ဘန်ကောက်ပေါက်ကွဲမှု ၄၆ ဦးထက်မနဲ ဒဏ်ရာရ

၃၀ နိုဝင်ဘာ ၂၀၀၈။ ဗွီအိုအေ
ထိုင်းနိုင်ငံက ဆန့်ကျင်ဆန္ဒပြသူတွေ နေရာယူထားတဲ့ အစိုးရဂေဟာ အပြင်ဘက်မှာ ဗုံးကွဲမှုတခု ဖြစ်ပွားခဲ့လို့ လူ ၄၆ ဦးမက ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ ဘန်ကောက်မြို့က ၀န်ကြီးချုပ် ရုံးခန်းတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေခဲ့တာတွေရဲ့ နောက်ဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေနဲ့ ကြမ်းတမ်းတဲ့
ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်စေချင်တဲ့ ရဲတွေက ဘန်ကောက်က သုဝဏ္ဏဘူမိ လေဆိပ် အပြင်ဘက်မှာ အရံအတားတွေ စောင့်နေတဲ့အချိန်မှာပဲ ဒုတိယ မြောက် ရဲဂိတ်ကို အစိုးရ ဆန့်ကျင်သူတွေက တိုက်ခိုက်ခဲ့ပါတယ်။သုဝဏ္ဏဘူမိ လေဆိပ်နားက ရဲတွေ စတည်းချတဲ့ နေရာတွေကို ဒုတ်တွေ၊ သံဒုတ်တွေ ကိုင်ဆောင်ပြီးတော့ ပစ်ဖောက် လုပ်လာကြတဲ့ ဆန္ဒပြသူတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာတာမို့ အထိကရုန်း အတွင်း ရဲ ၁၅၀ လောက် နောက်ဆုတ် သွားခဲ့ပါတယ်။ အစောပိုင်းကလည်း ဆန္ဒပြသူ အယောက် ၁,၀၀၀ လောက်က မောင်းထုတ်ခဲ့လို့ နောက် ရဲကင်းစခန်း တခုကို ရဲတွေ စွန့်ခွာလို့ သွေးထွက်သံယိုမှု မဖြစ်ခဲ့ပါဘူး။PAD ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ နဲ့ ဆန္ဒပြသူတွေ ကြာသပတေးနေ့ ကတည်းက ၀င်ရောက်စီးနင်းထားတဲ့ သုဝဏ္ဏဘူမိ လေဆိပ်ကိုတော့ M-16 တိုက်ခိုက်ရေး မောင်းပြန်သေနတ်တချို့ ကိုင်ဆောင်ထားတဲ့ စစ်တပ်နဲ့ ရဲအင်အား ၂,၀၀၀ လောက် ၀ိုင်းဝန်းထားပါတယ်။ လေဆိပ်ကို အနည်းဆုံး တနင်္လာနေ့အထိ ပြန်ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။

အပြည့်အစုံ...>>

၂၀၁၂မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား

၂၉ နိုဝင်ဘာ ၂၀၀၈။ YouTube
ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။
အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။

1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။
http://www.youtube.com/watch?v=wxQsLLOYC7Q
http://www.youtube.com/watch?v=jT4hrd6To2k&feature=related
http://www.youtube.com/watch?v=Nb8DUJFw70g&feature=related


အပြည့်အစုံ...>>

ထိုင်းရဲချုပ်ရာထူးကဖယ်ရှားခံရ

၂၈ နိုဝင်ဘာလ ၂၀၀၈။ ဗွီအိုအေ

ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲကို ထိုင်းဝန်ကြီးချုပ်က ရာထူးကဖယ်ရှားလိုက်ပါတယ်။ ဘန်ကောက်မြို့အဓိကလေဆိပ်ကြိးနှစ်ခုကို ဆန္ဒပြသူတွေသိမ်းထားတာနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလိုရဲချုပ်ကိုရာထူးကဖယ်ရှားလိုက်တာပါ။
အခုလိုထိုင်းရဲချုပ်ကို ရာထူးကဖယ်ရှားလိုက်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်းဝမ်ဆာဝတ် ရဲ့ ကြောငြာချက်ဟာ ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကို လုံထိန်းတပ်ဖွဲ့ဝင်တွေရောက်မလာခင်နာရီပိုင်းအလိုမှာထွက်ပေါ်ခဲ့တာပါ။ စောစောပိုင်းကတော့ ထိုင်းရဲအရာရှိတွေက ဆန္ဒပြသူတွေနဲ့စေ့စပ်ဆွေးနွေးနေတယ်လို့ပြောပါတယ်။ သူတို့ရည်ရွယ်ချက်က လေဆိပ်ကိုသိမ်းထားတာတွေကို အကြမ်းမှုမရှိဘဲ အဆုံးသတ်အောင်လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးလို့မရရင်လိုအပ်သလိုအရေးယူဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။ ဆန္ဒပြသူတွေကတော့ ထိုင်းဝန်ကြီးချုပ်ရာထူးကမနုတ်ထွက်ဘူးဆိုရင် လေဆိပ်ကိုသိမ်းထားတာက ဖယ်ပေးမှာမဟုတ်ဘူးလို့ပြောဆိုနေပါတယ်။ထိုင်းလူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆူနိုင်းဖာဆွတ်ခ် ကတော့ အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေအကြားသွေးထွက်သံယိုမဖြစ်အောင် တိုးတက်မှုရှိလာအောင် ဆွေးနွေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ ဆန္ဒပြသူတွေနဲ့အတူ ကလေးငယ်တွေပါလာသူတွေလည်းရှိတဲ့အတွက် သူတို့အတွက်လည်း ထပ်ပြီးစိုးရိမ်ရတယ်လို့ ဆူနိုင်းဖာဆွတ်ခ်က ပြောပါတယ်။

အပြည့်အစုံ...>>

ထိုင်းရဲချုပ်ရာထူးကဖယ်ရှားခံရ

၂၈ နိုဝင်ဘာလ ၂၀၀၈။ ဗွီအိုအေ
ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲကို ထိုင်းဝန်ကြီးချုပ်က ရာထူးကဖယ်ရှားလိုက်ပါတယ်။ ဘန်ကောက်မြို့အဓိကလေဆိပ်ကြိးနှစ်ခုကို ဆန္ဒပြသူတွေသိမ်းထားတာနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလိုရဲချုပ်ကိုရာထူးကဖယ်ရှားလိုက်တာပါ။
အခုလိုထိုင်းရဲချုပ်ကို ရာထူးကဖယ်ရှားလိုက်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်းဝမ်ဆာဝတ် ရဲ့ ကြောငြာချက်ဟာ ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကို လုံထိန်းတပ်ဖွဲ့ဝင်တွေရောက်မလာခင်နာရီပိုင်းအလိုမှာထွက်ပေါ်ခဲ့တာပါ။ စောစောပိုင်းကတော့ ထိုင်းရဲအရာရှိတွေက ဆန္ဒပြသူတွေနဲ့စေ့စပ်ဆွေးနွေးနေတယ်လို့ပြောပါတယ်။ သူတို့ရည်ရွယ်ချက်က လေဆိပ်ကို သိမ်းထားတာတွေကို အကြမ်းမှုမရှိဘဲ အဆုံးသတ်အောင်လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးလို့မရရင်လိုအပ်သလိုအရေးယူဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။ ဆန္ဒပြသူတွေကတော့ ထိုင်းဝန်ကြီးချုပ်ရာထူးကမနုတ်ထွက်ဘူးဆိုရင် လေဆိပ်ကိုသိမ်းထားတာက ဖယ်ပေးမှာမဟုတ်ဘူးလို့ပြောဆိုနေပါတယ်။ ထိုင်းလူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆူနိုင်းဖာဆွတ်ခ် ကတော့ အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေအကြား သွေးထွက်သံယိုမဖြစ်အောင် တိုးတက်မှုရှိလာအောင် ဆွေးနွေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ ဆန္ဒပြသူတွေနဲ့အတူ ကလေးငယ်တွေ ပါလာသူတွေလည်းရှိတဲ့အတွက် သူတို့အတွက်လည်း ထပ်ပြီးစိုးရိမ်ရတယ်လို့ ဆူနိုင်းဖာဆွတ်ခ်က ပြောပါတယ်။

အပြည့်အစုံ...>>

ဘုံဘေက အကြမ်းဖက်သတ်ဖြတ်မှု လူရာဂဏန်းသေဆုံး

၂၇ နိုဝင်ဘာလ ၂၀၀၈။ ဘီဘီစီ
ဘုံဘေမြို့ကစီးပွားအေရးအရ အချက်အချာကျတဲ့နေရာတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုလည်ပတ်တတ်တဲ့နေရာတွေမှာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ လူ ၈၀ နီးပါးလောက်သေဆုံးပြီး နှစ်ရာလောက် ဒဏ်ရာရသွားခဲ့ပါတယ်။
ထင်ရှားတဲ့နေရာ ခုနှစ်ခုလောက်ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး နံမယ်ကြီး ဟိုတယ်တစ်ခုဖြစ်တဲ့ Oberoi ဟိုတယ်၊ တာ့(ဂျ) မဟာနန်းတော်ဟိုတယ်တွေနဲ့ ဘုံဘေမြို့ကရထားဆေးရုံတစ်ရုံလည်းတိုက်ခိုက်ခံရတဲ့ထဲပါဝင်ပါတယ်။ လက်ပစ်ဗုံးတွေမောင်ပြန်သေနတ်တွေသုံးပြီး တိုက်ခိုက်သွားတာဖြစ်ပါတယ်။ ဟိုတယ်ထဲမှာသေနတ်သမားနှစ်ယောက်ဟာ ဟိုတယ်မှာလာတည်းသူလေးဆယ်လောက်နဲ့အတူ ပိတ်မိနေပါတယ်။ သေဆု့းသူတွေထဲမှာ ဘုံဘေကအကြမ်းဖက်ခြောက်လန့်သတ်ဖြတ်ဆန်ကျင် တိုက်ဖျက်ရေးဌာနကရဲချုပ်နဲ့ အဆင့်မြင့်ရဲအရာရှိနှစ်ယောက်လည်းပါဝင်ပါတယ်။ တိုက်ခိုက်မှုတွေကို ကိုယ်တိုင်မြင်ခဲ့ရသူ တစ်ယောက်က သေနတ်သမားတွေဟာဓားစာခံအဖြစ်ဖမ်းထားသူတွေထဲက ဗြိတိသျှ ဒါမှမဟုတ် အမေရိကန်နိုင်ငံသားတွေကို လိုက်လံရှာဖွေနေတာကြားခဲ့ရတယ်လို့ပြန်ပြောပါတယ်။ အခုဗုံးခွဲတိုက်ခိုက်မှုတွေကို ကမ္ဘာ့နိုင်ငံအစိုးရတွေက ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရတာဝန်ခံက အခုအကြမ်းဖက်မှုဟာ ထိန်လန့်ခြောက်ခြားစရာကောင်းတယ်လို့ပြောပြီး အမေရိကန်သမ္မတဖြစ်လာတော့မယ့် Barack Obaama က အမေရိကန်အနေနဲ့ အကြမ်းဖက် ခြောက်လှန်သတ်ဖြတ်သမားတွေရဲ့ ကွန်ယက်တွေကို ဖျက်ဆီးအမြစ်ဖြစ်ဖို့ အိန္ဒိယအပါအ၀င် တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုခိုင်မာအောင်လုပ်ရမယ်လို့ပြောသွားပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် Gordon Brown ကလည်း ခုတိုက်ခိုက်မှုတွေဟာ ဒေသထွက်စရာကောင်းပြီး ပြတ်ပြတ်သားသား တုံ့ပြန်မယ်လို့ပြောသွားပါတယ်။ ပြင်သစ်ကလောလောဆယ် ဥက္ကဌနေရာယူထားတဲ့ ဥရောပသမဂ္ဂကလည်း ထိတ်လန့်ခြောက်ခြားစရာ ကောင်းတဲ့ ခုအဖြစ်အပျက်ကိုသူတို့စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူး Ban Ki Moon ကလည်း လက်သည်တရားခံတွေကိုအမြန်ဆုံးဥပဒေနဲ့ အညီအရေးယူနိုင်အောင် လုပ်ဆောင်သင့်တယ် လို့ပြောသွားပါတယ်။ခုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အိန္ဒိယအစိုးရက အစိုးရအဖွဲ့ဝန်ကြီးတွေကိုအရေးပေါ် အစည်းအဝေးဆင့်ခေါ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကဘုံဘေမြို့ကရထားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရပြီးလူတစ်ရာကိုးဆယ်လောက်သေဆုံးခဲ့ပါတယ်။ အဲ့ဒီ့တိုကိုက်မှုတွေကို ပါကစ္စတန်ထောက်လှမ်းရေးကစီစဉ်ပြီး အစ္စလာမ်တဒီ စစ်သွေးကြွအဖွဲ့တဖွဲ့က ကိုယ်တိုင်လုပ်ဆောင်ခဲ့တာလို့ အိန္ဒိယရဲကစွပ်စွဲပါတယ်။ ပါကစ္စတန်က အိန္ဒိယဘက်က စွပ်စွဲချက်ကိုငြင်းပြီး သူ့ထောက်လှမ်းရေးတွေပါတယ်ဆိုတဲ့ အထောက်အထားမရှိကြောင်း တုံ့ပြန်ရှင်းလင်းခဲ့ပါတယ်။

အပြည့်အစုံ...>>

အာဏာသိမ်းမည့် သတင်းများ ဘန်ကောက်တွင် ပျံ့နှံ့

NEJ/၂၇ နိုဝင်ဘာ ၂၀၀၈။
ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်နှင့် ထိုင်းအစိုးရအကြား သဘောထားကွဲလွဲမှုများ ရှိသော်လည်း ထိုင်းအစိုးရအနေဖြင့် ဗိုလ်ချုပ်ကြီး အာနုပေါင်အား ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်ချက်မရှိဟု ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
တဆက်တည်း၌ပင် စစ်သားများအား ဘားတိုက်တွင် နေကြရန် ထိုင်းအစိုးရက မေတ္တာရပ်ခံထားသည်။ သို့သော် ကြာသပတေးနေ့ည သန်းခေါင်မတိုင်မီ လွှတ်တော်ဖျက်သိမ်းပေးမလား သို့မဟုတ် အာဏာသိမ်းမှုကို ရင်ဆိုင်မလားဟု ဆွန်ချိုင်းအစိုးရကို ဗိုလ်ချုပ်ကြီး အာနုပေါင်က ကြိတ်ပြီးရာဇသံပေးထားသည်ဆိုသည့် ကောလာဟလများလည်း ပျံ့နှံ့နေသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း တည်ငြိမ်အေးချမ်းမှုအခြေအနေရရှိစေရန်အတွက် အရေးပေါ်အမိန့်ထုတ်ပြန်ရေးကိစ္စကို အရေးပေါ်ဝန်ကြီးအစည်းအဝေးက စဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
သို့သော် ပြုတ်သွားသည့် ၀န်ကြီးချုပ်စမတ်လက်ထက်တွင် စတင်ခဲ့သည့် ဆန္ဒပြမှုသူများ ၀န်ကြီးချုပ်ရုံးသိမ်းပိုက်မှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သော်လည်း ထိုင်းစစ်တပ်က လက်ရှောင်နေခဲ့သည်။ ယခုလည်း အရေးပေါ်အခြေအနေကြေညာသည့်တိုင် ထိုင်းအစိုးရမျှော်မှန်းသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုရရန် မသေချာဟု ဘန်ကောက်မြို့ခံအချို့က ယူဆသည်။
ထိုင်းနိုင်ငံရေးအခြေအနေ တင်းမာနေသည့်အလျောက် အစိုးရရုံးများမှ ၀န်ထမ်းများအား အလုပ်ခွင်မှ စောဆင်းခွင့်ပြုထားသည်။
ဘန်ကောက်မြို့ရှိ အဓိက လေဆိပ် (၂) ခုကို ဆန္ဒပြသူများ သိမ်းထားသော်လည်း ဒီဇင်ဘာ ဒုတိယပတ်အတွင်း ချင်းမိုင်တွင်ကျင်းပမည့် အာဆီယံ ထိပ်သီးစည်းဝေးပွဲကို စီစဉ်ထား သည့်အတိုင်း ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tharit Charungvat က ပြောသည်။
သို့သော် ချင်းမိုင်အာဆီယံထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းရန်စဉ်းစားနေကြောင်း ဂျာမနီနိုင်ငံတွင် သောင်တင်နေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sompong Amornwiwat က ပြောသည်။ ဘန်ကောက် ဆူဝမ်နဖုန် (သူဝဏ္ဏဘူမိ) လေဆိပ်ကို ဆန္ဒပြသူများ စီးထားသည့်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sompong ဂျာမနီနိုင်ငံတွင် သောင်တင်နေခြင်းဖြစ်သည်။

