Blogger နေဘုန်းလတ်ကို နှစ်(၂၀)ကျော်ထောင်ဒဏ်ချမှတ်

၁၀၊ နိုဝင်ဘာလ ၂၀၀၈။
အင်းစိန်ထောင်မတရားရုံးက Blogger နေဘုန်းလတ်(ခ)နေမျိုးကျော်အား ယနေ့ မတရားဆွဲဆိုထားသော ပုဒ်မ၅၀၅ (ခ)နှင့် ထောင်ဒဏ် (၂) နှစ်ပုဒ်မ ၃၂ (ခ) ၃၆နှင့် ထောင်ဒဏ် (၃)နှစ်(၆)လ အီလက်ထရွန်းနစ်ပုဒ်မနှင့် ထောင်ဒဏ် (၁၅)နှစ် စုစုပေါင်း ထောင်ဒဏ် အနှစ်(၂၀)နှင့် (၆)လကျခံစေရန် အင်းစိန်မြို့နယ်မတရားရေးရုံးမှ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်သည်။ နေဘုန်းလတ်သည် NLD လူငယ်ပါတီဝင်တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံး မတရားဖမ်းဆီးခြင်းခံရသည့် Blogger တစ်ဦးဖြစ်သည်။
(ဦးကုလား)

Comments :

0 comments to “Blogger နေဘုန်းလတ်ကို နှစ်(၂၀)ကျော်ထောင်ဒဏ်ချမှတ်”