မြို့တော်ဝန်ကြည့်မရတဲ့ကြော်ငြာများ ပိတ်ပင်ပြီ

သြဂုတ် ၂ ရက် ၂၀၀၈

ရန်ကုန်မြို့တွင်တွေ့ရသော မလုံ့တလုံကြော်ငြာဆိုင်းဘုတ်များအားလုံးကို စက်တင်ဘာလ(၃)ရက်မတိုင်မီ အပြီးဖြုတ်သိမ်းရမည်ဟု ရန်ကုန်မြို့ တော်ဝန်က ပြောကြားထားကြောင်း သိရသည်။ လုပ်ငန်းနှင့်ကုန်ပစ္စည်းများကို အပြိုင်အဆိုင်ကြော်ငြာကြရာတွင် မော်ဒန်သရုပ်ဆောင်များဖြင့် အ၀တ်အစားများကိုမလုံ့တလုံဝတ်ဆင်ပြသပြီး ကုန်ပစ္စည်းများကို အပြိုင်အဆိုင် ကြော်ငြာခဲ့ကြသည်။ ယခင်က ကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၈ခုနှစ် မတ်လမှစ၍ ကုမ္ပဏီ(၁၀)ခုကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် ယဉ်ကျေးမှုနှင့်မလျော်ညီသော အဝတ်အစားများဝတ်ဆင်၍ ရိုက်ကူးထားသော ကြော်ငြာများကိုတွေ့နေရသည်။ ကြိုးတစ်ချောင်းအင်္ကျီနှင့် ဒူးပေါ်၊ ပေါင်ပေါ်ဝတ်ဆင်ထားသည့် ကြော်ငြာ အများစုကို ထီဆိုင်လုပ်ငန်းများတွင် တွေ့ရသည်။ သြဂုတ်လ(၂၆)ရက်၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်နှင့် ကြော်ငြာလုပ်ငန်းရှင်များ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကြော်ငြာဆိုင်းဘုတ်များ ပြုလုပ်ရာ၌ မြို့တော်စည်ပင်သို့ ဦးစွာတင်ပြပြီး ခွင့်ပြုချက်ရသည့် ကြော်ငြာပုံရိပ်များကိုသာ အသုံးပြုခွင့် ရှိမည်ဖြစ်သည်။
ယခုလက်ရှိ မလုံတလုံကြော်ငြာများအားလုံးကို သတ်မှတ်ရက်အတိုင်း ဖြုတ်သိမ်းရမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် အညီ ပြင်ဆင်ပြီးမှသာ ပြန်လည်တပ်ဆင်ခွင့်ရမည်ဖြစ်သည်။
မလိုက်နာသော ကြော်ငြာများရှင်ရှိပါက ပထမအကြီမ်အဖြစ် သတိပေးမည်ဖြစ်သည်။ ဒုတိယအကြီမ်ဆိုပါက ထီဆိုင်ဆိုလျင် ထီဆိုင်လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်ဖြစ်ပြီး အခြားလုပ်ငန်းတစ်ခုခုဆိုပါက လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင် ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

Comments :

0 comments to “မြို့တော်ဝန်ကြည့်မရတဲ့ကြော်ငြာများ ပိတ်ပင်ပြီ”