အပြည့်အစုံ...>>

ကြောက်မွေးပါ ဇာဂနာနဲ့နုတ်

၂၆ နိုဝင်ဘာ ၂၀၀၈။ အေးချမ်းမြေ့
စစ်အစိုးရကတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများကို မည်သို့ ပံ့ပိုးလိုက်မည် ကူညီလိုက်မည် ဆိုသည်ထက် လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကူညီ သူများကို မည်သို့ဖမ်းဆီးလိုက်မည်၊ မည်သည့် အပြစ်ဒဏ် ချမှတ်လိုက်မည် ဆိုသည့် အတွေးများသာ ပွားနေပုံရသည်။
နာဂစ် ကူညီကယ်ဆယ် ရေးများ ပြုလုပ်ခဲ့သည့် လူ ၂၂ ဦးကို စစ်အစိုးရက ဖမ်းဆီးထားကာ ၎င်းတို့ အထဲမှ ၆ ဦးကို ယခုအခါ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက သက်သေ ဖြစ်၏။ ထိုအထဲမှ လူသိများသော လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့သည့် သောကြာ နေ့ကမှ ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။အစိုးရက မလိုလားသည့် ကြားမှ၊ ပိတ်ပင် တားဆီးမှုများ အမျိုးမျိုး လုပ်ဆောင်သည့် ကြားမှပင် ကိုယ့်အသိ စိတ်ဓာတ်ဖြင့် ကိုယ့်အိတ် ကိုယ်စိုက်ကာ ကူညီ ကယ်ဆယ် ရေးများ လုပ်ဆောင် ခဲ့သည့် ပြည်တွင်း အလှူရှင်များ၊ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများ များစွာ ရှိခဲ့သည်။ ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အလှူများကို အသိအမှတ် မပြု၍ မရအောင် ရှိသော်လည်း စစ်အစိုးရကတော့ အမျိုးမျိုး ထိန်းချုပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ပြည်တွင်း အလှူရှင်များနှင့် စေတနာရှင် လုပ်အား အလှူရှင်များ အပါအဝင် အိုင်အန်ဂျီအို၊ အန်ဂျီအို တချို့ကို ဒုက္ခသည် များအား တိုက်ရိုက် ကူညီရန် ခွင့်မပြုခြင်းများ ရှိခဲ့သည်။ ဒုက္ခသည် များကို ကူညီခွင့်ရရန် ကြံ့ဖွံ့များ၊ ကျေးရွာ အာဏာပိုင်များ၊ ရယကများနှင့် ပူးပေါင်းကြမှသာ အဆင်ပြေသည်။ မြစ်ဝကျွန်းပေါ်မှ ပြည်သူများ အတွက် ပြည်တွင်း ပြည်ပမှ လှူဒါန်းသည့် ပစ္စည်းများကို ဦးဆောင်၍ ထိရောက်စွာ ပေးပို့ခဲ့သူများ ထဲတွင် ကိုဇာဂနာက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်ကို လူအများ အသိပင် ဖြစ်၏။ ထိုစဉ်က ၎င်းကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး အကြိမ်ကြိမ် လုပ်ခဲ့ရာ ၎င်းထံသို့ ရောက်ရှိနေသော ပြည်တွင်း ပြည်ပမှ အလှူပစ္စည်းများနှင့် အလုပ်ရှုပ်ရင်း အားပါးတရ စကားပြောခဲ့သည်။သူနှင့်အတူ သူ့ကိုချစ်ခင်သော ရုပ်ရှင် အဖွဲ့သားများ၊ အနုပညာရှင် များကလည်း ငွေအား၊ ပစ္စည်းအား၊ လူအားဖြင့် တတ်အား သရွေ့ ပါဝင် ကူညီခဲ့သည်။ အဖွဲ့ အသီးသီးခွဲ၍ သွားလာရန် ခက်ခဲသော လူသူ အရောက် အပေါက် နည်းသည့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားကာ အလှူရှင်များ ပေးပို့လိုသည့် အစားအစာ၊ ဆေးဝါး နှင့် အိမ်သုံး ပစ္စည်းများကို အရောက် ပေးပို့နိုင်ခဲ့သည်။ထိုစဉ်က အစိုးရနှင့် အိုင်အန်ဂျီအို တချို့တို့ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်နေကြပြီ ဖြစ်သော်လည်း မြို့ပေါ်တွင်သာ ကယ်ဆယ်ရေး စခန်းများဖွင့်၍ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး သွားလာရန် ခက်ခဲသော ဒေသများသို့ ထိုသူတို့ မရောက်ရှိနိုင်ခဲ့ကြပေ။ “ကျနော်တို့ ရောက်သွားတဲ့ ဘိုကလေးအပိုင် ရွာ ၄၂ ရွာဆိုရင် ဘာမှကို မရကြသေးဘူး။ နိုင်ငံတော် အဆင့် အကူအညီမပြောနဲ့ ယူအန်ဆီကကော၊ ဘယ်အန်ဂျီအိုဆီကမှ အကူအညီတွေ မရသေးဘူး” ဟု နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီး နောက်ပိုင်းတွင် ဧရာဝတီကတွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူး၌ ကိုဇာဂနာက ပြောကြားခဲ့သည်။ကိုဇာဂနာကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီလှူဒါန်းသည့် အလုပ်များ လုပ်ကိုင်နေစဉ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးမခံရခင် ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌ စစ်အစိုးရနှင့် ယူအန်အပါအဝင် အန်ဂျီအို တချို့အား ဝေဖန်ပြောကြားခဲ့သေးသည်။ဧရာဝတီ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းက “ကျနော်တော့ယူအန်ကို ဘဝင်မကျဘူး။ သူတို့က ဘာဖြစ်လို့ အစိုးရရဲ့ အကြိုက်ပဲလိုက်လုပ်နေရတာလဲ။ တကယ်ဆို ဒီလိုလူမှုကူညီရေးတွေလုပ်ဖို့ ဒီ့ထက် စွန့်စွန့်စားစား လုပ်သင့်တယ်” ဟု ပြောခဲ့သေးသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရင်း အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရသည့် အဖြစ် အပျက်များကိုလည်း ကိုဇာဂနာက ပြောပြခဲ့သည်။ အသက်အန္တရယ်အတွက် တာဝန်မယူဆိုသည့်တိုင်အောင် သူတို့အဖွဲ့များက လူသူအရောက်အပေါက်နည်းရာ ဒေသများသို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့သည်။ယူအန်က မြန်မာပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရန် စစ်အစိုးရ၏ ယုံကြည်မှုကို တည်ဆောက်ယူနေသည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရတော့ ဒုက္ခသည်များကို ကူညီပေးနေသူများအပေါ် ပိုမို စိတ်ဝင်တစား ထိန်းချုပ်ချင်နေသည်ဟု ပြည်တွင်းအလှူရှင်များနှင့် အန်ဂျီအိုဝန်ထမ်းများက ပြောနေကြ သည်။လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ချင်းမိုင် တက္ကသိုလ်အခြေစိုက် ဗဟုဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုအောင်သူငြိမ်းက “ဒီလို လူသိများတဲ့ ကိုဇာဂနာလို လူမျိုးတွေကို လူမှုရေးလုပ်လို့ ဖမ်းတယ် ဆိုတာက နိုင်ငံရေး အငြိုးအတေးနဲ့လုပ်တာပါ” ဟု ပြောသည်။ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ ၃ မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၃ (က)၊ ၃၂ (ခ)၊ ပုဒ်မ ၃၈ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၄၅ နှင့်ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ သူတို့ ၂ ဦးနှင့် အမှုတွဲ တတွဲတည်းဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်ပြီး ကိုသန့်ဇင်အောင်ကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။“နိုင်ငံရေးနောက်ခံရှိထားတဲ့ ဘယ်သူ့ကိုမဆို လူမှုရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး အစိုးရကမလိုလားဘူးဗျ” ဟု ကိုအောင်သူငြိမ်းက ဆိုသည်။ကိုဇာဂနာက ၁၉၈၈ မတိုင်ခင်ကတည်းက မြန်မာ့ရုပ်မြင်သံကြားတွင် ကပြခဲ့သော မိုးနတ်သူဇာ အငြိမ့်၌ လူရွှင်တော်အဖြစ် အသုံးတော်ခံရင်း အခွင့်သာလျှင်သာသလို မဆလ အစိုးရနှင့် အာဏာပိုင်များကို သရော်လှောင်ပြောင်ခဲ့သည်။ သူ၏ သရော်ချက်များကို လူအများက နှစ်သက် အားပေးကြပြီး ၁၉၈၈ လူထု လှုပ်ရှားမှုကြီးတွင် တက်ကြွသော လှုပ်ရှားသည့် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကိုထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။ကိုဇာဂနာမှာ ထောင်မှထွက်လာပြီးနောက်ပိုင်းတွင်လည်း အနုပညာလုပ်ငန်းများ လုပ်ဆောင်ရင်း စစ်အစိုးရကို မကြောက်မရွံ့ ဆက်လက် သရော်လှောင်ပြောင်နေဆဲဖြစ်သည်။ ၎င်းကို စစ်အစိုးရက ၂၀၀၆ ခုနှစ် ဧပြီလမှစ၍ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ပါဝင်ခွင့် ပိတ်ပင်ခဲ့သည်။ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေသော လူသေအလောင်းများကို အစိုးရနှင့် အန်ဂျီအို အဖွဲ့များက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ခဲ့သည့် ထိုအချိန်တွင် မြန်မာထရီဗြွန်းဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်း နှင့်အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြသည်။ထိုသို့လုပ်ဆောင်သောကြောင့် ကိုအောင်ကျော်ဆန်းအပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သလို နာဂစ်ကူညီရေးလုပ်ငန်းများ လုပ်ဆောင်သောကြောင့်ပင် အီကိုဗစ်ရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း၊ အနုပညာရှင်များပါဝင်သည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသော အဖြူရောင် သက်တံအဖွဲ့ အပါအဝင် တခြားသောလူမှုကူညီရေး အသင်းများမှာလည်း အစဉ်အမြဲ စစ်အစိုးရ၏ အာရုံထားစောင့်ကြည့်ခြင်းကို ခံနေကြရသည်။“အစိုးရက ခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထောင်ချတယ်ဆိုတာက မြန်မာပြည်ထဲက လူမှုရေး အဖွဲ့အစည်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရလုပ်စေချင်တာပဲ လုပ်ရမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာပဲ” ဟု ရန်ကုန်အခြေစိုက် လူမှုရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသူ တဦးက ပြောသည်။ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသည့် ပြည်တွင်းအလှူရှင်နှင့် ကူညီရေးလုပ်သားများက ထောင်သွင်း အကျဉ်းချ ခံနေရစဉ်တွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ စသည့် အစိုးရမျက်နှာသာ ပေးခံရသည့် အဖွဲ့အစည်းများက လွတ်လပ် စွာဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သည့် အလှူများကို လက်ခံရင်း ဓာတ်ပုံရိုက်ခံနေကြသည်မှာ ရယ်စရာကောင်းလှသည်။ကိုဇာဂနာကတော့ ၄၅ နှစ်ထောင်ချခံရလည်း ဦးညွှတ်မည့်သူတော့မဟုတ်။ ရယ်စရာကောင်းသည့် စစ်အစိုးရကို သရော်လှောင်ပြောင်ရင်း ထောင်တွင်းအချိန်များကို ကုန်ဆုံးနေစေလိမ့်မည်မှာ သေချာလှသည်။မြန်မာစကားတွင်လည်း “ကြောက်မွေးပါဇာဂနာနဲ့နုတ်” ဟူ၍ ရှိထားသည် မဟုတ်ပါလား။

အပြည့်အစုံ...>>

MAI မြန်မာလေကြောင်းလိုင်း ဘန်ကောက်မဆင်းနိုင်

ကိုဝိုင်း/၂၆ နိုဝင်ဘာ ၂၀၀၈။
ထိုင်းအစိုးရ နုတ်ထွက်ပေးရန် ဖိအားပေးသည့်အနေဖြင့် ထိုင်းပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုက ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်အား ပိတ်ဆို့ထားသဖြင့် မြန်မာ MAI လေကြောင်းပိုင် လေယာဉ်အနေဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လာရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့လေကြောင်း၏ ဘန်ကောက်ရုံးခွဲမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
MAI ဘန်ကောက်ရုံးခွဲမှ တာဝန်ရှိသူတဦးက “လေဆိပ်က ပိတ်တော့ လေယာဉ်ပျံက လာလို့မရတာ။ လေဆိပ်ပြန်ဖွင့်မှပဲ ကျမတို့ လေယာဉ်ပျံကလာမယ်။ ရန်ကုန်ကနေလာတဲ့ လေယာဉ်ပျံပေါ့နော်။ ဒီကနေ့ကတော့ မရှိဘူး။ ထိုင်းမှာ ပေးလည်းမဆင်းဘူး။ တက်လည်း မတက်ဘူးပေါ့နော်” ဟု ပြောသည်။
ကြိုတင်လက်မှတ်ဝယ်ထားသူများကိုလည်း ငွေပြန်အမ်းမည်မဟုတ်ဘဲ လေဆိပ်ပြန်ဖွင့်ချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
၎င်းက “ငွေပြန်အမ်းဖို့ မရှိပါဘူး။ လေယာဉ်ပျံရှိတဲ့ရက်ပဲ စောင့်ရမှာပေါ့နော်။ လေဆိပ်ဖွင့်တဲ့ရက်ပဲစောင့်ရမှာပေါ့။ အမတို့ လေယာဉ်ပျံက cancel ဖြစ်တာမှ မဟုတ်တာ။ လေဆိပ်လည်းဖွင့်နေတယ်၊ လေယာဉ်ပျံက cancel ဖြစ်မှပဲ အမတို့က တာဝန်ယူ တာပေါ့နော်။ အစားထိုးပေးတာပေါ့။ ခုဟာက လေဆိပ်ပိတ်တာကိုး” ဟု ပြောသည်။
ထို့အပြင် သုဝဏ္ဏဘူမိလေဆိပ်အား မနက်ဖြန်တွင်လည်း ဖွင့်ဦးမည်မဟုတ်ကြောင်း၊ ဘန်ကောက်မှ ရန်ကုန်ပြန်ရန် လက်မှတ် ၀ယ်ထားသူ (၂၀) ဦးခန့်ရှိပြီး ၎င်းတို့အနေဖြင့် ဘန်ကောက်-မြန်မာလေကြောင်းရုံးသို့ ဆက်သွယ်ကြရန်လိုကြောင်း သိရသည်။
မြန်မာလေကြောင်း လက်မှတ်ခများမှာ ခရီးစဉ်တကြောင်းအတွက် ဘတ်ငွေ (၆,၂၆၀) ဖြစ်ပြီး၊ အသွားအပြန်ခရီးစဉ်အတွက် (၉,၂၂၀) ဘတ်ဖြစ်ကြောင်း သိရသည်။


