ဒေါ်စုနှင့် ရှေ့နေ ထပ်မံတွေ့ခွင့်ရ ဒေါ်စု၏ ကျန်းမာရေးကောင်းမွန်လျက်ရှိ

စက်တင်ဘာ ၁၊ ၂၀၀၈ (ရိုက်တာသတင်း)
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားသော်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဒေါ်စုနှင့် နာရီဝက် တွေ့ဆုံခွင့် ရခဲ့သည့် ရှေ့နေကြီး ဦးကြည်ဝင်းက ယနေ့ ပြောကြားလိုက်သည်။ ပြီးခဲ့သည့်လ ၁၅ ရက်နေ့မှ စတင်၍ ဒေါ်စုက ပြင်ပမှ အစားအစာများ ပေးပို့ခြင်းကို လက်မခံခဲ့ ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
အစာငတ်ခံဆန္ဒပြနေသည်ဟူသော သတင်းနှင့်ပတ်သက်၍လည်း ဒေါ်စုက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဟု ဆိုသည်။ “ကျန်းမာရေး ကောင်းတယ်၊ ခန္ဓာကိုယ်အလေးချိန်တော့ လျော့သွားတယ်၊ ပင်ပမ်းနေတယ်၊ အနားယူဖို့လိုအပ်တယ်”ဟု ဒေါ်စုက ပြောဆိုကြောင်း ဦးကြည်ဝင်းက ရှင်းပြသည်။
ဒေါ်စု၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ မေးမြန်းရာ ဦးကြည်ဝင်းက ဖြေကြားခြင်းမရှိ။ သို့သော်လည်း သံတမန်များကမူ ဒေါ်စုက အစားအစာ လက်မခံခြင်းမှာ ရှေ့နေနှင့် တွေ့ခွင့်မရသည့်အတွက် တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း ခန့်မှန်းနေကြသည်။

Comments :

0 comments to “ဒေါ်စုနှင့် ရှေ့နေ ထပ်မံတွေ့ခွင့်ရ ဒေါ်စု၏ ကျန်းမာရေးကောင်းမွန်လျက်ရှိ”