ပင်တဂွန်စစ်ဌာနချုပ်ရှိ ကွန်ပျူတာများ ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံရ

၂၅ နိုဝင်ဘာ ၂၀၀၈။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပန်တဂွန်စစ်ဌာနချုပ်ရှိ အချို့သော ကွန်ပျူတာအချို့မှာ Virus များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်းတရားဝင်ကြေငြာခဲ့သည်။ ထိုအနေအထားသည် တစ်ကမ္ဘာလုံးတွင် ကွန်ပျူတာ Virus များ၏ ခြိမ်းခြောက် နေမှုကို ထင်ဟပ်စေကြောင်း ပန်တဂွန် ကဆိုသည်။ Global Virus ဟု အမည်ပေးထားသော Virusတစ်မျိုးသည် ပန်တဂွန်၏
အင်တာနက် လုံခြုံရေးစနစ်ကို ချိုးဖောက်ကာ စစ်ရေးအရ အရေးကြီးသော ကွန်ပျူတာများကို ထိခိုက် စေခဲ့ကြောင်း သိရှိ ရသည်။အဆိုပါအခြေအနေကို တွေ့ရှိပြီးနောက် ပန်တဂွန်တွင် Memory Stick များနှင့် Flash Media များ အသုံးပြုမှုကို ချက်ချင်းတားမြစ်ခဲ့ကြသည်။ Network များအတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကွန်ပျူတာများ Virus ထိခဲ့ကြောင်း အတည်ပြု သုံးသပ်ခဲ့ကြသည်။ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ထိုးဖောက် တိုက်ခိုက်မှု အတွက် လေကြောင်း စမ်းသပ်မှု တစ်ခုအား အရေးပေါ် ဆိုင်းငံ့ ခဲ့ကြရသည်။ပန်တဂွန်တွင် အသုံးပြုသော Network စနစ်သည် ကမ္ဘာ့အကြီးမားဆုံး စနစ်များ တွင် အပါအ၀င်ဖြစ်ပြီး တစ်နိုင်ငံလုံး နှင့် ကမ္ဘာ့ဒေသ အတော်များများမှ Network စနစ်ပေါင်း (၁၇၀၀၀) ကို တိုက်ရိုက် ချိတ်ဆက်ထားပြီး ကွန်ပျူတာ အလုံေးရ (၇) သန်းကျော်ထိ ၀င်ရောက် ဆက်စပ် ထားကြောင်း သိရှိရသည်။
true myanmar news

Comments :

0 comments to “ပင်တဂွန်စစ်ဌာနချုပ်ရှိ ကွန်ပျူတာများ ဗိုင်းရပ်စ်ဖြင့် တိုက်ခိုက်ခံရ”