တနသာင်္ရီတိုင်း ဝန်ကြီးချုပ်ကိစ္စ သမ္မတရုံး ဘာပြောလဲ (ရုပ်/သံ)


ဧရာဝတီ၊ မတ် ၁၁၊ ၂၀၁၉
အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရတဲ့ တနသာင်္ရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီး ထားဝယ်တိုင်းတရားလွှတ်တော်မှာ တရားစွဲတင်မှာ ဖြစ်ပြီး NLD အစိုးရ အနေနဲ့ အဂတိလိုက်စားမှုတွေကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘဲ ကော်မရှင်ကိုလည်း လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားပြီး ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ရိုက်ကူး - ထက်နိုင်ဇော်
-1:08

အပြည့်အစုံ...>>

ပြောင်းလဲလာတဲ့ နည်းပညာတွေထဲက Mouse ဆိုတဲ့ ကြွက်

ပြောင်းလဲနေတဲ့နည်းပညာတွေထဲမှာ Mouse ရဲ့ပြောင်းလဲလာတဲ့နည်းပညာကလည်း အံ့မခန်းပါဘဲ။



အပြည့်အစုံ...>>

Access Denies တွေနဲ့ ခွေးကိုက်ခြင်းမှကင်းဝေးဖို့

Tor သုံးပြီး မြန်မာနိုင်ငံလို Access Denies တွေနဲ့ပြည့်နေတဲ့ နိုင်ငံမျိုးမှာ၊ ဒီနည်းလမ်းလေးက သိပ်ကိုအဆင်ပြေပါတယ်။
ISP ကပိတ်ထားတဲ့ဆိုက်တွေကို ကျော်ခွပြီးကြည့်လို့ရပါတယ်။ Tor အသုံးပြုဖို့အတွက် မိမိမှာ Tor software (https://www.torproject.org/) လေးရှိဖို့တော့လိုပါတယ်။
အသုံးပြုပုံကိုလည်းတင်ပေးထာပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ အင်တာနက်အသုံးပြု သူတွေသိထားသင့်တဲ့ အချက်တစ်ခုပါ။ အသုံးပြုနေသူ တွေလည်းရှိနေ ကြမယ်လို့ထင်ပါတယ်။


အပြည့်အစုံ...>>

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

၁၀ ရက် အောက်တိုဘာ ၂၀၀၉။ ရိုးမ ၃

စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။ မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။
“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

အပြည့်အစုံ...>>

မိုက္ကရိုဆော့ ဟော့(ထ်)မေးလ် သုံးစွဲသူတို့၏ Password များ အမြန်ပြောင်းလဲရန် တိုက်တွန်း

၇ ရက် အောက်တိုဘာ ၂၀၀၉။ လူထုအသံ
Microsoft ၏ Hotmail စံနစ်ကို အသုံးပြု နေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန် ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။
Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။
ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။
ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။
Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။

အပြည့်အစုံ...>>