ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လကြတ်မည်။

၃၁ ဇန္န၀ါရီ ၂၀၀၉။
၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လကြတ်မည်ြဖစ်ြပီး အဆိုပုပါလကြတ်ခြင်းကို မြန်မာနိုင်ငံမှ မြင်ရ မည်ြဖစ်ကြောင်း အမေရိကန်အာကာသ သိပံ္ပံနာဆာ၏ ထုတုတ်ြပန်ချက်အရသိရိရသည်။
၂ဝဝ၉ ခုနုနှစှစ် အကွက် ၄ ကြိမ်တိုင်တိုင် လကြတ်ရန်ရှိနေပြီး ယခုဖေဖော်ဝါရီလီလ ၉ ရက်နေ့သည် ပထမဆုံးလကြတ်ြခင်းဖြစ်သ်သည်။ ၂ဝဝ၉ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လကြတ်မည့်အချိန်မှာ မြန်မာစံတော်ချိန် ည ၉း ၁၅ နာရီ ဖြစ်ပြီး လအပေါ်ခြမ်းပဲ့သွားသကဲ့သို့မြင်ရလိမ့်မည်ဟုဆိုသည်။ ၂ဝဝ၉ ခုနှစ်အတွင်း နောက်ထပ်လကြတ်မည့်ရက်များမှာ ဇူလိုင်လ ၇ရက်၊ သြဂုတ်လ ၆ ရက်နှင့် ဒီဇင်ဘာလ ၃၁ ရက်တို့ဖြစ်သည်။ နက္ခတ်ပညာရှင်များက ဖေဖော် ဝါရီလ လကြတ်ချိန်တွင် ကြတ်ခံရသည့်လမှာ ၁ဝ တန့်သခင်ဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ကြတ်မည့်လမှာလွတ်လပ်ရေးဇာတာ၏ တနင်္ဂနွေဂြိုဟ်ပေါ်တွင် ဖြစ်သည်ဟုဆိုသည်။
The Voice

အပြည့်အစုံ...>>

မီးပျက်၍ အိမ် ၂ လုံး မီးလောင်

၃၀ ဇန္န၀ါရီ ၂၀၀၉၊ အောင်သက်ဝိုင်း(ဧရာဝတီ)
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ပိန္နဲကုန်းရပ်ကွက်တွင် ယမန်နေ့ ည က လျှပ်စစ်မီးမလာ၍ ဖယောင်းတိုင် ထွန်းရာ မှတဆင့် အိမ် ၂ လုံးမီး လောင်ခဲ့ကြောင်း ဒေသခံများကပြော သည်။အင်းစိန် ပိန္နဲကုန်း သရက်ခြံ ၅ လမ်းတွင် ည ၇း၅၀ နာရီ ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက် နီးပါး လောင် ကျွမ်းခဲ့ကြောင်း၊ မီးသတ်ကားများနှင့် ရပ်ကွက်နေလူထု ပူးပေါင်းငြှိမ်းသတ်မှုကြောင့် ည ၈ နာရီ ကျော်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
"ပိန္နဲကုန်းက အိမ်ခြေတအားစိတ်တယ်၊ ရပ်ကွက်နေလူတွေနဲ့ မီးသတ်တွေ အချိန်မီ မီးကို နိုင်လို့၊ မဟုတ်လို့ ကတော့ ၂၀၀၅ ခုနှစ်က လှိုင်မှာလောင်တဲ့ မီးလို တရပ်ကွက်လုံး လောင်မှာ"ဟု ပိန္နဲကုန်း သရက်ခြံ ၅ လမ်းနေ အိမ်ရှင်မတဦးက ပြောသည်။အဆိုပါ မီးလောင်မှုသည် ဖယောင်းတိုင်မီးကြောင့် ဖြစ်သော်လည်း လျှပ်စစ်မီးမလာ၍ ဖယောင်းတိုင် ထွန်းရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အစိုးရက လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သည့်အတွက် ရန်ကုန်မြို့ခံ များမှာ ထင်းမီးဖြင့် ထမင်းဟင်းချက်ပြုတ်ရာမှလည်းကောင်း၊ ညအချိန် ဖယောင်းတိုင်မီးထွန်းရာမှလည်းကောင်း မကြာ ခဏဆိုသလို မီးလောင်မှုများ ဖြစ်ပွားလျက်ရှိကြောင်း အင်းစိန်မီးသတ် တပ်ဖွဲ့ဝင် တဦးက ပြောသည်။ရန်ကုန်မြို့တွင် ဆောင်းနှင့်နွေ အပါအ၀င် ပွင့်လင်း ရာသီတခုလုံး လျှပ်စစ်ဓာတ်အား အလှည့်ကျသာပေးမည်ဖြစ် ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်ကို လျှပ်စစ်မီးပေးရာတွင် အုပ်စုခွဲပေးနေပြီး တအုပ်စုလျှင် ၆ နာရီ မီးပေး၊ ၆ နာရီမီးဖြတ် စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပေးဝေနေကြောင်း သိရှိရသည်။ယင်းသို့ လျှပ်စစ်ဓာတ်အားပေးဝေမှု အလှည့်ကျစနစ် အသုံးပြုရခြင်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်ရုံ များတွင် ရေရရှိမှုလျော့ကျခြင်းနှင့် သဘာဝဓာတ်ငွေ့ ဖိအားလျော့ကျခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်း ၂၂ ခုရှိပြီး ဆက်လက်အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်း ၁၅ ခုရှိကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၏အဆိုကို ကိုးကား ၍ ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ဖော်ပြထားသည်။

အပြည့်အစုံ...>>

စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း

၃၀ ဇန္န၀ါရီ ၂၀၀၉ NEJ
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။
လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။
၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

အပြည့်အစုံ...>>

ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ

၂၉ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
ထိုင်းနိုင်ငံကို တရားမ၀င် ရေလမ်းကနေ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အကဲခတ် စုံစမ်းဖို့အတွက် ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ထိုင်းအစိုးရက ပထမဆုံးအကြိမ်အဖြစ်နဲ့ ခွင့်ပြုလိုက်ပါတယ်။ ဒီကနေ့ပဲ UNHCR က တာဝန်ရှိသူတွေ ဒုက္ခသည်တချို့ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံကိုတော့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အနောက်တောင်ဘက်က အန်ဒမန်ပင်လယ်ထဲမှာ ထိုင်းရေတပ်က ဖမ်းဆီးမိပြီး ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၇၈ ယောက်ထဲက တချို့ကို ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံခဲ့တာပါ။ ဒီကနေ့မှာပဲ ပထမဆုံး အသုတ်အဖြစ်နဲ့ ငယ်ရွယ်သူတချို့ကို မေးမြန်းစုံစမ်းတာတွေ လုပ်ခွင့်ရခဲ့တယ်လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရအမျိုးသမီး ကစ်တီ မက္ကင်းဇီး (Kitty McKensey) က ပြောပါတယ်။
“ကျမတို့ အခုပဲ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား လူငယ် ၁၂ ယောက်ကို မေးမြန်းစုံစမ်းတာတွေလုပ်ပြီး ပြန်လာတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ညတုန်းက ထိုင်းရေတပ်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာ ၇၈ ယောက်ကို တွေ့ဆုံစကားပြောဆိုခွင့် တောင်းခံထားတာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရနေပါတယ်။ ကျန်တဲ့လူတွေကိုလည်း ဒီလိုပဲ တွေ့ဆုံနိုင်အောင်လို့ အသေးစိတ် အချက်အလက်တွေကို ဆက်ပြီးဆောင်ရွက်နေပါတယ်။”
အစောပိုင်းမှာတုန်းက ပင်လယ်ပြင်မှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေကို ထိုင်းစစ်တပ်က အနိုင့်အထက် ပြုမူဆက်ဆံတာတွေ ရှိခဲ့တယ်၊ တချို့ဆိုရင်လည်း ပယ်လယ်ပြင်မှာ သေကျေဆုံးပါးတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး စိုးရိမ်ပူပန်သံတွေနဲ့အတူ UNHCR က ဒီလူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တာပါ။ အခုနောက်ဆုံး ရိုဟင်ဂျာတချို့နဲ့ တွေ့ဆုံခွင့်ရတယ်ဆိုပေမယ့် အားလုံးနဲ့တွေ့ဆုံပြီး အချက်အလက်တွေ ရယူခွင့် ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထိုင်းအစိုးရ အနေနဲ့ကတော့ ပိတ်ပင်တားဆီးစရာ မရှိတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးနဲ့ UNHCR ရဲ့ တောင်အာရှရေးရာ တာဝန်ခံ မစ္စတာ ရေမွန် ဟောလ် (Mr Raymond Hall) တို့နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒီမနက်ပိုင်းမှာပဲ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးက UNHCR ရုံး တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တာပါ။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ပြောတာကတော့ ဒီလို သွားရောက်လေ့လာ အကဲခတ်ဖို့ UNHCR ကို ခွင့်မပြုနိုင်စရာ ဘာပြဿနာမှ မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လို့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေ၊ ဘယ်လိုလုပ်ကိုင်သွားမယ် ဆိုတာမျိုးတွေကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလုပ်ကိုင်သွားရမှာပါ။”
တကယ်တော့ ထိုင်းအစိုးရက ဒီလူတွေဟာ စီးပွာရေးအခြေအနေအရ ရွှေ့ပြောင်းလာသူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာ အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ထွက်ပြေးလာသူတွေ မဟုတ်ကြတဲ့အတွက် ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဒုက္ခသည်တွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့လည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီတပတ်ထဲမှာပဲ ပြောဆိုခဲ့တာပါ။ အခုဆိုရင်လည်း ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို တရားမ၀င် နိုင်ငံတွင်း ၀င်ရောက်မှုနဲ့ တရားရုံးတင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရိုဟင်ဂျာတွေအပေါ် UNHCR ကရော ဘယ်လိုသဘောထားမှာပါလဲ။
“လတ်တလောမှာတော့ ဘာမှ သုံးသပ် ဆုံးဖြတ်ချက် မချသေးပါဘူး။ အချက်အလက်ရှာဖွေတဲ့ ခရီးစဉ်ပဲ ရှိပါတယ်။ လတ်တလောမှာတော့ သူတို့အခြေအနေ ဘယ်လိုရှိတယ်၊ သူတို့ဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်၊ ဘယ်ကလာကြတယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ပြောဆိုတာတွေပဲ ရှိပါသေးတယ်။ ဒီက စုံစမ်းတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ကတော့ သတင်းမီဒီယာတွေကို မပြောခင်မှာ ထိုင်းအစိုးရနဲ့ ပြန်ပြီး ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ အခုတပတ်အတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသံရုံးတာဝန်ခံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက သံအမတ်ကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးခဲ့တာပါ။ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းသွားနိုင်ဖို့ အတွက်ကိုလည်း ဒီ ၆ နိုင်ငံ ပါဝင်မယ့် ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံက ကမကထလုပ် ကျင်းပဖို့ ထိုင်းအစိုးရဘက်က အဆိုပြုခဲ့ပြီး ဒါကိုလည်း ကျန်နိုင်ငံတွေက ကြိုဆိုခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုနေတာမျိုးတွေ ရှိမရှိ UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ကစ်တီ မက္ကင်းဇီးကို မေးကြည့်ပါတယ်။
“ကျမတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးရှိပါတယ်။ အစိုးရနဲ့လည်း အကြောင်းအရာ အတော်များများနဲ့ ပတ်သက်လို့ အစဉ်အမြဲဆိုသလို ပြောဆိုနေတာတွေ ရှိပါတယ်။”
UNHCR ရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရ အမျိုးသမီး ကစ်တီ မက္ကင်းဇီး ပြောပြသွားတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရကတော့ ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်မှုတွေ ရှိနေပြီးတော့ ထိုင်းနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့နှစ်တွေကစလို့ တရားမ၀င် ၀င်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းချေ ၂၀,၀၀၀ လောက်အထိ ရှိနေပြီလို့လည်း ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းသွားဖို့နဲ့ စနစ်တကျ ကိုင်တွယ်သွားဖို့အတွက် သုံးစွဲစရာ ငွေကြေးလည်း လိုအပ်လိမ့်မယ်ဆိုပြီး ဒီကနေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

အပြည့်အစုံ...>>

အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ

၂၉ ဇန္န၀ါရီ ၂၀၀၉။ NEJ
ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းတာ၊ သင်္ဘောက ကမ်းကနေ ထွက်ပြီ။ ပြန်ကပ်ခိုင်းပြီး ဖမ်းလိုက်တာ။ နဂိုကတော့ ဒီလိုပဲ ဆိပ်ကမ်းရဲ၊ ကျနော်တို့ မူးယစ်အထူးအဖွဲ့က လူကြီးတွေနဲ့ အပေးအယူလုပ်ပြီး ထွက်နေကြလို့ ပြောကြတယ်။ ကျနော်တို့ကတော့ အထက်က ဖမ်းဆို ဝင်ဖမ်းတာပဲ၊ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် သင်္ဘောမှာ KOTA TEGET ဟု အမည်ရသည့် သင်္ဘောဖြစ်ပြီး ACL သင်္ဘောလိုင်းမှဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သင်္ဘောသားအချို့နှင့် သင်္ဘောတာဝန်ရှိသူများကို ဆိပ်ကမ်းရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စ မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အခြားအရာရှိတဦးကို မေးမြန်းကြည့်ရာ ၎င်းက ယခင်က မြန်မာနိုင်ငံကထွက်သည့် ဘိန်းဖြူများမှာ ထိုင်းနယ်စပ်မှတဆင့် ကမ္ဘာ့ဈေးကွက်ဆီသို့ ရောက်ကြောင်း၊ ထိုင်းနိုင်ငံတွင် တပ်ဆင်အစိုးရ တက်လာပြီးနောက်ပိုင်း မူးဆေးဝါးကိစ္စ ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်း၊ မြန်မာနိုင်ငံ နယ်စပ်များကို တင်းကြပ်ခြင်းတို့ လုပ်လာသည့်အတွက် ရေလမ်းကြောင်း အသုံးပြုကာ ရန်ကုန်မှ စင်ကာပူဘက်ထွက်ပြီး နိုင်ငံတကာ ရေပိုင်နက်အရောက်၌ နိုင်ငံခြားသင်္ဘောပေါ် ပြောင်းတင်ပေးသည့်နည်းကို ကျင့်သုံးခဲ့ကြကြောင်း၊ အဆိုပါ လမ်းကြောင်းဖြင့် နိုင်ငံတကာသို့ ဘိန်းဖြူမြောက်မြားစွာ၊ အခေါက်ပေါင်းများစွာ တင်ပို့ခဲ့သော်လည်း မည်သည့်ပြဿနာမှ မပေါ်ခဲ့ကြောင်း ပြောသည်။
သို့သော် ပြီးခဲ့သည့်ကာလက စက်လှေတစ်စီးအတွင်း လူသတ်မှုဖြစ်ရာမှ မြန်မာ့မူးယစ်ဆေးဝါး ကုန်ကူးမှု သမိုင်း၌ ပမာဏအများဆုံး ဘိန်းဖြူဖမ်းဆီးမှုကြီး ပေါ်ပေါက်ခဲ့ပြီး အဆိုပါအမှုသည်လည်း မူးယစ်အဖွဲ့များက စုံစမ်း၍့ ရခြင်းမဟုတ်ဘဲ လူသတ်မှုကြောင့် မီးခိုးကြွက်လျှောက် ပေါ်သွားသည့် အမှုဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောသည်။
၎င်းက “မိမိတို့ မူးယစ်အထူးအဖွဲ့တွေဆိုတာ အောက်ခြေ မူးယစ်ဆေးဝါး သုံးစွဲသူတွေလောက်ကိုသာ ဖမ်းဆီးနိုင်ပြီး ကျန်တာတွေကတော့ အထက်က အမိန့်မပေးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိကြောင်းလည်း” ဆက်ပြောသည်။
ယခုပြဿနာမှာ လာဘ်ပေးလာဘ်ယူ မတည့်မှုပြဿနာက စပြီး ဖမ်းဆီးရသည်အထိ ဖြစ်သွာခြင်း ဖြစ်နိုင်ကြောင်း၊ ယခင် အေးရှားဝေါလ် ဆိပ်ကမ်းကနေ ဘိမ်းဖြူပမာဏ မည်မျှ ထွက်သွားသည်ကို မည်သူမျှ မသိနိုင်ကြောင်း စသဖြင့် ရှင်းပြသည်။ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာပြည်တွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အပြည့်အစုံ...>>

ချင်းဒေသ လူ့အခွင့်အရေး ချိုးဖောက်ခံရဆဲ

၂၉ ဇန္န၀ါရီ ၂၀၀၉။ ဧရာဝတီ

ချင်းလူမျိုးများ အပေါ် လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများကို ရပ်တန်းကရပ်ရန် တောင်းဆိုထားသည့် အစီရင်ခံစာ တစောင်ကို အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ၉၃ မျက်နှာရှိ “မေ့ဖျောက် ခံထားရသည့် ဘ၀များ” အစီရင်ခံစာတွင် ချင်းပြည်နယ် အတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်းနှင့် ဘာသာရေးအရ ဖိနှိပ်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စားဝတ်နေရေး အကြပ်အတည်း များကြောင့် ရာနှင့်ချီသော ဒေသခံများသည် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဘက်ရှိ မီဇိုရမ် ပြည်နယ်ဘက်သို့ ထွက်ပြေးလာကြကြောင်း ဖော်ပြထားသည်။လတ်တလော ပြန်လည် ဖွဲ့စည်းထားသည့် မီဇိုရမ်ပြည်နယ် အစိုးရအနေဖြင့် ၎င်း ချင်းတိုင်းရင်းသားများကို ကာကွယ် ပေးရန်လည်း HRW က တောင်းဆိုထားသည်။
ထို့အပြင် ချင်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်မတော် (CNA) ကလည်း ဒေသခံ ရွာသားများထံမှ အဓမ္မ ခြိမ်းခြောက် ငွေကြေး ကောက်ခံ ခြင်းများ၊ အကြမ်းဖက် ရိုက်နက်ခြင်းများ ရှိသည်ဟု HRW ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၎င်း ဖော်ပြချက်နှင့် ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး (CNF) အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးက မမှန်ကန်ကြောင်း ငြင်းဆိုသည်။ “သူတို့ အစီရင်ခံစာအရ ၂၀၀၅ ကနေ ၂၀၀၈ အထိ ကောက်ခံ ထားတယ်လို့ ပြောပါတယ်၊ နောက်ဆုံး တိုးတက်မှုကိုလည်း ဖော်ပြသင့်ပါတယ်၊ ကျနော်တို့ အနေနဲ့ ရွာသားများ အပေါ် ခြိမ်းခြောက်ပြီး ငွေကောက်ခံမှု မလုပ်ပါဘူး၊ အလှူငွေ ကောက်ခံမှုပဲ လုပ်ပါတယ်၊ ဒီအလှူငွေ ကောက်ခံတာကိုလည်း ပြည်တွင်း အစာငတ်မှုတွေ၊ စီးပွားရေး ကြပ်တည်းမှု တွေကြောင့် ကျနော်တို့ အနေနဲ့ ၂၀၀၈ ခုနှစ်ကစပြီး မလုပ်တော့ပါဘူး၊ ဒါနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ထားပြီးပါပြီ” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ ချင်းတိုင်းရင်းသားများသည် မီဇိုရမ် ပြည်နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့သော်လည်း မီဇိုရမ် ဒေသခံများနှင့် ဒေသခံ အာဏာပိုင်များက ၎င်းတို့အပေါ် ခွဲခြား ဆက်ဆံခြင်းများနှင့် မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်ခြင်းများ ပြုလုပ်သည်ဟု ယင်း အစီရင်ခံစာတွင် ပါရှိသည်။ HRW အစီရင်ခံစာအရ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း နယ်စပ် ဖြတ်ကျော်ပြီး မီဇိုရမ်သို့ သွားရောက် အရောင်း အဝယ် ပြုလုပ်သည့် ချင်းဒေသခံ ကုန်သည်တချို့နှင့် မီဇိုရမ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် လာသော ချင်းလူမျိုးပေါင်း ၁၄၀ ကို မေးမြန်း ဆက်သွယ်ထားဟု သိရသည်။ ပြီးခဲ့သည့် နှစ်အတွင်း ဝါးပွင့်များကို စားသောက်သည့် ကြွက်များက လယ်ယာ စိုက်ခင်းများထဲတွင် ဝင်ရောက် ဖျက်ဆီးမှုကြောင့် ရိက္ခာရှားပါးကာ ဒေသခံ လူပေါင်း ၇ သောင်းကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် နယူးဒေလီ ဘက်သို့ ထွက်ပြေးလာခဲ့ ကြရသည်။ ထိုသို့ ရိက္ခာရှားပါး၍ အစာငတ်မွတ် မှုကြောင့် ကလေးပေါင်း ၃၀ ကျော် သေဆုံးခဲ့ ကြောင်းလည်း ပြည်ပအခြေစိုက် ချင်းလူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ထားသည်။ ယခု လတ်တလော၌ အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် ချင်းတိုင်းရင်းသား ၇၅၀၀၀ ခန့် နေထိုင်လျှက်ရှိပြီး နယူးဒေလီ တွင်လည်း နေထိုင်သူ ထောင်ဂဏန်း ရှိကြောင်း၊ ချင်းတိုင်းရင်းသား များသည် ရွှေ့ပြောင်း လုပ်သားများ အဖြစ် မလေးရှား နိုင်ငံအပါအဝင် အမေရိကန်နှင့် ကနေဒါ နိုင်ငံများသို့ ထောင်နှင့်ချီကာ သွားရောက် လုပ်ကိုင် ကြသည်များလည်း ရှိကြောင်း သိရသည်။

