်နေတာ” ဟု မိသားစုဝင်တဦးက ပြောသည်။အရှင်ဂမ္ဘီရကို ယမန့်နေ့ နေ့လည် (၁) နာရီခွဲခန့်က လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ယူဆရကြောင်းနှင့် ထောင်ထဲတွင် လေ့လာနေသည့် စာအုပ်စာတမ်းများနှင့် အခြား ပစ္စည်းအသုံးအဆောင်များကို ယူဆောင်သွားခွင့်မပြုကြောင်း မိသားစုဝင်က ပြောသည်။“ဦးဇင်းရဲ့မယ်တော်လဲ လောလောဆယ် ရန်ကုန်ကို ရောက်နေတယ်၊ အဲဒီသတင်းကြားတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့၊ ခမည်းတော် ဦးမင်းလွင်ကလဲ ကျန်းမာရေးစစ်တော့ ဆီးချို ရောဂါရော ဦးဇင်အတွက် စိတ်ဆင်းရဲရတာရောဆိုတော့ တော်တော်ကို စိတ်ထိခိုက်ပြီး အခု မိထ္တီလာကို ပြန်သွားပြီ”ဟု မိသားစုဝင်က ဆက်ပြောသည်။ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အရှင်ဂမ္ဘီရ၏ အစ်ကိုတော် ကိုအောင်ကျော်ကျော် ကိုလည်း တောင်ကြီးထောင်သို့ ပြောင်းရွှေ့လိုက်ပြီး မိဘနှစ်ပါးအား အနီးကပ်စောင့်ရှောက်နေ ရသည့် ကိုအောင်ကိုကိုလွင်ကိုလည်း စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့သည်။“အခု ဦးဇင်းရဲ့အစ်မ ခင်သူဌေးကလဲ မီးဖွားထားတာက ရက်ပိုင်းပဲရှိသေးတော့ သူတို့ ထောင် ဝင်စာသွားတွေ့ဖို့နဲ့ ဦးဇင်းရဲ့ မယ်တော်၊ ခမည်းတော်တွေကို စောင့်ရှောက်ဖို့ဆိုတာ တော်တော် ခက်ခဲတယ်၊ အရင်က သူပဲ ကိုယ်ဝန်ကြီးနဲ့ ထောင်ဝင်စာသွားတွေ့၊ ပါဆယ်ပို့လုပ်ပေးနေတာ၊ သူယောင်္ကျား ကိုမိုးထက်လျှံကလည်း အောင်ကိုကိုလွင်တို့နဲ့အတူ အဖမ်းခံထားရတော့ တမိသားစုလုံး အရမ်းဒုက္ခရောက်နေတယ်”ဟု မိသားစုအခြေအနေကို ဆက်ပြောသည်။အရှင်ဂမ္ဘီရ၏ မယ်တော်ဖြစ်သူ ဒေါ်ရေးက မည်သည့်အခြေအနေဖြစ်ဖြစ် သားဖြစ်သူများကို ထောင်ဝင်စာသွားတွေ့မည်ဖြစ်ကြောင်းနှင့် လုံးဝစိတ်ဓါတ်ကျသွားမည်မဟုတ်ကြောင်း ပြောဆို သည်။သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အရှင် ဂမ္ဘီကို ပြီးခဲ့သည့်လ (၁၉) ရက်နှင့် (၂၁) ရက်နေ့များ တွင် ကြည့်မြင်တိုင်၊ ကမာရွတ်၊ အလုံမြို့နယ်များမှ စွဲဆိုထားသည့် အမှုပေါင်း (၁၆) ခုတို့ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၆၈) နှစ် ချမှတ်လိုက်ပြီးနောက် ယခုကဲ့သို့ မိသားစုနှင့်အလွန်ဝေးသည့် ခန္တီးထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

