ဥပဒေနဲ့မညီတဲ့ ထောင်တွင်းတရားစီရင်မှု ဆန့်ကျင်လို့ ရဲတပ်တွေကအကြမ်းဖက်နှိမ်နှင်း

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က အင်းစိန်အကျဉ်းထောင်တွင်း သီးသန့်တရားရုံးမှာ အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင် ကိုသန့်စင်မျိုးနဲ့အဖွဲ့က
နိုင်ငံရေးအကျဉ်းသားတွေရဲ့အခွင့်အရေးရဖို့ ဆန္ဒပြခဲ့ကြတာကို ရဲဝန်ထမ်းတွေက အကြမ်းဖက်ဖိနှိပ်ခဲ့ပါတယ်။ ထောင်တွင်းတရားစီရင်မှုတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးတရားခွင်ထဲကို တရားသူကြီးရောက်ရှိချိန်မှာ သူတို့က မတ်တပ်ရပ်ကျော်ခိုင်း ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲတွေက တရားရုံးထဲဝင်ရောက် နှိမ်နှင်းခဲ့တယ်လို့ ကိုသန့်စင်မျိုးရဲ့အကိုဖြစ်သူ ကိုသန့်ဇင်ဦးကပြောပါတယ်။
RFA

Comments :

0 comments to “ဥပဒေနဲ့မညီတဲ့ ထောင်တွင်းတရားစီရင်မှု ဆန့်ကျင်လို့ ရဲတပ်တွေကအကြမ်းဖက်နှိမ်နှင်း”