အပြည့်အစုံ...>>

အာဆီယံရဲ့ အစမ်းသပ်ခံမှုတွေထဲကရုံးထွက်စို့

၂၆ နိုဝင်ဘာ ၂၀၀၈
အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ ၀မ်းနည်းကြေကွဲမှုတွေ၊ အာဏာရှင်စနစ်ဆိုးတွေ စတာတွေကိုအဆုံးသတ်ပြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့ကို ယနေ့ခေတ်မှာနိုင်ငံတိုင်း
လူသားတိုင်းလုပ်ဆောင်နေကြပါတယ်။
လူသားအချင်းချင်းလေးစားတန်ဖိုးထားပြီး လူ့သားတိုင်းရထိုက်တဲ့လူ့အခွင့်အရေးကို ဒီမိုကရေစီဆိုတဲ့ သတ်မှတ်ချက်စည်းကမ်းဘောင်နဲ့ စနစ်တကျလျှောက်လှမ်းကာ ကမ္ဘာကြီးကို အလှဆင်ခဲ့ကြနိုင်ငံတွေ ကမ္ဘာပေါ်မှာအများကြီးပါ။ စစ်လိုလားသူအာဏာရှင်နဲ့ အကြမ်းဖက်မှုလိုလားသူတွေက ခေတ်နောက်ပြန်ဆွဲ
အယူဝါတွေနဲ့ ကမ္ဘာကြီးကိုအကြည်းတန်ညစ်ညမ်းအောင်စွမ်းဆောင်နေကြပါတယ်။ လူကိုလူလိုမမြင်တဲ့ သွေးဆာနေတဲ့စစ်အာဏာရှင်တွေရဲ့ ရုတ်ရင်းကြမ်းတမ်းမှုဟာ ဒီနေ့ကမ္ဘာကြီးကိုညစ်ညမ်းနေတဲ့ လုပ်ရက်တစ်ခုပါ။ အဲ့ဒီ့ထဲမှာ မြန်မာနိုင်ငံဟာလည်းအပါအ၀င်ဖြစ်ပါတယ်။ လူသားအချင်းချင်း မေတ္တာပို့ ညှမ်းပမ်းနှိပ်စက်မှုတွေကင်းစေပြီး အခြေခံလူ့အခွင့်အရေးတွေရဖို့လက်နက်မပါ ငြိမ်းချမ်းစွာဆန္ဒပြတာ ကမ္ဘာမှာမြန်မာဘဲရှိပါတယ်။ ပြောင်းလဲတိုးတက်နေတဲ့ဒီနေ့ကမ္ဘာကြီးမှာ မြန်မာပြည်မပြောင်းလဲနိုင်တာဟာ ဘာ့ကြောင့်ပါလဲ
နအဖစစ်အစိုးရဟာ စနစ်တကျနဲ့ တစ်ဆင့်ခြင်းကိုပုံစံသွင်းခံခဲ့တာမို့ ဒီနေ့အချိန်မှာတော့ဖြင့်ပြည်သူလူထုဟာ မရူနိုင်မကယ်နိုင်ဖြစ်နေရတာပါ။ နှစ် ၂၀ ကျော်ဆိုတဲ့အချိန်ဟာ ကောင်းကောင်းပုံစံသွင်း
ယူလို့ရနိုင်တဲ့အချိန်ကာလတစ်ဖြစ်တာမို့ နောက်ထပ်ပြောင်းလဲမှုကို လွယ်လွယ်ကူကူနဲ့ပြန်လည်နလန်ထူနိုင်ဖို့ဆိုတာ ပြည်သူလူထုအနေနဲ့ အချိန်ကာလတစ်ခုကိုစောင့်ပြီးအားပြန်ယူရပါလိမ့်မယ် ဒီကြားထဲမှ သူခိုးကိုဓါးရိုးကမ်းမှုတွေကြောင့်လည်းမြန်မာပြည်သူဘ၀ ချွတ်ချံကျခဲ့ရပါတယ်။ သူသိ သူတတ် စွာကျယ်ကျယ်လုပ်တတ်တဲ့ ရုရှားနဲ့ ကြောင်ချီးလို ပျော့ပျော့လေးနဲ့နံပြီး မဟုတ်တာအကုန်လုပ်တဲ့ မဟုတ်တရုတ်ဆိုသူတွေကြောင့် မြန်မာပြည်လုံးပါးပါးခဲ့ရတာပါ။ မြန်မာပြည်ခါးဆီးခြိုးဖောက်ခံရတာဟာလည်း အာဆီယံကြောင့်ပါ။
မြန်မာပြည်ရဲ့ရသမျှအရင်းအမြစ်တွေကို ရသလိုယူမယ်ဆိုတဲ့အကောက်ညံအမျိုးမျိုးနဲ့ မြန်မာပြည်ပြောင်းလဲတိုးတက်သွားမှာကို အရမ်းကိုကြောက်လန့်နေကြတဲ့နိုင်ငံတွေပါဘဲဖြစ်ပါတယ်။
အာဆီယံလုပ်လို့ မြန်မာပြည်ဘယ်တော့မှပြန်မကောင်းလာနိုင်ပါဘူး၊ ဆိုးသတဲ့ဆိုးဖို့ဘဲရှိပါတယ်။ နိုင်ငံရဲလူသားအရင်းအမြစ်တွေဟာ မိမိနိုင်ငံတော်အတွက်ဖြစ်မလာဘဲ အိမ်နီးချင်း အာဆီယံတွေဆီမှာ ကျွန်ဘ၀ဖြစ်နေရတာကိုက အာဆီယံရဲ့တိုးတက်မှုတစ်ခုလို့ပြောလို့ရပါတယ်။ နိုင်ငံရဲ့ အရင်းအမြစ်တွေကို မှိန်းပြီးယူနေတဲ့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေဟာ စစ်အာဏာရှင် စိတ်ကွက်သွားမှာကိုလည်း အင်မတန်မှ ကြောက်ရွံ့တယ်ဆိုတာကမ္ဘာ့အလယ်မှာဝန်မခံရဲပေမယ် လုပ်ဆောင်မှုတွေက သက်သေပြနေပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ရဖို့မလိုဘူး သူတို့နိုင်ငံတွေမှာ ဒီမိုကရေစီအပြည့်အ၀ရှိပြီးနိုင်ငံရဲ့စွမ်းအားအရင်း အမြစ်တွေပိုလျှံပယ်ဖို့ကိုသာစိတ်ဝင်တစ်စားဆောင်ရွက်တတ်ကြသူတွေဘဲဖြစ်ပါတယ်။
မြန်မာပြည်ပြောင်းလဲဖို့ မြန်မာလူမျိုးတိုင်း နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ စစ်အာဏာရှင်တည်မြဲရေးကိုလိုလားတဲ့အာဆီယံက မင်းသားခေါင်းဆောင်ထားတဲ့ဘီလူးပါဘဲ။
အာဆီယံစွမ်းဆောင်ချက်ကြောင့်မြန်မာပြည်သူယနေ့အချိန်ထိဘာအကျိုးရှိခဲ့သလဲ၊ မြန်မာပြည်သူတွေ တောင်းစားရောင်းစားခံရတာက အာဆီယံရဲ့စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုလား
တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့စဉ် နာဂစ်မုန်တိုင်းတုန်းက အာဆီယံရဲ့အခန်းကဏ္ဍက ဖဲလိမ်ရိုက်ဖို့ကြိုးစားနေတဲ့ ဖဲသမားတယောက်လိုဘဲမဟုတ်ပါလား။ ဒီတော့ တို့ပြည်သူတွေ ဒီထက်မခံရစေဖို့ အာဆီယံရဲ့ အစမ်းသပ်ခံမှု တွေကြားထဲကရုံးထွက်ပြီး ကမ္ဘာမှာမြန်မာဟေ့ဆိုပြီး ခေါင်းမော့ကာ ရင်ကော့ပြီး နောင်လာနောက်သား ကောင်းစားစေရအောင် စစ်အာဏာရှင်စနစ်ဆုံးခန်းတိုင်စေဖို့ အားလုံးညီညီ ကိုယ့်ကျိုးလုံးလုံးမပါဘဲ အမျိုးသားရေးမို့ မြန်မာတိုင်းပူးပေါင်းပါဝင်ပြီး အားအင်အပြည့်နဲ့ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
ကမာမြေ

အပြည့်အစုံ...>>

ပင်တဂွန်စစ်ဌာနချုပ်ရှိ ကွန်ပျူတာများ ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံရ

၂၅ နိုဝင်ဘာ ၂၀၀၈။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပန်တဂွန်စစ်ဌာနချုပ်ရှိ အချို့သော ကွန်ပျူတာအချို့မှာ Virus များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်းတရားဝင်ကြေငြာခဲ့သည်။ ထိုအနေအထားသည် တစ်ကမ္ဘာလုံးတွင် ကွန်ပျူတာ Virus များ၏ ခြိမ်းခြောက် နေမှုကို ထင်ဟပ်စေကြောင်း ပန်တဂွန် ကဆိုသည်။ Global Virus ဟု အမည်ပေးထားသော Virusတစ်မျိုးသည် ပန်တဂွန်၏
အင်တာနက် လုံခြုံရေးစနစ်ကို ချိုးဖောက်ကာ စစ်ရေးအရ အရေးကြီးသော ကွန်ပျူတာများကို ထိခိုက် စေခဲ့ကြောင်း သိရှိ ရသည်။အဆိုပါအခြေအနေကို တွေ့ရှိပြီးနောက် ပန်တဂွန်တွင် Memory Stick များနှင့် Flash Media များ အသုံးပြုမှုကို ချက်ချင်းတားမြစ်ခဲ့ကြသည်။ Network များအတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကွန်ပျူတာများ Virus ထိခဲ့ကြောင်း အတည်ပြု သုံးသပ်ခဲ့ကြသည်။ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ထိုးဖောက် တိုက်ခိုက်မှု အတွက် လေကြောင်း စမ်းသပ်မှု တစ်ခုအား အရေးပေါ် ဆိုင်းငံ့ ခဲ့ကြရသည်။ပန်တဂွန်တွင် အသုံးပြုသော Network စနစ်သည် ကမ္ဘာ့အကြီးမားဆုံး စနစ်များ တွင် အပါအ၀င်ဖြစ်ပြီး တစ်နိုင်ငံလုံး နှင့် ကမ္ဘာ့ဒေသ အတော်များများမှ Network စနစ်ပေါင်း (၁၇၀၀၀) ကို တိုက်ရိုက် ချိတ်ဆက်ထားပြီး ကွန်ပျူတာ အလုံေးရ (၇) သန်းကျော်ထိ ၀င်ရောက် ဆက်စပ် ထားကြောင်း သိရှိရသည်။
true myanmar news

အပြည့်အစုံ...>>

မော်စကိုသို့မသွားခင် ဇေယျာ်သော်က ပြည်သူကိုအမှာစကားပါးလိုက်ပါတယ်။

၂၄ နိုဝင်ဘာ ၂၀၀၈။
ဇေယျာသော်သည် မတရားအမိန့်များမချမှတ်ခံရမှီ ၁၀ မိနစ်အလိုမှာ ဒီလိုပြောခဲ့ပါတယ်။
ကိုထိုက်မှကူးယူဖေါ်ပြသည်။


အပြည့်အစုံ...>>

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

NEJ ၂၄ နိုဝင်ဘာ ၂၀၀၈
မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။
ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။
လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-
မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။ မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။ မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။ မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။ ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။ ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။
အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။
မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။
ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။


အပြည့်အစုံ...>>

အမျိုးသားနေ့ ရန်ကုန်တွင်ကျင်းပ

၂၃၊ နိုဝင်ဘာ ၂၀၀၈
အောက်တိုဘာလ ၂၂ရက် ၂၀၀၈ ခုနှစ်။ ၁၃၇၀ခုနှစ် တန်ဆောင်မုန်းလဆုပ် ၁၀ ရက်နေ့သည် မြန်မာနိုင်ငံ အမျိုးသားအောင်ပွဲနေ့ အမျိုးသားနေ့ဖြစ်တာနှင့်အညီ ရန်ကုန်မြို့တွင် အတိုက်အခံနိုင်ငံရေးပါတီမှ ၀ါရင့်နိုင်ငံရေး သမားများမှ အမျိုးသားနေ့ကိုဦးစီကျင်းပပုံ

ဓါတ်ပုံ ကိုအောင် NLD LA

အပြည့်အစုံ...>>

သတိပြုသင့်သော ရန်ကုန်မြို့ရဲ့ Wi Fi စနစ်နဲ့ အီလက်ထရွန်းနစ်

၂၁၊ နိုဝင်ဘာ ၂၀၀၈။
လာမည့် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံရန်ကုန်တစ်မြို့လုံးမှာ Wi Fi အင်တာနက်ကွန်ယက်အသုံးပြုနိုင်ဖို့အတွက်ကို ရန်ကုန်မြို့တွင်း ၁၆ မြို့နယ်မှာ Survey များပြုလုပ်လျှက်ရှိပါတယ်။
ထိုမြို့နယ်တွေထဲမှာ ၈၆% လောက် Wi Fi စနစ်ရရှိနေပါပြီ။ ၂၀၀၉ ဇန်န၀ါရီလမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထို Wi Fi စနစ်ဟာ Laptop ကွန်ပျူတာတွင်မကဘဲ အိမ်သုံး PC တွေမှာလည်း Wi Fi စနစ်တပ်ဆင်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလိုအသုံးပြုခွင့်ကို အခမဲ့ဝန်ဆောင်ပေးပြီး ၉ လတိတိအသုံးပြုခွင့်ပေးမှာဖြစ်ပါတယ်။ Wi Max မဟုတ်တဲ့Wi Fi ကိုအသုံးပြုခွင့်ပေးထားခြင်းအားဖြင့် မြန်မာပြည်သူများသည် သတိထားအသုံးပြုရမှာဖြစ်ပြီး နအဖ၏ မလိုတစ်မျိုး လိုတစ်မျိုးသဘောထားများကြောင့် အီလက်ထရွန်းနစ် ဥပဒေဖြင့်ထောင်ဒဏ်နှစ်ပေါင်းများစွာချမှတ်ခံရဖွယ်ရှိနိုင်ပါသည်။ နအဖသည် ထောင်တွင်းရှိရာဇ၀တ်သားများကိုရှင်းလင်းထုတ်ပြီး နည်းပညာတတ်သောသူများကို ထောင်တွင်းသို့ထည့်ရန်အတွက်Wi Fi စနစ်ကို အခမဲ့ဟု ဗန်းပြကာ ဖြားရောင်းလျှက်ရှိနေပါသည်။ အင်တာနက်အသုံးပြုသူ မြန်မာပြည်သူများနှင့်တကွ အီလက်ထရွန်းနစ်အသုံပြုသူ ပြည်သူအပေါင်းတို့ နအဖရဲ့ ဥာဏ်နီဥာဏ်နက်များကိုကလိန်ကကျစ်ဥာဏ်များကို အထူးသတိပြုဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်လျှင် မိမိတို့အိမ်တွင် တီဗွီကြည့်ရှု့ခြင်း ရေဒီယိုနားထောင်ခြင်းများ သီချင်းနားထောင်ခြင်းများကိုပင် မပြုလုပ်သင့်ပေအဘယ်ကြောင့်ဆိုသော်... အီလက်ထရွန်းနစ် ဥပဒေက ၆၅ နှစ်ဖြစ်နိုင်ခြေရှိ၏။
သီးလေးသီးအငြိမ့်အခွေတွေ့ရင်......လိုင်စင်မဲ့ ဗီဒီယိုလက်ဝယ်ကိုင်ဆောင်မှု ဗီဒီယိုအက်ဥပဒေနဲ့ ............ ထောင်ဒဏ် ၃နှစ် ၆လ။
အီးမေးလ်ထဲမှာ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ပုံတွေတွေ့ရင်.........နိုင်ငံတော်ပုန်ကန်မှု ၅၀၅(ခ)နဲ့ .............ထောင်ဒဏ် ၂နှစ်။
နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့စာ၊ ဓါတ်ပုံ၊ ကာတွန်းတွေပါတဲ့ ဘလော့ခ်တွေကို အီလက်ထရွန်းနစ်နည်းပညာအသုံးပြုကာ ၀င်ရောက်ကြည့်ရှုပြီး တခြားသူတွေပို့ထားတဲ့ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ ပုံတွေကို အီးမေးလ်ထဲက မဖျက်ရင် အဲဒီဓါတ်ပုံပို့တဲ့လူတွေကို ကူညီရာရောက်တယ်၊အီလက်ထရွန်းနစ် နည်းပညာကို အသုံးပြုပြီး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ထိပါးတယ်ဆိုပြီး .............ထောင်ဒဏ် ၁၅နှစ်။အနှစ် ၂၀နဲ့ ၆လ
ကမာမြေ