အပြည့်အစုံ...>>

“လူလည်အာရှသား” စာနယ်ဇင်းများနှင့်တွေ့ဆုံမည်

၂၉ ဇန္န၀ါရီ ၂၀၀၉။


တေးရေးတစ်ဦးအနေနှင့် အစပြုပြီး စာရေးဆရာအဖြစ်ပါ အနုပညာလောကတွင် နာမည်ထင်ရှားလာခဲ့သော အရိုးက ကိုယ်တိုင်လည်း သီချင်းဆိုပြီး စီးရီးထုတ်မည်ဟု သိရသည်။ “လူလည်အာရှသား”ဟု အမည်ပေးထားသော အဆိုပါ တေးစီးရီးသစ်ကို အကြည်တော်၏ “ဂီတကဗျာ” Music Productionမှ တာဝန်ယူ ထုတ်လုပ်သွားမည်ဖြစ်သည်။ အရိုးက “ကျွန်တော့်သီချင်းတွေရဲ့ အဓိကရည်ရွယ်ချက်က Accustical Music Instrumentစစ်စစ်တွေကို Modern Musicနဲ့ တပေါင်းတစည်းတည်း တွဲပြီးတော့ ခံစားစေချင်လို့ပါ။ သီချင်းလေးတွေကတော့ ကျွန်တော်အားသန်တဲ့ ပုံစံအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ စီးရီးမှာ Titleပေးထားတဲ့အတိုင်း အာရှသားတွေရဲ့ Musicပုံစံကို ခင်းပြချင်လို့ ကျွန်တော် ကြိုးစားထားတာပါ။ ပြောရမယ်ဆိုရင် သမားရိုးကျ ပုံစံတွေကနေတော့ ခွဲထွက်သွားမယ် ထင်ပါတယ်”ဟု Planetသို့ ပြောကြားသွားသည်။ တေးစီးရီးတွင် အရိုးကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားသော သီချင်း(၁၃)ပုဒ် ပါဝင်မည်ဖြစ်သည်။
၎င်း၏သီချင်းများကို နှစ်သက်သည့် ပရိသတ်အင်အား အခိုင်အမာ ရရှိထားသည့် အရိုး၏ စီးရီးသစ်အား ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၆)ရက်နေ့အတွင်း Excellentမှ စတင်ဖြန့်ချိသွားမည်ဖြစ်သည်။ ထို့အပြင် အရိုး၏ စာပေလှုပ်ရှားမှုနှင့် ပတ်သတ်ပြီး တီးခေါက်ကြည့်ပြန်ရာ ဖေဖော်ဝါရီလ၊ တတိယပါတ်လောက်တွင် နောက်ထပ်စာအုပ်တစ်အုပ် ထပ်မံထုတ်ဝေရန် ပြင်ဆင်နေကြောင်း သိရသည်။ “သေမင်းနှင့် နင်လားငါလား”ဟု အမည်ပေးထားသည့် စာစုလုံးချင်းတစ်အုပ် ထုတ်ဝေမည်ဖြစ်ပြီး Modern Storyပုံစံမျိုး ဖြစ်လိမ့်မည်ဟု အရိုးက ပြောဆိုသွားသည်။ “အမှတ်တရအနေနဲ့ရော၊ ကျွန်တော့်ဂီတအလုပ်တွေကို အားပေးနေတဲ့ ပရိသတ်တွေကိုပါ ကျေးဇူးတုန့်ပြန်ချင်လို့ သီချင်းခွေထုတ်ဖို့ စီစဉ်ဖြစ်သွားတာပါ။ နောက်ပိုင်းတော့ စာကိုပဲ ဦးစားပေးပြီး ရေးသွားတော့မှာပါ”ဟု အရိုးက Planetသို့ ပြောကြားသွားခဲ့သည်။ ဖေဖေါ်ဝါရီလဆန်းတွင် ထွက်ရှိလာမည့် အရိုး၏ “လူလည်အာရှသား” တေးစီးရီးသစ် စာနယ်ဇင်းတွေ့ဆုံမိတ်ဆက်ပွဲနှင့် ဂီတဖျော်ဖြေပွဲ စီစဉ်တင်ဆက်မှုကိုလည်း အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဟု သိရသည်။
နေ့ရက် - ၂၉-၁-၂၀၀၉ (ကြာဿပတေးနေ့)။
အချိန် - နေ့လည်(၁)နာရီမှ (၃)နာရီအထိ။
နေရာ - Mr. Guitar Café, ဆရာစံလမ်း။
(ပုလဲနက်)

အပြည့်အစုံ...>>

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများအကြောင်း မြန်မာဘာသာဖြင့်ဝက်ဘ်ဆိုက်လွှင့်တင်

၂၈ ဇန္န၀ါရီ ၂၀၀၉။
ကမ္ဘာတဝှမ်း ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည့် ရာသီဥတုဖြစ်စဉ်များကို မြန်မာဘာသာဖြင့် ဖော်ပြပေးထားသည့် “ဥတုရာသီပြောင်းခဲ့ပြီ” အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စ၍လွှင့်တင်ခဲ့ကြောင်း သိရသည်။ ထိုဝက်ဘ်ဆိုက်တွင် ရာသီဥတုနှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ၊ ရာသီဥတုပြောင်းလဲလာမှု လက္ခဏာများ၊ ရာသီဥတု ပြောင်းလဲလာရခြင်း အကြောင်းတရားများ၊ ပြောင်းလဲလာသည့် ရာသီဥတုကို ရင်ဆိုင်နိုင်ရန် ကြိုးပမ်းနေမှုများ စသဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ကမ္ဘာ့ရာသီဥတုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်လင့်ခ်များကိုလည်း ဖော်ပြပေးထားသည်။
http://www.changingclimate.asia/Default.aspx
“ဥတုရာသီပြောင်းခဲ့ပြီ” ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများကို တင်ပြပေးသူ “ကျော်ဦး”သည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့နှင့် နယ်သာလန်နိုင်ငံ ဟိုက်ဒရောလစ်နှင့် ပတ်ဝန်းကျင်ရေးရာ အင်ဂျင်နီယာတက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာတို့ကို ရရှိခဲ့သူဖြစ်သည်။ ရေပေးဝေရေးနှင့် သန့်ရှင်းရေးအင်ဂျင်နီယာအဖြစ် နှစ်ပေါင်း(၂၀)ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ စာနယ်ဇင်းများတွင် ၁၉၆၈ ခုနှစ်မှ စ၍ သိပ္ပံဆိုင်ရာဆောင်းပါးများ ရေးသားခဲ့ပြီး ယခုထက်တိုင်လည်း ရေးသားနေဆဲဖြစ်ပြီး ဆောင်းပါးပုဒ်ရေ(၃၀၀)ခန့် ဖော်ပြပါရှိခဲ့သည်။ သိပ္ပံဆိုင်ရာ စာအုပ်နှစ်အုပ်ကိုလည်း ရေးသားခဲ့ပြီး “အနန္တစကြဝဠာ၏အနားစွန်းပေါ်သို့” စာအုပ်သည် ၂၀၀၃ ခုနှစ်အတွက် အမျိုးသားစာပေ(ရိုးရိုးသိပ္ပံ) ဆုကိုလည်းကောင်း၊ “နေသူရိန်၏အရှိန်အဝါအောက်မှာ” စာအုပ်သည် ၂၀၀၆ ခုနှစ်အတွက် အမျိုးသားစာပေ(ရိုးရိုးသိပ္ပံ) ဆုကိုလည်းကောင်း ရရှိခဲ့သည်။ “တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာဖြစ်သော ရာသီဥတုပြောင်းလဲမှုအကြောင်း အခြေခံသိပ္ပံမှ နောက်ဆုံးဖြစ်ထွန်းမှုအထိ”ဟု ဝက်ဘ်ဆိုက်တွင် ညွှန်းဆိုထားသည်။
myanmar planet

အပြည့်အစုံ...>>

၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေးနွေးမှာမဟုတ်

၂၈ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို လာမယ်ဆိုရင် မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာမဟုတ်တဲ့အကြောင်း အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။
မစ္စတာဂမ်ဘာရီက အန်န်အယ်လ်ဒီကို အကြောင်းကြားထားတဲ့စာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမယ့် အကြောင်းအရာထဲမှာ ထည့်သွင်းထားပါတယ်။ ဒီအချက်က ဆွေးနွေးမယ့်အကြောင်းအရာ မဟုတ်ဘူးလို့ ဦးဝင်းတင်က ဗွီအိုအေကို ပြောပါတယ်။

“မစ္စတာဂမ်ဘာရီ လာမယ်ဆိုရင် သူက ဒီနေ့အထိ ကျနော်တို့ အန်န်အယ်လ်ဒီနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အခုထိ သူ့ရဲ့စကားက သူ နဂိုတုန်းက သယ်ဆောင်လာခဲ့တဲ့ အချက် ၅ ချက်ပေါ့၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ စီးပွားရေးကိစ္စ၊ ရွေးကောက်ပွဲသန့်ရှင်းရေး စတဲ့ အချက် ၅ ချက်ကို တင်လာတယ်။ ကျနော်တို့ဘက်က ရွေးကောက်ပွဲ သန့်ရှင်းရေးကိစ္စကို ပယ်ပြီးသား၊ ပစ်ပြီးသားဗျ။
“ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဆိုတာ မစဉ်းစားရင် ရွေးကောက်ပွဲဆိုတာလည်း ကျနော်တို့က လုံးဝမစဉ်းစားဘူး၊ လုံးဝ ခေါင်းထဲမှာထည့်ပြီး မပြောဘူး။ ဒီဟာကို လာပြီး သန့်ရှင်းဖို့တို့ ဘာတို့ ပြောစရာအကြောင်းကို မရှိဘူး။ ကျနော်တို့က ပယ်ပြီးသား။ တကယ်ပြောရင် မစ္စတာဂမ်ဘာရီ လာရမှာ ၄ ချက်ပဲရှိတော့တယ်။ မူလခရီးစဉ်ရဲ့ အစီအမံနဲ့ ၄ ချက်၊ သူက အခု ကျနော်တို့ဆီကို စာရေးတဲ့အခါ ၅ ချက်ဆိုပြီး ရေးတဲ့အခါကြတော့ ကျနော်တို့အဖို့ကတော့ အဓိပ္ပာယ်မရှိဘူး။”
မစ္စတာဂမ်ဘာရီနဲ့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ တွေ့ဆုံမယ်ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့လည်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေလည်း တွေ့ဆုံခွင့်ပေးရမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီအချက်က ကြိုတင်သတ်မှတ်ချက်တခုလို့ သူက အခုလိုပြောပါတယ်။
“ကျနော်တို့ အခု ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဂမ်ဘာရီနဲ့ တွေ့ဆုံဖို့အတွက် ကျနော်တို့ စီအီးစီအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုပါ၊ ခွင့်ပေးပါ၊ စီမံပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့သမျှကိစ္စ၊ ဂမ်ဘာရီနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှု၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်အကျိုးဆောင်မှု ဆိုတဲ့ကိစ္စတွေ အကုန်လုံးက သူတို့အတွက်ကတော့ ပြီးပြတ်နေပြီ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ် အသစ်တရပ်ကို ချမှတ်ဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ တွေ့ဆုံဖို့လိုတယ်၊ ဆွေးနွေးဖို့လိုတယ်၊ ညှိနှိုင်းဖို့လိုတယ်။ အဲဒါတွေ ညှိနှိုင်းဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီတွေ့ဆုံမှုက ကျနော်တို့နဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံမှုရဲ့ ကြိုတင်စီမံချက်တခုလို့ပဲ ပြောရမှာပဲ။”
မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အန်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အပြည့်အစုံ...>>

ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်။

၂၇ ဇန္န၀ါရီ ၂၀၀၉။ အေးချမ်းမြေ့။

ရိုဟင်ဂျာ ပြဿနာများကို ဖြေရှင်းရန် အတွက် မြန်မာ စစ်အစိုးရက ထိုင်းအစိုးရကို အကူအညီ ပေးလိမ့်မည် ဖြစ်ကြောင်း ထိုင်းဘုရင့် တပ်မတော် စစ်သေနာပတိချုပ် Songkitt Jaggabatara က ယနေ့ ပြောကြား လိုက်သည်။
မြန်မာစစ်သားများ လက်ချက်ဖြင့် ဒဏ်ရာရလာသော ရိုဟင်ဂျာများကို ထိုင်းသူနာပြုများက ကုသပေးနေစဉ် (ဓာတ်ပုံ - အေပီ)

ထိုင်း စစ်သေနာ ပတိချုပ်သည် မြန်မာစစ်အစိုးရ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ ၂၆ ရက်နေ့က နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ရိုဟင်ဂျာ ကိစ္စများကို ဖြေရှင်းရာတွင် မြန်မာ စစ်အစိုးရက ပါဝင်ကူညီမည်ဟု အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေနှင့် ရိုဟင်ဂျာများမှာ တရားဝင် မြန်မာတိုင်းရင်းသား မျိုးနွယ်စု ၁၂၀ အတွင်း မပါဝင်သည့် တိုင်အောင် ယင်းကိစ္စရပ်ကို ဖြေရှင်းရာတွင် ပါဝင်ကူညီသွားမည် ဖြစ်ကြောင်း ထိုင်း စစ်သေနာပတိချုပ် က TNA သတင်းဌာနသို့ ပြောသည်။မြန်မာပြည်မှ လှေဖြင့် ထွက်လာကာ ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေများသို့ အဆက်မပြတ် ဝင်ရောက်နေသည့် ရိုဟင်ဂျာများ၏ ပြဿနာကို မြန်မာ စစ်အစိုးရ အနေနှင့် ရေရှည်အတွက် မည်သို့ မည်ပုံကူညီ ဖြေရှင်းပေးမည် ဆိုသည်ကိုမူ ထိုင်းစစ်သေနာပတိက ပြောကြားခြင်း မရှိပေ။မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ် ဒေသများတွင် ရွှေ့ပြောင်း အခြေချသူများ များပြားနေသည်မှာ ထူးခြားထင်ရှားသည့် ဖြစ်ရပ်မဟုတ်ဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တခုသာ ဖြစ်ကြောင်း နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များက လက်ခံ ကြသည်။ထိုပြဿနာကို နှစ်နိုင်ငံ ဒေသအာဏာပိုင်တို့ ညှိနှိုင်း ဖြေရှင်းလိုက်လျှင် ပြေလည် သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ထိုင်း စစ်သေနာပတိ နှစ်ဦးစလုံး ယုံကြည်နေကြကြောင်း TNA တွင် ဖော်ပြထားသည်။ထိုင်းနိုင်ငံ တောင်ပိုင်းသို့ နောက်ဆုံး ရောက်လာသည့် လှေပေါ်၌ ရိုဟင်ဂျာ ၇၈ ယောက်ပါလာပြီး ၎င်းတို့ကို ထိုင်းရေတပ်က ထိန်းသိမ်းထားသည်။ ထိုအထဲမှ အများစုတွင် အရှိုးရာများ၊ မီးလောင် ဒဏ်ရာများနှင့် တခြား ဒဏ်ရာဒဏ်ချက်များ တွေ့ရပြီး မြန်မာစစ်သားတို့၏ လက်ချက်ကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ဟု ရုပ်မြင်သံကြား သတင်းများတွင် ဖော်ပြထားသည်။မြန်မာ စစ်သားများက ၎င်းလှေကို ပင်လယ်ထဲ မောင်းထုတ်ရုံမျှမက ပါလာသည့် ရိုဟင်ဂျာတို့ကို ရိုက်နှက်ခြင်း အရည်ပြားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းစာမျက်နှာက ရိုဟင်ဂျာတို့၏ ပြောပြချက်များကို ကိုးကား ရေးသားထားသည်။ယခုအခါ ဒဏ်ရာ ဒဏ်ချက်များ ရရှိထားသော ရိုဟင်ဂျာများကို ထိုင်းအာဏာပိုင်များက ပင်လယ်ထဲ ပြန်မလွှတ်သေးဘဲ ဆေးမှူးများနှင့် ကုသပေးလျှက် ရှိသည်ဟု သိရသည်။ရိုဟင်ဂျာများမှာ မြန်မာပြည်က ထွက်ခွာလာခဲ့သူများ ဖြစ်သော်လည်း မြန်မာစစ်အစိုးရက ၎င်းတို့ကို တိုင်းရင်းသားများအဖြစ် အသိအမှတ် မပြုချေ။မြောက်မြား လှစွာသော ရိုဟင်ဂျာများသည် မြန်မာပြည် ရခိုင်ကမ်းရိုးတမ်း ဒေသမှတဆင့် နှစ်စဉ် လှေများဖြင့် တခြားဒေသများသို့ အလုပ်အကိုင် ရှာဖွေရန် ထွက်လာကြမြဲ ဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံ တောင်ပိုင်း ဒေသများသို့ ရိုဟင်ဂျာများ ဝင်ရောက်လာမှုမှာ တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ထိုင်းဝန်ကြီးချုပ်ကလည်း ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။ယခုလက်ရှိ အနေအထားအရ ထိုင်းရေတပ်သည် ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ပြစ်တင် ဝေဖန်မှုများကို ပြင်းထန်စွာ ခံနေရသည်။

အပြည့်အစုံ...>>

သမ္မတအိုဘားမားကျမ်းကျိန်ပွဲကို ဂြိုလ်သားတွေလာရောက်ကြည့်ရှုခဲ့လေသလား

၂၇ ဇန္န၀ါရီ ၂၀၀၉။

ပန်းကန်ပြားပျံ(UFO)ဟု ယုံကြည်ရဖွယ်ရှိသော အရာတစ်ခုသည် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ ကျမ်းကျိန်ပွဲကျင်းပရာနေ့က ကောင်းကင်ယံတွင် ၀ဲပျံနေခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းအရ သိရှိလာရသည်။ ဇန်န၀ါရီလ (၂၀)ရက်နေ့က အိုဘားမား၏ မိန့်ခွန်းပြောဆိုနေချိန်အတွင်း ၀ါရှင်တန်မြို့ ကောင်းကင်ယံတွင် ပျံသန်းနေသည့် အမည်မသိ အရာတစ်ခုကို CNNသတင်းဌာနက မှတ်တမ်းတင် ရိုက်ကူးလိုက်နိုင်ပြီးနောက် စကြာဝဠာအတွင်းရှိ အခြားဂြိုဟ်များမှ သက်ရှိများသည် ကမ္ဘာဂြိုဟ်အရေးကို စိတ်ဝင်စားနေနိုင်ကြောင်း UFOလေ့လာရေး အသင်းအဖွဲ့များ၏ ကောက်ချက်များအား ပိုမိုခိုင်မာလာစေခဲ့သည်။ လက်ရှိအချိန်တွင် YouTube ၀က်ဘ်ဆိုက်၌ တင်ထားသော အဆိုပါ ဗီဒီယိုသည် လူကြည့်အများဆုံး ဖြစ်နေပြီး ထိုဗီဒီယို အပိုင်းလေးအား ဇန်န၀ါရီလ (၂၅)ရက်နေ့ကမှ Onlineပေါ် လွှင့်တင်ခဲ့ခြင်းဟု သိရသည်။
လူနှစ်သန်းခန့် တက်ရောက်ခဲ့သည့် ကမ္ဘာ့ထိပ်သီး နိုင်ငံကြီး၏ သမ္မတဖြစ်သူ အိမ်ဖြူတော်တက်ပွဲကို ဂြိုဟ်သားများအနေနှင့် အထူးအဆန်းအဖြစ် လာရောက်လေ့လာခြင်း ဖြစ်နိုင်ကြောင်း UFOများကို ယုံကြည်သူများက ထင်ကြေးပေးနေကြသည်။ လက်ရှိအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် မေးခွန်းတစ်ခုမှာ လုံခြုံရေး တင်းကြပ်စွာချထားသည့် ၀ါရှင်တန်မြို့အတွင်း အဆိုပါ UFOဟုယူဆရသောအရာ ပျံသန်းနေချိန်တွင် အမေရိကန် လေတပ်မတော်အနေနှင့် မည်သို့မျှ တုန့်ပြန်ခဲ့ခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်းဆိုသော မေးခွန်းပင်ဖြစ်သည်။ အချို့ကလည်း UFOကို အမေရိကန်၏ ထောက်လှမ်းရေး ရေဒါများတွင် ထောက်လှမ်းတွေ့ရှိမှု မရှိသောကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားထားပြီး စစ်တပ်ကမူ တစုံတရာ သတင်းထုတ်ပြန်မှု မရှိသေးပေ။ ထိုပန်းကန်ပြားပျံသည် ကမ္ဘာမြေကို ထောက်လှမ်းရုံသက်သက်သာဖြစ်ပြီး အန္တရာယ်ပြုလိုသည့် အရိပ်အယောင်မျိုး မရှိခဲ့ကြောင်းလည်း CNN၏ ဗီဒီယိုအရ သိရှိရကြောင်း ထိုဗီဒီယိုကို ကြည့်ရှုခဲ့သူများက မှတ်ချက်ပြု ပြောဆိုသွားကြောင်း သတင်းရရှိသည်။
true myanmar မှတဆင့်ဖေါ်ပြပါသည်။

