ပြည်တွင်းအင်တာနက်အသုံးပြုသူများ လုံခြုံမှုမရှိ

၂၂၊ စက်တင်ဘာ၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှုပိုမိုးများပြားလာသည်နှင့်အမျှ အင်တာနက်သုံးစွဲသူတို့ရဲ့ ကိုယ်ရေးကိုတာအချက်အလက်များအပါအ၀င် မည်သည့် password မဆို လုံခြုံမှုရှိရန်အင်မတန်မှအားနည်းလျှက်ရှိပါသည်။ ယခင်က mpt mail အ၀င်အထွက်များကို monitor လုပ်စစ်ဆေးသလိုမျိုး မဟုတ်တော့ဘဲ အခုအခါ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account များကို ၀င်ရောက်ကြည့်ရှုခြင်းမျိုးဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အင်တာနက်သုံးစွဲနိုင်ဖို့ စစ်အစိုးရက ပြည်သူလူထုကို အကန့်အသတ်ဖြင့်ခွင့်ပြုထားပြီး အင်တာနက်သုံးစွဲနိုင်သောဆိုင်းပေါင်း ၂၄၀ ခန့်ကိုတရားဝင် လုပ်ငန်းလိုင်စင်များဖြင့်ခွင့်ပြုခဲ့ပါသည်။
တစ်ချို့ဆိုင်တွေမှာ password ကိုဖမ်းထားတာမျိုးတွေရှိနေသလို Main Admin စက်မှနေပြီးတော့ (Screen Shot) လုပ်တာမျိုးတွေရှိနိုင်ပါတယ်။ ကိုယ်ပိုင်စက်ဖြင့်သုံးနေသူများလည်း Network လုံခြုံမှုမရှိပါ မိမိသည် မည်သည့် ၀က်ဆိုက်ကိုကြည့်နေသည် မည်မျှကြည့်နေသည်ကို ဟံသာဝတီ ဂိတ်ဝေးမှနေ၍ သိရှိနိုင်ပါသည်။ စစ်အစိုးရသည် ပြည်တွင်းအင်တာနက်အသုံးပြုသူများကို အမြဲမပျက်စောင့်ကြည့်လျှက်ရှိနေပြီး ပြည်တွင်းအင်တာနက်ကိုပိုမိုထိမ်းချုပ်လာနိုင်ရန်အတွက် ပြည်ပမှပညာတော်သင်ရောက်ရှိလာသူ ရုရှားပြန်များကို မြန်မာ အိုင်အက်စ်ပီ ၂ Internet Service Provider ဟံသာဝတီ ဂိတ်ဝေးတွင် အရပ်သားပုံစံဖြင့် ခန့်အပ်ထားပြီး လုပ်ငန်းများစတင်လုပ်ဆောင်လျှက်ရှိပါသည်။ ထိုမှတစ်ဆင့် စစ်အစိုးရအား ၀ါဒဖြန့်ဆန့်ကျင်သော မည်သူ့ကိုမဆို တိုက်ခိုက်ရန် ပြင်နေကြောင်း စုံစမ်းသိရှိရပါသည်။
ဦးကုလား

Comments :

0 comments to “ပြည်တွင်းအင်တာနက်အသုံးပြုသူများ လုံခြုံမှုမရှိ”