အပြည့်အစုံ...>>

ဆင်မလိုက်သားရဲ့ စွမ်းအားမြှင့်သို့အကြံပြုချက်

၂၀ နိုဝင်ဘာ ၂၀၀၈။
ဘ၀င်မကျလို့ ပြောချင်တာလေးတစ်ခုရှိလာလို့ အခုလိုဘဲရေးလိုက်မိပါတယ်။ မြန်မာနိုင်ငံမှာ နအဖစစ်အစိုးရဟာ ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့နှိပ်စက်ညှင်းပမ်း နိုင့်ထက်ဆီး နင်းပြုမူဆက်ဆံနေတယ်ဆိုတာကိုတော့ အထူးတလည်ပြောမနေတော့ပါဘူး။
နအဖကို မခံချင်စိတ်နဲ့တုန့်ပြန်ကလဲ့စားခြေချင်သူတွေကတော့ ၅၂ သန်းမြန်မာပြည်သူတွေထဲက သန်း ၅၀ ကအမှုန့်ခြေချင်ကြတယ်လို့ယုံကြည်ပါတယ်။ နည်းအမျိုးမျိုးနဲ့လက်တုန့်ပြန်ဖို့ ခံယူချက်တွေမတူကွဲပြားပေမယ့် ရည်ရွယ်ချက်က စစ်ခွေးတွေကျဆုံးဖို့အတွက်ပါဘဲ။ နအဖကို သတိပေးခြောက်လှန့်ဖို့ အရင်ရန်ကုန်မြို့ရဲ့ ကုန်တိုက်တွေမှာ ဗုံးပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ဒုနဲ့ဒေးပါ။ နအဖက ပြည်ပရောက် အဖွဲ့စည်းတွေကိုပုံချပါတယ်။ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့က နအဖကိုပြောဆိုကြပါတယ်။ ကြားထဲကမြေဇာပင်က ပြည်သူလူထုပါ။ အခုလည်းပဲ ဇူလိုင်လအစောပိုင်းက ရန်ကုန်မှာ ဗုံးတွေပေါက်ကွဲမှုတွေကြောင့် ပြည်သူလူထုမှာ လမ်းအပြင်တောင်မ ထွက်ရဲကြပါဘူး။ နအဖစစ်ခွေးတွေက အတိုက်အခံနိုင်ငံရေးပါတီတွေကိုစွပ်စွဲပါတယ်။ ဒါပေမယ့်စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်အဖွဲ့ကသူတို့လုပ်ပါတယ်လို့ပြောဆိုပါတယ်။ ရွှေပြည်သာကြံ့ခိုင်ရေးရုံးအပါအ၀င် ရန်ကုန်မြို့တော်ခန်းမရှေ့ တာမွေရဲစခန်း ပေါက်ကွဲမှု စတာတွေဟာသူတို့ပါလို့ပြောဆိုပါတယ်။ သူများလုပ်တာမျိုး နအဖရဲ့ ကလိမ်ဥာဏ်မျိုးကို အသာလိုက်ပြီးတော့ နာမည်ဝင်ယူတာမျိုးဆိုရင်တော့ မြန်မာပြည်သူလူထုအတွက် စိတ်မကောင်းစရာတစ်ခုပါဘဲ။ တကယ်တန်းသာ စွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်အဖွဲ့ကလုပ်တာမှန်ရင်တော့ တစ်ခုလောက်တော့အကြံပြုချင်ပါတယ်။ ပေါက်ကွဲတဲ့နေရာ တွေဟာ အများပြည်သူသွားလာနေတဲ့နေရာဒေသ တွေမှာဖြစ်ပါတယ်။ ထိခိုက်ဒါဏ်ရာရသူတွေလည်း ရှိပါတယ် စွမ်းးအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်တွေတကယ်တန်းရှိနေတယ်ဆိုရင် ဂုဏ်ယူပါတယ်။ မြန်မာတွေကိုယ့်နိုင်ငံ ကိုယ်ဘာသာသာသနာအတွက် တကယ်ဘဲအသေခံရဲကြပြီလား နအဖကို ပျောက်ကျားစနစ်နဲ့ပြန်တိုက်ဖို့ စွမ်းးအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်တွေတကယ်ရှိနေပြီလား ဖောက်ကွဲမှုနည်းပညာတွေ ရှိနေကြပြီလား အသေခံဗုံးခွဲရဲကြပြီလား နအဖ စစ်ခွေးကို ကျောင်းမှန်း ကန်မှန်းသိအောင်ပြဖို့အချိန်တန်ပါပြီ အများပြည်သူသွားလာနေတဲ့နေရာဒေသမျိုးတွေကို ဖောက်ကွဲမှုတွေရှောင်ကျဉ်ဖို့လိုပါတယ် ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လူစာရင်းတွေဒီလင့်မှာရှိပါတယ် http://pyustate.blogspot.com/2008/11/blog-post_15.html အဲ့ဒီ့သူတွေ မတရားအမိန့်ချတဲ့ မတရားသူကြီးတွေရဲနာမည်စာရင်းတွေနဲ့ စစ်ခွေးတွေရဲ့အမည်စာရင်းတွေhttp://thehellsgeneralsofburma.blogspot.com/ ဒီမှာရှိပါတယ်။ အဲ့ဒီ့နေရာ အဲ့ဒီ့အိမ်တွေကိုအဓိက ပြစ်မှတ်ထားစေချင်ပါတယ်။ များများလုပ်ဖို့မလိုပါဘူး နမူနာ ၁၀ ယောက်လောက် ဆက်တိုက်ရက်ဆက် သတ်ပြလိုက်ပါ။ အဲ့သလိုမှမဟုတ်ဘဲ အများသူငါသွားလာလှုပ်ရှားနေတဲ့နေရာ ဒေသတွေမှာဗုံးပေါက်တိုင်း နှမ်းဝင်ဖြူးတာမျိုးတော့မလုပ်ပါနဲ့လို့အကြံပြုချင်ပါတယ်။ သေမှာမကြောက်လို့ပေတရာလမ်းထွက်လျှောက်တဲ့ သူတွေ ဒုနဲ့ဒေးပါဗျာ။
ဆင်မလိုက်သား (ရန်ကုန်)


အပြည့်အစုံ...>>

အိုင်အယ်လ်အိုအဖွဲ့ ၏ ကူညီမှုဖြင့် ကလေးစစ်သားတဦး မိဘများထံပြန်ရောက်

မြင့်မိုးဇော်/ ၁၉ နိုဝင်ဘာ ၂၀၀၈။ မြန်မာစစ်အစိုးရ၏ ဘားအံမြို့ အမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေးတပ်မှ ကလေးစစ်သား တဦးကို ရန်ကုန်နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရုံး (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံသို့ ပြန်လည်အပ်နှံနိုင်ခဲ့ပြီး တပ်မှနုတ်ထွက်ခွင့်ရခဲ့သည်။
တပ်မှနုတ်ထွက်ခွင့် ရခဲ့သည့် ကလေးစစ်သားမှာ မောင်ရဲလင်းထက်ဖြစ်သည်။ ၎င်းသည် (၂၉-၇-၀၈) ရက်တွင် ကျောင်းတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူနှင့် စိတ်ဆိုးကာ နေအိမ်မှဆင်း၍ သူငယ်ချင်း (၃) ယောက်နှင့်အတူ ထွက်ခွာသွားခဲ့ ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မြင့်ကြွေမှ ခေတ်ပြိုင်သို့ ပြောပြသည်။
ထိုသို့ နေအိမ်မှထွက်သွားပြီး ရက်ပေါင်း (၂၀) ခန့် ကြာမှ မောင်ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသော သူငယ်ချင်းနှစ်ယောက် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာပြီး မောင်ရဲလင်းထက်နှင့် သူငယ်ချင်းဖြစ်သူ သီဟဦးတို့ကို ရန်ကုန်ဘူတာကြီးမှာ စစ်သားတဦး ကခေါ်ဆောင်သွားကြောင်း လာရောက်ပြောကြားခဲ့သဖြင့် မောင်ရဲလင်းထက်အား စစ်တပ်သို့ အဓမ္မခေါ်ဆောင်သွားသည်ကို သိရှိခဲ့ရသည်ဟုလည်း ဒေါ်မြင့်ကြွေမှ ရှင်းပြခဲ့သည်။
မိခင် ဒေါ်မြင့်ကြွေသည် ယင်းသတင်းကို သိသိချင်း နောက်နေ့၌ပင် ရန်ကုန်ဘူတာကြီးသို့ လိုက်သွားပြီး မောင်ရဲလင်းထက်အား ခေါ်ဆောင်သွားသော စစ်သားကိုမေးမြန်းခဲ့ရာ ပထမတွင် သူမသိကြောင်း ငြင်းဆိုခဲ့သည်။ နောက်ပိုင်း ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသူ ကလေးငယ်တဦးက သက်သေ အထောက်အထားများဖြင့် ပြောဆိုမှ မောင်ရဲလင်းထက်တို့ (၂) ယောက်လုံးကို ည (၂) နာရီ ရထားဖြင့် ဘားအံသို့ တပ်ကြပ်ကြီး ခင်မောင်ဆင့် ဆိုသူနှင့် ထည့်ပေးလိုက်ကြောင်းကို ပြောပြခဲ့သည်ဟု ဆိုသည်။
မောင်ရဲလင်းထက်မှာ လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းကျေးရွာ၊ အမှတ် (၆) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သတ္တမတန်းကို တက်ရောက် သင်ကြားနေသူဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်ထဲ ခေါ်ဆောင်သွားချိန်တွင် အသက် (၁၅) နှစ်သာရှိသေးသည်။
မိခင်ဖြစ်သူဒေါ်မြင့်ကြွေသည် သားရှိသည်ဆိုသော ဘားအံအမှတ် (၉) အခြေခံစစ်လေ့ကျင့် ရေးကျောင်းသို့လိုက်သွားပြီး သားဖြစ်သူကို ပြန်ခေါ်ရန်ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။
၎င်းနောက် ရန်ကုန်မြို့ ကုန်သည်ကြီးများ Traders ဟိုတယ်တွင် ဖွင့်လှစ်ထားသည့် အိုင်အယ်လ်အိုရုံးသို့ အဖွဲ့ချုပ်ဝင် ကိုသန်းဇင်ဦး၏အကူအညီဖြင့် သွားရောက်တိုင်ကြားရာမှ အိုင်အယ်လ်အိုအဖွဲ့က လိုက်လံဆောင်ရွက်ပေးခဲ့သဖြင့် မောင်ရဲလင်းထက်အား အာဏာပိုင်များက တပ်မှနုတ်ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ယခုအခါ မောင်ရဲလင်းထက်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သော်လည်း ၎င်းနှင့်အတူပါသွားသူ မောင်သီဟဦးမှာ ဘားအံရှိအမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေး ကျောင်းတွင် ကျန်ရစ်ခဲ့သည်ဟု စစ်တပ်မှပြန်လည်ရောက်ရှိလာသူ မောင်ရဲလင်းထက်က ပြောကြားခဲ့သည်။
နအဖစစ်အစိုးရသည့် အိုင်အယ်လ်အိုအဖွဲ့နှင့်ပူးပေါင်းကာ ကလေးစစ်သားများပပျောက်ရေးကို ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ယနေ့တိုင်အောင်ပင် အဆိုပါမောင်ရဲ လင်းထက်ကဲ့သို့ ကလေးငယ်များ စစ်တပ်ထဲတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

အပြည့်အစုံ...>>

ဆက်လက်ဆန့် ကျင်သွားမယ်လို့  ကတိသစ္စာပြုလှုပ်ရှားမှုတခု စစ်တွေမြို့ တွင်ပြုလုပ်။

၁၉၊ နိုဝင်ဘာ ၂၀၀၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် (နအဖ) စစ်အုပ်စုအား မကြောက်မရွံ့ ဘဲ ဆက်လက်ဆန့် ကျင်သွားပါမည်ဟု သစ္စာဆို ကတိပြုသည့် လှုပ်ရှားမှုတခုအား (နအဖ) ဆန့် ကျင်ရေး လှုပ်ရှားသည့်အရေးအခင်းများအတွင်း ကျဆုံးသွားသည့် သူရဲကောင်းများ. အုတ်ဂူများရှေ့ မှောက်တွင် (၁၇-၁၁-၀၈) နေ့  ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြကြောင်း လှုပ်ရှားမှုအ တွင်းပါဝင်သည့် သံဃာတော်တပါး.မိန့် ကြားချက်အရ သိရှိရသည်၊။
ဦးဇင်းက ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို “ ဦးဇင်းတို့  ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခု (နအဖ) စစ်အုပ်စုဟာ သံဃာခေါင်းဆောင်တွေ၊ ၈၈-ကျောင်းသားခေါင်းဆောင်တွေနဲ့  ဒီမိုကရေစီလှုပ်ရှားသူတွေကို မတရား ဥပဒေ ပုဒ်မအမျိုးမျိုးတွေ တပ်ပြီးတော့ နှစ်ရှည်ထောင်ဒါဏ်တွေ ချမှတ်နေတယ်။ ဒီမိုကရေစီလှုပ်ရှားသူတွေကို ခြိမ်းခြောက် လိုက်တဲ့သဘောဘဲ။ ဒါပေမဲ့ ဦးဇင်းတို့ ကတော့ မကြောက်မရွံ့ ဘူး။ (နအဖ)ဆန့် ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့  (နအဖ) ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ အသက်ပေးသွားတဲ့ သူရဲကောင်းတွေရဲ့ အုတ်ဂူတွေ ရှေ့ မှောက်မှာ သစ္စာဆိုကတိပြုပွဲအခမ်းအနား ပြုလုပ်တာဖြစ်တယ်။”လို့  မိန့် ကြားပါတယ်။သစ္စာဆိုကတိပြုပွဲမှာပါဝင်သော အမည်မဖေါ်လိုသူတဦးကတော့ “လှုပ်ရှားဦးရေကတော့ သံဃာတော်တွေနဲ့ ဆိုယင် ၁၈-ဦးဖြစ်တယ်။ ပထဆုံးကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့  အုတ်ဂူတွေရှေ့ မှောက်မှာ စီတန်းပြီးတော့ အ လေးပြုကြတယ်။ နောက်ပြိး ဒီ(နအဖ)စစ်အုပ်စု မကျဆုံးသရွေ့  ဒူးမထောက်လက်မမြှောက်။ မကြောက်မရွံ့  ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကဂိသစ္စာပြုကြပြီးတော့ အုတ်ဂူတွေကို ရဲ့ ရင့်တဲ့အရောင်ဖြစ်တဲ့ ဆေးနီပက်ဖြန်းကြ တယ်။ ဆေးနီပက်ဖြန်းပြီးတော့ ၈၈-အရေးအခင်းအတွင်း အသတ်ခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေးတွေရဲ့  အုတ်ဂူတွေမှာ စစ်အုပ်စု ကျဆင်းပါစေ စာတန်းရေးထိုးကြတယ်။ စစ်ထောက်လှမ်းရေးတွေရဲ့ အုတ်ဂူတွေကိုလဲ (နအဖ)စစ်အစိုးကျ ဆင်းရမည်ဆိုပြီးတော့ အုတ်ခဲတွေနဲ့  ပစ်ပေါက်ကြတယ်။နောက် သင်္ချို င်္င်းအုတ်နံရံတွေ။ အုတ်တိုင်တွေမှာ စစ်အုပ်စု ကျဆင်းပါစေ စာတန်းဆက်လက်ရေးထိုးကြတယ်။”လို့  သူတို. လှုပ်ရှားမှုများကို ပြောပြပါတယ်။ဒီ လှုပ်ရှားမှုကို စစ်တွေမြို့ မ သင်္ချို င်္င်းမှာရှိတဲ့ အုတ်ဂူများရှေ့ မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လှုပ်ရှားသူသံဃာတော်များ. မိန့် ကြားချက်အရ သိရှိရသည်။ ကိုနစ်နေမာန်မှ ကူးယူဖော်ပြပါသည်


အပြည့်အစုံ...>>

အစိမ်းရောင်ပန်းဂေါ်ဖီသည် အဆုပ်ရောဂါကိုကာကွယ်ပေးနိုင်သည်။

COPD ရောဂါသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ဗြိတိန်နိုင်ငံ သား ၃၀၀၀၀ အား အသက်ဆုံးရှုံးစေခဲ့သည့် ရောဂါလည်းဖြစ်သည်။
အမေရိကန် သိပ္ပံပညာရှင်များသည် Sulforapane တိုးပွားခြင်းကြောင့် အဆုတ်ဆဲလ်အတွင်းရှိ NRF2 မျိုးဗီဇလှုပ်ရှားကာ အဆိပ်အတောက်ကြောင့် ပျက်စီးမည့်ဆဲလ်များအား ကာကွယ်မှုပြုကြောင်း တွေ့ရှိခဲ့သည်။ အလားတူပင် ပန်းဂေါ်ဖီစိမ်းသည် ဆီးချိုရောဂါကြောင့် သွေးကြောများပျက်စီးမှုကို ကာကွယ်ကြောင်း တွေ့ရှိခဲ့သည်။ ပန်းဂေါ်ဖီစိမ်းကဲ့သို့ပင် Brassica ဟင်းသီးဟင်းရွက်များသည် နှလုံးရောဂါနှင့်လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးကြောင်း တွေ့ရှိခဲ့ကြသည်။ John Hopkins ဆေးကျောင်းမှ သုတေသနအဖွဲ့ကလည်း ဆေးလိပ်သမားများတွင်ရှိ NRF2 မျိုးဗီဇလှုပ်ရှားမှု နှေးကွေးနေခြင်းကို တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ သူတို့၏အဆိုအရ NRF2 မျိုးဗီဇသည် ဆဲလ်များကို ပျက်စီးစေနိုင်သောအဆိပ်အတောက်နှင့် အညစ်အကြေးများ ကို နည်းလမ်းစုံဖြင့် ဖယ်ရှားပေးသည့်တာဝန်ကို ထမ်းဆောင်ကြသည်ဟု ဆိုသည်။
Flower News Journal

အပြည့်အစုံ...>>

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မှူးများ ပိုင်ဆိုင်မှုကို အမေရိကန်ထိန်းချုပ်