အပြည့်အစုံ...>>

''စည်းကမ်းပြည့်ဝသော သတင်းများကို ပြန်လည်တုံ့ပြန်ခြင်း''

၂၄ ဇ္န၀ါရီ ၂၀၀၉။ နေသန်မောင်
ကိုစိန်ဝင်းရေ ...ညစ်ညမ်းသီချင်းတွေ မြန်မာပြည်မှာ တရားမဝင် ပျံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က မဇိမသတင်းမှာ ကျနော်ရေးလိုက်တဲ့ ဆောင်းပါးအပေါ် ကန့်ကွက်သံတွေ ပလူပျံအောင် ထွက်လာခဲ့ပါတယ်။ ထောက်ခံတဲ့အမြင်ရှိသူတွေထက်စာရင် ကန့်ကွက်တဲ့အမြင်က အပုံကြီးများတယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ထွက်လာတဲ့အမြင်တွေအနက် လူပုဂိုလ်အပေါ် ပြန်လည်ဝေဖန်တဲ့ အချက်တွေကို တုံ့ပြန်စရာမရှိပေမယ့် ကျနော့်ဆောင်းပါးရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ပြန်ရှင်းပြဖို့တော့ လိုလာပြီလို့ ခံစားရပါတယ်။တုံ့ပြန်မှုအများစုကတော့ ဂျောက်ဂျက်ရဲ့ သီချင်းစာသားတွေက ဘယ်လောက် ရိုင်းစိုင်းတယ်၊ ဘယ်လောက် ဒီဂရီအထိကို ညစ်ညမ်းတယ်၊ ဒီလိုညစ်ညမ်းမှုတွေကို မြန်မာ့လူ့အသိုင်းအဝိုင်းအနေနဲ့ လက်ခံလို့ မရဘူး၊ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး၊ ဒီသီချင်းတွေကို နားထောင်မိတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးသူငယ်တွေအတွက် စာရိတပိုင်းဆိုင်ရာမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာမယ်၊ အမျိုးသမီးတွေအပေါ် အပြင်းအထန်တိုက်ခိုက်ထားတယ်၊ သတင်းသမားတွေဟာ တိုင်းပြည်ရဲ့ မျက်လုံးဖြစ်တဲ့အတွက် ဒီအတိုင်း လက်ပိုက်ကြည့်မနေဘဲ ပြောခွင့်ရှိတယ် စတဲ့အချက်တွေပါပဲ။ဒီလို သီချင်းစာသားမျိုးကို လွတ်လပ်ခွင့်အနေနဲ့ ''ဘာမှမပြောကြပါနဲ့၊ မကြိုက်ရင် နားမထောင်ပါနဲ့''လို့ ပြောတဲ့ကျနော့်အပေါ် အတော်ကလေး ဒေါသထွက်ကြဟန်ရှိပါတယ်။ ကျနော့်ဆောင်းပါးမှာ မကျေနပ်တဲ့ ဒေါသသံတွေပါတာကြောင့် တုံ့ပြန်သူတွေဘက်ကလည်း ဒေါသသံတွေ၊ သရော်သံတွေကလည်း မပါမဖြစ် ပါလာကြပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ သဘောထားအမြင် ကွဲလွဲခွင့်ကို ကြိုဆိုသင့်ပါတယ်။ တုံ့ပြန်လာသူတွေရော အကြောင်းအရာပေါ်မှာ အမြင်သဘောထား အမျိုးမျိုးရှိတဲ့သူတွေကိုရော ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ကျနော့်ဆောင်းပါးရဲ့ အဓိကလိုရင်း အနှစ်ချုပ်က ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်း (အထူးသဖြင့် ဖိနှိပ်တဲ့ စစ်အာဏာရှင်ယနရားအောက်က လူ့အဖွဲ့အစည်း)အတွင်းမှာ ဖိနှိပ်မှုမှန်သမျှကို ရတဲ့နည်းလမ်းမှန်သမျှနဲ့ ဆန့်ကျင်မှုတွေ အမြဲလိုလိုရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုကလည်း ဆယ်စုနှစ်(၂)ခု ကျော်ခဲ့ပါပြီ။စာပေ၊ သတင်းစာ၊ ဂီတ၊ အနုပညာတို့ရဲ့ ကင်ပေတိုင် ဆင်ဆာအဖွဲ့ဟာ လွတ်လပ်တဲ့ သဘောထားအမြင်တွေကို အဓိက ပိတ်ဆို့ထိန်းချုပ်တဲ့ ဌာနဖြစ်တာမို့ လူတိုင်းရဲ့ အော့နှလုံးနာစရာ အဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့ ပြည်တွင်းရော၊ ပြည်ပကပါ ဒီဆင်ဆာအဖွဲ့ကို တတ်နိုင်ရင် ဝေးဝေးက ရှောင်ကြပါတယ်။ အခု ဟစ်ပ်ဟော့ပ် မြေအောက်သီချင်းတွေအလှည့်ကျမှ ပြည်တွင်းပြည်ပ သတင်းဌာနအချို့က သတင်းထောက်အချို့က ဆင်ဆာအဖွဲ့ကို တိုင်တန်းပြီး အရေးယူပေးဖို့ ရေးသားခဲ့တဲ့ အချက်။ ဒီအချက်အပေါ် ကျနော်အဓိကထားပြီး ပြောတာဖြစ်ပါတယ်။ကျနော့်တို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မကောင်းတဲ့စရိုက်ကို ကျနော်ထောက်ပြဖို့ ကြိုးစားတာပါ။
ဖိနှိပ်ရေးယနရားဖြစ်တဲ့ ဆင်ဆာအဖွဲ့ကို ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ ကျနော်တို့ ထောက်ခံစရာမရှိပါဘူး။ သူတို့နဲ့ တသွေးတည်းတသားတည်း အမြင်ရော အတွေးအခေါ်ရော တူညီတယ်ဆိုရင်တော့ ဒီအချက်ဟာ မဟာပြသနာကြီးဖြစ်လာပါပြီ။ နောက်တစ်ခုက ကိုယ်မကြိုက်တဲ့ လက်မခံနိုင်တဲ့အရာတစ်ခုကို ဒီဖိနှိပ်ရေးယနရားရဲ့ အကာအကွယ်ကိုယူပြီး အသုံးချတဲ့ကိစပါ။နောက်တစ်ခုက တိုင်တန်းပုံပါ။ တိုင်တန်းပုံကလည်း သတင်းစာသမားတွေ အဓိကရှောင်ရှားရမယ့် တရားဥပဒေအရ တရားခွင်ကနေ စွပ်စွဲခံရသူတစ်ဦးတစ်ယောက်အပေါ် ပြစ်ဒဏ်မစီရင်ရသေးဘဲ သတင်းစာမျက်နှာထက်ကနေ ဥပဒေတွေကို အပိုဒ်လိုက်ရွတ်ပြီး ဒီလိုပုဒ်မနဲ့ အရေးယူသင့်တယ်၊ ယူရမယ်ဆိုပြီး ရေးလိုက်တဲ့ အချက်ပါ။ ဒီလို ရေးသားမှုမျိုးက မြန်မာ့အလင်း၊ ကြေးမုံကနေ ပြန်ကြားရေးဌာနက နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် တရားဝင် ဖမ်းဆီးမှုတွေ မလုပ်ခင် ကြိုတင်ရေးထားချက်တွေနဲ့ တသဘောတည်း တူညီနေပါတယ်။ဂျောက်ဂျက်နဲ့ ကျန် လူငယ်တွေရဲ့ မြေအောက်သီချင်းတွေ မညစ်ပတ်ပါဘူး၊ မရိုင်းပါဘူးလို့ ကျနော်တစ်ခါမှ မပြောခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက ''မကြိုက်ရင် နားမထောင်ပါနဲ့''လို့ ပြောတာပါ။ ဒီစကားကို လက်လွတ်စပယ် ပြောတယ်လို့ ထင်ရင် ကျနော် ထပ်ရှင်းပါမယ်။ ဒီသီချင်းတွေ၊ ဒီလှုပ်ရှားမှုတွေကတော့ ပေါ်နေပြီ၊ ဖြစ်နေပြီ။ မလိုလားတဲ့အရာဘဲ၊ တားရမယ်ဆိုတဲ့ အတွေးအခေါ်ဝင်လာပြီဆိုရင်တော့ ဒီအတွေးအခေါ်ဟာ ပြသနာရှိနေပြီလို့ ပြောရပါမယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ဒီလို ဂီတလှုပ်ရှားမှုမျိုးကို တားလို့မရပါဘူး။ တီဗီတွေကနေ၊ ဘုရားကျောင်းတွေကနေ နားမထောင်ကြနဲ့၊ ညစ်ညမ်းသီချင်းတွေလို့ပဲ တိုက်တွန်းပြောဆို နားသွင်းကြတယ်။ဘယ် သတင်းစာ၊ တီဗီတွေက သတင်းထောက်က ဒီသီချင်းတွေဟာ တရားမဝင် ထွက်နေတာ၊ တားပေးပါ၊ ပိတ်ပေးပါလို့ မပြောကြပါဘူး။ ပြောလည်း ဒါမျိုးကို အရေးယူဖို့ သူတို့မှာ ပုဒ်ထီး၊ ပုဒ်မတွေ မရှိဘူး။ နောက်ပြီး မြန်မာပြည်က သတင်းစာသမားအများစုက သူတို့ဟာ တိုင်းပြည်ရဲ့ မျက်လုံးဖြစ်တယ်ဆိုရင် တိုင်းပြည်အပေါ် အနရာယ်ရှိလာနိုင်မယ့်၊ အများပြည်သူ အကျိုးစီးပွါးအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်မယ့် အချက်အလက်တွေကို ချက်ချင်းရေးသား တင်ပြခွင့်ရှိသူတွေပါ။ယဉ်ကျေးမှုနယ်ပယ်မှာ အထူးသဖြင့် ဂီတနယ်ပယ်မှာ ဒီလိုသီချင်းမျိုးတော့ လာမဆိုနဲ့ လာလုပ်လို့မရဘူးဆိုတဲ့အမြင်တွေဟာ နည်းလမ်းကျတယ်လို့ထင်နေကြရင် ဒီအပေါ်မှာ ကျနော် စောဒကတက်ဖို့ တွန့်ပြီလို့ ပြောရမှာပဲ။ ယဉ်ကျေးမှုစီးကြောင်းကို ထိန်းသိမ်းဖို့က သတင်းသမားတွေရဲ့ တာဝန်မဟုတ်ဘူး။ ဒါက သမိုင်းခေတ်ရေစီးကြောင်းက သတ်မှတ်ပေးမှာ။ ဒါမှ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယဉ်ကျေးမှုအရွေ့ကို ဒီလူ့အဖွဲ့အစည်းက ဆုံးဖြတ်မှာ။ သတင်းသမား အနည်းငယ်က ရှေ့ဆောင်ပြီး စာပေတာဝန်အနေနဲ့ မလုပ်ရဘူးလို့ ပြောချင်တာပါ။ နောက်တစ်ခုက ဂီတပဲဖြစ်ဖြစ် ဘယ်အနုပညာပဲဖြစ်ဖြစ် ဖန်တီးသူဟာ သူဖန်တီးလိုက်တဲ့ အနုပညာတိုင်းအပေါ် တာဝန်ခံရပါတယ်။သူ့အနုပညာ အကောင်းအဆိုးကို သူ့ပရိသတ်တွေက ဆုံးဖြတ်ကြပါတယ်။ ဆင်ဆာအဖွဲ့က စစ်ဗိုလ်ချုပ်တွေကို ဆုံးဖြတ်ခိုင်းတဲ့ သတင်းသမားတွေရဲ့သတိကို အင်မတန် အံ့သြပါတယ်။ ဒီလိုညစ်ညမ်းသီချင်းတွေဆိုလို့ ပရိသတ်က လက်မခံရင် ဆိုတဲ့သူဟာ အနုပညာလောကမှာ ရပ်တည်ဖို့ နေရာဆုံးရှူံးမှာပဲ။ ဒီကိစရှင်းရှင်းလေးကို ဘာဖြစ်လို့များ အရပ်ကူပါ လူဝိုင်းပါဆိုပြီး ပုံကြီးချဲ့ကြတာလဲ။မုန်းပါတယ်၊ ရွံပါတယ်ဆိုတဲ့ ဆင်ဆာအဖွဲ့က ဒီသီချင်းတွေ ဆိုတဲ့သူတွေကို အရေးယူလိုက်ပါပြီတဲ့။ ဘယ်သူတွေ ထိခိုက်သလဲ။ ကောင်းတာ၊ မကောင်းတာထား။ တီထွင်ဖန်တီးရတဲ့ အနုပညာအလုပ်ကို လုပ်နေသူအပေါ် မဆိုရ၊ မရေးရ၊ မထုတ်လုပ်ရ၊ မဖန်တီးရဖြစ်လာပြီဆိုရင် ဘယ်သူတွေ ထိခိုက်သလဲ။ ကျနော်ထောက်ပြတဲ့ကိစက ဒီသီချင်းတွေ နားထောင်လို့၊ ဆိုလို့ ထိခိုက်မှုထက် ဒီအပေါ်မှာ အရေးယူမှုလုပ်ဖို့ ပြောတဲ့၊ အရေးယူတဲ့အချက်ဟာ ဂျောက်ဂျက်တစ်ယောက်တင် မကဘူး။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အိုင်ဒီရော်လော်ဂျီအရကိုပါ ထိခိုက်တယ်လို့ ပြောချင်တာပါ။ စစ်အစိုးရနဲ့ အလိုတူအလိုပါဆိုတာ ဒါကို ဆိုလိုတာပါ။အခု ဂျောက်ဂျက်နဲ့ ညစ်ညမ်းသီချင်းတွေ အရေးယူပေးဖို့ ရေးတဲ့၊ ဝါဒဖြန့်တဲ့ သတင်းဌာနနဲ့ ရေးသူ သတင်းထောက်အတွက် ဆင်ခြင်ဖို့ပြောတာပါ။ ဆင်ဆာက သတိပေး ခံဝန်ထိုးခိုင်းပြီး သီချင်းဆိုခွင့် ထုတ်ခွင့် ပိတ်လိုက်တယ်။ အဓိကအားဖြင့် သတင်းရေးသူဘက်က ကျေနပ်လောက်စရာ ဖြစ်သွားတယ်။ ဇေယျာသော်တို့လို ထောင်ချဖမ်းဆီးလိုက်မယ်ဆိုရင် ဒီသတင်းရေးသူတွေ တသက်တာလုံး နောင်တရနေရမယ့် အဖြစ်မျိုးကို စဉ်းစားဖို့ပြောတာပါ။ ကျနော်ပြောတဲ့ ကျင့်ဝတ်ဆိုတာ အဲဒါပါပဲ။ကိုယ်မကြိုက်တဲ့ကိစ္စကို ကလောင်ကိုင်ထားတိုင်း ရေးချင်တာရေး၊ တိုင်ချင်တာတိုင်ခွင့်ရှိတာ သတင်းသမားတွေရဲ့တာဝန်မဟုတ်ဘူးဆိုတာ နားလည်ဖို့ပါ။ ကိုယ့်အာသီသပြည့်ဖို့၊ ကိုယ့်နဲ့အမြင်တူတဲ့သူတွေ သဘောကျစေဖို့အတွက် လူငယ်တွေရဲ့ခြေလှမ်းကို ရိုက်ချိုးတာ၊ နောင်သီချင်းဆိုလို့မရအောင် ဒုကပေးတာ မြန်မာ့ယဉ်ကျေးမှု ပျက်စီးတဲ့ဘေးက ကာကွယ်တာလို့ ကျနော်တော့ လုံးလုံး မယူဆဘူး။ စစ်ဗိုလ်တွေအားကိုးနဲ့ လူငယ်တွေကို ပန်းကောင်းအညွှန့်ချိုးတာလို့ပဲ မြင်တယ်။ကျနော်ပြောတဲ့ ''သတင်းတွေနဲ့လူသတ်တယ်''ဆိုတာ ဒါပါပဲ။ သီချင်းစာသားတွေ ရိုင်းတယ်၊ မရိုင်းဘူးဆိုတဲ့အပေါ် ဒီစာသားတွေက ယောက်ျားတွေအကြိုက် မိန်းကလေးတွေအပေါ် ရစရာမရှိအောင် ပြောထားတာမို့ ကြိုက်တာပေါ့ဆိုတဲ့ ပြောဆိုမှုမျိုးဟာ ကလေးဆန်ပါတယ်။ ဒီစာသားတွေ ရိုင်းတယ်ဆိုတာ မှန်တယ်။ ရိုင်းတိုင်း အရေးယူရမလား။ စဉ်းစားကြဖို့ပါ။ဒီကနေ့ အသက်၂ဝကျော်၊ ၃ဝ ဝန်းကျင်ရှိနေကြတဲ့ လူလတ်ပိုင်းတွေ၊ လူငယ်တွေရော သူတို့ဆယ်ကျော်သက်ဘဝ ဖြတ်သန်းလာခဲ့တဲ့ ပုဂလိက အတွေ့အကြုံတွေကို ပြန်သုံးသပ်ကြဖို့ လိုပါတယ်။ အပြာစာအုပ်လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာအုပ်တွေ၊ ညစ်ညမ်းပုံတွေဟာ မြေအောက်ဈေးကွက်မှာ သူ့ဟာသူ ရှိနေတာပဲ။ ကြိုက်တဲ့သူ ဖတ်၊ မကြိုက်တဲ့သူ မဖတ်နဲ့။ အတို့အထောင်လုပ်လို့ရှိရင် ဒီဈေးကွက်ကို အာဏာကိုင်ထားတဲ့လူတစ်စုက ဝင်ဖမ်း၊ ငွေညှစ်၊ ပြီးတော့ ပြန်လွှတ်။ ဒီဈေးကွက်ကြီး ပျက်သွားလို့လား။ ဒီမီဒီယာတွေကို လူတွေက ရွံ့စရာဆိုပြီးတော့ မကြည့်ကြတော့ဘူးလား။ကျနော်တို့ဟာ ဒီနေရာမှာတော့ အာဏာရှင်တွေနဲ့ အမြင်တူတယ် အတူတူတွဲလုပ်ရမယ်၊ ဒီနေရာမှာတော့ အမြင်မတူဘူး။ အတူတူ တွဲမလုပ်ဘူးဆိုတာမျိုးက အင်မတန်ကို မလုပ်သင့်တဲ့ အချက်ပါ။ ဆင်ဆာအဖွဲ့ ကင်ပေတိုင်ဟာ ဒီနေ့ စာနယ်ဇင်းသမားတွေအပေါ် အချိန်မရွေး ဒုကပေးနိုင်တဲ့ ဒုကပေးနေတဲ့ အဖွဲ့အစည်းပါ။ လွတ်လပ်ခွင့်အတွက် ဒီအဖွဲ့နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့မှ အမြင်သဘောထား တူစရာ မလိုပါဘူး။ ဖိနှိပ်ရေး ယနရားတစ်ခုအပေါ် အားကိုးမယ်၊ သဘောတူညီမယ်ဆိုရင် (ပူးပေါင်းပြီးလုပ်မယ်ဆိုရင်တောင်) စာပေလွတ်လပ်ခွင့်တင် မကပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လုံးဝနားမလည်ဘူး လို့ ပြောရမှာပါပဲ။ကျနော်ပြောတဲ့ စည်းကမ်းပြည့်ဝသော သတင်းများရဲ့ အနှစ်ချုပ်က ဒါပါပဲ။ ဒီအပေါ်ကို ကျနော် စိတ်ဆိုး၊ ဒေါသထွက်တဲ့အတွက် ဆောင်းပါးရေးတာပါ။ ဒီဆောင်းပါးရဲ့ အစပိုင်းက လူငယ်ဂီတသစ် လှုပ်ရှားမှုကို ရှင်းပြပြီး သူတို့တွေဟာ ပုတ်သိုးဆွေးမြေ့နေတဲ့ အသိုင်းအဝိုင်းထဲက လူတွေနဲ့မနေဖို့လို့ ရေးတာက ဘာပဲလုပ်လုပ် ကျနော်တို့တွေဟာ ခေတ်ရဲ့လှုပ်ရှားမှုကို ကြည့်နေလို့ပဲရမယ်၊ တားလို့မရဘူး။ လူ့အသိုင်းအဝိုင်းက လက်မခံဘူးဆိုရင် ဂီတမပြောနဲ့ ဘယ်သူမှ ရပ်တည်လို့ မရပါဘူး။ အဲဒါကလည်း စီးကြောင်းတစ်ခုရဲ့ အချိန်ကာလပေါ်မှာပဲ မူတည်ပါတယ်။ကျနော်တို့ဟာ အမှောင်ထဲကနေ လူပီသဖို့အတွက် အာဏာရှင်တွေကို သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ၊ အသက်တွေ ရင်းပြီးတိုက်နေကြပေမယ့် အဲဒီအမှောင်ထဲမှာပဲ ကျနော်တို့လည်မျိုကို ညှစ်မယ့် ဖိနှိပ်ရေးတွေကို အားကိုးပြီး အချင်းချင်းဒုကပေးတဲ့ စိတ်ဓါတ်မျိုးဟာ ကျနော်တို့ လူ့အဖွဲ့အစည်းကိုပဲ အနရာယ်ပေးပါလိမ့်မယ်။ ကျနော်ပြောနေတာ ဒီမိုကရေစီရဲ့ စံနှုန်းနဲ့ ကျင့်ဝတ်တွေကို တန်ဖိုးထားဖို့ပါ။ ကိုယ့်ညီအစ်ကို နှမသားချင်းတွေ နားမထောင်စေချင်ဘူးဆိုရင် နားမထောင်ဖို့ ကိုယ့်ဟာ့ကိုယ် ပြောပေါ့။ မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မတော်ဘူးလို့ ပြောရအောင် ညစ်ညမ်းစာသား၊ ညစ်ညမ်း ရုပ်ပုံတွေကို တစ်ကမာလုံးမှာ ဘယ်လူကမှ မောင်နဲ့နှမ၊ သားနဲ့အမိ တွဲမကြည့်၊ မဖတ်၊ နားမထောင်ကြပါဘူး။ဂျောက်ဂျက်နဲ့ မြေအောက်ဟစ်ပ်ဟော့ပ်သီချင်းတွေ ပလူပျံနေတာကို အနရာယ်များတယ်ထင်ရင် တိုင်တာတောတာထက် ပိုပြီးအပြုသဘောဆောင်တဲ့အလုပ်မျိုး သတင်းသမားတွေ လုပ်လို့ရပါတယ်။ ကျနော်လည်း သတင်းလောကက လာခဲ့တဲ့အတွက် သတင်းတစ်ပုဒ်ဟာ အပြုသဘောလား၊ အပျက်သဘောလားဆိုတာ သတင်းထောက်ရဲ့လက်ကို ကောင်းကောင်းနားလည်ပါတယ်။ အခု ပြည်တွင်းပြည်ပ မီဒီယာအချို့က ဒီသတင်းနဲ့ပတ်သက်ပြီး ရေးခဲ့တဲ့ သတင်းတွေကို ပြန်ဖတ်ကြည့်ပါ။ တရားမျှတမှုရှိရဲ့လားဆိုတာ ပြန်စဉ်းစားပါ။ နေရာတိုင်းမှာ ကိုယ်နဲ့သဘောတူတဲ့သူတွေရှိသလို သဘောမတူတဲ့သူတွေရှိတယ်ဆိုတာ ပြန်စဉ်းစားဖို့ပါ။ကျနော်တို့တွေဟာ ကိုယ်ကိုယ်တိုင်ကဖြစ်စေ၊ လူ့အသိုင်းအဝိုင်းကဖြစ်စေ မှားခဲ့တဲ့ အမှားတွေကို သတိထားဆင်ခြင်ပြီး အမှားမများအောင် အသက်ရှင်ရပ်တည်ဖို့ ကြိုးစားကြသူတွေပါ။ ဦးနေဝင်းခေတ်က တစေသရဲ၊ စုန်းကဝေကားတွေကို မရိုက်ရ၊ မထုတ်ရဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။ သူတို့ရဲ့စေတနာကတော့ လူ့အဖွဲ့အစည်းမှာ ခြောက်ခြားမှုတွေ၊ တုန်လှုပ်မှုတွေ၊ မကြည့်သင့်တာတွေ မကြည့်စေချင်တာပါပဲ။ ဒီလိုပိတ်လိုက်တော့ရော မြန်မာပရိသတ်တွေက စုန်းကဝေ သရဲကားတွေကို လုံးဝ မကြည့်တော့ဘူးလား။ ကြည့်တာပေါ့။ မြန်မာကားမကြည့်ရတော့ နိုင်ငံခြားကားတွေ ကြည့်တာပေါ့။ ဒီလိုကြည့်တော့ ကျနော်တို့တွေအားလုံး စာရိတပိုင်းမှာ ချို့ယွင်းသွားရောတဲ့လား။အခုတော့ ပြန်ကြားရေးဝန်ကြီးကို နားဝင်အောင် တောင်းပန်ပြီး မြန်မာသရဲကားတွေ၊ လူသတ်ကားတွေ ပြန်ရိုက်ခွင့် ရနေတယ်။ အကန့်အသတ်နဲ့ပါ။ ကျနော်ပြောတာက ကိုယ်နဲ့အမြင်၊ သဘောထားမတူတဲ့ ဖြစ်ရပ်တွေပေါ်လာတိုင်း သည်းခံစိတ်ထားပြီး အမြင်ကျယ်ကျယ်နဲ့ ရေရှည်ကြည့်တတ်စေချင်တာပါ။ မျက်စိတမွှေးပဲကြည့်ပြီး ငြါ မြသအ့နမ စိတ်ဓါတ်မျိုးနဲ့ ပိတ်ဆို့ကန့်သတ်တဲ့ စရိုက်ကို မကြိုက်တာပါ။ ဒီလိုစရိုက်မျိုးနဲ့ဆိုရင် နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝတဲ့ ငြါ မြသအ့နမ ဒီမိုကရေစီနဲ့ပဲ ထိုက်တန်တယ်လို့ ကျနော်စွပ်စွဲတာပါ။အခုဟာက ထစ်ခနဲရှိ ရဝတလူကြီးကိုပြေးတိုင်တဲ့ စရိုက်မျိုးကို ရှုတ်ချတာပါ။ သတင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းမယ်ဆိုရင် သတိထားရမယ့်အချက်ကို ပြောတာပါ။လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီးဆီ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက စာကြည့်တိုက်ဖွင့်ဖို့ စာအုပ်အလှူခံရင်း ဆရာမကြီးဆီ ကန်တော့ဖို့လည်း ရောက်သွားပါတယ်။ ဆရာမကြီးကို ဦးချပြီးတော့ ကျနော်တို့ထဲကတစ်ယောက်က လာရင်းကိစဖြစ်တဲ့ အလှူခံတဲ့အကြောင်း ပြောရင်း အပေါစား၊ အပျော်ဖတ်စာအုပ်တွေ ကျနော်တို့စာကြည့်တိုက်မှာ မတင်လိုတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီမှာ ဆရာမကြီးက စာပေ၊ စာပေပဲကွ၊ အပေါစားတွေ အပျော်ဖတ်တွေ မရှိဘူးလို့ ပြန်ရှင်းပြပါတယ်။ ကျနော်က သိုင်းဝတုတွေ၊ မီကိုဇူးဇင်တို့ နိုကိုဇူးဇင်တို့ရဲ့ အပြာဆန်ဆန် အရေးအသားတွေကို အပြင်းအထန်ရှုတ်ချနေသူကိုး။ အဲဒီကစပြီး ကျနော်သင်ခန်းစာတစ်ခုအနေနဲ့ ယူခဲ့ပါတယ်။ ကျနော်မကြိုက်တိုင်း အပေါစား၊ အညံ့စားလို့ အမျိုးအစားခွဲတာကို ရပ်တန်းက ရပ်ခဲ့ပါတယ်။ မကြိုက်တဲ့စာကို မဖတ်တော့ဘူး။ မကြိုက်တဲ့သီချင်းလည်း နားမထောင်တော့ဘူး။ကျနော်တို့က ပြတင်းပေါက်တော့ ဖွင့်ချင်တယ်။ ခြင်တွေ ယင်တွေဝင်လာမှာကိုတော့ လုံးဝမကြိုက်ဘူး။ ဝင်လာတာနဲ့ ပြတင်းပေါက်ကို ပြေးပိတ်တဲ့၊ ပြေးပိတ်ခိုင်းတဲ့ အလုပ်မျိုးကို လုပ်ချင်ကြတယ်။ ကိုယ့်အချင်းချင်း လူချချင်ကြတယ်။ ဒါတွေ မလုပ်ကောင်းဖူးလို့ ကျနော်ဆိုလိုတာပါ။ ကျနော့်ဆောင်းပါးကို ဆန့်ကျင်တဲ့သူတွေရော၊ မဆန့်ကျင်တဲ့သူတွေရော နားလည်စေချင်တာပါပဲ။ကျေးဇူးတင်ပါတယ်။
(သြော် .. ဒါထက် စကားမစပ်။ ကျနော်ဟာ လစ်ဘရယ်ဒီမိုကရေစီရဲ့ တန်ဖိုးတွေကို အသွေးအသားထဲကကို ယုံကြည်သူတစ်ယောက်ပါ။) နေသန်မောင်

