မနေ့ က လွတ်လာတဲ့ ဦးဝင်းထိန် ပျောက်ဆုံးနေ။

၂၄၊ စက်တင်ဘာ ၂၀၀၈။
မနေ့ ကလွတ်လာတဲ့ ဦးဝင်းထိန်ကို နအဖဘက်မှ ပြန်လည်ခေါ်ဆောင်သွားတယ်လို့  သိရှိရပါတယ်။ ဘယ်နေရာကို ပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသလို၊ အဆက်အသွယ်လည်း ပြန်မရ ဖြစ်နေပါတယ်။နအဖက မနေ့ က ဦးဝင်းထိန်ကို ထောင်မှ လွှတ်အပြီး၊ တည်းခိုရာနေရာ တစ်နေရာမှာ ခေတ္တရှိနေရာမှ ယနေ့ မနက်ပိုင်းက ပြန်လည်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။အကယ်လို့ များ နအဖအနေနဲ့  ဦးဝင်းထိန်ကို ပြန်လည် စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတာ၊ ပြန်လည်ဖမ်းဆီးတာဆိုရင် နအဖဟာ ကိုယ်ထွေးပြီးသား တံထွေးကို ကိုယ်ပြန်မြိုသလိုဘဲ ထောင်ကနေ လွတ်လွတ်လပ်လပ် လွှတ်လိုက်တဲ့ ကတိကို ပြန်လည်ချိုးဖောက်တာပါဘဲ။ ထောင်ကနေလွှတ်လိုက်ပြီးနောက် မျက်စိဒေါက်ထောက်ကြည့်နေပြီး၊ လွှတ်လိုက်တာ တစ်ရက်ဘဲရှိသေးတယ် စိတ်မထင် မထင်သလို ပြန်လည်စစ်ဆေးတာမျိုးလုပ်တာကတော့ နအဖရဲ့ ဇာတိရုပ်အမှန်ကို ချက်ချင်း ပြသလိုက်တာပါဘဲ။ဒီအတွက် ဦးဝင်းထိန်ကို ဘယ်ကိုခေါ်ဆောင်သွားမှန်း မသိတဲ့နေရာကနေ ပြန်လည်လွှတ်ပေးပြီး၊ လွတ်လွတ်လပ်လပ်နေထိုင်ခွင့် ပြောဆိုခွင့်ပြန်ပေးပါလို့ ။ နအဖအနေနဲ့  သိက္ခာရှိရှိ အရှက်တရားရှိရှိ ပြသဖို့ အတွက် “အခုလွှတ်လိုက်၊ တော်ကြာနေ ပြန်ဖမ်းလိုက်” ဆိုတဲ့ လုပ်ရပ်မျိုး မလုပ်ဖို့  လိုပါတယ်။

နစ်နေမင်း

Comments :

0 comments to “မနေ့ က လွတ်လာတဲ့ ဦးဝင်းထိန် ပျောက်ဆုံးနေ။”