NEJ/ ၁၄ နိုဝင်ဘာ ၂၀၀၈
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အပါအ၀င် ၎င်းအဖွဲ့မှ ထိပ်တန်းတပ်မှူး များနှင့် စီးပွားရေးအရ၊ ငွေကြေးအရ အဆက်အစပ်ရှိသော လူပုဂ္ဂိုလ် (၂၆) ဦးနှင့် ကုမ္ပဏီ (၁၇) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ် မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပိုင်ဆိုင်မှုထိန်းချုပ်မည့် စာရင်းအတွင်း၌ ဝေရှောက်ခန်၊ ၎င်း၏ညီများဖြစ်သော ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန်တို့ကို Kingpin Act ခေါ် နိုင်ငံခြားသားမူးယစ်ဆေး ရာဇာများဆိုင်ရာ ဥပဒေအရ စာရင်းအတွင်း ထည့်သွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
သို့သော် ထုတ်ပြန်ချက်အတွင်း၌ ယူဒဗလျူအက်စ်အေ တပ်မှူးများ၏အမည်များသာဖော်ပြထားပြီး အရေးယူမည့်အခြားကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်များ၏ အမည်များကိုမူ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။
OFAC မှ လက်ထောက်ညွှန်မှူးဖြစ်သူ Barbara C. Hammerle က “၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးနဲ့ သြဇာအရှိဆုံး မူးယစ်ဆေး အဖွဲ့အစည်းတခုဖြစ်ပါတယ်။ နိုင်ငံခြားကို စိတ်ကြွဆေးအပါအ၀င် တခြားမူးယစ် ဆေးတွေ အဓိကထုတ်လုပ်တင်ပို့နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် OFAC က ၀တပ်မှူးတွေနဲ့ သူတို့အဖွဲ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာပိုင်ဆိုင်မှုတွေကို အဓိကထား ထိန်းချုပ်ဖို့ သတ်မှတ်တာပါ။ တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်နည်းတူ လုပ်ဆောင်ဖို့ကို လည်း တိုက်တွန်းပါတယ်” ဟု ပြောသည်။
ဝေရှောက်ခန်အား ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဇွန်လ (၁) ရက်တွင် မူးယစ်ဆေး အဓိကရောင်းဝယ်သူ နိုင်ငံခြားသားတဦးအဖြစ် Kingpin Act အရ အမေရိကန်အစိုးရက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခု မေလ (၂၉) တွင် ထပ်မံအတည်ပြု သတ်မှတ်ခဲ့သည်။ ထို့အပြင် ၂၀၀၅ ခု နှစ်ဆန်းပိုင်းတွင် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက ဝေရှောက်ခန်အား ၎င်း၏ ညီများဖြစ်သည့် ဝေရှောက်လုံ၊ ဝေရှောက်ယင်တို့နှင့်အတူ မူးယစ်မှုရာဇ၀တ်သားများအဖြစ် ဖမ်းဆီးရန် အမှုဖွင့်ထားပြီးလည်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဝေရှောက်ခန်အား ဖမ်းမိရန် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ (၂) သန်းပေးမည်ဟု ထုတ်ပြန်ထားသည်။
ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်ကိုလည်း ၂၀၀၅ ခုနှစ်ကတည်းက ဝေရှောက်ခန်နှင့်အတူ မူးယစ်ရာဇာတဦး အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၀၅ ခုမေလအတွင်း၌ ဟော်ချွင်းထင်နှင့် ယနေ့ ဘဏ္ဍာရေးထိန်းချုပ်မှုစာရင်းတွင် ပါဝင်သည့် ဟုန်ပန်းကုမ္ပဏီ မန်နေဂျာတဦး ဖြစ်သည့် ဆစ်ကော်နန် တို့နှစ်ဦးအား မူးယစ်ဆေးလုပ်ငန်းမှငွေမဲများကို ခ၀ါချနေသူများအဖြစ် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက စွပ်စွဲခဲ့သည်။ ၂၀၀၇ ခု အောက်တိုဘာလအတွင်း၌ ဟောင်ကောင်အာဏာပိုင်များက ဟော်ချွင်းထင်ကို ဖမ်းဆီးမိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံရှိ မူးယစ်ရာဇာများအပေါ် ယခုကဲ့သို့ ဘဏ္ဍာရေးထိန်းချုပ်မှုများပြုလုပ်ခြင်းသည် Kingpin Act ဥပဒေအရ နိုင်ငံတကာ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းမှ တစိတ်တပိုင်းဖြစ်သည်။ OFAC က ၂၀၀၀ ပြည့်နှစ် ဇွန်မှစ၍ အဆိုပါ ဥပဒေအရ နိုင်ငံတကာရှိ မူးယစ်ရာဇာ (၇၅) ဦးနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းနှင့် လူပုဂ္ဂိုလ် (၄၀၀) ကျော်ကို ထိန်းချုပ်ခဲ့ပြီးဖြစ်သည်။

အပြည့်အစုံ...>>

မင်းပြားတွင် အရပ်သားများနှင့် စစ်သားများရန်ဖြစ်၍ လူပေါင်း ၂၀ ဆေးရုံတင်ရ

၁၄၊ နိုဝင်ဘာ ၂၀၀၈။
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တန်းဆောင်မုန်းလပြည်နေ့က အရပ်သားများနှင့် စစ်သားများ ရန်ဖြစ်သဖြင့် လူပေါင်း ၂၀ ကိုဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ တန်ဆောင်းမုန်း လပြည့်နေ့ ညနေပိုင်းတွင် အေးစေတီ ရပ်ကွက်တွင် အမျိုးသမီးငယ်များ ထမင်းချက်စားနေသည်ကို စစ်သားများက ၀င်ရောက် နှောင့်ယှက်ရာမှ အမျိုးသမီးများ၏ မောင်ဖြစ်သူများနှင့် စတင်ရိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်းတွင် စစ်သားများမှ အဆိုပါ ရိုက်ပွဲကို တပ်ရင်းသို့ သွားရောက်အကြောင်း ကြားခဲ့ပြီး တပ်ရင်းမှူးကိုယ်တိုင် စစ်သားများနှင့် အဆိုပါ ရပ်ကွက်တွင် ၀င်ရောက်လာပြီး တွေ့တွေ့သမျှလူကို ရိုက်ပုတ်သဖြင့် ပြည်သူအများအပြားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း သိရသည်။

မင်းပြားမြို့က ပေးပို့သောသတင်းအရ ညဥ့်အချိန်ဖြစ်သဖြင့် မည်သည့်တပ်ရင်းမှ စစ်သား များဖြစ်သည်ကို မသိရသေးသော်လည်း မင်းပြားအခြေစိုက် ၃၈၀ နှင့် ၃၇၉ မှ ဖြစ်သည်ဟု ပြောသည်။

အရပ်သားများအား ၀င်ရောက် ရိုတ်ပုတ်စဉ်အတွင်း စစ်သားများအနေဖြင့် အရပ်သားများအား ဓါးမြှောင်များဖြင့် ထိုးသဖြင့် တချို့လူများတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

စစ်သားများသည် ရန်ပွဲတွင် မပါဝင်သူများကိုလည်း ရိုက်ပုတ် ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သဖြင့် မြို့သူ မြို့သားများနှင့် စစ်တပ်အခြေအနေမှာ တင်းမာနေကြောင်း သိရသည်။
Narinjara News 11/14/2008

အပြည့်အစုံ...>>

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရိုးရာယဉ်ကျေးမှု တန်ဆောင်တိုင်ပွဲတော်စီရင်ကျင်းပပုံ








ကမာမြေ

အပြည့်အစုံ...>>

ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်ကို ကေအန်ယူဝင်သိမ်း

NEJ/ ၁၂ နိုဝင်ဘာ ၂၀၀၈။
သထုံခရိုင်တွင် အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား နိုဝင်ဘာ (၅) ရက်က ကေအန်ယူတပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာ ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က သထုံခရိုင်အတွင်းရှိ ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းသည် ဒေသခံကရင်လူမျိုးများအပေါ် ဒီကေဘီအေအဖွဲ့မှ နည်းမျိုးစုံဖြင့် မတရားအနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် လူထုအကျိုးအတွက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ခေတ်ပြိုင်သို့ ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁) နှင့် ကေအန်ယူ သထုံမြို့နယ်အဖွဲ့တို့ပူးပေါင်းပြီး သထုံခရိုင်တွင်အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောကြားသည်။
၎င်းက “ဒီကေဘီအေရဲ့ ဘယ်စခန်းကိုမဆို ဘယ်အချိန်ဖြစ်ဖြစ် တက်သိမ်းလို့ရတယ်။ ဒီကေဘီအေ (၃၃၃) တပ်က တပ်မဟာ (၁) သထုံခရိုင်မှာရှိတဲ့ လူထုကို အကြောင်းအမျိုးမျိုးပြပြီး အမြဲတမ်းညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရားဆက်ကြေးတောင်းခံမှုတွေ ကျူးလွန်နေတာကို မခံနိုင်တော့တဲ့ ကရင်လူထုတွေဟာ ကျနော်တို့ဆီကို လူနာမည်၊ တပ်ရင်းတပ်ဖွဲ့နာမည် အတိအကျနဲ့ မတရားအနိုင်ကျင့် သတ်ဖြတ်မှုတွေအပါအဝင် အရေးယူပေးဖို့တိုင်စာတွေ၊ သက်သေအထောက်အထားတွေနဲ့တကွ တိုင်ကြားလာတာတွေရှိတယ်။ လူထုအကျိုးအတွက် အခုလို အရေးယူတိုက်ခိုက်ရတာ” ဟု ပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည်။ ဒီကေဘီအေထံမှ (၆၀) မမ မော်တာ (၁) လက်နှင့် ၎င်းဗုံးသီး (၂၀)၊ အမ်-၁၆ (၃) လက်၊ အေကေ-၄၇ (၁၂) လက်၊ ကာဘိုင် (၁) လက်၊ အာရ်ပီဂျီ-၇ (၂)လက်၊ နင်းမိုင်း (၅) လုံး၊ လမ်းလျှောက်စကားပြောစက်ငယ် (၂) လုံး၊ စကားပြောစက်ကြီး (၁) လုံး၊ လက်နှိပ်စက် (၁) လုံး၊ ယူနီဖောင်း (၁၂) စုံနှင့် ဆက်စပ်ကျည်မျိုးစုံ သိမ်းဆည်းရမိသည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ မြဝတီခရိုင်အခြေစိုက် ဒီကေဘီအေတပ်ရင်းတခုမှ အရာရှိငယ်တဦးက “ဒီကိစ္စဖြစ်တာ ကျနော်တို့ကြားတယ်။ ကျနော်တို့သိတာကတော့ ဒီတိုက်ပွဲမှာ (၃၃၃) အဖွဲ့က သေနတ် (၁၄) လက်ပါသွားတယ်လို့ ကြားတယ်။ သထုံဘက်မှာဖြစ်တာ။ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။
လွန်ခဲ့သည့်တနင်္ဂနွေနေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒူးပလာယာခရိုင် လက်အောက်ခံ တပ်မဟာလုံခြုံရေးတပ်ဖွဲ့ထံသို့ ဒီကေဘီအေ တပ်ရင်း (၉၀၇) တပ်ခွဲ (၆) တပ်ခွဲမှူး ဗိုလ်စိန်အဖွဲ့မှ တပ်ဖွဲ့ဝင် (၄) ဦး ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်းခဲ့သည်။
လာရောက်ပူးပေါင်းသူများမှာ တပ်သားစောဝင်းနိုင်၊ ရောင်ပြန်၊ သန့်စိုင်းနှင့် ရန်ပိုင်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၁)လက်၊ အေကေစက်လတ် (၁)လက်၊ လမ်းလျှောက်စကားပြောစက် (၁) လုံး ပါရှိသည်။ ၎င်းတို့အား လှိုက်လှဲစွာကြိုဆိုခဲ့ပြီး လိုအပ်သည့်ကူညီမှုများပေးကာ လက်ခံစောင့်ရှောက်ထားသည်ဟု တပ်မဟာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်လှမင်းက ပြောသည်။


အပြည့်အစုံ...>>

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေး ဆုံးဖြတ်ရန် တင်ပြမည်

ဧရာဝတီ နိုဝင်ဘာ ၁၂၊ ၂၀၀၈
ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာစစ်အစိုးရနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ဆုံးဖြတ်ချက်ချရန် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၃ နိုင်ငံက ဆန္ဒပြုမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများထဲမှ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ နော်ဝေး၊ အီတလီ၊ အစ္စရေး၊ ဂျာမနီ၊ ကနေဒါ၊ သြစတေးလျ အစရှိသည့်နိုင်ငံများက ယင်းကဲ့သို့ဆုံးဖြတ်ချက်ချမှတ်ရန် ဆန္ဒပြုအစီအစဉ်ကို ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။
စစ်အစိုးရ အနေနှင့် ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိရန်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရေးတို့ကို အပြည့်အ၀ လေးစားလိုက်နာရန် စသည့် တိုက်တွန်းချက်များ ပါဝင်မည့် ဆုံးဖြတ် ချက်များချမှတ်ရန်ကို အထွေထွေညီလာခံမတိုင်မီ အဆိုပါ နိုင်ငံများအတွင်း ဆွေးနွေး၍ ညီလာခံသို့ တင်သွင်းမည် ဖြစ်သည်။
ဆွေးနွေးချက်များ၌နေအိမ်အကျယ်ချုပ်ကျနေသည်မှာ ၁၃ နှစ်ရှိပြီဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင် များနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုချက်များလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် မြန်မာစစ်အစိုးရအား ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်၊ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်များနှင့် အပြည့်အ၀ပူးပေါင်း ဆောင်ရွက်ရန်တောင်းဆိုချက်များ ပါရှိရန်လည်း ဆွေးနွေးမည်ဖြစ်သည်။
ထို့အပြင် မြန်မာစစ်အစိုးရအနေနှင့် ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေးလှုပ်ရှားသူများအပေါ် ကန့်သတ် ချုပ်ချယ်မှုများပြုလုပ်နေခြင်းကို ရုပ်သိမ်းရန်၊ သတင်းဌာနများနှင့် သတင်းဆက်သွယ်ရေးလုပ်ကိုင် သူများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန်တို့ကိုလည်း အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် ထည့်သွင်း ဆုံးဖြတ်ရန်တို့ ပါရှိသည်။ယင်းအထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားကိုယ်စားလှယ်များ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်၊ နိုင်ငံရေးလှုပ်ရှားသူများ အားဖမ်းဆီးနေခြင်း များကို အမြန်ဆုံးရပ်ဆိုင်းရန် အစရှိသည့် စစ်အစိုးရအား တိုက်တွန်းချက်များချမှတ်ရန် တို့လည်း ပါရှိမည် ဖြစ်သည်။