အပြည့်အစုံ...>>

အဆိပ်သင့်နို့မှုန့်ကိစ္စ တာဝန်ရှိသူတွေကို သေဒဏ်ပေး

၂၂ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
တရုတ်နိုင်ငံမှုာ အန္တရာယ်ဖြစ်စေတဲ့ နို့မှုန့်တွေကို ထုတ်လုပ်ရောင်းချခဲ့မှုနဲ့ လူနှစ်ဦးကိုသေဒဏ်၊ တခြားသုံးဦးကို တသက်တကျွန်းပြစ်ဒဏ်တွေ ဒီကနေ့ တရုတ်တရားရုံးတခုက ချမှတ်လိုက်ပါတယ်။ အဲဒီနို့မှုန့်တွေကိုစားသုံးမိလို့ ကလေးငယ်ခြောက်ဦး သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကလေးပေါင်း ၃၀၀,၀၀၀ နာဖျားမကျန်းဖြစ်ခဲ့ရတဲ့ အန္တရာယ်ရှိတဲ့နို့မှုန့်ကိစ္စနဲ့ဆက်စပ်ပြီး ပြစ်ဒဏ်ပေးတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
မြောက်ပိုင်း ဟီဘိုင်ပြည်နယ် တရားရုံးတခုက သေဒဏ်ပေးခဲ့သူနှစ်ဦးဟာ မယ်လမင်းဓာတုပစ္စည်းတွေကို ထုတ်လုပ်တာ၊ နို့မှုန့်ထဲရောထည့်ခဲ့တာတွေအတွက် အပြစ်ရှိတယ်ဆိုပြီး သေဒဏ်ပေးခံခဲ့ရတာပါ။
မယ်လမင်းဓာတုပစ္စည်းဟာ နို့မှုန့်ထဲမှာ ပရိုတိန်းအသားဓာတ် အများကြီးပါတယ်လို့ထင်ရစေပါတယ်။
အဓိကနို့မှုန့်ထုတ်ကုမ္ပဏီတခုရဲ့ မန်နေဂျာဟောင်းနဲ့ မယ်လမင်းပါတဲ့နို့မှုန့်ရောင်းတဲ့သူတွေကို တရားရုံးက တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

အပြည့်အစုံ...>>

ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ

၂၂ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ကို ဒီကနေ့ညနေပိုင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဦးသန့်ရဲ့သမီးဖြစ်သူ၊ U Thant Institute ရဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ အခမ်းအနားကို တက်ရောက်မယ့်အကြောင်း ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် သတင်းပြန်ကြားရေးအရာရှိက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပေးပို့တဲ့ သ၀ဏ်လွှာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘီရှော ပါရာဂျူလီ (Bishaw Parajuli) က ဖတ်ကြားပါတယ်။
ဦးသန့်ဟာ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရှတိုက်က ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ကျူးဘားဒုံးကျည်အရေးကိစ္စနဲ့ ကွန်ဂိုပြည်တွင်းစစ်ပွဲတွေကို ပြေလည်အောင် ကြိုးစားဖြေရှင်းခဲ့တဲ့အတွက် အဓိက ချီးကျူးခံရပါတယ်။
၁၉၇၄ ခုနှစ် သူကွယ်လွန်ချိန်မှာ သူ့ရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မြန်မာနိုင်ငံ ပြန်သယ်လာပြီး နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုသဂြုင်္ိဟ်ဖို့ အဲဒီအချိန်က မြန်မာအာဏာရှင်ခေါင်းဆောင် ဦးနေ၀င်းက ငြင်းဆန်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒပြကြပြီး ဦးသန့်ရုပ်အလောင်းကို လုယူခဲ့ကြတဲ့အတွက် ထင်ရှားတဲ့ ဦးသန့်အရေးခင်း ဖြစ်ခဲ့ရပါတယ်။
ဒီကနေ့အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးသန့်ကိုဂုဏ်ပြုတဲ့ အခမ်းအနားတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

အပြည့်အစုံ...>>

ပင်လယ်ပြင်မျော မြန်မာနှစ်ဦး သြစတြေးလျ ကမ်းခြေစောင့်တပ် ကယ်တင်

၂၀ ဇ္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
သြစတြေးလျ ကမ်းခြေစောင့်တပ်က မြန်မာငါးဖမ်းသင်္ဘောသားနှစ်ယောက်ကိုကယ်တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာလှေနစ်ပြီး ၂၅ ရက်ကြာ ပင်လယ်ထဲမှာမျောနေတာဖြစ်ပါတယ်။
တောရက်စ် ရေလက်ကြား (Torres Strait)မှာ သူတို့နှစ်ယောက်ဟာ ရေခဲပုံးကြီးတခုကိုတွဲပြီး မျောနေတာကို ကမ်းခြေစောင့်တပ်တွေက တွေ့ခဲ့တာဖြစ်တယ်လို့သြစတြေးလျ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။
အဲဒီရေလက်ကြားက သြစတြေးလျနဲ့ ပါပူဝါ နယူးဂီနီကြားမှာ ရှိပါတယ်။ ရဟတ်ယာဉ်တစင်းနဲ့ သူတို့ကို ဆွဲတင်ခဲ့ပြီး ကြာသပတေးနေ့တုန်းက ဆေးရုံကို တင်ပေးထားခဲ့ပါတယ်။

သူတို့နှစ်ယောက် အလုပ်လုပ်ခဲ့ကြတဲ့ ငါးဖမ်းလှေဟာ ခရစ္စမတ်မတိုင်မီ နှစ်ရက်မှာပျက်စီးသွားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ အဲဒီနေရာက သြစတြေးလျ မြောက်ဘက်ကမ်းခြေကနေ ရေမိုင် ၂၀၀ လောက်အကွာမှာ ရှိပါတယ်။
သူတို့နှစ်ယောက်လုံး အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး ငါးတွေလှောင်ရာမှာသုံးတဲ့ ရေခဲပုံးအကြီးကြီးကို တွယ်ဖက်ပြီး အသက်ရှင်ခဲ့ကြရတာပါ။ တခြား ငါးဖမ်းလုပ်သား ၁၈ ယောက် အသက်ရှင်မရှင်ကိုတော့ သူတို့မသိပါဘူးလို့ ပြောပါတယ်။အဲဒီလူတွေက ထိုင်းနဲ့ မြန်မာလူမျိုးတွေ ဖြစ်ကြပါတယ်။

အပြည့်အစုံ...>>

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ

၁၉ ဇန္န၀ါရီ ၂၀၀၉။ နေသန်မောင်
ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground)စေ သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရဆိုရင်တော့ (Third Genertion)လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip Hop)ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက်လူငယ်တွေ ပြီးခဲ့တဲ့ (၂)နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်းဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝပြည့်လွန်နှစ်တွေအပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ (Rap)သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် (Pop)သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ။Hip Hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ (Rap)လမ်းကြောင်းက မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ (Rap)သီချင်း စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ နထောစူထ က ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ ဟာ ၂ဝဝ၃ကနေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip Hop ရဲ့ ဒုတိယမျိုးဆက်လို့ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက်ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap/Hip Hop ယဉ်ကျေးမှုဟာ Revolution တစ်ခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။Hip Hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ဖောက်မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရားမျှတမှုမရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက် ချေမှူန်းခံခဲ့ရပါတယ်။
ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ဖောက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။လူငါးယောက်ထက်ပိုပြီး (အထူးသဖြင် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip Hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကြပ်နေတဲ့ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း အသည်းကွဲတဲ့အကြောင်းတွေ သူငယ်ချင်ေးတွ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန်ျွစေ သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။လေး၊ ငါးနှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip Hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာတော့ Hip Hop ကို ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ် လျှို့ဝှက်ပြီးတော့ ဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစ်စုကနေပြီး (Myanmar Future Generation MFG)အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တစ်ချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip Hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip Hop မျိုးဆက်ပါပဲ။ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။Generation Wave ဆိုပြီး Hip Hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကိုလွှမ်းနေတာမို့ တစ်နိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip Hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ်ရှာလာတဲ့ မျိုးဆက်သစ်တွေ အတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ အသက်ရှုကျပ်လာတာကတော့ အမှန်ပါပဲ။ဒီတော့ Underground သီချင်းတွေ ဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိကာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေ အတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ် မြင်တွေနေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲ ရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို့ ညိနမါမသကညိ အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ။ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ။ VIP အဖွဲ့က ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့ အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒါပေမယ့် ပြည်တွင်းက ငြ ႊၽနနုူပ ၿနတ် ဂ်ာနယ္ကေန ဒီလို ပျံ့နှံ့နေရတာ ကောင်းကြသေးရဲ့လား၊ ဒီလို အယုတအနတ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆင်အဖွဲ့ လူကြီးမင်းများထံ တစ်ခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။ပြည်ပက တစ်ချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး။ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့သူ့ဇာတ်ကတော့ အံ့ကိုကိုက်လို့။နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။သူတို့ဟာ တစ်ချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူအချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။Revolution တစ်ခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနုပညာ.. စတဲ့အလွှာအသီးသီးမှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ်(၂ဝ)ကြရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ်(၂ဝ)ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ၊ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ထောင်ထဲမှာ သူတို့ထက် အဆတစ်ရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော်မယ်''ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယိုထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးကျောင်သားတစ်ဦးဖြစ်သည်)

အပြည့်အစုံ...>>

မာတင် လူသာကင်း အမှတ်တရဆု ဒေါ်စု ချီးမြှင့်ခံရ

၁၉ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ (Ted Kennedy)၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် (John Lweis) နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် (Claude Black) တို့ကို လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ သားသမီးတွေက ယုံကြည်ချက်အတွက် အိမ်မက်တွေကို အကောင်အထည် ဖော်သူတွေအဖြစ် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။
ဒီနေ့ ဇန်န၀ါရီလ ၁၉ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေး ရဲဘော်ကြီး မာတင်လူသာကင်း ကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ မာတင်လူသားကင်း အမှတ်တရ အဖြစ် ဆုချီးမြှင့်တာပါ။

