နေပြည်တော် အရာရှိများ ၀န်ကြီးကို နေ့စဉ် ဘီယာငဲ့ပေးရ သစ်ပင်ရှင်အောင်မစိုက်သူအရာရှိကိုဝန်ကြီးကအလုပ်ဖြုတ်မည်

NEJ/ ၃ အောက်တိုဘာ ၂၀၀၈
နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့်သည် နေ့စဉ် ညနေ (၃) နာရီတိုင်း နေပြည်တော်မှာ ဂေါက်သီးကစားချိန် သို့မဟုတ် ဘိလိယက် ထိုးသည့်အချိန်များ၌ သတ္တုတွင်းဝန်ကြီးဌာန အရာရှိများကို ဘီယာငဲ့ဖို့ တာဝန်ပေးထားသည့်အတွက် အရာရှိများ မကျေမနပ် ဖြစ်နေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။
နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်တင်နိုင်သိန်းကလည်း လက်အောက်ခံ အရာရှိများကို အဓမ္မ သစ်ပင်စိုက်ခိုင်းရာတွင် အရာရှိတဦးချင်းအမည်ကိုပါ သစ်ပင်တွင်ချိတ်ဆွဲခိုင်းပြီး သစ်ပင်ရှင်အောင် မစိုက်နိုင်သည့် အရာရှိကို အလုပ်ဖြုတ်မည်ဟု ညွှန်ကြားချက် ထုတ်ထားသဖြင့် စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိများ မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

Comments :

0 comments to “နေပြည်တော် အရာရှိများ ၀န်ကြီးကို နေ့စဉ် ဘီယာငဲ့ပေးရ သစ်ပင်ရှင်အောင်မစိုက်သူအရာရှိကိုဝန်ကြီးကအလုပ်ဖြုတ်မည်”