အပြည့်အစုံ...>>

သတိ ခွေးကိုက်တတ်သည်။

၁၁၊ နိုဝင်ဘာလ၊ ၂၀၀၈။
ပြည်နယ်တိုင်း၊ မြို့နယ်၊ ရပ်ကွက်လူ့အသိုင်းအ၀န်း ပတ်ဝန်းကျင်မှာ မတွေ့ဖြစ်တွေ့မြင်နေရမယ်၊ ရပ်ကွက် တွင်းက အချို့အိမ်တွေမှာ၊ အများဆုံးမြင်တွေ့နိုင်တာကတော့ ရပ်ကွက် ကျေးရွာတွေမှာရှိတဲ့ဘုန်းတော်ကြီး ကျောင်းတွေမှာပါ။
အဲ့ဒါကတော့ ခွေးတွေပါ။ ရပ်ကွက်တွင်းမှာ ခွေးလေခွေးလင့်တွေရှိသလိုဘဲ စနစ်တကျမွေးမြူထားတဲ့ အိမ်မွေးခွေးတွေလည်းရှိကြပါတယ်။ တစ်ချို့ခွေးတွေဆို မွေးမြူထားတဲ့ခွေးပိုင်ရှင်က ချစ်စနိုးနဲ့ ခွေးအမည်နာမည်ကို သူတို့ချစ်တဲ့ ရုပ်ရှင်မင်းသားနာမည်တွေနဲ့ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ တစ်ချို့ခွေးလေခွေးလင့်တွေဆို အနာတွေပေါက် သန်းတွေများလို့ သန်းရွှေလို့ ခေါ်ဝေါ်တာမျိုးလည်းရှိကြပါတယ်။ ကျေးရွာ ရပ်ကွက်တွေမှာ ခွေးကိုမွေးကြတာ အဓိကအိမ်လုံခြုံဖို့အတွက်ဖြစ်ပါတယ်။ အိမ်လုံခြုံအောင်မလုပ်နိုင်တဲ့ခွေးတွေဆို ရိုက်နှက်ခံရတာမျိုး စွန်ပစ်ခံရတာမျိုးခံကြရပါတယ်။ အဲ့ဒီ့လို စွန့်ပစ်ခံရတဲ့ခွေးတွေဟာနောက်ဆုံးတော့ ဘုန်းကြီးကျောင်းတွေ ရပ်ကွက် ဓမ္မာရုံတွေ လမ်းဘေးတွေဆီမှာနေရတဲ့ဘ၀ကိုရောက်ခဲ့ကြပါတယ်။ အဲ့ဒီ့လိုခွေးလေခွေးလင့်တွေများလာတဲ့အခါမျိုးဆိုရင် စည်ပင်သာယာ ၀န်ထမ်းတွေဟာအင်မတန်မှဝင်ငွေကောင်းလှပါတယ်။ ရပ်ကွက်တွင်းခွေးလေခွေးလင့်တွေကို သုတ်သင်ပြီး နောက်နေ့မနက်ဆို စည်ပင်သာယာဈေးမှာ ဟောင်ကောင်သားဟုဆိုကာ ရောင်းချပါတယ် ခွေးသားတွေလှိုင်လှိုင်ပေါပါတယ်။ အိမ်မွေးထားတဲ့ခွေးဘယ်လောက်ထိ စိတ်ချရတယ်အားကိုးရတယ်ဆိုတာကို အိမ်ရှေ့တွေ ခြံတံခါးဝတွေမှာ သတိပေးဆိုင်းဘုတ်ကလေးတွေချိတ်ဆွဲထားတာကို မြင်မိကြမှာပါ။ `သတိ ခွေးကိုက်တတ်သည်။`ဒီစာသားလေးဟာ အိမ်ကိုအလည်လာတဲ့သူတွေ သတိပြုမိဖို့လည်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှစပြီးတော့ မြန်မာနိုင်ငံတွင်းရှိ တိုင်းနှင့်ပြည်နယ် မြို့နယ်ရပ်ကွက် ကျေးရွာများတွင် ခွေးများမွေး မြူခြင်းတဖြည်းဖြည်းကျဆင်းလာပြီး ၂၀၀၇ စက်တင်ဘာလ နောက်ပိုင်းမှစကာ ခွေးများကိုလုံးဝ မမွေးကြ တော့ပေ။ ထိုသို့ခွေးများမွေးမြူမှုကျဆင်းခြင်းသည် ခွေးကြောင့်ြ့ဖစ်တတ်သော ဆိုးကျိုးများနှင့် ခွေးရှုး အန္တရာယ်မှကင်းဝေးရန် ပြည်သူလူထုသည် မိမိတို့ရပ်ရွာများတွင်ခွေးများမမွေးကြတော့ပါ။ ယခုအခါ နအဖ စစ်အစိုးရမွေးထားသောခွေးများသည် အစာရေစာငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေလျှက်ရှိကာ နအဖခွေးများအတွက်အစားအသောက်များဖူလုံမှုမရှိသောကြောင့် နအဖခွေးများသည် ရပ်ကွက်ကျေးရွာများ အတွင်းသို့တိတ်တဆိပ်ဝင်ကာ မိဘပြည်သူများမသိအောင် ခိုးယူစားသောက်ခြင်း အလစ်သုတ်သွားခြင်းများ၊ စားကြွင်းစားကျန်မျးမကြွေးသောသူများကို လိုက်ကိုက်ခြင်း စသည့်အပြုမူများဖြင့် လူများကိုတုန့်ပြန် တတ်ပါသည်။ နအဖခွေးများသည် စနစ်တကျမွေးမြူထားခြင်းမဟုတ်သောကြောင့် အကိုက်အခံရသောလူသည် ဆေးမမှီပါက အသက်ဆုံးရုံးမှုများလည်းရှိတတ်ပါသည်။ နအဖခွေးများသည် အစာရေစာပြတ်ငတ်မှုနှင့် ရပ်ကွက်လူများရိုက်သတ်မှုကြောင့် မကြာခဏသေဆုံးရပြီး အချို့ခွေးများဆိုရင် ခွေးကင်ဆာရောဂါဖြင့် သေဆုံးခြင်းများလည်းရှိပါသည်။ နအဖသည် ခွေးများလျော့နည်းလာမှုကိုစိုးရိမ်ပြီး ခွေးများထပ်မံမွေးမြူရန် အမိန့်ထုတ်ပြန်ကာ ခွေးများကိုစနစ်တကျဖြင့် ခွေးဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်များ ထုပ်ပေးပြီး လည်ပတ်ကြိုးတစ်ချောင်းနှင့် ထမင်းခဲ တစ်ခဲ ပုံမှန်ကြွေးမွေးမည်ဟုလည်းဆိုပါသည်။ နအဖခွေးများသည် အင်မတန်မှလိမ္မာယာဉ်ကျေးပြီး ရပ်ကွပ်တွင်း ခိုးဆိုးလုယက် စသည့်အရည်အချင်းများနှင့်ပြည့်ဝပြီး ရပ်ကွက်တွင်းပြည်သူလူထုက နအဖခွေးများကို အင်မတန်ချစ်ခင်ကြကာ ချစ်စနိုးဖြင့် အရမ်းမီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မသူတော်၊ ကြွက်၊ စသဖြင့်ခေါ်ဝေါ်ကြပါသည်။ ခွေးများသည်လည်း မိဘပြည်သူလူထုကို အဝေးမှနေကြည့်ရှု့ကြပါသည်။ သို့ပေငြားလည်း ရပ်ကွက်တွင်းတွင် ခွေးသခိုးများ ခွေးလေခွေးလင့်များ ခွေးဝဲစားများ တဖြည်းဖြည်းများပြားလာလျက်ရှိပါသည်။ ရပ်ကွက်နေ ပြည်သူလူထုမှာ ခွေးကိုက်ခံရမှာကို အင်မတန်ကြောက်ရွံ့လျှက်ရှိနေကြပါသည်။ တစ်ချို့ရပ်ကွက်များတွင် လမ်းထိပ်များ ဓမ္မာရုံများ ဘုန်းကြီးကျောင်းနံရံများတွင် ဖြတ်သွားဖြတ်လာလူများအား သတိ ခွေးကိုက်တတ်သည်ဟု သတိပေးစာတန်းများလည်း အများအပြားချိတ်ဆွဲထားကြပါသည်။ တစ်ချို့အိမ်များဆိုခွေးမမွေးဘဲ ခွေးအန္တရာယ်သတိပြုဖို့ အိမ်ရှေ့တွင် အလားတူစာတန်းများချိတ်ဆွဲထားလျက်ရှိပါသည်။ မိဘပြည်သူများသည် တစ်ဦးနှင့်တစ်ဦးကူညီသမှုဖြင့် သတိပေးမှုများရှိနေကြပါသည်။ သတိ ခွေးကိုက်တတ်သည်။ သင့်ကြောင့်ခွေးကိုက်မခံရပါစေနှင့်။
ကမာမြေ


အပြည့်အစုံ...>>

Blogger နေဘုန်းလတ်ကို နှစ်(၂၀)ကျော်ထောင်ဒဏ်ချမှတ်

၁၀၊ နိုဝင်ဘာလ ၂၀၀၈။
အင်းစိန်ထောင်မတရားရုံးက Blogger နေဘုန်းလတ်(ခ)နေမျိုးကျော်အား ယနေ့ မတရားဆွဲဆိုထားသော ပုဒ်မ၅၀၅ (ခ)နှင့် ထောင်ဒဏ် (၂) နှစ်ပုဒ်မ ၃၂ (ခ) ၃၆နှင့် ထောင်ဒဏ် (၃)နှစ်(၆)လ အီလက်ထရွန်းနစ်ပုဒ်မနှင့် ထောင်ဒဏ် (၁၅)နှစ် စုစုပေါင်း ထောင်ဒဏ် အနှစ်(၂၀)နှင့် (၆)လကျခံစေရန် အင်းစိန်မြို့နယ်မတရားရေးရုံးမှ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်သည်။ နေဘုန်းလတ်သည် NLD လူငယ်ပါတီဝင်တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံး မတရားဖမ်းဆီးခြင်းခံရသည့် Blogger တစ်ဦးဖြစ်သည်။
(ဦးကုလား)

အပြည့်အစုံ...>>

ဥပဒေနဲ့မညီတဲ့ ထောင်တွင်းတရားစီရင်မှု ဆန့်ကျင်လို့ ရဲတပ်တွေကအကြမ်းဖက်နှိမ်နှင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင်း သီးသန့်တရားရုံးမှာ အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင် ကိုသန့်စင်မျိုးနဲ့အဖွဲ့က
နိုင်ငံရေးအကျဉ်းသားတွေရဲ့အခွင့်အရေးရဖို့ ဆန္ဒပြခဲ့ကြတာကို ရဲဝန်ထမ်းတွေက အကြမ်းဖက်ဖိနှိပ်ခဲ့ပါတယ်။ ထောင်တွင်းတရားစီရင်မှုတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးတရားခွင်ထဲကို တရားသူကြီးရောက်ရှိချိန်မှာ သူတို့က မတ်တပ်ရပ်ကျော်ခိုင်း ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲတွေက တရားရုံးထဲဝင်ရောက် နှိမ်နှင်းခဲ့တယ်လို့ ကိုသန့်စင်မျိုးရဲ့အကိုဖြစ်သူ ကိုသန့်ဇင်ဦးကပြောပါတယ်။
RFA

အပြည့်အစုံ...>>

ဒေါက်တာစိန်ဝင်းသို့ အိတ်ဖွင့်ပေးစာ

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။
အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကိုတင်ပြမယ်ဆိုတုန်းကလေ..ကျုပ်ဗျာ…ဘယ်လိုပြောရမလဲ..ဒီတခါတော့ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။
ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..
မောင်သက်ပြင်း ( အင်းယားမြေ )
http://freeforcountry.blogspot.com

အပြည့်အစုံ...>>

သမ္မတသစ်အိုဘားမားကို ရုရှားသမ္မတ သတိပေးလိုက်

ရုရှားနိုင်ငံနိုင်ငံက ဒုတိယအကြိမ်မြောက် စစ်အေးတိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန် သမ္မတသစ် ဘာရတ်အိုဘားမားအား သတိပေးပြောကြားလိုက်သည်။ တာတိုပစ် အစ်စခန်ဒါ အမျိုးအစား ဒုံးကျည်များကို ဘော်လ်တစ်ပင်လယ်အတွင်း ဖြန့်ချထားပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပိုလန်နှင့် လစ်သူယေးနီးယားတို့ကို ရုရှားတို့က ချိန်ရွယ်ထားသည်။ နိုဝင်ဘာလ (၅)ရက်နေ့ အိုဘားမား သမ္မတဖြစ်ပြီဟု အတည်ပြုနိုင်ခဲ့သည်နှင့် ရုရှားတို့က အမေရိကန်၊ နေတိုးတို့နှင့် နောက်တစ်ကြိမ် စစ်အေးတိုက်ပွဲ စတင်ရန် အဆင်သင့်ရှိနေကြောင်း စိန်ခေါ်မှုတစ်ခု အိုဘားမားထံ ပေးပို့ခဲ့သည်။
ကရင်မလင် အကြီးအကဲ ဒီမီထရီ မက်ဗီဒက်ဗ်ကလည်း အမေရိကန် ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းများ တည်ရှိနေသည့် ပိုလန်နှင့် ချက်ရီပတ်ဘလစ်တို့အား ချေမှုန်းရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ ယခုအဖြစ်အပျက်သည် နှစ်(၂၀)ကာလအတွင်း ရုရှားနိုင်ငံမှ အနောက်အုပ်စုထံ လက်နက်အရ ပထမဆုံးအကြိမ် ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် သမ္မတသစ် အိုဘားမားအပေါ် ထားရှိသည့် ရုရှားနိုင်ငံ၏ သဘောထားကိုလည်း ထင်ဟပ်နေဖွယ်ရှိသည်။ မက်ဗီဒက်ဗ်က ရုရှားဒုံးကျည်များတွင် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်ထားခြင်း ရှိ၊ မရှိဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ကျွမ်းကျင်သူများက ရုရှားဒုံကျည်များသည် ဗြိတိန်ထိ ရောက်ရှိနိုင်သော်လည်း အဓိကပစ်မှတ်မှာ ပိုလန်နှင့် ချက်တို့သာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ ရုရှားသည် လက်ရှိအမေရိကန် သမ္မတဖြစ်သူ ဂျော့ဘုရှ်နှင့် ဆက်ဆံရေး မပြေလည်မှုများ ရှိနေသည့်တိုင် စစ်ရေးအရ ခြိမ်းခြောက်မှုမျိုး မပြုလုပ်ခဲ့ဖူးပေ။ အိုဘားမားမှာမူ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို ကမ္ဘာ့လက်နက် အင်အားကြီးနိုင်ငံ ရုရှား၏ ရန်လိုသော ကြိုဆိုမှုနှင့် ကြုံခဲ့ရပြီဖြစ်သည်။ မက်ဗီဒက်ဗ်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ပတ်ဝန်းကျင်တွင် ဒုံးကျည်ကာကွယ်ရေး စစ်အခြေစိုက်စခန်းများ ဖြန့်ကျက်ထားမှုအပေါ် ရုရှားနိုင်ငံက သည်းခံမည်မဟုတ်ဟု အိုဘားမားအား ရည်ညွှန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
http://www.true-myanmarnews.co.cc/

အပြည့်အစုံ...>>

မြန်မာနိုင်ငံလည်ပတ်မည့် ဗြိတိသျှနိုင်ငံသားများအတွက် ယူကေနိုင်ငံခြားရေးဌာနမှသတိပေးချက်ထုတ်ပြန်

FCO/ ၇ နိုဝင်ဘာ ၂၀၀၈
မြန်မာနိုင်ငံတွင်နေထိုင်သူ (သို့) မြန်မာနိုင်ငံ သွားရောက်လည်ပတ်မည့် ဗြိတိသျှနိုင်ငံသားများအနေဖြင့် ဆန္ဒပြမှုများ၊ လူစုလူ ဝေးများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ခြင်း စသည်တို့ကို ရှောင်ကျဉ်ရန် ဗြိတိသျှ နိုင်ငံခြားရေးဌာနက သတိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပေါ်နေကြောင်း၊ ၂၀၀၅ ခု ဧပြီလမှစ၍ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ နိုင်ငံခြားခရီးသွားများလည်ပတ်နိုင်သည့်နေရာများတွင် ဗုန်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ လွတ်လပ်စွာသွားလာခြင်းနှင့် ပြောဆိုခြင်းတို့ကို တင်းကျပ်စွာ ပိတ်ပင်ထားသဖြင့် ဗြိတိသျှသံရုံးတာဝန်ရှိသူများသည်လည်း မြန်မာအစိုးရ၏ ကြိုတင်ခွင့်ပြုချက်မရှိပဲ ရန်ကုန်မြို့ ပြင်ပရှိ တချို့နေရာ များမှလွဲ၍ လွတ်လပ်စွာသွားလာနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အကယ်၍ အရေးပေါ်အခြေအနေဖြစ်လာပါက အကူအညီပေးရာတွင် တားမြစ်ခြင်း (သို့) နှောင့်နှေးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့တွင် စီးပွားရေးအခြေအနေဆိုးရွားနေသောကြောင့် ဓါးပြမှု၊ ခိုးမှု၊ ဖောက်ထွင်းမှုများ စသည့် ရာဇ၀တ်မှုများတိုးပွားလာနေကြောင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုများကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်းလည်း သတိပေးထားသည်။
နိုင်ငံခြားသားများကို ပစ်မှတ်ထား၍ ပြင်းထန်သည့် ရာဇ၀တ်မှုများမကြာခဏ ဖြစ်ပွားခဲ့သဖြင့် ဗြိတိသျှ နိုင်ငံသားများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေးဌာနက သတိပေးထုတ်ပြန်ထားသည်။
၂၀၀၆ ခုတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သည့် ဗြိတိသျှနိုင်ငံသား (၇,၅၀၀) ဦးခန့်ရှိကြောင်း မြန်မာ အစိုးရ တရားဝင်ကိန်းဂဏန်းများက ဖော်ပြသည်။ ၂၀၀၇ ခုအတွင်း ဗြိတိသျှနိုင်ငံသားများအတွက် အကူအညီလိုအပ်ချက်တောင်းခံခြင်းအတွက် ကြုံတွေ့ရသည့် အဓိကပုံစံမှာ ငွေပြတ်လပ်သွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြွေးဝယ်ကဒ် (credit card) သို့မဟုတ် ခရီးသွားချက်လက်မှတ် အသုံးပြု၍မရသောကြောင့်ဖြစ်သည်။

အပြည့်အစုံ...>>

သံဃာ့တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လုံခြုံရေးကောင်စီကို တောင်းဆို