ဝါရှင်တန်မြို့တော် Hyatt Regency - Capital Hilton ဟော်တယ်မှာ အခု အသံလွှင့်နေတဲ့အချိန်မှာပဲ အခမ်းအနား ကျင်းပနေပါတယ်။ အခမ်းအနား ကျင်းပနေတဲ့နေရာကို ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က မအေးသန္တာကျော် ကို မခင်ဖြူထွေး က ဆက်သွယ်မေးမြန်းထားပါတယ်။
မအေးသန္တာကျော်ရေ၊ အခု အခမ်းအနားအကြောင်းကို နည်းနည်း ရှင်းပြပေးပါ့လား။ အခမ်းအနားမှာ ဒေါ်ဆောင်ဆန်းစုကြည် ကိုလည်း ဆုချီးမြှင့်မယ်ဆို -
"ဟုတ်ကဲ့ မခင်ဖြူထွေးရေ၊ အခု ကျင်းပတော့မယ့် အခမ်းအနား က အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးနဲ့ လူဖြူလူမည်း အခွင့်အရေး တန်းတူရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း အထိမ်းအမှတ်အဖြစ် Realizing the Dream လို့ ခေါ်တဲ့ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားပါ။ အိမ်မက်တွေကို အကောင်အထည် ဖော်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးတဲ့ ဆုပေးပွဲ အခမ်းအနားပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ Triumph of Conscience လို့ခေါ်တဲ့ ယုံကြည်မှု အောင်မြင်ခြင်း ဆုကို ရရှိတာပါ။ ဒီပွဲမှာ တခြား ဆုရရှိတဲ့သူတွေကတော့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် တို့ပါ။ အထက်လွှတ်တော်အမတ် တက်ကနေဒီ က Realizing the Dream လို့ ခေါ်တဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ခြင်း ဆုကို ရရှိပါတယ်။ မနှစ်ကတော့ အမေရိကန် သမ္မတဟောင်း ဘေ ကလင်တန် (Bill Clinton) က ရရှိပါတယ်။ ဒီနှစ်အခမ်းအနားကတော့ မာတင်လူသာကင်းကို လေးကြိမ်မြောက် ဆုချီးမြှင့်တဲ့ အခမ်းအနားပါ။ ဒီလို Realizing the Dream ဆုပေးပွဲမျိုးကိုလည်း နှစ်ကြိမ်မြောက် ပေးတဲ့ ဆုပေးပွဲ အခမ်းအနားပါ။
ဒီတော့ ဒီ ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဘယ်သူက ဆုကို ကိုယ်စားတက်ပြီးယူပါသလဲ။ ဒီ ဆုကရော မြန်မာ့အရေးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ရိုက်ခတ်မှု ရှိနိုင်ပါ့မလား။ ဘယ်လောက်အထိ အရေးကြီးသလဲ။ -
"ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားတော့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ USCB က ကိုအောင်ဒင် ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အခု ဒီအခမ်းအနားမှာ ဆုတက်ယူတဲ့ USCB က အခုလို ပြောပါတယ်ရှင်။"
ဦးအောင်ဒင်။ ။ ဒီဆုပေးပွဲက တော်တော်အရေးကြီးတယ်ဗျာ။ ဘာလို့အရေးကြီးလဲဆိုတော့ ဒါ အမေရိကန်ပြည်ထောင်စုမှာ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲ ကြီးပဲလေ။ နောက် အခုဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ လူမဲ သမ္မတ ပေါ့နော်။ နောက်နှစ်ရက် အကြာမှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုတော့မယ်။ အဲဒီလိုအချိန်မှာ အမေရိကန်ပြည်ထောင်စု တခုလုံးက လူမဲ လူ့အခွင့်အရေး ကာကွယ်ဖို့အတွက် ကြိုးပမ်းရင်းနဲ့ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ကို တနိုင်ငံလုံးက သတိရနေကြတဲ့အချိန်ပေါ့ဗျာ။ ဆိုတော့ ဒီအချိန်မှာ အခုလို သမ္မတ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ်ကလည်း မကြာခင် အိမ်ဖြူတော်ကို သိမ်းပိုက်ပြီးတော့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်တော့မယ့်အချိန်မှာ အခုလိုမျိုး ဆုပေးပွဲ ကျင်းပတာဆိုတော့ ကြီးမားပါတယ်။ အဲဒီလို ဆုချီးမြှင်တဲ့အတွက်ကြောင့်မိုလို့ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ် အဖွဲ့အနေနဲ့ ဒီ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ကိုယ်နှိက်က သူ့ရဲ့သားသမီးများက ဂုဏ်ပြုချီးမြှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ ဆက်ပြီးတော့ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ဖို့လုပ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတာပေါ့နော်။
"မာတင်လူသာကင်း ရဲ့ အိပ်မက် ဆိုပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံတဲ့ လူ့ဘောင်အသိုင်းအ၀ိုင်း ဖြစ်ဖို့ကို သူတို့ ဆက်ပြီးတော့ လှုပ်ရှားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ ဒီလိုမျိုး ဆုပေးပွဲ အခမ်းအနာကို ကျင်းပတာဖြစ်ပါတယ်။"
အခမ်းအနားကျင်းပတဲ့နေရာမှာ ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က မအေးသန္တာကျော်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံ...>>

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

၁၈ ဇန္န၀ါရီ ၂၀၀၉။
မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခံနေရသည့်မကေသီအောင်မှာဒီဇင်ဘာလ လ၂၉ရက်နေ့ ကကိုဝန်ခြောက် လအရွယ်တွင် သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည် ဟုစုံစမ်းသိရှိရသည်။ သူမကိုဖမ်းဆီးစဉ်ကစစ်ကြော ရေးမှနှိပ်စက်မေး မြန်းသည့်ဒဏ်၊ ထောင်ဝင် စာ တွေ့ခွင့် (ဒီဇင်ဘာလက)မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့်ထောင်တွင်းကျန်းမာ ရေးစောင့်ရှောက်မှုမကောင်း မွန်ခြင်း တို့ကြောင့်ဒီဇင်ဘာလထဲတွင်ထောင်ဒဏ်ချမှတ်ခံရ ပြီးသည့်နောက်သွေးအားနည်းပြီးမူးမေ့လဲကျရာမှကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။
ယခုအခါတွင်ဆေးဝါးအလုံအလောက်မရှိသည့်အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟုသိရသော်လည်းမကေသီအောင်၏လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ်ပါစိုးရိမ်ရကြောင်းမန္တလေးအိုးဘိုထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းကFreedom News Groupသို့ပြောပြသည်ခင်ပွန်းဖြစ်သူအထက်ဗမာပြည်ဗကသအဖွဲ့ဝင်ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်ကိုထွန်းထွန်းကိုငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက်ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကိုဓားစာခံဖမ်းဆီးခေါ်ဆောင်သွားပြီးထောင်ဒဏ်၂၆နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။မကေသီအောင်မှာဖမ်းဆီးခံရသည့်အချိန်ကအသက်၂၂နှစ်သာရှိသေးသည်။
မြန်မာပြည်အကျဉ်းထောင်များတွင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ဒဏ်အပြစ်ပေးခံရသည့်အမျိုးသမီးများမှာအကျဉ်းထောင်တွင်းဆင်းရဲကျပ်တည်းစွာနေရသည်။၁၉၉၈ခုနှစ်ပြည့်သူ့လွှတ်တော်ပေါ်ပေါက်ရေးအတွက်ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူမဇင်မာအောင်မှာလည်းနှလုံးရောဂါနှင့်အာရုံကြောအားနည်းခြင်းဝေဒနာကိုကာလကြာရှည်စွာခံစားနေရကြောင်းသိရသည်။ သတင်း…. Freedom News Group

အပြည့်အစုံ...>>

လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ အဖမ်းခံရ

၁၈ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
မြန်မာပြည်က အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ပတ်သက်ပြီးတော့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားခဲ့လို့ ထောင်ချခံခဲ့ရတဲ့ လယ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ ဟာ အောင်လံမြို့က အပြန် ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်တွေက ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ အကြောင်းစုံကို စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။
ပြီးခဲတဲ့အပတ်ကတည်းက အမှုစစ်ပြီးအပြန် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရပြီးတဲ့နောက် အခု အပတ်မှာတော့ သူကိုယ်စား တရားရုံး ရဲ့ ထွက်ဆိုချက်တွေမှာ သက်သေအထောက်အထားနဲ့ တင်ပြနိုင်ဖို့ အချက်အလက်တွေ လာပေးရင်း ရှေ့နေ ဦးဖိုးဖြူ ဟာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပါတယ်။

ဦးဖိုးဖြူ အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦး ပြောပြတာကတော့ -
“ကိုဖိုးဖြူဟာ အောင်လံကနေပြီးတော့ မကွေးကနေ ထွက်လာတဲ့ အောင်ကမ္ဘာကားကို ရွှေမိုး လ္ဘက်ရည်ဆိုင် ကနေ ဆက်စီးပြီးတော့ ၁၀ နာရီလောက်မှာ အထွက်မှာ အောင်လံကအထွက် တောင်ဘက် တံပိုး ရွာနားမှာ အထွက်ဂိတ်ပေါ့ဗျာ။ အဲဒီဂိတ်ကနေပြီးတော့ မြို့နယ်မှူး အပါအ၀င် ရဲတွေအားလုံးက အက်စ်ပီ တွေက မကွေးက ညွှန်ကြားထားတဲ့အတိုင်း ဖမ်းဆီးပြီးတော့ ညတွင်းချင်း မကွေးကို ဂျစ်ကားနဲ့ ပို့လိုက်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။”
နတ်မောက်မြို့ က လယ်သမား ဦးလှစိုးနဲ့ အောင်လံက ဦးဇော်ဌေးတို့ ၂ ဦးဟာ သူတို့ရဲ့လယ်တွေကို စစ်တပ်ကနေ အဓမ္မ သိမ်းဆည်းတာ နဲ့ပတ်သက်ပြီး အိုင်အယ်လ်အို ကို တိုင်ကြားရင်း ဖမ်းဆီးခံလိုက်ရသူများ ဖြစ်ပါတယ်။ သူတို့ အဖမ်းခံရတာနဲ့ပတ်သက်ပြီး လူငယ်ရှေ့နေ ဦးဖိုးဖြူ က အမူလိုက်ပေးနေရာကနေ တရားရုံးမှာ ကြုံတွေ့နေရတဲ့ မမှန်ကန်တဲ့သက်သေတွေကို ခေါ်လာမှု၊ မှန်ကန်တဲ့ သက်သေတွေကို စကားပြောဆိုခွင့် မပေးတာတွေနဲ့ပတ်သက်ပြီး အခြေအတင် ဖြစ်ပြီး ရှေ့နေပါဝါကို ရုတ်သိမ်းပြီး သူနဲ့ တွဲဘက်ဖြစ်တဲ့ ရှေ့နေ ဦးအောင်သွင်လင်း ကို အမူ ဆက်လိုက်စေခဲ့ပါတယ်။ အခုအပတ် ဦးဇော်ဌေး တို့ တရားရုံးထုတ်စစ်ဆေးတဲ့ နေ့ကို သူရောက်ရှိလာခဲ့ပြီးတဲ့နောက် ရန်ကုန်အပြန်မှာ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာတော့ အခုလိုပြောကြားပါတယ်။
“အဲဒါတော့ မသိပါဘူးရှင်။ အိမ်နဲ့လည်း ဘာ အဆက်အသွယ်မှ မရှိပါဘူး။”
ဦးဖိုးဖြူနဲ့ပတ်သက်ပြီး သူဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နေတဲ့ ရှေ့နေတဦးဖြစ်ပြီး နစ်နာသူတွေဘက်ကနေ ဖိဖိစီးစီး လုပ်ဆောင်ပေးနေတဲ့သူသာ ဖြစ်ကြောင်း ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ကိုဖိုးဖြူကတော့ ကျနော်တို့ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတိုင်း မည်သူမဆိုပေါ့ဗျာ။ တရားဥပဒေရဲ့ အကာအကွယ် အစောင့်အရှောက် ကို ရရှိသင့်တယ်ဆိုပြီးတော့ နေတဲ့သူပဲလေ။ နောက်တခါ အခုတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုဇော်ဌေး ရဲ့ အကျိုးဆောင်အဖြစ် ဆောင်ရွက်တဲ့အခါကျတော့ ပိုပြီးတော့ ဖိဖိစီးစီး လုပ်ရတာပေါ့ဗျာ။ ကျေးရွာတွေကို ရောက်တယ်၊ ရွာသူရွာသားတွေကို တွေ့တယ်။ တရားဥပဒေရဲ့ အကာအကွယ် ရရှိဖို့အတွက် ကြိုးကြိုးပမ်းပမ်း နိုက်နိုက်ချွတ်ချွတ် ဆောင်ရွက်တတ်တဲ့အတွက် လက်ရှိ ဒီ ဆုလဒ် ရတယ်လို့ပဲ ကျနော်တို့တော့ ထင်တယ်။”
နောက်ဆုံးကြားရတဲ့သတင်းတွေအရ ဦးဖိုးဖြူ ကို မကွေးရဲစခန်းမှာပဲ အာဏာပိုင်တွေက ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

အပြည့်အစုံ...>>

ဘလော့ဂ်ဂါများထံပေးစာ

၁၅ ဇန္န၀ါရီလ ၂၀၀၉။
ဘလော့(ဂ်)ဂါ များခင်ဗျားကျွန်တော်ဟာ တပ်မတော် အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ကိုဖိုးတရုတ်ရဲ့  Cbox မှာ ရုရှားမှ komin ရေးထားတာ တွေဟာ မမှန်ကန်တာကြောင့် ကျွန်တော်တို့ရဲ့  ဒီမိုကရေစီ ဘက်တော်သားတွေ၊ နောင်တော် အကိုကြီးတွေ အတွက် ဆောင်းပါးရေးသား ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အကိုတို့ရဲ့  ဘလောဂ်မှာ တင်ပေးခြင်း အား ဖြင့် အမှန်တရားဘက်က ပြသပေးကြပါ။လေးစားစွာဖြင့်တရုတ်မဒီမိုကရေစီကို ရန်လုပ်.. သနားစဖွယ် ရုရှားမှ Komin ရဲ့  အတွင်းသရုပ်ပေးပို့သူ - တရုတ်မ (MAI)ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့  ဆောင်းပါးကို ဖတ်ပြီး မှန်နေလို့ "မှန်တာ ပြောတော့ နာတယ်" ဆိုသလိုပေါ့။ Komin တို့ "ရမ်း" တော့တာဘဲ။ အနာပေါ် ဒုတ် ကျတယ်ဆိုတာ ဒါမျိုးလေ။ တပ်ထဲက ထွက်လာတဲ့ အရာရှိတွေ ဟာ မင်း ပြောသလို Character နဲ့ ထွက်လာတာ ဖြစ်ကြစတမ်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် တို့ရဲ့  အကျင့်စာရိတ္တက စံပြကင်းရှင်းခဲ့တာမို့ သူတို့ကို စော်ကားသလို ဖြစ်နေပြီ။ မင်း ပြောသလိုဆိုရင် တပ်ထဲ ရှိနေတဲ့ သူတွေက အကျင့်စာရိတ္တ ကင်းရှင်းတယ်လို့ ဆိုလိုတာလား။ မင်း အဖေ ဗိုလ်သန်းရွှေရဲ့  သမီး စိန်စီသော ၀က်မ မင်္ဂလာဆောင် အခွေက စိန်တွေကို မင်း ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ မောင်ရွှေမန်း၊ မောင်အောင်သောင်း၊ မောင်ရဲမြင့်တို့ရဲ့  အဂတိလိုက်စားလို့ အပုတ်နံ့တွေ ထွက်နေတာကို မင်း ဘယ်လို "ဖုံး" ထားမလဲ။ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အထိ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ မင်း အဖေတွေကို မင်း ဘယ်လို ပြောမလဲ။
မင်းက BC နံပါတ် တောင်းရအောင် မင်းရဲ့  BC နံပါတ်ကတော့ စစ်တပ်မှာ တန်းစီလိုက်ရင် ဟိုး အဝေးကြီး မြောင်းထဲမှာဘဲ ရှိတယ်ဆိုတာ သိရဲ့ လား? ရှေ့ တန်း တိုက်ပွဲ ဘယ်နှစ်ပွဲလောက် မင်း ကြုံခဲ့ဖူးသလဲ? စစ်သား စစ်စစ်ကော ဖြစ်နေပြီလား? ဒီမေးခွန်းတွေကို မင်း ဖြေလိုက်ရင် တပ်မတော်သားတွေက မင်းကို "ဟား" တိုက် ရယ်မောကြလိမ့်မယ်။မင်းက DSA ကျောင်းဆင်း ပြီးပြီးချင်း တပ်မတော်သားတွေ ကြုံတွေ့ခံစားခဲ့တဲ့ ဒုက္ခတွေကို မသိလိုက်ရဘဲနဲ့ ရုရှားကို ရောက်လာလို့ စစ်အာဏာရှင်တွေရဲ့  အရိုးအရင်း ကိုက်ရတဲ့ သဘောနဲ့ ကျေးဇူးရှင် သဖွယ် မျက်စိမှိတ် ကာကွယ်နေတာကိုး၊ တကယ်တမ်းတော့ အခွင့်အရေး မျှော်ကိုးပြီး မင်းက တပ်ထဲ ၀င်တယ်ဆိုတာ သူများတွေ သိကုန်ပြီကွာ။မင်း သိထားဖို့က ၉၀ ရွေးကောက်ပွဲ ရလဒ်မှာ တပ်မတော်သား အများစုဟာ ဒီမိုကရေစီကို လိုလားကြောင်း ဆန္ဒပြု ခဲ့ကြတာ မင်း မမွေးသေးလို့လား? မွေးရင်တောင် နို့နံ့ မစင်သေးလို့လား? အခုရော နို့နံ့ စင်ရဲ့ လား? ကလေး အတွေးနဲ့ ကယောင်ကတမ်း မင်းက အဆင့်အတန်းမရှိဘဲ ထွီ..ထွမ် လုပ်နေတာ ရယ်စရာတောင် ကောင်းနေတယ်။ဗိုလ်ထက်မင်း ရေးတဲ့ တပ်မတော်သား အစစ်အမှန်များ ဆောင်းပါး အပိုင်း(၁) နဲ့ အပိုင်း(၂) ကို မင်း ဖတ်ကြည့်ပါ။ ငါတို့ ဒီဘာလောဂ်မှာ ရေးသားနေတဲ့ တပ်မတော်သား အစစ်အမှန်တွေဟာ Character နဲ့ ထွက်လာတဲ့သူ တစ်ယောက်မှ မပါဘူးလို့ သိရတယ်။တပ်မတော်သားတွေ ပကတိ ဖြစ်ရပ်မှန်ကို လေ့လာဖို့ လိုအပ်နေသေးတယ်။ တပ်ထဲမှာ ရှိနေတဲ့ တပ်မတော်သား အများစုဟာ အကြောက်တရားနဲ့ နေရတာမို့ မပြောဝံ့တဲ့ အခြေအနေကြောင့် မပြောသာတဲ့ အနေအထားမှာ ပြင်ပကို ရောက်လာတဲ့ တပ်မတော်သားတွေက သူတို့ကိုယ်စား ဖော်ထုတ် ပြောကြား ပေးနေတယ်ဆိုတာ မင်း သဘောပေါက် နားလည်ဖို့ လိုတယ်။ သူတို့ရဲ့  တင်ပြချက်တွေဟာ ပြည်တွင်းက တပ်မတော်သားတွေရဲ့  ရင်တွင်းဖြစ် ပေါက်ကွဲမှု အစစ်အမှန် ဖြစ်တယ်ဆိုတာ အချိန်က အဆုံးဖြတ် ပေးမယ်။တော်ကြာ ရုရှားက မင်း ပြန်ခါနီး ဒီမိုကရေစီ ရသွားခဲ့ရင် မပြန်ရဲတော့တဲ့ သနားစရာ ဘ၀မျိုး ရောက်နေဦးမယ်။ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း အကြမ်းမဖက်ချင်လို့ မင်းတို့ အသက်ရှင်နေတာပါ။ မင်း ပြောသလို ငါတို့ ဒီမိုကရေစီ ဘက်တော်သားတွေ တမွန်းတည့်တောင် မခံဘူး လုပ်ထည့်လိုက်မယ်ဆိုရင် မင်းတို့လည်း တမနက်တောင် မခံဘူး၊ မင်းနဲ့ မင်း အဖေတွေကို လုပ်ထည့်လိုက်လို့ ရတယ်။မင်းပြောတဲ့ နွားအိုတွေ ဆိုတာ ဒီဘာလောဂ်မှာ ရေးနေတဲ့ သူတွေ မဟုတ်ဘူး။ အခုလက်ရှိ သန်းရွှေတို့၊ အောင်သောင်းတို့ကမှ နွားအိုတွေ အစစ်ဘဲ။ Character Case နဲ့ အရေးယူရရင် ဒီကောင်တွေ တစ်ယောက်မှ ပြေး မလွတ်ဘူး။ အစဉ်အဆက်ကို ပြန်ကြည့်လိုက်.. Character Case နဲ့ ဖြုတ်၊ ထုတ်၊ ချ ခဲ့ရတာ မင်း အဖေတွေချည်းဘဲ။ သူများ မျက်ချေး မြင်ပြီး ကိုယ့် မျက်ချေး ကိုယ် မမြင်လို့ မင်းကို ငါ သိပ် သနားတယ်။ မင်းလို IQ နိမ့်တဲ့ ကောင်တွေကြောင့် ပြည်သူနှင့် တပ်မတော်ကို အာဏာရှင်တွေက ခွဲခြားထားတာပေါ့။ ဒေါသ မကြီးဘဲ အမှန်တရားကို မြင်အောင်ကြည့်၊ ညဘက်ကျရင် မဟုတ်တာ မလုပ်နဲ့၊ မင်းရဲ့  အပြန်လမ်း ကောင်းမွန်အောင် တရားမှတ်ပါလို့ ရဲဘော်ရဲဘက် စိတ်နဲ့ သွန်သင် ရေးသား တင်ပြလိုက်ပါတယ်။"တပ်ပြင်ထွက်သွားတဲ့ သူတွေကမှ တကယ်အမှန်ကို ပြောပြနိုင်တာ" လို့ Cbox မှာ ရေးသားသွားခဲ့တဲ့ ရုရှားမှ KK ရဲ့  စာကိုလည်း ဖတ်ရလို့ အမှန်မြင်တတ်တဲ့ KK ကို ရဲဘော်ရဲဘက်စိတ်နဲ့ ချီးကျူးဂုဏ်ပြုကြောင်း ကျွန်တော် တရုတ်မက နိဂုံးချုပ် အမှာစကား ပါးအပ်ပါတယ် ခင်ဗျား။
ဒီရေဘလော့မှတစ်ဆင့်ဖော်ပြသည်။
ဦးကုလားဟုခေါ်ပါသည်။

