အာဆီယံရဲ့ အစမ်းသပ်ခံမှုတွေထဲကရုံးထွက်စို့

၂၆ နိုဝင်ဘာ ၂၀၀၈
အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ ၀မ်းနည်းကြေကွဲမှုတွေ၊ အာဏာရှင်စနစ်ဆိုးတွေ စတာတွေကိုအဆုံးသတ်ပြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့ကို ယနေ့ခေတ်မှာနိုင်ငံတိုင်း
လူသားတိုင်းလုပ်ဆောင်နေကြပါတယ်။
လူသားအချင်းချင်းလေးစားတန်ဖိုးထားပြီး လူ့သားတိုင်းရထိုက်တဲ့လူ့အခွင့်အရေးကို ဒီမိုကရေစီဆိုတဲ့ သတ်မှတ်ချက်စည်းကမ်းဘောင်နဲ့ စနစ်တကျလျှောက်လှမ်းကာ ကမ္ဘာကြီးကို အလှဆင်ခဲ့ကြနိုင်ငံတွေ ကမ္ဘာပေါ်မှာအများကြီးပါ။ စစ်လိုလားသူအာဏာရှင်နဲ့ အကြမ်းဖက်မှုလိုလားသူတွေက ခေတ်နောက်ပြန်ဆွဲ
အယူဝါတွေနဲ့ ကမ္ဘာကြီးကိုအကြည်းတန်ညစ်ညမ်းအောင်စွမ်းဆောင်နေကြပါတယ်။ လူကိုလူလိုမမြင်တဲ့ သွေးဆာနေတဲ့စစ်အာဏာရှင်တွေရဲ့ ရုတ်ရင်းကြမ်းတမ်းမှုဟာ ဒီနေ့ကမ္ဘာကြီးကိုညစ်ညမ်းနေတဲ့ လုပ်ရက်တစ်ခုပါ။ အဲ့ဒီ့ထဲမှာ မြန်မာနိုင်ငံဟာလည်းအပါအ၀င်ဖြစ်ပါတယ်။ လူသားအချင်းချင်း မေတ္တာပို့ ညှမ်းပမ်းနှိပ်စက်မှုတွေကင်းစေပြီး အခြေခံလူ့အခွင့်အရေးတွေရဖို့လက်နက်မပါ ငြိမ်းချမ်းစွာဆန္ဒပြတာ ကမ္ဘာမှာမြန်မာဘဲရှိပါတယ်။ ပြောင်းလဲတိုးတက်နေတဲ့ဒီနေ့ကမ္ဘာကြီးမှာ မြန်မာပြည်မပြောင်းလဲနိုင်တာဟာ ဘာ့ကြောင့်ပါလဲ
နအဖစစ်အစိုးရဟာ စနစ်တကျနဲ့ တစ်ဆင့်ခြင်းကိုပုံစံသွင်းခံခဲ့တာမို့ ဒီနေ့အချိန်မှာတော့ဖြင့်ပြည်သူလူထုဟာ မရူနိုင်မကယ်နိုင်ဖြစ်နေရတာပါ။ နှစ် ၂၀ ကျော်ဆိုတဲ့အချိန်ဟာ ကောင်းကောင်းပုံစံသွင်း
ယူလို့ရနိုင်တဲ့အချိန်ကာလတစ်ဖြစ်တာမို့ နောက်ထပ်ပြောင်းလဲမှုကို လွယ်လွယ်ကူကူနဲ့ပြန်လည်နလန်ထူနိုင်ဖို့ဆိုတာ ပြည်သူလူထုအနေနဲ့ အချိန်ကာလတစ်ခုကိုစောင့်ပြီးအားပြန်ယူရပါလိမ့်မယ် ဒီကြားထဲမှ သူခိုးကိုဓါးရိုးကမ်းမှုတွေကြောင့်လည်းမြန်မာပြည်သူဘ၀ ချွတ်ချံကျခဲ့ရပါတယ်။ သူသိ သူတတ် စွာကျယ်ကျယ်လုပ်တတ်တဲ့ ရုရှားနဲ့ ကြောင်ချီးလို ပျော့ပျော့လေးနဲ့နံပြီး မဟုတ်တာအကုန်လုပ်တဲ့ မဟုတ်တရုတ်ဆိုသူတွေကြောင့် မြန်မာပြည်လုံးပါးပါးခဲ့ရတာပါ။ မြန်မာပြည်ခါးဆီးခြိုးဖောက်ခံရတာဟာလည်း အာဆီယံကြောင့်ပါ။
