မြန်မာစစ်သင်္ဘောများ အငြင်းပွားရေပိုင်နက်မှ ပြန်ဆုတ်ခွာ

Agencies/ ၆ နိုဝင်ဘာ ၂၀၀၈
လေးရက်ကြာ နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားနေမှုကြောင့် ဘင်္ဂလားဒက်ရှ်ရေတပ်သဘောင်္များနှင့် ထိပ်တိုက်အနေအထား ပြင်ဆင်ထားသည့် မြန်မာစစ်သင်္ဘော (၂) စင်း ယနေ့ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ရေတပ်အကြီး တမ်းအရာရှိကပြောသည်။
“ဒီလိုလုပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ အခုဆိုရင် တင်းမာမှု နည်းနည်းပဲ ကျန်ပါတော့တယ်။ အဲဒီဧရိယာထဲမှာ ဓါတ်ငွေ့တူးဖော်ရှာဖွေရေး လုပ်ငန်းတွေလုပ်နေတဲ့ တခြား သင်္ဘော (၄) စင်းလည်း ပြန်ဆုတ်သွားဖို့ ပြင်ဆင်နေ ပါပြီ။ သူတို့ရဲ့ တူးဖော်မှုတွေကို ရပ်တံ့လိုက်ပြီဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါ ဘင်္ဂလားဒက်ရှ် ရေတပ်အရာရှိက ပြောသည်။
အငြင်းပွားနေသည့် ပင်လယ်ဧရိယာအတွင်းမှ တူးဖော်ရှာဖွေရေး လုပ်ငန်းဆောင်နေသော အဆိုပါသင်္ဘောများ ဆုတ်ခွာပြီး သည်နှင့် ၎င်းတို့၏ရေတပ်သင်္ဘောများလည် ချက်ချင်းပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး Iftekhar Ahmed Chowdhury သည် နှစ်ဖက်ဖြစ်ပွားနေသည့် ရေပိုင်နက်ပြဿနာဆွေးနွေး ရန် မြန်မာနိုင်ငံသို့ ယနေ့ထွက်ခွာသွားခဲ့သည်။
ခေတ်ပြိုင်

Comments :

0 comments to “မြန်မာစစ်သင်္ဘောများ အငြင်းပွားရေပိုင်နက်မှ ပြန်ဆုတ်ခွာ”