အပြည့်အစုံ...>>

မြန်မာပြည်ပြောင်းလဲရေး မှန်ကန်တဲ့ချဉ်းကပ်မှုနဲ့ ထိုင်း ကြိုးပမ်းမည်

၁၅ ဇန္န၀ါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် အဘီဆစ် ၀ိုက်ချာချီဝ က အာဆီယံ အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံ အဖွဲ့ကြီး ခိုင်မာဖို့ လိုအပ်ကြောင်း၊ အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့အတွက်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှု၊ ယုံကြည်ကိုးစားမှု လိုအပ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာမို့ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်တန်ပြီလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ FCCT နိုင်ငံခြားသတင်းထောက်များ အသင်းရဲ့ ညစာ စားပွဲမှာ ၀န်ကြီးချုပ် အဘီဆစ် တက်ရောက်ပြီး အခုလို ပြောကြားသွားတာ ဖြစ်တယ်လို့ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်း က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကို မြင်ချင်ပါတယ်လို့ မကြာခင်က ပြောခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် သစ် အဘီဆစ် ၀ိုက်ချာချီဝ ကို မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဘယ်လို ပုံစံနဲ့ တွန်းအားပေးသွား လိုပါသလဲ။ မြန်မာ့ဒီမိုကရေစီရေးအတွက် တွန်းအားပေးတဲ့နေရာမှာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ တည့်တည့်မတ်မတ် တွန်းအားပေးသွားမှာလား လို့ ဗွီအိုအေ က မေးခွင့်ရခဲ့ပါတယ်။
အိမ်နီးချင်းနှစ်နိုင်ငံ စီးပွားရေးအရ အပြန်အလှန် ဆက်ဆံကြရာမှာ အကျိုးစီးပွားချင်း မျှဝေခံစားကြရတာမို့ နှစ်ဘက်စလုံး အကျိုးရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား အာဆီယံ နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ သာယာဝပြောဖို့ လိုတယ်လို့ အခုလို စပြောပါတယ်။
"အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ လိုပါတယ်။ အာဆီယံ အသင်းကြီး ခိုင်မာတောင့်တင်းဖို့ ဆိုတာက နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု ရှိဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာကတော့ ရှင်းပါတယ်။ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်ကျရောက်နေပြီလို့ သူ ထောက်ပြမှာဖြစ်ပါတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ လူထုအတွက်တင် မဟုတ်ဘဲ အစိုးရအတွက်လည်း အကျိုးရှိစေမှာ ဖြစ်တယ်။"
မြန်မာနိုင်ငံအပေါ်မှာ အနောက်နိုင်ငံတွေရဲ့ ဖိအားပေး အရေးယူတဲ့ပုံစံနဲ့မဟုတ်ဘဲ မတူကွဲပြားတဲ့ ပုံစံနဲ့ ချဉ်းကပ်မယ်လို့ ဆိုတဲ့အပေါ် သတင်းထောက်ရဲ့ အမေးကို ဖြေဆိုရာမှာတော့ နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ ထိုင်းအစိုးရတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူသလို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်ပုံနဲ့လည်း ကွဲပြားမယ်လို့ ဆိုပါတယ်။ မှန်ကန်တဲ့ ချဉ်းကပ်မှုနဲ့ အပြုသဘော ဆောင်သွားမယ်အကြောင်း၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ပြောင်းလဲသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံ ဖြစ်လို့ပါပဲလို့ ၀န်ကြီးချုပ် အဘီဆစ် က အခုလို ဖြေဆိုသွားပါတယ်။
"ရေရှည်တည်တံ့မယ့် အပြောင်းအလဲဟာ မြန်မာပြည်တွင်းကပဲ ဆောင်ကြဉ်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြင်ပကနေ အဓမ္မ တွန်းအားပေးပြီး ပြောင်းလဲအောင် လုပ်နိုင်တာထက် သူ့ပြည်တွင်းမှာ ကိုယ့်ဘာသာကိုယ် ပြောင်းလဲအောင် လုပ်ကြဖို့သာ လိုပါတယ်။"
ဒါပေမယ့် အိမ်နီးချင်းနိုင်ငံ အနေနဲ့တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ထပ်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းက အပြုသဘောဆောင် ဆက်ဆံရေးနဲ့ ဆက်ဆံခဲ့သလိုပဲ ဆက်ပြီး ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ အပြုသဘောဆောင် ဆက်ဆံရေးမှာ တကယ် အပြုသဘော မဆောင်တာမို့ အပြုသဘော ဆိုတဲ့အချက်ကိုတောင် မေ့တေ့တေ့ ဖြစ်ခဲ့ရပါတယ် လို့ သူက ပြောပြသွားတာပါ။
အဲဒီနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အနောက်နိုင်ငံတွေရဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူတာမှာ အသံသာ မြည်တဲ့ သင်္ကြန်အမြှောက် လို့ ဖြစ်နေတာကြောင့် အခု အာဆီယံ ဥက္ကဌ ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မီ ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိပါသလဲ လို့ သတင်းထောက်ရဲ့ အမေးကိုတော့ - ဒီကိစ္စဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်လို့ သူ တွေးမထားပါဘူးလို့ ပြောပါတယ်။ အပြောင်းအလဲတွေ ဖြစ်လာအောင် အာဆီယံ အသင်းကြီးအနေနဲ့ လက်တွေ့ကျကျ လှုပ်ရှားဖို့ ဖြစ်ပါတယ်လို့ သူက အခုလို ပြောပါတယ်။
"အခုဆိုရင် အာဆီယံ ပဋိဉာဉ်စာတမ်းကြီးလည်း အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့်မိုလို့ အဲဒီ ပဋိဉာဉ်စာတမ်းမှာပါတဲ့ လူ့အခွင့်အရေး နဲ့သက်ဆိုင်တဲ့ ပြဌာန်းချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှု ရှိမရှိကိုလည်း သေသေချာချာ စိစစ်သွားမှာဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ် မတိုင်မီ အကောင်အထည်ဖော်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံအပေါ် ရပ်တည်ရမယ့် ရွေးချယ်စရာလမ်းက ဒီလမ်းပဲ မြင်နိုင်ဖို့ ဒီလမ်းကြောင်းအတိုင်း ခပ်သွက်သွက် လှုပ်ရှားသွားပါမယ်။"
တဆက်တည်းမှာပဲ ထိုင်းနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဂရက်ရိုက်တာကို ခံနေရတဲ့အချိန်မှာ မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေးကိုပါ ကိုင်တွယ်ရတဲ့ အချိန်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဥပဒေနဲ့အညီ တရားမျှတရေး၊ တရားဥပဒေ စိုးမိုးရေးသာမက နိုင်ငံတောင်းပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံတာတွေကို တိတိကျကျ ကျောသားရင်သားမခွဲဘဲ တရားဥပဒေဘောင်အတွင်းက ကိုင်တွယ်သွားမယ့် အကြောင်းကိုလည်း ၀န်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က ပြောကြားသွားပါတယ်။

အပြည့်အစုံ...>>

ဓာတ်တိုင်စိုက်ရန် တအိမ်ထောင် ကျပ် (၅,၀၀၀) အဓမ္မကောက်

၁၅ ဇန္န၀ါရီ ၂၀၀၉။ NEJ မြင့်မိုးဇော်။

ဇန်န၀ါရီ (၁၂) ရက်က ရန်ကုန်မြို့ တာမွေလေးရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းအတွင်းရှိ လူနေတိုက်ခန်းများအား ဓာတ်တိုင်အသစ်စိုက်ရန်နှင့် မီးကြိုးများ လဲလှယ်ရန်အတွက် ရပ်ကွက်အာဏာပိုင်များက တအိမ်ထောင်လျှင် ငွေကျပ် (၅,၀၀၀) နှုန်းဖြင့် လိုက်လံကောက်ခံခဲ့သည်။
ရပ်ကွက်အာဏာပိုင်များ ငွေကောက်ခံခြင်းအပေါ် မကျေနပ်သည့် ရပ်ကွက်နေပြည်သူတဦးက “ဒီကိစ္စက နိုင်ငံတော်ကလုပ်ရမှာဖြစ်တယ်။ ကျနော်တို့က ကျနော်တို့သုံးတဲ့ ဓာတ်အားခကို တလတခါ အပြည့် ပေးဆောင်ပြီးသားဖြစ်တဲ့အတွက် မထည့်နိုင်ပါဘူး” ဟု ငွေလိုက်လံကောက်ခံသော ရက်ကွက် အာဏာပိုင်များအား ပြောကြားခဲ့သည်။
ထိုသို့ပြောကြားခဲ့သူအား ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ခေါ်ပြီး အာဏာပိုင်များက ၎င်းတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ပြန်လည်ရှင်းပြခဲ့သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ခေတ်ပြိုင်သို့ ပြောကြားသည်။
“ကျနော့်ကို ရပ်ကွက်ရုံးကို ခေါ်တယ်ဆိုပြီး ရပ်ကွက်က စွမ်းအားရှင်ခေါင်းဆောင် ဦးလှမြင့်က လာခေါ်လို့ ကျနော် ရုံးကို လိုက်သွားပါတယ်။ ဟိုကိုရောက်တော့ မနက်ကငွေတွေကို လိုက်ကောက်ခံတဲ့ ရာအိမ်မှူး ဦးအောင်မြင့် ခေါင်းဆောင်တဲ့အဖွဲ့ကိုလည်း ခေါ်ထားတာ တွေ့ ရတယ်။ ရုံးကိုရောက်တော့ ကျနော့်ကို အတွင်းရေးမှူး ဦးလွင်မောင်က ပြေပြေလည်လည်ပြန်ရှင်းပြပါတယ်။ ဒါ့အပြင် ကောက်ခံလို့ ရတဲ့ငွေတွေကိုလည်း စစ်ကြည့်ခိုင်းပါတယ်။ ကျနော်က စစ်စရာမလိုပါဘူး။ ကျနော်စာရင်းစစ်ချင်လို့ ပြောနေတာမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်က လုပ်ရမယ့်ကိစ္စပါ။ ကျနော်တို့နဲ့ မဆိုင်လို့ကို မထည့်နိုင်ဘူးလို့ ပြောတာလို့ ပြန်ပြောခဲ့ပါတယ်” ဟု အဆိုပါ ပြည်သူက ခေတ်ပြိုင်သို့ ပြောကြားသည်။
ယခုကဲ့သို့ ခေါ်ယူဆွေးနွေးရာတွင် ရပ်ကွက်အာဏာပိုင်များက အဆိုပါဓာတ်တိုင်များ ပြောင်းစိုက်ပြီးပါက ငွေထည့်ဝင်သည့်အိမ်များ မီးအားအပြည့်လာမည်ဖြစ်ပြီး မထည့်ဝင်သူများမှာမူ မီးအားမပြည့်ဘဲ ရမှာဖြစ်ကြောင်းကိုလည်း အတွင်းရေးမှူးဖြစ်သူက ရှင်းလင်းပြောကြားသည်ဟု ပြန်လည်ပြောကြားသည်။
အဆိုပါကိစ္စဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် ငွေထည့်ဝင်ခြင်းမရှိဟု ပြောဆိုသည့် လူငယ်နေထိုင်ရာ အိမ်အပါအ၀င် အခြားအိမ်များကို မီးဖြတ်တောက်ခဲ့သည်။
ယခုကိစ္စ မကျေနပ်သော ရက်ကွက်တွင်း နေထိုင်သူတဦးက ဖြစ်စဉ်အား မှတ်တမ်းတင်ဓာတ်ပုံထွက်ရိုက်ခဲ့ပြီး မကြာမီ ဖြတ်တောက်ခဲ့သောအိမ်များအား မီးပြန်ပေးသည့်အတွက် အဆိုပါလုပ်ရပ်အား ရပ်ကွက်နေပြည်သူများ မခံမရပ်နိုင်ဖြစ်နေကြကြောင်း သတင်းရရှိသည်။

အပြည့်အစုံ...>>

လူငယ်တဦး ထောင် ၁၀၄ နှစ် ချခံရ

၁၄၊ ဇန္န၀ါရီ ၂၀၀၉။ ဧရာဝတီ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) (အထက်ဗမာပြည်) အဖွဲ့ဝင်တဦး ထောင်ဒဏ် ၁၀၄ နှစ် ချမှတ် ခံခဲ့ရသည်ဟု အတိုက်အခံ သတင်း ရပ်ကွက်က ဆို သည်။ဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီးသည် အသက် ၂၀ ကျော် လူငယ်တဦး ဖြစ်ပြီး မန္တလေး ထောင်အတွင်း အကျဉ်းရုံး တရားစီရင် ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။
ဗိုလ်မင်းယုကိုအား တရားစီရင်ရာတွင် ရှေ့နေနှင့် မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ကြောင်း AAPP အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီသို့ ပြောပြသည်။“စစ်အစိုးရက မူးယစ်ဆေး ကုန်ကူးတဲ့ သူတွေကိုဆိုရင် သက်သက် ညှာညှာ ထောင်ချတယ်။ နိုင်ငံရေး လုပ်တဲ့ သူတွေကို ဆိုရင်တော့ ထောင်ဒဏ် နှစ်ရှည်တွေ ချတယ်” ဟု ကိုဘိုကြည်က ဆိုသည်။ဗကသ (အထက်ဗမာပြည်)မှ အဖွဲ့ဝင် ၃ ဦးသည်လည်း ပြီးခဲ့သည့်လက ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။“ကိုညီက ထောင်အနှစ် ၅၀ ချခံရတယ်၊ ကိုဝေမျိုးထူး နဲ့ မကေသီအောင်က ထောင် ၂၆ နှစ်စီ ချခံရတယ်” ဟု ကိုထွန်းထွန်းကဆိုသည်။အသက် ၂၃ နှစ်အရွယ်ရှိ မကေသီအောင်သည် ကိုထွန်းထွန်း၏ ဇနီးသည်ဖြစ်ပြီး ကိုယ်ဝန် ၆ လ ရှိသည်ဟု သိရသည်။AAPP အသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၃ လအတွင်း နိုင်ငံရေးသမား အနည်းဆုံး ၂၈၀ ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ၎င်းတို့အထဲတွင် ဗိုလ်မင်းယုကိုသည် ထောင်ဒဏ် အများဆုံး ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အပြည့်အစုံ...>>

မဟုတ်မမှန်ရေးသားခဲ့ကြောင်းဝန်ခံပြီ (သူခိုးလူမိပြီ)

ဦးဝင်းတင်ပြောစကား မှားယွင်းသတင်းရေးမိကြောင်းရန်ကုန် ဒီပီအေသတင်းထောက်ဝန်ခံ
၁၄၊ ဇန္န၀ါရီ ၂၀၀၉။ မင်းနိုင်သူ NEJ
အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အား အင်တာဗျူးပြီး ရေးသားခဲ့သည်ဆိုသော ဒီပီအေသတင်းပါ သတင်းရေးသားချက်များ မှန်ကန်မှုမရှိကြောင်း ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည်။ အဆိုပါအမှုကို ဇန်န၀ါရီ (၈) ရက်တွင် ယင်းအသင်းရုံး၌ ရန်ကုန် ဒီပီအေသတင်းထောက်ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ မှားယွင်းသတင်းရေးမိကြောင်း သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) က ၀န်ခံသွားသည်။
ယင်းအသင်း၏ စုံစမ်းမေးမြန်းမှုများကို ဦးဝင်းတင်ထံသို့ ပေးပို့ခဲ့ပြီး အသင်းအနေဖြင့် အသင်း၏အခြေခံစည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်ဖြစ်ရာ ဤမျှအထိသာ ဆောင်ရွက်ပိုင်ခွင့်ရှိပါကြောင်းနှင့် ဤမျှဖြင့် ကျေနပ်မှုမရှိပါက အခြားကြိုက်ရာနည်းလမ်းများဖြင့် ဒီပီအေ၏ သတင်းရေးသားချက်များ အပေါ် ဆောင်ရွက်နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။
စုံစမ်းမေးမြန်းမှုများကို အသင်းနာယက ဦးလှထွေးက ပြုလုပ်ခဲ့ရာ ဒီပီအေသတင်းဌာနတွင် နေသူ ကိုကို (စက်မှုတက္ကသိုလ်) က ယင်းသတင်းရေးသားသူမှာ ၎င်းကိုယ်တိုင် ဖြစ်ပြီး ဦးဝင်းတင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသူမှာ မိမိ၏လက်ထောက် ဒေါ်ဆင့်ဆင့်အောင်ဖြစ်သည်ဟု ၀န်ခံပြောဆိုခဲ့ကြောင်း ဦးဝင်းတင်ထံ အကြောင်းပြန်စာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ၀န်ခံခဲ့ရာ အသင်းနာယက က ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီတွင်းမှ ပါဝင်ယှဉ်ပြိုင်လိုသူအချို့ရှိပြီး၊ အချို့မှာ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဟု ပြောကြားခဲ့ခြင်း ရှိမရှိနှင့် ထိုသို့ပြောသည်ရှိသော် မည်သည့်အထောက်အထားရှိမရှိ တိတိကျကျပြောကြားရန် ဒေါ်ဆင့်ဆင့်အောင်အား စစ်ဆေးမေးမြန်းခဲ့သည်။
ဒေါ်ဆင့်ဆင့်အောင်က မိမိသည် ဦးဝင်းတင်အား တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းမှုကိုလည်း အသံဖမ်းထားခြင်း မပြုမိခဲ့ကြောင်း၊ သက်သေအထောက်အထားလည်း အတိအကျမဖော်ပြနိုင်ကြောင်း၊ မိမိမှတ်သားထားမိသည်မှာ ဦးဝင်းတင်က အန်အယ်လ်ဒီအတွင်း လာမည့်ရွေးကောက်ပွဲအပေါ် တင်းမာသည့်အသွင်ဖြင့် ချဉ်းကပ်သူများရှိသကဲ့သို့ ပျော့ပျောင်းသည့်အသွင်ဖြင့် ချဉ်းကပ်သူများလည်းရှိကြောင်း ပြောဆိုခဲ့သည်ဟုသာ မှတ်မိပါကြောင်း၊ ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီဝင်အချို့ ရွေးကောက်ပွဲဝင်လိုပြီး အချို့ မ၀င်လိုကြောင်း ပြောမပြောကို မိမိမသေချာကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။
ထို့နောက် ဦးကိုကိုက ဆက်လက်ဖြေကြားရာ ဒေါ်ဆင့်ဆင့်အောင်ထံမှ အထက်ပါအတိုင်း အဖွဲ့ချုပ်အတွင်း လာမည့်ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ပုံနှစ်မျိုးရှိကြောင်း တဆင့်ကြားသိရသောအခါ မိမိအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်လိုသူများရှိသလို ပါဝင်ယှဉ်ပြိုင်လိုသူများမရှိဟု အဓိပ္ပာယ်သက်ရောက်သည်ဟု ရိုးသားစွာယူဆပြီး သတင်းရေးသားပေးပို့ခဲ့ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
၎င်းတို့၏ တင်ပြချက်များအပြီးတွင် နာယကကြီးက နောက်နောင် အရေးကြီးသော အင်တာဗျူးများလုပ်ပါက တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခြင်းထက် လူကိုယ်တိုင်အင်တာဗျူးလုပ်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်ရာ၌လည်း အသံဖမ်းစက်ဖြင့် ဖမ်းပြီး ယင်းအသံဖမ်းခွေကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားသင့်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာသုံးသတင်းစာပညာစာအုပ်ကို ကိုးကားကာ သတင်းစာကျင့်ဝတ်များကို ပြောကြား၍ စုံစမ်းမေးမြန်းမှုများကို အဆုံးသတ်ခဲ့သည်။
“ရိုးသားစွာ လွဲမှားတယ်လို့ ယူဆသလားဆိုတော့ ယူဆဖို့ကတော့ ခပ်ခက်ခက်ပဲဗျ။ ကျနော်က သတင်းစာကလာတဲ့ နိုင်ငံရေးသမားဆိုတော့ မီဒီယာတွေနဲ့ အငြင်းပွားချင်တာမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းမှာ တာဝန်ရှိသူတယောက်အနေနဲ့ ပြောရရင်လည်း မီဒီယာနဲ့ အငြင်းမပွားချင်ဘူး။အခုလို လုပ်ရတာက တော်တော်ကို ဆိုးဆိုးရွားရွားမှားနေလို့ပါ။ ကျနော်ပြောခဲ့တာက အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ တင်းမာတဲ့ ချဉ်းကပ်ပုံနဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်ပုံ နှစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တယ်ဆိုတာကို အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်နှစ်ခုကို ဥပမာပေးပြီးပြောခဲ့တာပါ။ အဲဒါကို သူတို့က အခြေခံဥပဒေနေရာမှာ ရွေးကောက်ပွဲဆိုတာကို ထည့်သွင်းရေးသွားတယ်။ အဲဒါအပြင် နောက်ထပ်မှားပြန်တာက အန်အယ်လ်ဒီအတွင်းမှာ ရွေးကောက်ပွဲဝင်လိုသူနဲ့ မ၀င်လိုသူနှစ်ပိုင်းရှိတယ်ဆိုပြီး ပါတီတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုတဲ့သဘော၊ ပါတီနှစ်ခြမ်းကွဲတော့မယ်ဆိုတဲ့ သဘော အဓိပ္ပာယ်အထိသက်ရောက်လာလို့ တိုင်ကြားခဲ့တာ။ အဲတော့ ရိုးသားစွာမှားတာ ဟုတ်မဟုတ်ကတော့ ကာယကံရှင်များကိုယ်တိုင်သာ သိမှာပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ မှားတာကိုမှားတယ်လို့ ၀န်ခံရင်တော်ပြီပေါ့ဗျာ။ သို့သော် နိုင်ငံရေးအနေနဲ့ကတော့ ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဒါဟာတမင်လုပ်ကြံမှု၊ တမင်မှားယွင်းမှုလို့ ယူဆရင်လို့ ဆက်လက်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်သဘောတူတယ်။ လက်ခံတယ်။ ကျနော့်ကိုယ်စား ဆောင်ရွက်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်ဗျ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံခြားကိုစာရေးဖို့ ဆက်သွယ်ဖို့ ဆိုတာတွေကလည်း အခက်အခဲတွေရှိနေပါတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ရှင်းလင်းပြောကြားသည်။
အဆိုပါအမှုမှာ ၂၀၀၈ နိုဝင်ဘာ (၃၀) ရက်စွဲဖြင့် ထုတ်ဝေသော ဂျာမနီအခြေစိုက် ဒီပီအေ သတင်းတွင် ပါလာခဲ့ပြီးနောက် ဦးဝင်းတင်က ၎င်းပြောကြားချက်မဟုတ်သည်များ ပါရှိခြင်းကြောင့် ဒီဇင်ဘာ (၁၀) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယင်းသတင်းတွင် ပါတီတွင်းအကွဲအပြဲများရှိနေသယောင် ရေးထားခြင်းကြောင့် ပြည်ပဒီမိုကရေစီအင်အားစုများက မကျေနပ်ဖြစ်ခဲ့သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဒီပီအေ သတင်းဌာနချုပ်အထိ အတိုက်အခံများက တိုင်ကြားခဲ့သဖြင့် ဦးဆောင်အယ်ဒီတာချုပ် Eva-MariaMcCormack က စုံစမ်းစစ်ဆေးမှုများ လုပ်သွားမည်ဖြစ်ကြောင်းနှင့် မမှန်သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာအတိုက်အခံများထံ ပြန်ကြားထားသည်။
ယခု စစ်ဆေးချက်မှာ ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းက စစ်ဆေးချက်ဖြစ်သည့်အတွက် ဒီပီအေ သတင်းဌာန၏ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးချက်အပြီးတွင် ရန်ကုန် ဒီပီအေ သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား မည်သို့အရေးယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အပြည့်အစုံ...>>