အပြည့်အစုံ...>>

ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်း ပြုတ်ပြီ

၂ ဒီဇင်ဘာ ၂၀၀၈ NEJ
ရွေးကောက်ပွဲ မသမာမှုနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းကို နိုင်ငံရေးလုပ်ခွင့် (၅) နှစ် တားမြစ်လိုက်ပြီး ၎င်း၏ အာဏာရပါတီ ပီပီပီကိုပါ ဖျက်သိမ်းလိုက်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။
အာဏာရပါတီ ပီပီပီပါတီနှင့်အခြား ညွန့်ပေါင်းပါတီ (၂) ခုကိုပါ ဖျက်သိမ်းရန် တရားရုံးက ဆုံးဖြတ်လိုက်သည့်အတွက် ၀န်ကြီးချုပ်ဆွန်ချိုင်း ရာထူးမှ ပြုတ်သွားသည့်အပြင် ဖျက်သိမ်းခံရသည့် ပါတီများ၏ နိုင်ငံရေးခေါင်းဆောင်များပါ (၅) နှစ်ထိ နိုင်ငံရေးလုပ်ခွင့်ရတော့မည် မဟုတ်ပေ။ ဆွန်ချိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး (၃၆) ဦးအနက် (၂၂) ဦးမှာ အရေးယူခြင်းမခံရသည့်အတွက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်မိန့်မှ ကင်းလွတ်သည့် အမတ်များက ပါတီသစ်ထောင်ခွင့်ရှိသည်။
ဆွန်ချိုင်း ၀န်ကြီးချုပ်ရာထူးမှထွက်ပေးသည်ထိ လေဆိပ် (၂) ခုတွင် ဆက်ပြီး ဆန္ဒပြမည်ဆိုသည့် ပီအေဒီ အဖွဲ့ဝင်များအနေဖြင့် ဆွန်ချိုင်းပြုတ်သွားပြီး ဘာဆက်လုပ်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ၀န်ကြီးချုပ် ဆွန်ချိုင်း ပြုတ်သွားသော်လည်း ပီအေဒီ ဆန္ဒပြသူများအနေဖြင့် ခြေကုပ်ယူထားသည့် ထိုင်းလေဆိပ် (၂) ခုကို စွန့်လွှတ်မည့်ပုံမရှိပေ။ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ချင်းမိုင်မှာ ကျင်းပရန် ရည်ရွယ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေးကိုလည်း မတ်လသို့ ရွှေ့ဆိုင်းလိုက်သည်ဟု ယခင်ဝန်ကြီးချုပ်ရုံးဝန်ကြီးတဦးက ပြောသည်။

အပြည့်အစုံ...>>

မြန်မာနိုင်ငံ အေ့ဒ်စ်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ အရေးပေါ်လိုအပ်