ကိုစိုး နိုဝင်ဘာ ၇၊ ၂၀၀၈
မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က မြန်မာ့ဒီမိုကရေစီ ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ယမန်နေ့က တိုက်တွန်း တောင်းဆိုလိုက်သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုပ်ဆောင် ချက်များကို တွန်းအားပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆိုသည့် အစီရင်ခံစာ တစောင်ကို မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ပူးတွဲ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ စစ်အစိုးရသည် လုံခြုံရေးကောင်စီ ဥက္ကဌ ကြေညာချက်၊ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံက ချမှတ် သည့် ဆုံးဖြတ်ချက်များ ၊ ကုလသမဂ္ဂ အထူးသံတမန်များ၏ ဆွေးနွေး အကြံပြုချက်များကို အကောင် အထည်ဖော် ဆောင်ရွက်လိုသည့် အနေအထား မတွေ့ရှိရသည့်အတွက် လုံခြုံရေးကောင်စီသို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ ဦးဆောင် သံဃာတော်တပါးဖြစ်သည့် ဦးသြဘာသ က ပြောသည်။
“လက်ရှိ ဆိုရင် စစ်အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူ ၂၁၀၀ ကျော်ကိုဖမ်းဆီးထားဆဲ ဖြစ်တယ်၊ ရာပေါင်းများစွာသော အမှုအခင်းတွေကို တဖက်သတ် ရုံးတင်စစ်ဆေးနေဆဲ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဆိုးဝါး စွာ လုပ်နေဆဲ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူကိုလည်း အစိုးရလူတွေက အပြင်းအထန်တိုက်ခိုက်နေတယ်၊ လူမျိုး စု ဒေသတွေကိုလည်း လက်နက်ကိုင် အစိုးရတပ်တွေက ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်၊ ကလေး စစ်သားစုဆောင်းမှုတွေလည်း ရှိနေတယ်၊ ဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရေး အတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တွန်းအားပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုတာ”ဟု ဦးသြဘာသ က ဧရာဝတီ သို့ ပြောဆိုသည်။
အဓိက အချက် ၅ ချက်ပါ အဆိုပါ ပူးတွဲ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကိုခြွင်းချက်မရှိ လွှတ်ပေးပြီး စစ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ၊ လူမျိုးစု ကိုယ်စား လှယ်များ စသည့် အားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝ၍ အချိန်အတိအကျရှိသည့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးတို့အတွက် အရေးကြီးဆုံး ဖြစ်သည်ဟု ပါရှိသည်။
ဦးသြဘာသက“တိုင်းပြည် အနာဂတ် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်း ကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး”ဟုလည်း ပြောသည်။
မစ္စတာ ဘန်ကီမွန်းအနေနှင့် စစ်အစိုးရသည် နိုင်ငံရေး တိုးတက်မှုရရှိရန် ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ်များ ၏ အကြံပေးတိုက်တွန်းချက်များကို အရေးတယူ ဆောင်ရွက်ခြင်းမရှိကြောင်း မှန်မှန်ကန်ကန် ဖော်ပြပေးစေချင် ကြောင်း ဦးသြဘာသ က ဆက်လက်ပြောပြသည်။
ဦးသြဘာသသည် လွန်ခဲ့သည့်နှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးမှုကို ယခုအချိန်အထိ ရှောင်တိမ်းနေခဲ့ရသည်။အထက်ပါ ပူးတွဲ ကြေညာချက်တွင် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ၊ လူမျိုးစု နိုင်ငံရေး ပါတီများနှင့် တခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ကို မြန်မာ့ရေးအတွက် အဓိကကျသည့် အဖွဲ့အစည်း များဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း နားလည် ထောက်ခံသည့်အတွက် မစ္စတာ ဘန်ကီမွန်းကို အထူးကျေးဇူး တင်ရှိကြောင်း တို့ကို လည်း ဖော်ပြထားသည်။

အပြည့်အစုံ...>>

နိုင်ငံရေးအမှုလိုက်ရင်း ရှေ့နေက တရားခံဖြစ် အန်အယ်ဒီရှေ့နေကြီးဦးအောင်သိန်းကို ထောင်(၄)လချပြီ

ကိုဝိုင်း/ ၇ နိုဝင်ဘာ ၂၀၀၈
နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးကိုမထီမဲ့မြင်ပြုမှုဖြင့် ၎င်းတို့၏ မျက်ကွယ်၌ တရားရုံးချုပ်က ထောင်ဒဏ် (၄) လစီအပြစ်ပေးလိုက် သည်။ရှေ့နေကြီးဦးအောင်သိန်းကို ခေတ်ပြိုင်က မေးမြန်းရာ “Confirm ဖြစ်ပါတယ်။ မနေ့က သူတို့သွားတွေ့တဲ့လူက ပြောပြလိုက်တာပဲ။ သူတို့ ဒါ တိုင်းကို စာတွေ ဘာတွေပို့ဦးမှာပေါ့။ တိုင်းကတော့ ဒီနေ့ပို့ရင် မနက်ဖြန်ဖြစ်ဖြစ် သဘက်ခါဖြစ်ဖြစ် လာခေါ်ရင်ခေါ်မှာပေါ့” ဟုပြော သည်။
ရှေ့နေကြီးများ ထွက်ပြေးတိမ်းရှောင်နေခြင်းမရှိပဲ ယခုကဲ့သို့ မျက်ကွယ်၌ စီရင်ချက်ချခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီပါသလားဟု မေးမြန်းရာ ဦးအောင်သိန်းက “တရားရုံးချုပ်က အမိန့်ချတယ်ဆိုတာက အမိန့်ချမယ့်ရက်ကို ကြိုမထုတ် ဘူးလေ။ ကြိုမထုတ်ပဲနဲ့ အမိန့်ချလိုက်တယ်ဆိုရင် အဲဒါ သူတို့က တိုင်းရဲကို အကြောင်းကြားမှာပေါ့။ အကြောင်းကြားရင် တိုင်းရဲက ကျနော့်ကို လာခေါ်ပြီး ထောင်ခေါ်သွားဖို့ပဲ ဒါပဲရှိတာပဲ။ အဲဒီအတိုင်းပဲသွားတာပါပဲ တရားရုံးချုပ်ကတော့” ဟုပြော သည်။
“တရားစီရင်ရေးကို မယုံကြည်တော့” ဆိုသည့် စကားလုံးသုံးသည့်အတွက် ရှေ့နေကြီး ဦးအောင်သိန်းအား တရားရုံးချုပ် ဒုတိယညွန်ကြားရေးမှူးချုပ်တဦးက တရားစွဲခြင်းဖြစ်သည်။ အဆိုပါစွဲချက်နှင့်ပတ်သက်၍ ယမန်နေ့က တရားရုံးချုပ်သို့ လျှောက် လဲချက်သွားပေးခဲ့ပြီးနောက် စီရင်ချက်ချသည့်သတင်း ယနေ့ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ၎င်းအနေဖြင့် အမှုသည်များပြောကြားချက်အတိုင်း ရုံးတော်မှာ တင်ပြခြင်းဖြစ်သောကြောင့် ဤကိစ္စတွင် ရှေ့နေများပါသည်ဟု မယူဆကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ခေတ်ပြိုင်သို့ ယမန်နေ့ကပြောခဲ့သည်။ တရားရုံးချုပ်က ယခုကဲ့သို့ စီရင်ချက်ချခြင်းအတွက် ၎င်းအနေဖြင့် အယူခံဝင်ရန် အစီအစဉ်မရှိကြောင်း ရှေ့နေကြီး ဦးအောင်သိန်း ကပြောသည်။
၎င်းက “ကျနော် အယူမခံတော့ပါဘူး။ အယူခံဖို့ဆိုတာက အထူးရုံးပဲ ရှိတော့တယ်လေ။ လောလောဆယ်တော့ အယူခံဖို့ မခံဖို့ ဆိုတာ ကျနော့်စိတ်သဘောထားပြောရရင်တော့ ကျနော် အယူခံဖို့ အစီအစဉ်မရှိပါဘူး” ဟုပြောသည်။
ရှေ့နေဦးအောင်သိန်းသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှုအတွက် အခမဲ့ကူညီလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေများအနက် တဦးအပါအ၀င်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှုအတွက် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေများမှာ ဦးကြည်ဝင်း (ယခု ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စလိုက်ပါ ဆောင်ရွက်ပေးနေသူ )၊ ဦးအောင်သိန်း၊ ဦးခင်မောင်အေး (ကွယ်လွန်) နှင့် ဦးမြင့်သောင်းတို့ဖြစ်သည်။
ယခင်လကုန်ပိုင်း၌ တရားရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားအချို့အတွက် ဥပဒေအကျိုးဆောင်ပေးနေသော ရှေ့နေများ ဖြစ်သည့် ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကိုလည်း တရားစီရင်ရေးကို အနှောက်အယှက်ပြုမှုဖြင့် မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် (၆) လစီ အပြစ်ပေးခဲ့သည်။ ထို့အပြင် တရားရုံးသို့ နိုင်ငံရေးအကျဉ်းသားများအတွက် အကျိုးဆောင် ပေးနေသော ရှေ့နေများဝင်ရောက်ခွင့်ကို ငြင်းပယ်မှုများလည်း ဖြစ်ပေါ်နေသည်။

အပြည့်အစုံ...>>

စားပြီးအိပ်နေ တပ်မတော်ရေ


၆ နိုဝင်ဘာ။ ၂၀၀၈။
မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားနေတဲ့ရေပိုင်နက်ကနေပြီးတော့ သူတို့ရဲ့ စစ်သင်္ဘောတွေ ကိုပြန်လည်ဆုပ်ခွာသွားပါတယ်။ အရပ်စကားနဲ့ပြောမယ်ဆိုရင် ရမလားလို့လုပ်ကြည့်တာ မရတော့လည်းအရင်း ပေါ့ ဆိုသလိုပါဘဲ။
၁၉၆၂ ခုနှစ်ကတည်းက မြန်မာပြည်သူလူထုကိုအမျိုးမျိုးလိမ်လာခဲ့တဲ့စစ်တပ်ဟာ ရုပ်ရှင်တွေနဲ့ အစိုးရရဲ့ဝါဒ ဖြန့်မီဒီယာတွေ ရုပ်မြင်သံကြားတွေမှာထဲမှာသာ တပ်မတော်ဟာ အစဉ်အလာကြီးမားခဲ့တာပါ။ နောက်တစ်ခုရှိပါသေးတယ် မြန်မာ့တပ်မတော်ဟာ လက်နက်မဲ့တဲ့ ရဟန်းသံဃာတွေနဲ့ မိဘပြည်သူ ကျောင်းသူ/သားတွေကို ချေမှုန်းတဲ့နေရာမှာ အင်မတန်မှလက်သံပြောင်မြောက်မှုကလည်း အစဉ်အလာကြီးမားခဲ့ပါတယ်။ စစ်အစိုးရက သူ့ကိုသူအဟုတ်ကြီးထင်လို့ ပထွေးတရုတ်ဆီက၀ယ်တဲ့ သင်္ဘောတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး အင်အားပြပါရဲ့ အင်မတန်ပါးနပ်တဲ့ ဘင်္ဂလားဒေ့ရှ်က ကုလားကလည်း သံတမန်နည်းနဲ့ဖြေရှင်းချင်တယ်ဆိုပြီး တရုပ်နိုင်ငံလုပ်လေယာဉ်တင်သင်္ဘောနဲ့ အင်အားပြလိုက်ပါလေရော။ ဒုံးကျည်တပ် တိုက်လေယာဉ်တွေလည်းတွေ့တဲ့အခါမှာ အစဉ်အလာကြီးမားတဲ့မြန်မာ့သတ်မတော်ဟာ ရွတ်ရွတ်ချွန်ချွန်နဲ့ ပြန်လည်ဆုပ်ခွာခဲ့ပါတယ်။မြန်မာသတ်မတော်ရဲ့ ရေတပ်မှာစွမ်းအင်ပြည့်ဝတဲ့ စစ်သည်တော်တွေမရှိကြပါဘူး။ သူခိုး၊ ဓါးမြတွေဘဲရှိပါတယ်၊ နိုင်ငံတော်ရဲ့စက်သုံးဆီများကို ခိုးထုတ်ပြီးရောင်းစားနေသူနဲ့ မြန်မာ့ပင်လယ်ပြင်မှာ တရားဝင်ငါးဖမ်းစက်လှေများကို ဓါးမြတိုက်လုယက်စားသောက်နေသူများဘဲဖြစ်ပါတယ်။ မြန်မာ့ရေတပ်မှာ ဆောင်ပုဒ်တစ်ခုရှိပါတယ် စားပြီးအိပ်နေတပ်မတော်ရေတဲ့ အဲ့ဒီ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ မြန်မာ့ရေတပ်ဟာတိုင်းတစ်ပါး ကျူးကျော်သူတွေက ဓါး ဓါခြင်း လှံလှံခြင်းတိုက်မယ်ဆိုပြန်တော့ ကြောက်ချီးပန်းလို့နောက်ပြန်လှည့်ခဲ့ပြီး လက်နဲ့မဲ့တဲ့ကိုယ့်နိုင်ငံသားတွေကိုတော့ ရွတ်ရွတ်ချွန်ချွန်နဲ့ တိုက်ရေခိုက်ရေကောင်းခဲ့တာ မြန်မာ့ သတ်မတော်ပါ။ တရုတ်နိုင်ငံက ၀ယ်ယူထားတဲ့စစ်င်္ဘောတွေဟာ ဒီလိုအချိန်မျိုးမှာ အလုပ်မဖြစ်ဘူး ဆိုတာကို နအဖသဘောပေါက်သွားလောက်ပြီထင်ပါရဲ့။ ဘယ်လောက်ဘဲကောင်းတဲ့ပစ္စည်းတွေသုံးသုံး စားပြီးအိပ်နေ သတ်မတော်ရေကတော့ ဘယ်တော့မှကောင်းလာစရာအကြောင်းမရှိတာတော့သေချာပါတယ်။
သီချင်းစားသားတောင်ဒီလိုပြောင်လိုက်ချင်တာ-
(အာဇာနည်ရဲမတ်တွေသည် ဇွဲနဲ့တိုက်မည်...... မြန်မာတွေနိုးကြားလည်သည်ကြိုးစားစစ်သည်..... အာဇာနည်ရဲမတ်တွေသည် ဇွဲနဲ့တိုက်မည်ခိုက်မည်......သတ်မတော်ကြီးလည်း....ပြန်လာပါပြီ..... ကြောက်ချီးတွေပန်းလို့ပြန်လာပါပြီ.....)
ကမာမြေ

အပြည့်အစုံ...>>

ဟံသာဝတီ ဦးဝင်းတင် ဂုဏ်ပြုအမှတ်တရစာအုပ် ထွက်ပြီ


ကိုသက် နိုဝင်ဘာ ၆၊ ၂၀၀၈
အမေရိကန်အခြေစိုက် မိုးမခ မီဒီယာအဖွဲ့က မကြာသေးမီက အင်းစိန်ထောင်မှလွတ်မြောက်လာသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသောအားဖြင့် အမှတ်တရစာအုပ်တအုပ်ကို ယနေ့ထုတ်ဝေလိုက်သည်။
သတင်းစာဆရာကြီး ဦးဝင်းတင်ကိုယ်တိုင်းရေးသားခဲ့သည့် ဆောင်းပါး ၆ ပုဒ် အပါအဝင်၊ တခြား စာရေးဆရာ၊ ကဗျာဆရာများက ဦးဝင်းတင် အကြောင်း ရေးသားထားသည့် ဆောင်းပါးနှင့် ကဗျာများကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြစ်သည်ဟု မိုးမခ အယ်ဒီတာအဖွဲ့ဝင် ကိုမောင်ရစ်က ဧရာဝတီကို ပြောသည်။
“ဦးဝင်းတင်က ၁၉၈၉ မှာ ထောင်ကျတဲ့ စာနယ်ဇင်းဆရာကြီးတဦးလေ … ပြီင်္းတော့ ၈၈ အရေးတော်ပုံမှာ စာနယ်ဇင်းတပ်ဦးကို ဦးဆောင်လာတဲ့သူ။ သူ့ရဲ့ သြဇာဟာ ဒေါ်စုလိုပဲ အကျဉ်းထောင်ထဲမှာ လူထုကိုယ်စား စတေးခံ နေတာနဲ့တင် စစ်အာဏာရှင်တွေကို ချောက်ချားစေတဲ့ သူရဲကောင်း အာဇာနည်ဆိုတော့ စာအုပ်ထုတ်ပြီး ဂုဏ်ပြုတာပေါ့ဗျာ” ဟု ကိုမောင်ရစ်က ပြောသည်။