မြန်မာပြည်ရဲ့ရသမျှအရင်းအမြစ်တွေကို ရသလိုယူမယ်ဆိုတဲ့အကောက်ညံအမျိုးမျိုးနဲ့ မြန်မာပြည်ပြောင်းလဲတိုးတက်သွားမှာကို အရမ်းကိုကြောက်လန့်နေကြတဲ့နိုင်ငံတွေပါဘဲဖြစ်ပါတယ်။
အာဆီယံလုပ်လို့ မြန်မာပြည်ဘယ်တော့မှပြန်မကောင်းလာနိုင်ပါဘူး၊ ဆိုးသတဲ့ဆိုးဖို့ဘဲရှိပါတယ်။ နိုင်ငံရဲလူသားအရင်းအမြစ်တွေဟာ မိမိနိုင်ငံတော်အတွက်ဖြစ်မလာဘဲ အိမ်နီးချင်း အာဆီယံတွေဆီမှာ ကျွန်ဘ၀ဖြစ်နေရတာကိုက အာဆီယံရဲ့တိုးတက်မှုတစ်ခုလို့ပြောလို့ရပါတယ်။ နိုင်ငံရဲ့ အရင်းအမြစ်တွေကို မှိန်းပြီးယူနေတဲ့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေဟာ စစ်အာဏာရှင် စိတ်ကွက်သွားမှာကိုလည်း အင်မတန်မှ ကြောက်ရွံ့တယ်ဆိုတာကမ္ဘာ့အလယ်မှာဝန်မခံရဲပေမယ် လုပ်ဆောင်မှုတွေက သက်သေပြနေပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ရဖို့မလိုဘူး သူတို့နိုင်ငံတွေမှာ ဒီမိုကရေစီအပြည့်အ၀ရှိပြီးနိုင်ငံရဲ့စွမ်းအားအရင်း အမြစ်တွေပိုလျှံပယ်ဖို့ကိုသာစိတ်ဝင်တစ်စားဆောင်ရွက်တတ်ကြသူတွေဘဲဖြစ်ပါတယ်။
မြန်မာပြည်ပြောင်းလဲဖို့ မြန်မာလူမျိုးတိုင်း နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ စစ်အာဏာရှင်တည်မြဲရေးကိုလိုလားတဲ့အာဆီယံက မင်းသားခေါင်းဆောင်ထားတဲ့ဘီလူးပါဘဲ။
အာဆီယံစွမ်းဆောင်ချက်ကြောင့်မြန်မာပြည်သူယနေ့အချိန်ထိဘာအကျိုးရှိခဲ့သလဲ၊ မြန်မာပြည်သူတွေ တောင်းစားရောင်းစားခံရတာက အာဆီယံရဲ့စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုလား
တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့စဉ် နာဂစ်မုန်တိုင်းတုန်းက အာဆီယံရဲ့အခန်းကဏ္ဍက ဖဲလိမ်ရိုက်ဖို့ကြိုးစားနေတဲ့ ဖဲသမားတယောက်လိုဘဲမဟုတ်ပါလား။ ဒီတော့ တို့ပြည်သူတွေ ဒီထက်မခံရစေဖို့ အာဆီယံရဲ့ အစမ်းသပ်ခံမှု တွေကြားထဲကရုံးထွက်ပြီး ကမ္ဘာမှာမြန်မာဟေ့ဆိုပြီး ခေါင်းမော့ကာ ရင်ကော့ပြီး နောင်လာနောက်သား ကောင်းစားစေရအောင် စစ်အာဏာရှင်စနစ်ဆုံးခန်းတိုင်စေဖို့ အားလုံးညီညီ ကိုယ့်ကျိုးလုံးလုံးမပါဘဲ အမျိုးသားရေးမို့ မြန်မာတိုင်းပူးပေါင်းပါဝင်ပြီး အားအင်အပြည့်နဲ့ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
ကမာမြေ

Comments :

0 comments to “အာဆီယံရဲ့ အစမ်းသပ်ခံမှုတွေထဲကရုံးထွက်စို့”