၁ ဒီဇင်ဘာ ၂၀၀၈။ ဗွီအိုအေ။
မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေအတွက် ဆေးဝါးအလုံအလောက် မရှိတာကြောင့် မြန်မာနိုင်ငံတွင်း အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ပြန့်ပွားမှုကို ထိန်းချုပ်လို့မရသေးဘူးလို့ မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း အေဒ်စ့်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဘာတွေများ လိုအပ်ချက်ရှိနေသလဲဆိုတာ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
အေ့ဒ်စ်ဝေဒနာရှင်တဦးအား MSF ၀န်ထမ်း တဦးမှ ဆေးပေးနေစဉ်။(ဓာတ်ပုံ - MSF အင်တာနက်စာမျက်နှာ)။လိုအပ်ချက်ဘာရှိသလဲလို့ မေးရင်တော့မြန်မာနိုင်ငံထဲမှာ ဒီရောဂါတိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေကြသူတွေ အားလုံးနီးပါး ပြောတာကတော့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေ မလုံလောက်တာပါပဲ။ ဒါကြောင့်လည်း အေအာတီဆေးပြားတွေ အရေးပေါ်မရရင် လူနာပေါင်း ၂၀,၀၀၀ ကျော်ဟာဒီတနှစ်အတွင်း သေဆုံးနိုင်တယ်လို့ MSFနယ်စည်းမခြား ဆရာဝန်များအဖွဲ့က သတိပေးခဲ့ပါတယ်။ MSF အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အေအာတီဆေးပြား အဓိကဖြန့်ဝေပေးနေတဲ့အဖွဲ့ပါ။ အခုတော့ အခြားအဖွဲ့တွေကို ကူညီဖို့မပြောနဲ့၊ သူတို့အဖွဲ့ သူတို့ဆေးခန်းတွေမှာကို လူနာတွေ ကုသပေးနိုင်တဲ့ အကန့်အသတ် ကုန်နေပြီလို့ MSF ပြောခွင့်ရသူက ဆိုပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့က MSF ရုံး အကြီးအကဲဖြစ်သူ မစ္စတာအလက်ဇန္ဒား ဘေးလတ်တ် (Mr.Alexandre Baillat) ကတော့ အေအာတီဆေးပြားတွေအရေးပေါ်ရရှိရေးဟာ အခုလတ်တလော အရေးတကြီးလိုအပ်ချက် ဖြစ်နေတယ်လို့ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ အခုကုသပေးနေတာ လူနာပေါင်း ၁၁,၀၀၀ ရှိပါတယ်။ ဒါက ကျနော်တို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာ အကုန်ရောက်နေပါပြီ။ လူနာပေါင်း ၆၅,၀၀၀ ကျော်ဟာအိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အသက်ကယ်ဆေးလို့ပြောရမယ့် အေအာတီဆေးပြားရရှိဖို့ အရေးပေါ်လိုအပ်နေပါတယ်။ ဒါဟာ ကျနော်တို့ အတော်လေးကို စိုးရိမ်နေရတဲ့အချက်ပါ။ ဒီအတွက် မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် အလှူငွေတွေ အတော်များများ လိုအပ်နေပါတယ်။"
လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံတွင်း အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအတွက်3D Fund ဆိုတဲ့ ရန်ပုံငွေအဖွဲ့ရှိပြီး အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေက အများဆုံး ကူညီထောက်ပံ့ပေးနေပါတယ်။ ဒါပေမယ့် 3D Fund အဖွဲ့မှာကို ရန်ပုံငွေအားနည်းနေတာကြောင့် ကမ္ဘာအ၀ှမ်း အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအတွက် အများဆုံး အကူအညီပေးနေတဲ့ Global Fund ရန်ပုံငွေရရှိဖို့ မြန်မာနိုင်ငံတွင်း အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်သူအများစုက လိုလားကြတယ်လို့ အလက်ဇန္ဒားဘေးလတ်တ်က ပြောပါတယ်။
"Global Fund ပြန်လာလုပ်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့Global Fund ကို ပြန်ပြီး အဆိုပြုထားတာရှိပါတယ်။ ဒါကို ပြန်လက်ခံမယ်လို့ ကျနော်တို့မျှော်လင့်နေပါတယ်။ ဒါမှ ကျနော်တို့ MSF ရော အခြားအဖွဲ့တွေကပါ လုပ်နေတဲ့လုပ်ငန်းတွေအတွက် အထောက်အပံ့ အလှူငွေတွေ ရရှိမှာပါ။ ဒါကြောင့် ကျနော်တို့ဒီမှာတော့ Global Fund ပြန်ဝင်မယ့်ကိစ္စကို အတော်လေး မျှော်လင့်ချက်ထားပါတယ်။"
Global Fund အဖွဲ့အနေနဲ့က မြန်မာနိုင်ငံတွင်းက သူတို့ကူညီရေးလုပ်သားတွေ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်မရတာကြောင့်ဆိုပြီး ၂၀၀၅ ခုနှစ်က သူတို့လုပ်ငန်းတွေ မြန်မာနိုင်ငံက ပြန်ရုပ်ခဲ့ပါတယ်။ အခုတော့ Global Fund ရဲ့ အထောက်အပံ့တွေ ပြန်ရဖို့ မြန်မာအစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေရော နိုင်ငံတကာအန်န်ဂျီအိုတွေပါ ၀ိုင်းညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့မှု စိုးရိမ်စရာအခြေအနေ ရှိတယ်ဆိုတာကို မြန်မာအစိုးရက မူလက ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအခြေအနေကို အသိအမှတ်ပြု လက်ခံလာပြီး ကျန်းမာရေးဝန်ကြီးဌာန အေဒ်စ့်ရောဂါတိုက်ဖျက်ရေး အမျိုးသားအစီအစဉ်တရပ်အနေနဲ့ပါ တိုက်ဖျက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်လာပါတယ်။ ဒါပေမယ့်လည်း အစိုးရရဲ့ ဒီအစီအစဉ်မှာကို လုပ်နိုင်တဲ့ အကန့်အသတ်တွေ ကြုံနေရတယ်လို့ အလက်ဇန္ဒား ဘေးလတ်တ်က ပြောပါတယ်။
"ကျန်းမာရေးဝန်ကြီးဌာနရဲ့ အေ့ဒ်စ်ရောဂါတိုက်ဖျက်ရေး အမျိုးသားအစီအစဉ်ဌာနနဲ့ကျနော်တို့ ပုံမှန်လိုလို ပူးတွဲဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်မှာကို ရန်ပုံငွေအရရော၊ လုပ်နိုင်ကိုင်နိုင်တာအရပါ အကန့်အသတ်ရှိပါတယ်။သူ့အစီအစဉ်ကိုတောင် သူ မတိုးချဲ့နိုင်ပါဘူး။"
မြန်မာနိုင်ငံ ရန်ကုန်မြို့ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ရုံးက ပြောခွင့်ရသူအလက်ဇန္ဒား ဘေးလတ်တ် ပြောပြသွားတာ ဖြစ်ပါတယ်။မြန်မာအစိုးရရဲ့ မကြာမီကထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရတဲ့ လူနာအရေအတွက် လျော့ကျလာတယ်လို့ ဖော်ပြပါတယ်။ ဒါကိုတော့ မြန်မာနိုင်ငံက အန်န်ဂျီအိုဝန်ထမ်းတွေကတော့ အတည်ပြုဖို့ခက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိဝေဒနာသည်တွေကိုပဲ ဆေးအလုံအလောက်မပေးနိုင်တာ၊ ကုသမှုမပေးနိုင်တာတွေကြောင့် မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