အဆိုပါစာအုပ်ကို ဦးဝင်းတင် ထောင်မှပြန်မလွတ်မီ ၂၀၀၆ ခုနှစ်ကတည်းက ထုတ်ဝေရန်စီစဉ်ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရ သည်ဟုလည်း ကိုမောင်ရစ်က ပြောသည်။ ၎င်းစာအုပ်မျက်နှာဖုံးကို ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေက ရေးသားထားပြီး ကဗျာဆရာကြီး ဦးတင်မိုး၏ ကဗျာ၊ ဆရာ မောင်စွမ်းရည်၊ လူထုစိန်ဝင်းနှင့် ဦးဇင်လင်းတို့ရေးသားသည့် ဆောင်ပါးများ အပါအဝင် ဆောင်းပါး ၇ ပုဒ် ပါဝင်သည်။စာအုပ်တန်ဖိုးကို အမေရိကန် ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး ရောင်းရငွေကို သပိတ်မှောက်စာနယ်ဇင်းသမားများ ကူညီမှုရန်ပုံငွေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝယ်ယူအားပေးလိုပါက contact@moemakha.org (သို့မဟုတ်) PO Box 320-207, San Francisco, CA 94132-0207, USA ကို ဆက်သွယ်မှာယူနိုင်သည်။

အပြည့်အစုံ...>>

ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာနှင့်သတင်းထောက် အဖမ်းခံရ

မင်းနိုင်သူ/ ၆ နိုဝင်ဘာ ၂၀၀၈
ပြည်တွင်းဂျာနယ်တခုဖြစ်သည့် NewsWatch ဂျာနယ် အယ်ဒီတာဦးခင်မောင်အေးအား ယမန်နေ့ည(၇)နာရီခန့်က ၄င်း၏နေအိမ်မှ အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဦးခင်မောင်အေးနှင့်နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
အယ်ဒီတာဦးခင်မောင်အေးနှင့်အတူ သတင်းထောက် ကိုထွန်းထွန်းသိန်းကိုလည်း ဖမ်းသွားကြောင်း စုံစမ်းသိရှိရသည်။၎င်းတို့နှစ်ဦးအား ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သော NewsWatch ဂျာနယ်ပါ တရားရုံးဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သည့် သတင်းတပုဒ်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အယ်ဒီတာအဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါအယ်ဒီတာက ဆက်ပြောရာတွင်
”အဲဒီသတင်းက သတင်းစာပါ သတင်းကိုပဲ မှီငြမ်းပြီး ရေးသားခဲ့တာပါ။သတင်းထောက်က ဗဟိုတရားရုံး တာဝန်ရှိသူတဦးက ပြောကြားသည်လို့ရေးတာကို ဘယ်သူပြောတာလဲဆိုပြီး စစ်မေးတယ်တဲ့။သတင်း ထောက်က ထိခိုက်မှာစိုးလို့ထင်တယ် ဖွင့်မပြောတော့ ပြဿနာတက်တာပေါ့”ဟု ပြောသည်။
အဆိုပါသတင်းရေးသားသူမှာ ရွှေကူမြို့နယ်နေ ကိုထွန်းထွန်းသိန်းဖြစ်ပြီး မိုးထက်နေ၊ မနောထွန်းဆိုသော ကလောင်အမည်များဖြင့် ရေးသားနေသူတဦးဖြစ်သည်။ယင်းသတင်းအား တာဝန်ခံဖော်ပြခဲ့သူ အယ်ဒီတာဦးခင်မောင်အေးမှာ သတင်းစဉ်မှ အငြိမ်းစားယူထားသူတဦးဖြစ်သည်။

အပြည့်အစုံ...>>

မြန်မာစစ်သင်္ဘောများ အငြင်းပွားရေပိုင်နက်မှ ပြန်ဆုတ်ခွာ

Agencies/ ၆ နိုဝင်ဘာ ၂၀၀၈
လေးရက်ကြာ နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားနေမှုကြောင့် ဘင်္ဂလားဒက်ရှ်ရေတပ်သဘောင်္များနှင့် ထိပ်တိုက်အနေအထား ပြင်ဆင်ထားသည့် မြန်မာစစ်သင်္ဘော (၂) စင်း ယနေ့ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ရေတပ်အကြီး တမ်းအရာရှိကပြောသည်။
“ဒီလိုလုပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ အခုဆိုရင် တင်းမာမှု နည်းနည်းပဲ ကျန်ပါတော့တယ်။ အဲဒီဧရိယာထဲမှာ ဓါတ်ငွေ့တူးဖော်ရှာဖွေရေး လုပ်ငန်းတွေလုပ်နေတဲ့ တခြား သင်္ဘော (၄) စင်းလည်း ပြန်ဆုတ်သွားဖို့ ပြင်ဆင်နေ ပါပြီ။ သူတို့ရဲ့ တူးဖော်မှုတွေကို ရပ်တံ့လိုက်ပြီဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါ ဘင်္ဂလားဒက်ရှ် ရေတပ်အရာရှိက ပြောသည်။
အငြင်းပွားနေသည့် ပင်လယ်ဧရိယာအတွင်းမှ တူးဖော်ရှာဖွေရေး လုပ်ငန်းဆောင်နေသော အဆိုပါသင်္ဘောများ ဆုတ်ခွာပြီး သည်နှင့် ၎င်းတို့၏ရေတပ်သင်္ဘောများလည် ချက်ချင်းပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး Iftekhar Ahmed Chowdhury သည် နှစ်ဖက်ဖြစ်ပွားနေသည့် ရေပိုင်နက်ပြဿနာဆွေးနွေး ရန် မြန်မာနိုင်ငံသို့ ယနေ့ထွက်ခွာသွားခဲ့သည်။
ခေတ်ပြိုင်

အပြည့်အစုံ...>>

မြန်မာ ဘင်္ဂလားဒေ့ရှ် နေပိုင်နက်အငြင်းပွားမှုအခြေအနေ

နိုဝင်ဘာလ၊ ၄ ရက်၊ ၂၀၀၈။ ဘီဘီစီ
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ရေပိုင်နက်သတ်မှတ်မှု အငြင်းပွားတဲ့ကိစ္စကို ပြေပြေလည်လည် ဖြေရှင်းနိုင်ဘို့ဘင်္ဂလားဒေ့ရှ်ဘက်က အဆင့်မြင့်သံတမန်အဖွဲ့ဟာ အင်္ဂါနေ့ညမှာမြန်မာပြည်ကို သွားမဲ့အကြောင်း နိုင်ငံခြားရေးအတွင်းဝန်တစ်ဦးကဘီဘီစီကိုပြောပါတယ်။


ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်သင်္ဘော(ဓါတ်ပုံ Golden Colour)

နိုင်ငံခြားရေးအတွင်းဝန်ဦးဆောင်ပြီး အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ သံတမန်အဖွဲ့ဟာ ရန်ကုန်က မြန်မာနိုင်ငံခြားရေးဌာနက ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့
တွေ့ဆုံဘို့မျှော်လင့်နေပါတယ်။

တစ်ချိန်တည်းမှာဘဲ အငြင်းပွားနေတဲ့ဒီရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ်က နောက်ထပ်စစ်သင်္ဘောတစ်စင်း စေလွှတ်တယ်လို့ သတင်းတွေထွက်နေသလိုမြန်မာဘက်ကရေတပ်သင်္ဘော တွေလည်း အဲ့ဒီ့နေရာမှာ ရှိနေတယ်လို့သတင်းရရှိပါတယ်။
အဲ့ဒီ့ရေပိုင်နက်မှာ သဘာဝဓါတ်ငွေ့သိုက်တွေရှိတယ်လို့ ယူဆနေကြကာ မြန်မာဘက်ရှာဖွေတူးဖေါ်ဖို့ ကြိုးစားနေကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီပင်လယ်ပိုင်နက်ဟာ အငြင်းပွားစရာ ဖြစ်လို့ မြန်မာဘက်ကိုအရင်ကတည်းက ကန့်ကွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြန်မာသင်္ဘောတွေကို သူတို့ရေပိုင်နက်ထဲကျွံဝင်နေပြီလို့ဆိုကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒက္ကာမြို့မြန်မာသံရုံးက သံအမတ်ကြီးကိုဆင့်ခေါ်ကာ ပြန်ဆုတ်ပေးဘို့ ကန့်ကွက်ခဲ့ပါတယ်။

အပြည့်အစုံ...>>

အန်အယ်ဒီရှေ့နေကြီး ဦးအောင်သိန်းကို တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲ

ကိုဝိုင်း/ ၄ နိုဝင်ဘာ ၂၀၀၈
နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဗဟိုတရားရုံးလက်ထောက်ညွှန်ကြားရေးမှူးတဦးက စွဲချက်တင်ထားသည်။
စွဲချက်တင်သူ အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူး၏ အမည်ကို မသိရသော်လည်း ယခုလ (၆) ရက်နေ့ ရုံးချိန်းရှိကြောင်း အန်အယ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောသည်။
“သူတို့ကို တရားရုံးမထီမဲ့မြင် ပုဒ်မ ၃ နဲ့ စွဲထားတယ်။ သူတို့ရုံးကို (၆) ရက်နေ့သွားရမယ်” ဟု ဦးဥာဏ်ဝင်းကပြောသည်။
ရန်ကုန်မြို့မှ ရှေ့ နေကြီး ဦးအောင်သိန်းသည် အန်အယ်ဒီရှေ့နေတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အမွေမှုတွင် အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့သည့် ရှေ့နေအဖွဲ့တွင်
တဦးအပါအ၀င်ဖြစ်သည်။
ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့နှစ်ဦးကို ယခုကဲ့သို့ စွဲချက်တင်ခြင်းမှာ ၎င်းတို့လိုက်ပါကူညီပေးနေသော နိုင်ငံရေးအကျဉ်း သားများက မြန်မာနိုင်ငံတရားရေးစနစ်ကို အယုံအကြည်မရှိသဖြင့် ရှေ့နေပါဝါရုတ်သိမ်းခဲ့မှုနှင့်ဆက်စပ်နိုင်ကြောင်း ထင်မြင်မှုများ ရှိနေသည်။

စွဲချက်နှင့်ပတ်သက်နေသည့် အမှုသွားအမှုလာကို အတိအကျမသိသော်လည်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဦးဥာဏ်ဝင်းက “အဲဒီအမှုတွဲကို သေချာတော့ မသိဘူး။ ဒါပေမဲ့လို့ နိုင်ငံရေးအမှုတွေလိုက်နေတဲ့ သူတို့တွေတင်မကဘူး ဒီပြင် ဟာတွေလည်း ထောင်တွေချနေတယ်ဆိုတော့ တော်တော်မကောင်းတဲ့ အနေအထားတော့ ဖြစ်နေတယ်ဗျာ။ ဒီလောက်ပဲ ကျနော်ပြောနိုင်မယ်” ဟု ကောက်ချက်ချသည်။

ယခင်လကုန်ပိုင်း၌ တရားရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားအချို့အတွက် ဥပဒေအကျိုးဆောင်ပေးနေသော ရှေ့နေများဖြစ်သည့် ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကိုလည်း တရားစီရင်ရေးကို အနှောက်အယှက်ပြုမှုဖြင့် မြောက်ပိုင်းခရိုင်တရားသူကြီးက ထောင်ဒဏ် (၆) လစီ အပြစ်ပေးခဲ့သည်။

အပြည့်အစုံ...>>

မစ္စတာ ဂန်ဘာရီ မြန်မာပြည်လာရန် စစ်အစိုးရဖိတ်ကြား

ဧရာဝတီ နိုဝင်ဘာ ၃၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီကို ယခုလနောက်ဆုံးအပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ဖိတ်ကြားလိုက်သည်။
မစ္စတာ ဂန်ဘာရီ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ တာဝန်ရှိသူများက လွန်ခဲ့သည့် သြဂုတ်လခရီးစဉ်ကဲ့သို့ ထပ်မံကြုံတွေ့မည်ကိုလည်း စိုးရိမ်လျက် ရှိသည်။
လွန်ခဲ့သည့် သြဂုတ်လက မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်မရသကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန်ငြင်းပယ်ခဲ့သည်။
မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်တင့်ဆွေ တို့ တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မစ္စတာ ဂန်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မစ္စတာ ဂန်ဘာရီ၏ ယခုအကြိမ်ခရီးစဉ်သည်လည်း သြဂုတ်လခရီးစဉ်ကဲ့သို့ မအောင်မြင်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည်ဟု ကုလသမဂ္ဂ အရာရှိများက ယုံကြည်နေကြသည်။
လွန်ခဲ့သည့် သြဂုတ်လ မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံမှပြန်သွားအပြီး အတိုက်အခံပါတီဖြစ်သည့် အန်အယ်လ်ဒီ အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ၎င်းအား ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများသည် အလုပ်မဖြစ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုတစုံတရာမရှိဟု အန်အယ်လ်ဒီ ပါတီက ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ များမှစတင်၍ မြန်မာနိုင်ငံသို့ ၂ ကြိမ်သွားရောက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်တာဝန်ဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ နောက်ဆုံးအကြိမ်အထိ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်။

အပြည့်အစုံ...>>

နေပြည်တော် အရာရှိများ ၀န်ကြီးကို နေ့စဉ် ဘီယာငဲ့ပေးရ သစ်ပင်ရှင်အောင်မစိုက်သူအရာရှိကိုဝန်ကြီးကအလုပ်ဖြုတ်မည်

NEJ/ ၃ အောက်တိုဘာ ၂၀၀၈
နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့်သည် နေ့စဉ် ညနေ (၃) နာရီတိုင်း နေပြည်တော်မှာ ဂေါက်သီးကစားချိန် သို့မဟုတ် ဘိလိယက် ထိုးသည့်အချိန်များ၌ သတ္တုတွင်းဝန်ကြီးဌာန အရာရှိများကို ဘီယာငဲ့ဖို့ တာဝန်ပေးထားသည့်အတွက် အရာရှိများ မကျေမနပ် ဖြစ်နေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။
နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်တင်နိုင်သိန်းကလည်း လက်အောက်ခံ အရာရှိများကို အဓမ္မ သစ်ပင်စိုက်ခိုင်းရာတွင် အရာရှိတဦးချင်းအမည်ကိုပါ သစ်ပင်တွင်ချိတ်ဆွဲခိုင်းပြီး သစ်ပင်ရှင်အောင် မစိုက်နိုင်သည့် အရာရှိကို အလုပ်ဖြုတ်မည်ဟု ညွှန်ကြားချက် ထုတ်ထားသဖြင့် စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိများ မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အပြည့်အစုံ...>>

မြန်မာဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွား

ဧရာဝတီ နိုဝင်ဘာ ၃၊ ၂၀၀၈
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားရာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စစ်သင်္ဘောများ ပို့လွှတ် လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိ အစ်ဖ်တီခါ အာမက် ချိုဒူရီက မနေ့ကပြောကြား လိုက်သည်ဟု ရိုက်တာသတင်းတွင် ရေးသားထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် အခြေအတင်ဆွေးနွေးမှုများကို နှစ်နှင့်ချီ၍ ပြုလုပ်ခဲ့ကြပြီးနောက် ဘင်္ဂလား ပင်လယ် အော်အတွင်းရှိ သဘာဝဓာတ်ငွေ့ကြွယ်ဝသော အငြင်းပွားရာ နယ်မြေကို နယ်နိမိတ် သက်မှတ် ပိုင်းခြားခဲ့ကြ၏။
သို့ရာတွင် မြန်မာစစ်အစိုးရက နယ်နိမိတ်သက်မှတ်ပြီးသော အငြင်းပွားရာ ဒေသတွင် သဘာဝဓာတ်ငွေ့ ရှာဖွေရန် အစဉ် ကြိုးပမ်းလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာ အကြံပေးအရာရှိက ပြောသည်။
၎င်းအနေနှင့် နှစ်နိုင်ငံအငြင်းပွားနေသည့်ကိစ္စရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဆက်ပြော ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းဝက်ဘ်ဆိုက်တခုဖြစ်သော bdnews24.com တွင်လည်း ယခုကဲ့သို့ ရေတပ်စစ်သင်္ဘော များ ချထားရခြင်းမှာ မြန်မာစစ်အစိုးရကို တရားဝင် တားဆီးကာကွယ်ခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။
“ကျနော်တို့ အနေနဲ့ ဘင်္ဂလားပင်လယ်အော်ထဲက နှစ်နိုင်ငံ အငြင်းပွားရာ ရေပိုင်နက်ကို ရောက်နေတဲ့ မြန်မာ ဓာတ်ငွေ့ရှာ ဖွေရေး သင်္ဘောတွေကို ပြင်းပြင်းထန်ထန် တားဆီးသွားဖို့ စီစဉ်ပြီးပါပြီ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိက ပြောကြားသည်။
အောက်တိုဘာလ အတွင်းက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက် ခဲ့ပြီး ပင်လယ် ရေပိုင်နက်အငြင်းပွားမှု ကိစ္စ အပါအဝင် တခြားသော သဘာဝ ဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင် သွင်းရေး စသော နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆွေးနွေးခဲ့သည်။အောက်တိုဘာ ၇ ရက်နေ့ကလည်း ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့သည် အခွန် ၂ ထပ်လျှော့ချရေးနှင့် ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

အပြည့်အစုံ...>>