သတိပြုသင့်သော ရန်ကုန်မြို့ရဲ့ Wi Fi စနစ်နဲ့ အီလက်ထရွန်းနစ်

၂၁၊ နိုဝင်ဘာ ၂၀၀၈။
လာမည့် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံရန်ကုန်တစ်မြို့လုံးမှာ Wi Fi အင်တာနက်ကွန်ယက်အသုံးပြုနိုင်ဖို့အတွက်ကို ရန်ကုန်မြို့တွင်း ၁၆ မြို့နယ်မှာ Survey များပြုလုပ်လျှက်ရှိပါတယ်။
ထိုမြို့နယ်တွေထဲမှာ ၈၆% လောက် Wi Fi စနစ်ရရှိနေပါပြီ။ ၂၀၀၉ ဇန်န၀ါရီလမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထို Wi Fi စနစ်ဟာ Laptop ကွန်ပျူတာတွင်မကဘဲ အိမ်သုံး PC တွေမှာလည်း Wi Fi စနစ်တပ်ဆင်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလိုအသုံးပြုခွင့်ကို အခမဲ့ဝန်ဆောင်ပေးပြီး ၉ လတိတိအသုံးပြုခွင့်ပေးမှာဖြစ်ပါတယ်။ Wi Max မဟုတ်တဲ့Wi Fi ကိုအသုံးပြုခွင့်ပေးထားခြင်းအားဖြင့် မြန်မာပြည်သူများသည် သတိထားအသုံးပြုရမှာဖြစ်ပြီး နအဖ၏ မလိုတစ်မျိုး လိုတစ်မျိုးသဘောထားများကြောင့် အီလက်ထရွန်းနစ် ဥပဒေဖြင့်ထောင်ဒဏ်နှစ်ပေါင်းများစွာချမှတ်ခံရဖွယ်ရှိနိုင်ပါသည်။ နအဖသည် ထောင်တွင်းရှိရာဇ၀တ်သားများကိုရှင်းလင်းထုတ်ပြီး နည်းပညာတတ်သောသူများကို ထောင်တွင်းသို့ထည့်ရန်အတွက်Wi Fi စနစ်ကို အခမဲ့ဟု ဗန်းပြကာ ဖြားရောင်းလျှက်ရှိနေပါသည်။ အင်တာနက်အသုံးပြုသူ မြန်မာပြည်သူများနှင့်တကွ အီလက်ထရွန်းနစ်အသုံပြုသူ ပြည်သူအပေါင်းတို့ နအဖရဲ့ ဥာဏ်နီဥာဏ်နက်များကိုကလိန်ကကျစ်ဥာဏ်များကို အထူးသတိပြုဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်လျှင် မိမိတို့အိမ်တွင် တီဗွီကြည့်ရှု့ခြင်း ရေဒီယိုနားထောင်ခြင်းများ သီချင်းနားထောင်ခြင်းများကိုပင် မပြုလုပ်သင့်ပေအဘယ်ကြောင့်ဆိုသော်... အီလက်ထရွန်းနစ် ဥပဒေက ၆၅ နှစ်ဖြစ်နိုင်ခြေရှိ၏။
သီးလေးသီးအငြိမ့်အခွေတွေ့ရင်......လိုင်စင်မဲ့ ဗီဒီယိုလက်ဝယ်ကိုင်ဆောင်မှု ဗီဒီယိုအက်ဥပဒေနဲ့ ............ ထောင်ဒဏ် ၃နှစ် ၆လ။
အီးမေးလ်ထဲမှာ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ပုံတွေတွေ့ရင်.........နိုင်ငံတော်ပုန်ကန်မှု ၅၀၅(ခ)နဲ့ .............ထောင်ဒဏ် ၂နှစ်။
နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့စာ၊ ဓါတ်ပုံ၊ ကာတွန်းတွေပါတဲ့ ဘလော့ခ်တွေကို အီလက်ထရွန်းနစ်နည်းပညာအသုံးပြုကာ ၀င်ရောက်ကြည့်ရှုပြီး တခြားသူတွေပို့ထားတဲ့ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ ပုံတွေကို အီးမေးလ်ထဲက မဖျက်ရင် အဲဒီဓါတ်ပုံပို့တဲ့လူတွေကို ကူညီရာရောက်တယ်၊အီလက်ထရွန်းနစ် နည်းပညာကို အသုံးပြုပြီး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ထိပါးတယ်ဆိုပြီး .............ထောင်ဒဏ် ၁၅နှစ်။အနှစ် ၂၀နဲ့ ၆လ
ကမာမြေ

Comments :

0 comments to “သတိပြုသင့်သော ရန်ကုန်မြို့ရဲ့ Wi Fi စနစ်နဲ့ အီလက်ထရွန်းနစ်”