အပြည့်အစုံ...>>

ဘန်ကောက်ပေါက်ကွဲမှု ၄၆ ဦးထက်မနဲ ဒဏ်ရာရ

၃၀ နိုဝင်ဘာ ၂၀၀၈။ ဗွီအိုအေ
ထိုင်းနိုင်ငံက ဆန့်ကျင်ဆန္ဒပြသူတွေ နေရာယူထားတဲ့ အစိုးရဂေဟာ အပြင်ဘက်မှာ ဗုံးကွဲမှုတခု ဖြစ်ပွားခဲ့လို့ လူ ၄၆ ဦးမက ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ဘန်ကောက်မြို့က ၀န်ကြီးချုပ် ရုံးခန်းတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေခဲ့တာတွေရဲ့ နောက်ဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေနဲ့ ကြမ်းတမ်းတဲ့
ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်စေချင်တဲ့ ရဲတွေက ဘန်ကောက်က သုဝဏ္ဏဘူမိ လေဆိပ် အပြင်ဘက်မှာ အရံအတားတွေ စောင့်နေတဲ့အချိန်မှာပဲ ဒုတိယ မြောက် ရဲဂိတ်ကို အစိုးရ ဆန့်ကျင်သူတွေက တိုက်ခိုက်ခဲ့ပါတယ်။သုဝဏ္ဏဘူမိ လေဆိပ်နားက ရဲတွေ စတည်းချတဲ့ နေရာတွေကို ဒုတ်တွေ၊ သံဒုတ်တွေ ကိုင်ဆောင်ပြီးတော့ ပစ်ဖောက် လုပ်လာကြတဲ့ ဆန္ဒပြသူတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာတာမို့ အထိကရုန်း အတွင်း ရဲ ၁၅၀ လောက် နောက်ဆုတ် သွားခဲ့ပါတယ်။ အစောပိုင်းကလည်း ဆန္ဒပြသူ အယောက် ၁,၀၀၀ လောက်က မောင်းထုတ်ခဲ့လို့ နောက် ရဲကင်းစခန်း တခုကို ရဲတွေ စွန့်ခွာလို့ သွေးထွက်သံယိုမှု မဖြစ်ခဲ့ပါဘူး။PAD ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ နဲ့ ဆန္ဒပြသူတွေ ကြာသပတေးနေ့ ကတည်းက ၀င်ရောက်စီးနင်းထားတဲ့ သုဝဏ္ဏဘူမိ လေဆိပ်ကိုတော့ M-16 တိုက်ခိုက်ရေး မောင်းပြန်သေနတ်တချို့ ကိုင်ဆောင်ထားတဲ့ စစ်တပ်နဲ့ ရဲအင်အား ၂,၀၀၀ လောက် ၀ိုင်းဝန်းထားပါတယ်။ လေဆိပ်ကို အနည်းဆုံး တနင်္လာနေ့အထိ ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။

အပြည့်အစုံ...>>

၂၀၁၂မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား

၂၉ နိုဝင်ဘာ ၂၀၀၈။ YouTube
ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။
အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။

1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။
http://www.youtube.com/watch?v=wxQsLLOYC7Q
http://www.youtube.com/watch?v=jT4hrd6To2k&feature=related
http://www.youtube.com/watch?v=Nb8DUJFw70g&feature=related


အပြည့်အစုံ...>>