လှည်းတန်းလမ်းစုံအနီးတွင် မထသ လိုင်းကား ဂက်စ်အိုးပေါက်

ကိုသက် | စက်တင်ဘာ ၉၊ ၂၀၀၈

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဆူးလေနှင့် အင်းစိန်ကို ပြေးဆွဲလျက်ရှိ သည့် မထသ လိုင်းအမှတ် ၄၅၊ မော်တော်ယာဉ်အမှတ် ၄ခ/ ၅၄၈၁ ဟီးနိုးကား ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားရာ စပယ်ယာ အပါအ၀င် ခရီးသည်တဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး မော်တော်ယာဉ်လည်း အများအပြား ပျက်စီးသွားသည်ဟု မျက်မြင် သက်သေတဦးက ဧရာဝတီကို ပြောသည်။


ဂက်စ်အိုးပေါက်ကွဲ၍ မထသ လိုင်းကား မီးလောင်နေစဉ်

“ခရီးသည်တယောက်နဲ့ စပယ်ယာကို လူနာတင်ကားနဲ့သယ်သွားတာတွေ့တယ်။ ကားကတော့ မီးလောင်ပျက်စီးသွားတာ ပေါ့။ အခုတော့ လမ်းရှင်းသွားပါပြီ။ အခုနတော့ ပြည်လမ်းကို နာရီဝက်၊ တနာရီလောက် ပိတ်လိုက်ရတာပေါ့” ဟု မျက်မြင် သက်သေက ပြောသည်။

အခင်းဖြစ်ပွားသည့် နံနက် ၁၁ နာရီဝန်းကျင်သည် ဘတ်စ်ကားစီးခရီးသည် နည်းသည့်အချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရမှု နည်းသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းများက မော်တော်ယာဉ် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် လူ ၂ ဦး ပွဲချင်းပြီးသေဆုံးသည်ဟု ဆိုသည်

Comments :

0 comments to “လှည်းတန်းလမ်းစုံအနီးတွင် မထသ လိုင်းကား ဂက်စ်အိုးပေါက်”