မြန်မာ ဘင်္ဂလားဒေ့ရှ် နေပိုင်နက်အငြင်းပွားမှုအခြေအနေ

နိုဝင်ဘာလ၊ ၄ ရက်၊ ၂၀၀၈။ ဘီဘီစီ
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ရေပိုင်နက်သတ်မှတ်မှု အငြင်းပွားတဲ့ကိစ္စကို ပြေပြေလည်လည် ဖြေရှင်းနိုင်ဘို့ဘင်္ဂလားဒေ့ရှ်ဘက်က အဆင့်မြင့်သံတမန်အဖွဲ့ဟာ အင်္ဂါနေ့ညမှာမြန်မာပြည်ကို သွားမဲ့အကြောင်း နိုင်ငံခြားရေးအတွင်းဝန်တစ်ဦးကဘီဘီစီကိုပြောပါတယ်။


ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်သင်္ဘော(ဓါတ်ပုံ Golden Colour)

နိုင်ငံခြားရေးအတွင်းဝန်ဦးဆောင်ပြီး အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ သံတမန်အဖွဲ့ဟာ ရန်ကုန်က မြန်မာနိုင်ငံခြားရေးဌာနက ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့
တွေ့ဆုံဘို့မျှော်လင့်နေပါတယ်။

တစ်ချိန်တည်းမှာဘဲ အငြင်းပွားနေတဲ့ဒီရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ်က နောက်ထပ်စစ်သင်္ဘောတစ်စင်း စေလွှတ်တယ်လို့ သတင်းတွေထွက်နေသလိုမြန်မာဘက်ကရေတပ်သင်္ဘော တွေလည်း အဲ့ဒီ့နေရာမှာ ရှိနေတယ်လို့သတင်းရရှိပါတယ်။
အဲ့ဒီ့ရေပိုင်နက်မှာ သဘာဝဓါတ်ငွေ့သိုက်တွေရှိတယ်လို့ ယူဆနေကြကာ မြန်မာဘက်ရှာဖွေတူးဖေါ်ဖို့ ကြိုးစားနေကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီပင်လယ်ပိုင်နက်ဟာ အငြင်းပွားစရာ ဖြစ်လို့ မြန်မာဘက်ကိုအရင်ကတည်းက ကန့်ကွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြန်မာသင်္ဘောတွေကို သူတို့ရေပိုင်နက်ထဲကျွံဝင်နေပြီလို့ဆိုကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒက္ကာမြို့မြန်မာသံရုံးက သံအမတ်ကြီးကိုဆင့်ခေါ်ကာ ပြန်ဆုတ်ပေးဘို့ ကန့်ကွက်ခဲ့ပါတယ်။

Comments :

0 comments to “မြန်မာ ဘင်္ဂလားဒေ့ရှ် နေပိုင်နက်အငြင်းပွားမှုအခြေအနေ”