သံဃာတော်တွေ....သွေးမြေကျရပြီမို့ ...တကြော်ကြော် ဟစ်ကြွေးကျတာတွေ..... ကြားချင်ပေါင်.... ပူလောင်ခံစား..... ပင်လယ်ဖြစ်သွားမျက်ရည်များ.....ဒီသီချင်းလေးက ၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက ရွှေဝါရောင်တော်လှန်းရေးမှာ ရဟန်းသံဃာတော်တွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့စဉ်က အဆိုတောဒေါ်မာမာအေး သီဆိုပူဇော်ခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ပါ။ ရဟန်းရှင်သူ ကျောင်းသားပြည်သူတွေရဲ့သွေးတွေမြေခခဲ့ရသလို ထောင်နန်းစံခဲ့ရတာတွေလည်း မနည်းလှပေ၊ မြန်မာနိုင်ငံရဲ့ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ စစ်ဖိနပ်အောက်သို့ ကျ ရောက်ခဲ့သောနှစ်ဆိုရင်လည်း မမှားပါဘူး။ ဒီမိုကရေစီရရှိဖို့ နှစ်ပေါင်း ၂၀ ကျော်တစ်လျှောက်မှာ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဒဏ်ကို အလူးအလဲခံရပါတယ်။ စစ်တပ်ကိုတော်လှန်ခဲ့ပေမယ့် ယနေ့အချိန်အထိ အောင်နိုင်ခြင်းမရှိခဲ့ပါ။ ဒီမိုကရေစီကိုမျှော်လင့်ရင် အသက်ဆုံးခဲ့တဲ့သူတွေကလည်း ထုနဲ့ဒေးပါ။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ အောင်ပွဲခံတဲ့နေ့ထူးနေ့မြတ်မဟုတ်ပါဘူး။ တလွဲဆံပင်ကောင်းဆိုသလိုဘဲ ရဟန်းသံဃာတွေနဲ့ကျောင်းသားပြည်သူတွေ အသုတ်သင်ခံရတဲ့ နှစ်ပတ်လည်အခါသာမညမှာ ပူဆွေးလွမ်းဆွတ်မှုတွေနဲ့အတူ အလှူဒါန ကောင်းမှုကုသိုလ်လုပ်ရမယ့်အချိန်မှာ ရွှေဝါရောင်နှစ်ပတ်လည်နေ့ ခေါင်းစဉ်တပ်ပြီးပျော်ပွဲရွင်ပွဲပုံစံမျိုးဈေးရောင်းပွဲလုပ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ရွှေဝါရောင်တော်လှန်းရေးက ကျဆုံးခဲ့ရတာ၊ အသက်တွေပေးဆပ်ခဲ့ရတာ၊ ပျော်ရွှင်ဖို့အတွက် ခေါင်းစဉ်ပေးခဲ့တဲ့နေ့မဟုတ်ပါဘူး။ ဖြစ်သင့်တာက ကျဆုံးသွားတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူတွေ အတွက် ကောင်းမှုကုသလိုလ် မေတ္တာပို့ဆုတောင်းခြင်းသာပြုသင့်ပါတယ်။ ဘာသာသာသနာ အစော်ကားခံရတဲ့နေ့ဟာ ပျော်ရွှင်ရမယ့်နေ့မဟုတ်ဘူးဆိုတာ အကြံပြုလိုက်ပါတယ်။
ဦးကုလား
ခေါင်းစဉ်တပ်ရင်စဉ်းစားကြ
Subscribe to:
Post Comments (Atom)
Comments :
Post a Comment