အစိမ်းရောင်ပန်းဂေါ်ဖီသည် အဆုပ်ရောဂါကိုကာကွယ်ပေးနိုင်သည်။

COPD ရောဂါသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ဗြိတိန်နိုင်ငံ သား ၃၀၀၀၀ အား အသက်ဆုံးရှုံးစေခဲ့သည့် ရောဂါလည်းဖြစ်သည်။
အမေရိကန် သိပ္ပံပညာရှင်များသည် Sulforapane တိုးပွားခြင်းကြောင့် အဆုတ်ဆဲလ်အတွင်းရှိ NRF2 မျိုးဗီဇလှုပ်ရှားကာ အဆိပ်အတောက်ကြောင့် ပျက်စီးမည့်ဆဲလ်များအား ကာကွယ်မှုပြုကြောင်း တွေ့ရှိခဲ့သည်။ အလားတူပင် ပန်းဂေါ်ဖီစိမ်းသည် ဆီးချိုရောဂါကြောင့် သွေးကြောများပျက်စီးမှုကို ကာကွယ်ကြောင်း တွေ့ရှိခဲ့သည်။ ပန်းဂေါ်ဖီစိမ်းကဲ့သို့ပင် Brassica ဟင်းသီးဟင်းရွက်များသည် နှလုံးရောဂါနှင့်လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးကြောင်း တွေ့ရှိခဲ့ကြသည်။ John Hopkins ဆေးကျောင်းမှ သုတေသနအဖွဲ့ကလည်း ဆေးလိပ်သမားများတွင်ရှိ NRF2 မျိုးဗီဇလှုပ်ရှားမှု နှေးကွေးနေခြင်းကို တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ သူတို့၏အဆိုအရ NRF2 မျိုးဗီဇသည် ဆဲလ်များကို ပျက်စီးစေနိုင်သောအဆိပ်အတောက်နှင့် အညစ်အကြေးများ ကို နည်းလမ်းစုံဖြင့် ဖယ်ရှားပေးသည့်တာဝန်ကို ထမ်းဆောင်ကြသည်ဟု ဆိုသည်။
Flower News Journal

Comments :

0 comments to “အစိမ်းရောင်ပန်းဂေါ်ဖီသည် အဆုပ်ရောဂါကိုကာကွယ်ပေးနိုင်သည်။”