၂၀၀၉ မြန်မာနိုင်ငံရေးဇာတာ ဟောစာတန်း

၁၄၊ ဇန္န၀ါရီလ ၂၀၀၉။
၂၀၀၉ ခုနှစ် (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဖြစ်ပေါ်လာသော ဂြိုလ်နက္ခတ်တို့၏အနေအထားကို နက္ခတဗေဒရှု့ထောင့်မှကြည့်လျှင် မြန်မာပြည်သူပြည်သားများအတွက်ထူးခြားကံကောင်းမည့်နှစ်ဖြစ်သည်ဟု ဟောရပါမည်။ဝဿဖလဟုခေါ်သော နှစ်ပတ်လည်ဇာတာလဂ်သည် မူလဇာတာလဂ်မှ ၉ တန့်သုဘသာဝ(ကံကောင်းမည့်ဘာဝ)တွင်ကျရောက်နေပြီး လဂ်သခင်စန်သည်လည်းသုဘဘာဝတွင်ပင်ကျရောက်နေခြင်းကြောင့် ပြည်သူပြည်သားများ ၀မ်းမြောက်ပျော်ရွှင်ရမည်၊ လိုအင်ဆန္ဒများပြည့်ဝမည်၊ ရန်အပေါင်းအောင်မြင်မည်၊ အခက်အခဲများကိုကျော်လွှားနိုင်မည်ဟုဟောရပေမည်။သို့သော် ၀ဿလဂ်မှ ၂တန့်ဘာဝတွင် စနေတည်ပြီး မူလဇာတာလဂ်မှ ၂ တန့်ဘာဝတွင် တနင်္ဂနွေ အင်္ဂါပလူတိုဂြိုလ်တို့တည်ခြင်းကား မကောင်း၊ ကမ္ဘာ့စီးပွားရေးကပ်တွင် ပြည်သူများလည်းကြုံရပြီးစီးပွားရေးအကြပ်အတည်းကြုံရမည် ထိုအကြပ်အတည်းကိုပြည်သူများကိုယ်တိုင် ဖြေရှင်းခွင့်မရလျှင် မပေးလျှင် အစိုးရမူကိုပြည်သူများကဆန့်ကျင်လိမ့်မည်၊ ဖိနှိုပ်လျှင် အစိုးရဘေးဒုက္ခကြီးရင်ဆိုင်ရမည်။
ထို့အပြင်တနင်္ဂနွေ အင်္ဂါ ပလူတို့ဂြိုလ်တို့မူခြင်းသည် နိုင်ငံတော်အကြီးအကဲဆိုသူများ၊ အစိုးရတာဝန်ရှိသူများ မမျှော်လင့်ဘဲသေဆုံးခြင်း၊ ဘေးရန်ကျရောက်ခြင်းများကြုံမည်။ ပလူတိုဂြိုလ် မူလ တနင်္ဂနွေကိုချဉ်းကပ်နေသည်။ အုပ်စိုးသူတို့ကံမကောင်းနိုင်၊ ဘေးဒုက္ခရောက်မည့်နှစ်ဖြစ်သည်။ သောကြာလည်း မရဏဘာဝတွင် ရောက်နေသဖြင့် နိုင်ငံအကြီးအကဲသေဆုံးမည့်နှစ်ဖြစ်သည်။
၇တန့်ဘာဝတွင် ရာဟု၊ ဗုဒ္ဓဟူး နိစ်မူသောကြာပတေး နကပကျွန်းဂြိုလ်တို့တည်သည်။ မဟာမိတ်ဆက်ဆံရေးပျက်မည်၊ နိုင်ငံရေး၊ စီးပွားရေး စသောသဘောတူညီချက်များပျက်မည်။ မူလဇာတာ လဂ်မှ ၃ တန့်ဘာဝတွင် ကျရောက်နေသောကြောင့် လက်နက်ကိုင်အင်အားစုများ ကံမကောင်း သဘောတူညီချက်များပျက်ပြီး ပဋိပက္ခရှိလာနိုင်သည်။
Lunation ခေါ် နေလ ၂ ပါးကြောင့်ဖြစ်သည့် နှစ်သစ်ဇာတာနှင့် လွတ်လပ်ရေးမူလဇာတာတို့ လဂ်ခြင်းတစ်ထပ်တည်းကျပြီး ကမ္မဘာဝတွင်စနေတည်သည်။ ကမ္မဘာဝသည် အာဏာနှင့်သက်ဆိုင်ပြီး စနေကား ပြည်သူပြည်သားနှင့်သက်ဆိုင်သည်။သို့ဖြစ်ခြင်းကြောင့် တိုင်းသူပြည်သားများ သြဇာအာဏာရှိလာမည်၊ ပြည်သူများက နိုင်ငံရေးကိုဆုံးဖြတ်မည်၊ တန်ခိုးသြဇာနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်မည်။
သဘာဝဘေးဒဏ်နှင့် ပတ်သက်ပြီး မီးဘေး၊ ငလျင်ဘေးများရှိနိုင်သည်။ မြန်မာ့မဟာသင်္ကြန်ဇာတာတွင် ကုမ်ရာသီလဂ်ဖြစ်ပြီး ယူရေးနပ်စ် အင်္ဂါ ပလူတို ဂြိုလ်တို့ပူးသည် အထူးသဖြင့် ယူရေးနပ်စ်နှင့် အင်္ဂါဂြိုလ်တို့ပူးခြင်းကြောင့် စစ်တပ်အတွင်းအပြောင်းအလဲကြီးဖြစ်မည်၊ တစ်ကြိမ်မကြေနပ်လျှင် အကြိမ်ကြိမ်ပြောင်းလဲကြလိမ့်မည်။
အထက်ပါအဟောများကို ယခုလွတ်လပ်ရေးနေ့မှ စတင်ကြုံတွေ့ရမည်ဖြစ်ပြီး ၂၀၀၉ မတ်လ ၂၆ ရက် Lunation ကဇာတာကျရောက်မည့်ကာလမှ သြဂုတ်လအတွင်းကြီးမားသောအပြောင်းအလဲများကြုံတွေရမည်ဖြစ်ကြောင်း တိုင်းသူပြည်သားများဝမ်းမြောက်ပျော်ရွှင်ဘွယ်ကာလကို ရောက်ရတော့မည်ဖြစ်ကြောင်း ဟောလိုက်ရပါသည်။မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းဝေးပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစသေတည်း။ ။
ဦးထွန်းကျော်

(နက္ခတ္တဗေဒ သုတေသီ)

အပြည့်အစုံ...>>

မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ

၁၃ န္န၀ါရီလ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုလေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကိုဦးတင်မောင်သန်းက တင်ပြထားပါတယ်။
၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်းနိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကိုမဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။
“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစလွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရတာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။
အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်းမြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom Houseအစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်နိုင်ငံက မလွတ်လပ်တဲ့အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့သူမက ဆိုပါတယ်။
“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေးတွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”
နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြားသုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေစိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။
“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”
လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာနိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

အပြည့်အစုံ...>>

Wi-Fi အင်တာနက်စနစ် ရောင်းချခြင်းမပြုရန် တားမြစ်

၁၃ န္န၀ါရီလ ၂၀၀၉။ NEJ
ဇန်နဝါရီ လဆန်းမှာ စတင် မိတ်ဆက်ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက်စနစ်ကို ရောင်းချခြင်း မပြုပဲ ဆိုင်းငံ့ထားရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြားထားကြောင်း Ezy Trading Co., Ltd မှ အမည်မဖော်လိုသူ ဈေးကွက်မန်နေဂျာတဦးက ပြောသည်။
၎င်းက “ရန်ကုန်တိုင်း မြို့လယ် (၈) မြို့နယ်မှာ အသုံးပြုခွင့်တွေ ရောင်းချဖို့ နဂိုက ကျနော်တို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားပြီးသား၊ ခု ဘာအကြောင်းပြချက်မှ မပေးဘဲ ဆိုင်းငံ့ထားပါဆိုပြီး ပြောတယ်” ဟု ပြောသည်။
၎င်းတို့ကုမ္ပဏီက ရောင်းချမည့် Wi-Fi နည်းပညာသုံး အင်တာနက် စနစ်သည် မိမိနေအိမ်၌ Wi-Fi စနစ်ပါသည့် ဒက်စ်တော့ သို့မဟုတ် လက်ဖ်တော့ ကွန်ပျူတာ ရှိရုံဖြင့် အသုံးပြုနိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စနစ်ကို ပုံစံနှစ်မျိုး ရောင်းချမည်ဖြစ်ပြီး တမျိုးက ကွန်ဒို သို့မဟုတ် ကန်ထရိုက်တိုက်ခန်းများ အတွက်ဖြစ်ကာ နောက်တမျိုးမှာမူ တဦးချင်း Public Network အတွက် ဖြစ်သည်။ အသုံးပြုခ အနေဖြင့် ကွန်ဒို သို့မဟုတ် ကန်ထရိုက် တိုက်ခန်းတခုလုံးအတွက် လစဉ်ကြေး တလ အက်ဖ်အီးစီ (၅ဝ) ကျသင့်မည်ဖြစ်ပြီး သုံးစွဲသည့် အခန်းတိုင်းက မျှဝေကျခံရမည်ဖြစ်သည်။
Public Network အတွက်မှာမူ Register ကြေး ကျပ် (၁ဝ,ဝဝဝ) နှင့် လစဉ်ကြေး တလ ကျပ် (၃,ဝဝဝ) မှ (၅,ဝဝဝ) အကြားသာ ကောက်ခံမည့်အကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူတဦးက မီဒီယာများကို ပြောဆိုခဲ့ဖူးသည်။
အဆိုပါ အစီအစဉ်သာ သုံးခွင့်ရပါက ရန်ကုန်မြို့ရှိ လူများ အင်တာနက်ကို ဈေးပေါပေါဖြင့် လွယ်လွယ်ကူကူ အသုံးပြုခွင့်ရမည်ဖြစ်သည့်အတွက် မြို့ခံများက မျှော်လင့်နေခဲ့ကြခြင်း ဖြစ်သည်။ ရောင်းချခွင့်ရပါက ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်တို့တွင် ကနဦး သုံးနိုင်မည်ဖြစ်ပြီး အဆိုပါ မြို့နယ်များနှင့် ထိစပ်နေသည့် ဧရိယာတို့တွင်လည်း သုံးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စ မရမ်းကုန်းအိပ်ခ်ျချိန်းမှ အင်ဂျင်နီယာတဦးကို မေးမြန်းရာ ၎င်းက တားမြစ်ထားသည်မှာ မှန်ကြောင်း၊ အကြောင်းရင်း နှစ်ခုရှိကြောင်း၊ ပထမအကြောင်းရင်းက ဆက်သွယ်ရေးဝန်ကြီး အပါအဝင် နိုင်ငံတော်အကြီးအကဲ အဆင့်က ပြည်သူများ အင်တာနက် လွယ်လွယ်ကူကူ ဈေးပေါပေါ သုံးမည်ကို မလိုလား၍ ဖြစ်ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအမြင်အရ ဖြစ်နိုင်ကြောင်း၊ နောက်တချက်မှာမူ လောလောဆယ် Broadband Wi Max စနစ် ရောင်းချနေသည့် Red Link Communication Co.Ltd. ကို မထိခိုက်စေလို၍ ဖြစ်ကြောင်း၊ အဆိုပါ Broadband Wi Max စနစ်သည် နှစ်စဉ်ကြေး၊ လစဉ်ကြေး အပါအဝင် စတင် တပ်ဆင်သည်နှင့် ကျပ် သိန်း (၂ဝ) ကျော် အထက် ပေးရမည်ဖြစ်သည့်အတွက် Wi-Fi စနစ်ကို စတင်ရောင်းချသည်နှင့် ဝယ်ယူသူ လုံးဝ ရှိတော့မည် မဟုတ်ကြောင်း၊ ထို့ကြောင့် Wi-Fi စနစ် ရောင်းချခွင့်ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက ဆက်လက်၍ “သူတို့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ ဆက်ညှိနေကြပါတယ်။ ပြည်သူတွေ လွယ်လွယ်ကူကူ သုံးနိုင်တာမျိုး မဟုတ်တော့ဘဲ ကုန်တိုက်တွေ၊ စူပါမားကက်တွေမှာ Wi-Fi စနစ် လွှတ်ပေးထားပြီး ပရီပေးကတ် သဘော ရောင်းချတာမျိုးလောက် ခွင့်ပြုနိုင်ပါတယ်။ ဒါကို နောင် (၃-၄) လ လောက်ကြာရင် ခွင့်ပြုနိုင်ပါတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သည့် နည်းလမ်းများတွင် ပထမတခုက အေဒီအက်စ်အယ်လ် စနစ်ဖြစ်ပြီး ဒီဂျစ်တယ် တယ်လီဖုန်း ကြိုးလိုင်း ရှိရန် လိုအပ်ကာ ရန်ကုန်ရှိ တယ်လီဖုန်းလိုင်းများသာ အသုံးပြုနိုင်သည်။ ကနဦး တပ်ဆင်ခ အပါအဝင် ကျပ် သိန်း (၂ဝ) ကျော် ကုန်ကျမည်ဖြစ်ပြီး လက်ရှိ ရန်ကုန် အင်တာနက်ကဖေးများတွင် အများဆုံး အသုံးပြုသည့် စနစ်ဖြစ်သည်။
နောက်တခုမှာ ဒိုင်ယယ်အပ် Dial-up စနစ် ဖြစ်ကာ ဒီဂျစ်တယ် တယ်လီဖုန်း လိုင်းကြိုး ရှိရမည်ဖြစ်ပြီး ပရီပေးကတ် စနစ်ဖြင့် ဝယ်ယူ အသုံးပြုနိုင်သည်။ တနာရီ ကျပ် (၇ဝဝ) ခန့်ပေးရပြီး ဈေးအသက်သာဆုံး ဖြစ်သော်လည်း ဆက်သွယ်မှု ကွန်နက်ရှင် အလွန်နှေးကွေးသည့်အတွက် အဆင်မပြေကြောင်း ရန်ကုန်မြို့ခံများက ပြောပြကြသည်။
နောက်တခုမှာ အိုင်ပီစတား ဂြိုဟ်တုသုံး စနစ်ဖြစ်ပြီး မြန်မာပြည် မည်သည့်နေရာ၌မဆို အသုံးပြုနိုင်သည်။ ကနဦး တပ်ဆင်ခ အပါအဝင် ကျပ် သိန်း (၆ဝ) ကျော်မှ သိန်း (၈ဝ) ခန့်အထိ ကုန်ကျသည့်အတွက် ဝယ်ယူအသုံးပြုသူ အလွန်နည်းသည်။
နောက်တစ်ခုမှာ Broadband စနစ်ဖြစ်ပြီး ယခုအခါ ဆက်လက် ရောင်းချခြင်း မပြုတော့ပေ။ ယခုနောက်ဆုံး ရောင်းချနေသည်မှာ တယ်လီဖုန်းလိုင်း မလိုသည့် Broadband Wi Max စနစ် ဖြစ်သည်။ ကနဦး တပ်ဆင်ခ ကျပ် သိန်း (၂ဝ) ကျော် ကုန်ကျသည့်အပြင် အသုံးပြု၍သိပ်မကောင်းသော်ကြောင့် အရေအတွက် (၂ဝဝ) ဝန်းကျင်ခန့်သာ ရောင်းချရသေးကြောင်း သိရသည်။
ယခု Ezy Trading Co., Ltd ကုမ္ပဏီက ရောင်းချမည်ဆိုသည့် Wi-Fi နည်းပညာသုံး စနစ်မှာမူ ပြည်သူများ ဈေးပေါပေါဖြင့် အင်တာနက်ကို လွယ်လွယ်ကူကူ သုံးနိုင်မည့် ပထမဦးဆုံး စနစ်ဖြစ်သည့်အတွက် စစ်အစိုးရက ယခုကဲ့သို့ တားမြစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

အပြည့်အစုံ...>>

ရန်ကုန် ဒီပီအေသတင်းထောက်အမှု စတင်စစ်နေပြီဟုဂျာမနီ ဒီပီအေဌာနချုပ်မှ အကြောင်းပြန်

၁၃ န္န၀ါရီလ ၂၀၀၉။ NEJ
အန်အယ်လ်ဒီနှင့် ဦးဝင်းတင်အား သိက္ခာကျစေမည့် သတင်းရေးသားခဲ့သည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူပေးရန် နိုင်ငံတကာအတိုက်အခံများက ဒီပီအေသတင်းဌာနအား ဖိအားပေးခဲ့ပြီး မကြာခင် ထိုအမှု စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ဒီပီအေဦးဆောင်အယ်ဒီတာချုပ်က မြန်မာအတိုက်အခံများအား အကြောင်းပြန်ထားသည်ဟု စုံစမ်းသိရသည်။


ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည့် ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာပြန် စာကိုလည်း လက်ခံရရှိကြောင်း၊ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် ဒီပီအေသတင်းဌာနရုံးချုပ်မှ ဒီပီအေ ဦးဆောင်အယ်ဒီတာချုပ် Eva-Maria McCormack က အတည်ပြု အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဦးဝင်းတင်၏ တိုင်ကြားစာပါ ဒီပီအေသတင်းနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်နေကြောင်း၊ ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) ရေးသားခဲ့သည့် သတင်းပါ ပုဂ္ဂိုလ်အားလုံးကို မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်းနှင့် မမှန်မကန် သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား အရေးယူနိုင်ခဲ့ပါက နိုင်ငံခြားသတင်းထောက်များကို မိမိတို့ဝါဒဖြန့်ကိစ္စအတွက် အသုံးချသည့် မြန်မာစစ်အစိုးရအတွက် သင်ခန်းစာကောင်း တခုဖြစ်လာနိုင်သည်ဟု ရန်ကုန် စာနယ်ဇင်းအသိုင်းအ၀န်းက မျှော်လင့်နေသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။
နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်းဖြစ်သည်။

အပြည့်အစုံ...>>

မြန်မာနိုင်ငံမှာ အပြောင်းအလဲမြင်ချင်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ပြော

၁၂ ဇန်န၀ါရီ ၂၀၀၉။ NEJ
မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်သည်ကို မြင်လိုသည့် ဆန္ဒရှိသော်လည်း မြန်မာနှင့်ဆက်ဆံရာတွင် အနောက်နိုင်ငံများနှင့် မတူသည့် နည်းလမ်းကို သုံးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝက ပြောသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ တည်ရှိနေတဲ့ ဒေသတွင်းနိုင်ငံတွေ ဘာမှ မခြားနားပါဘူး။ ကျနော်တို့အားလုံး မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုခုဖြစ်တာ မြင်ချင်ကြတာပါပဲ” ဟု ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ပြောသည်။
သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာအောင် မည်သည့် နည်းလမ်းမျိုး သုံးမည်၊ မည်သို့ ဖိအားပေးမည်ဆိုသည်ကိုမူ ထိုင်းဝန်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် ဘန်ကောက်တွင် တွေ့ဆုံပြီးနောက် အာဘီဆစ်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူသည် ထိုင်း ဒီမိုကရက်ပါတီ အာဏာရလာပြီးနောက် ၀န်ကြီးချုပ် အာဘီဆစ်အား လာရောက်တွေ့ဆုံသည့် မြန်မာစစ်အစိုးရထဲမှ ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့် တပ်ဆင်လက်ဝေခံများ အာဏာရသည့်အချိန်တွင် မြန်မာနိုင်ငံအပေါ် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများကို ရှေ့တန်းတင် ဆက်ဆံခဲ့သည်။ ထိုဆက်ဆံရေးကို ရုတ်တရက် ချက်ချင်း ပြောင်းပြန်လှန် ဆက်ဆံရန်မှာ မလွယ်ကူဟု Tha Nation အယ်ဒီတာ Kavi Chongkittavorn က ထောက်ပြခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကမူ မြန်မာနှင့်ဆက်ဆံရာတွင် တပ်ဆင်လက်ထက်ကဲ့သို့ လူနှစ်ယောက်တည်းနှင့် ဆုံးဖြတ်ပြီး လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေးမျိုးရှောင်ရှားပြီး ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံသွားမည်ဟု ပြောခဲ့သည်။

အပြည့်အစုံ...>>

ပြည်သူ့အသက်နဲ့ နန်းဆက်သူ

၁၁ရက် ဇန်န၀ါရီ ၂၀၀၉။ သုတေသီတစ်ဦး(ဧရာဝတီ)

မြန်မာ စစ်အစိုးရက နက္ခတ်ဗေဒင် ပညာကို ဘယ်လောက်ထိ နိုင်ငံရေးနဲ့ သူတို့ ကုလားထိုင် မြဲဖို့အတွက် အသုံးချ နေခဲ့တယ်၊ ဘယ်လောက် အထိ ဗေဒင် ပညာကို ယုံကြည် နေခဲ့တယ် ဆိုတာကို ကမ္ဘာကသိအောင် တင်ပြထားဖို့တော့ လိုအပ်ပြီလို့ ထင်ပါတယ်။ မြန်မာစစ်အစိုးရက ကမ္ဘာပေါ်မှာ ဘယ်သူကိုမှ ဂရုမစိုက်ပါဘူး။ UN ဆိုတာသူတို့ လက် ခုပ်ထဲကရေ လို့ပဲ သဘောထားတာပါ။
ပြီးတော့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ ဆိုတာတွေကို သူတို့ အားကိုးနေတာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ ကစားနေတဲ့ ဖဲသုံးချပ်ပါပဲ။ စစ်အစိုးရက နိုင်ငံရေးလုံခြုံမှုအတွက် အဲဒီ တရုတ်၊ ရုရှား၊ အိန္ဒိယဆိုတဲ့ ဖဲသုံးချပ်နဲ့  ထိန်းညှိထားတာပါ။ ဒီလိုထိန်းညှိ ထားရာမှာလည်း ဗေဒင် ပညာရဲ့ စေစားရာ အချက်အလက်တွေကိုပဲ အသုံးချခဲ့တာပါ။ သူတို့ က ဘယ်လို ကမ္ဘာ့ခေါင်းဆောင်ကိုမဆို၊ အထူးသဖြင့် UN ကပုဂ္ဂိုလ်တွေကိုသူတို့ အတွက် အပေါ်စီးကရရှိနေမယ့် အချိန်အပိုင်းတခု အတွင်းမှာပဲ တွေ့ ခွင့်ပေးကြတာမျိုးပါ။ ဥပမာ - UN က မစ္စတာ အီဗရာဟင် ဂန်ဘာရီပါ။ စစ်အစိုးရခေါင်းဆောင်တွေ့ သူ့ကိုတွေ့ ခွင့်ပြုတဲ့ အချိန်က မစ္စတာဂန်ဘာရီ အတွက် တနေ့ တာမှာ အဆိုးဆုံး ခိုက်နေချိန် ဖြစ်တာမို့ အဲဒီလို သူတို့နဲ့ တွေ့နေချိန်မှာ သူတတ်ထားတဲ့ ပညာတွေ၊ အတွေးခေါ်တွေက အလိုလို ပျောက်သွားစေတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ လိမ်နေသမျှကို အကြွင်းမဲ့ ယုံကြည်လိုက်ရပြီး ပထမဆုံးတွေ့ ပြီး မြန်ပြည်က ထွက်လာတာနဲ့ ကမ္ဘာ့မီဒီယာတွေကို စစ်အစိုးရ အပြောင်းအလဲ ရှိလိမ့်မယ် ဆိုပြီး မှားယွင်း အချက်ပြ မိတာပါ။ ဒါဟာစစ်အစိုးရရဲ့ ဗေဒင်ကိန်းခန်းက ရလာတဲ့ အချိန်နဲ့နေရာတွေကို ပိုင်ပိုင် နိုင်နိုင် အသုံးချသွားနိုင် လိုက်ခြင်းပဲ ဖြစ်ပါတယ်။မြန်မာပြည်ထဲကို ဘာလို့  နာဂစ် မုန်းတိုင်ဝင်ရတာလဲ။ ဘာကြောင့် ပြည်သူ့ အသက်ပေါင်း တသိန်းကျော်ကို ဖျက်ဆီးပြီး သန်းချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြရပါသလဲ။ ဒါကို ကမ္ဘာမှာ ရှိနေတဲ့ ဒေါက်တာဘွဲ့နဲ့ မာစတာ ဒီဂရီလောက် ကိုင်ထားသူတွေ၊ နိုင်ငံရေးသိပ္ပံယူထားတဲ့ ပညာရှင်တွေ၊ ပါမောက္ခတွေကတော့ သာမန် မုန်တိုင်း ၀င်သွားတာလို့ပဲ မြင်ကြပါလိမ့်မယ်။ သဘာဝဘေးရန်တခု ၀င်လို့ မြန်မာပြည်သူတွေ ခံစားလိုက်ကြရတာပဲလို့ မုန်တိုင်းကိုပဲ အပြစ်မြင်ကြမှာပါ။ တကယ်တော့ ဒီ နာဂစ်မုန်တိုင်းက ဘာလို့  မြန်မာပြည်ကိုပဲ ၀င်သွားရတာလဲ ဆိုတဲ့ အကြောင်းတရား အရင်းခံ တွေကို ဘယ်လိုပညာရှင်တွေကမှ မသိနိုင်ကြပါဘူး။ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပျဉ်းမနား ကြတ်ပြေးကုန်းမှာ နေပြည်တော် အသစ်ကို တည်လို့  ပြောင်းပြေး ခဲ့တာကိုလည်း ကမ္ဘာမှာရှိနေကြတဲ့ ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့မီဒီယာတွေ ကတော့ နားမလည်နိုင်စရာ ဒါမှမဟုတ် ရယ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် စစ်အစိုးရကတော့ အကြောင်းမဲ့ သက်သက် လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး။ မြန်မာမင်း အဆက်ဆက်ကို ကြည့်မယ်ဆိုရင်လည်း ဗေဒင်ကိန်းခန်း မပါဘဲ ဘာကိုမှ မလုပ်ကြသလို ယုတ်စွအဆုံး နန်းတော် အပြင်ထွက် တာတောင် ဗေဒင်ပညာရှင် ပရောဟိတ်ရဲ့ အချိန်အခါ ရွေးချယ်ပေးတဲ့ နေ့နာရီမှာသာ ထွက်လေ့ရှိတာမို့ မင်းတို့ထွက်ရာ ရက်ရာဇာလို့ အဆိုရှိလာ ခဲ့ပြီး ဘုရင်တွေကို အပြင်မှာတွေ့ရင်ရက်ကောင်းရက်မြတ်ပဲလို့ အလိုလိုအသိအမှတ် ပြုလာခဲ့ကြပါတယ်။ပြီးတော့ မြန်မာမင်းအတိုင်ပင်ခံ ဗေဒင်ပရောဟိတ်တွေဆိုတာကလည်း လည်ပင်း ဓားတင်ခံပြီး ဟောပြော ရတာမျိုးပါ။ မှားရင်အသတ်ခံရမှာပါ။ ဒါကြောင့်လည်း မြန်မာပညာရှင်တွေက ဒီပညာရပ်မှာ တဖက်ကမ်း ခတ်အောင် တော်တတ်ကြသလို မင်းတွေကလည်း ယုံကြည်အားကိုးနေကြဆဲပါ။ တခုရှိတာက မင်းတွေက ဒီပညာရပ်ကို အဓိက တိုင်းပြည် ကောင်းစားရေးအတွက် ဆိုတာထက် သူတို့ နန်းသက်ရှည်ရေး၊ ရာဇပုလ္လင်မြဲရေး အတွက်ကိုပဲ အဓိက အသုံးချနေကြပါတယ်။ မြန်မာမင်းတွေဟာ အတိတ်၊ တဘောင်၊ နိမိတ်တွေကိုလည်း ယုံကြည်လို့ တဘောင် နိမိတ် ရှိထားတာကို သိထားရင် အဲဒ်ီနိမိတ် တဘောင်ပျက်စီးအောင်၊ သူ့အတိုင်း ဖြစ်မလာရအောင် ရှောင်နိုင်ဖို့ တန်ပြန် ယတြာများနဲ့ အရှောင်အတိမ်းလုပ်ကြပါတယ်။ဗိုလ်ချုပ်မှူးကြီး ပျဉ်မနားကို ပြောင်းပြေးရတာကလည်း တဘောင်၊ အတိတ်၊ နမိတ်ကိုလွတ်အောင် ရှောင်ပြေး သွားခဲ့တာပါပဲ။ရန်ကုန်မြို့ကို ဦးအောင်ဇေယျ တည်ခဲ့ပြီ့း ရန်ကုန်လို့ သမုတ်ခဲ့တာဖြစ်သလို မြို့တည်လို့ အပြီးမှာ ရန်ကုန်သက် နှစ်ပေါင်း ၂၀၀ ကျော်ရင် မင်းပျက်ကိန်းတွေ ကြုံရလိမ့်မယ်လို့ တဘောင်နိမိတ် တပြိုင်တည်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ ရန်ကုန် မြို့ က ဦးအောင်ဇေယျ တည်ပြီးလို့  ၁၉၅၈ ခုနှစ်မှာ ရန်ကုန်မြို့ ဟာအနှစ် ၂၀၀ တင်းတင်းပြည့်ခဲ့ ပါတယ်။ ဒီတော့ နှစ် ၂၀၀ ကျော် လို့ ၃ နှစ် ၄နှစ် အတွင်းမှာပဲ ၁၉၉၂ မှာ လွတ်လပ်ရေးရပြီး ပထမဆုံးခေါင်းဆောင် ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပါတယ်။ တခါ အဲဒီနောက်ပိုင်းက စပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေကလည်း တပါတည်း ကပ်ပါလာခဲ့ရာက တရုတ် အရေးအခင်း၊ ဦးသန့်အရေးခင်း၊ အလုပ်သမားအရေးအခင်း စတာတွေ ဆင့်ကဲ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးပြည်လုံးကျွတ်ထကြွ ပုန်ကန်ခဲ့လို့  ဦးနေ၀င်း နန်းကျခဲ့ပြန်ပါတယ်။တခါ ဗိုလ်ချုပ်စောမောင် တက်လာပြန်တော့လည်း ရူးသွပ်သွားတယ်ဆိုပြီး နန်းချခံလိုက်ရရုံတင်မက သေဆုံးသွားရပြန်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးစီးနေခဲ့ရာက ၀န်ကြီးချုပ်ရာထူးပေးလို့  အပြီး မကြာခင်မှာဘဲ အဖမ်းဆီးခံခဲ့ရ ပြန်ပါတယ်။နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီး အလှည့်ဖြစ်လာပါတယ်။ သူ နန်းကျဖို့ ရှိနေလေတော့ ဒီတဘောင်၊ နိမိတ်တွေနဲ့ လွတ်အောင် မင်းပျက်ကိန်းတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ရန်ကုန်ကို နှုတ်ဆက်လမ်းခွဲ လိုက်ပြီး ပျဉ်းမနား ကြတ်ပြေးကုန်းမှာ နန်းမြို့တော်သစ် နေပြည်တော်ကိုတည်၊ နန်းသက်ရှည်ဖို့အတွက် ပြောင်းရွှေ့သွားရ တာပဲ ဖြစ်ပါတယ်။ကြတ်ပြေးကို ရွေးချယ်ခဲ့တာကတော့ ကြတ်ပြေး = ကြေပျက် ဆိုတဲ့ နိမိတ်ကို ယူထားတာပါ။ အားလုံးကြေပျက်စေ ဆိုတဲ့ သဘောပါပဲ။ရန်ကုန်မှာ မင်းနန်းကျ၊ ပျက်ရမှာကို ယတြာလုပ်ပြီး အလွတ် ပြောင်းပြေးလိုက်တော့ မင်းကိုမစားတော့ဘဲ ပြည်သူတွေကို ပေးစားလိုက်ရတဲ့ သဘောပါပဲ။ ဒါဟာ နာဂစ်မုန်တိုင်း ၀င်လာရခြင်းရဲ့ အဓိက အကြောင်း အရင်းခံ ပါပဲ။ဘာနဲ့ တူသလဲ ဆိုတော့၊ ဒုတိယကမ္ဘာစစ်ကြီးမှာ အမေရိကန်က ဂျပန်ကို လက်နက်ချခိုင်းတာကို စစ်မင်းတွေက လက်နက်မချတော့ ဟီရိုရှီးမားနဲ့ နာဂါစကီကပြည်သူတွေကို စတေးပေးလိုက်ရသလိုပါပဲ။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးက ရန်ကုန်မှာသာ နန်းစိုက်နေခဲ့ရင် စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ဧကံနန်းကျရမှာပါ။ ဒီလိုနန်းကျသွားခဲ့ရင် နာဂစ်မုန်တိုင်းလည်း ၀င်လာစရာ မရှိတော့ဘဲ လမ်းကြောင်းလွဲသွားရမှာပါ။ ဒါပေမယ့် မင်းက အလွတ်ရှောင်ထွက်သွားတော့ သူ ဆက်လက်နန်းဆက်ဖို့ သိန်းကျော် ပြည်သူတွေရဲ့ အသက်ကို စတေးလို့ သန်းချီနေတဲ့ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်တွေကို စတေးပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတာပါပဲ။စစ်အစိုးရရဲ့ ယတြာဆိုတာက အစားထိုးပေးဆပ် မှုတွေနဲ့ မိမိလိုတဲ့အချိန်တွေကို ပိုင်းခြားလို့  ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာ မျိုးတွေပါပဲ။စစ်အစိုးရ ကြောက်တာ ဒေါ်စုကိုပါ။ ဒါကြောင့် ဒေါ်စု ကိုလွှတ်ဖို့ ဆိုရင်တော့ တကမ္ဘာလုံးကို ဆန့် ကျင်နေဖို့ ဘယ်တော့မှ ၀န်လေးမှာ မဟုတ်သလို၊ လွှတ်ပေးစရာလည်း မရှိပါဘူး။ တကယ်လို့ လွှတ်ပေးလိုက်ရင်လည်း သတ်ကွင်းထဲကို လွှတ်ပေးသလိုပဲ ဖြစ်နိုင်ပါတယ်။ဒါကြောင့်ပြည်သူ သိန်းကျော်တို့ရဲ့ အသက်တွေကို စတေးလိုက်ရတာ၊ ပြည်သူသန်းနဲ့ချီပြီး အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရတာတွေဟာ သာမန်ကြည့်ရင်တော့ မုန်တိုင်းကြောင့်ပါ။ သို့ သော်၊ မုန် တိုင်း မြန်မာပြည်ကို ၀င်လာရတဲ့ အကြောင်းတရားကတော့ ဗိုလ်ချုပ်မှူးကြီးက သူ့ ရဲ့နန်းသက် တည်တန့်နေရေးအတွက် ရန်ကုန်ကို ပေးစားလိုက်ပြီးနေပြည်တော်မြို့သစ်ကို ထွက်ပြေး တိမ်းရှောင်သွားလို့ပဲ ဖြစ်တယ်ဆိုတာ ဗေဒင်ပညာ ရှုထောင့်ကနေ သုံးသပ်ပေးရခြင်းဖြစ်ပါတယ်။ သူသာ နန်းကျခဲ့ရင် မုန်တိုင်းလည်း ၀င်လာစရာမရှိပါဘူး။
မှတ်ချက်။ ။ Sidereal System Burmam Independent Chat showing Scorpio Ascendant ,Virgo Moon and Leo MC (midheaven) ကိုမှီငြမ်းရေးသားသည်။

အပြည့်အစုံ...>>

တင်မောင်ဦးတစ်ကိုယ်တော်ပန်းချီပြပွဲ

၁၁ရက် ဇန်န၀ါရီလ ၂၀၀၉
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏဘူမီပန်းချီပြခန်းတွင် ကျင်းပပြုလုပ်သော တင်မောင်ဦး တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇန်န၀ါရီလ ၁၀ ရက် စနေနေ့ ညနေ ၆ နာရီတွင်စတင်ဖွင့်လစ်ခဲ့ပါသည်။
ပန်းချီပြပွဲကို ဇန်န၀ါရီလ ၁၀ မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိပြသသွားမှာဖြစ်ကြောင်းလည်းသိရပါသည်။


ဦးကုလား

အပြည့်အစုံ...>>

သွေးသစ် လောင်းရမည့် အလှည့်အပြောင်း

၁၁ ရက် ဇန်န၀ါရီ ၂၀၀၉။ ညီညီထွေး (နယ်သာလန်)
အလှည့် အပြောင်း ကာလ က အပြောင်းအလဲ ကို ဖန်တီး ပေးတတ် သည်။ သို့သော် အခြေအနေ က ပေးအပ် လာသည့် အပြောင်းအလဲ ကို လှမ်းဆွတ် ယူဖို့ အဆင်သင့် ဖြစ်မနေ ခဲ့ဘူး ဆိုရင်တော့ ရခဲ လှသည့် မဟာ အခွင့်အလမ်း များ ကို
လက်လွှတ် ဆုံးရှုံး သွားရမည် မှာ သေချာ နေပေ သည်။
ထိုကဲ့သို့ အပြောင်းအလဲများ နှင့် လမ်းလွဲ ခဲ့ရသည့် အဖြစ်အပျက်များ ကို ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းစာ မျက်နှာများ ပေါ်တွင် အထင်အရှား တွေ့ မြင် နေရသည်။ ကျောင်းသားများ၏ ဦးဆောင်မှု နှင့် လူထု တရပ်လုံး ပူးပေါင်း ပါဝင် လက်တွဲဆင်နွဲ ခဲ့ကြခြင်း ကြောင့် ရှစ်ဆယ့်ရှစ် လူထု အရေးတော်ပုံကြီး က မ.ဆ.လပါတီ ၏ အုပ်ချူပ်ရေး ယန္တရားကြီး တခုလုံးကို ရပ်တန့် ပစ်နိုင် ခဲ့သည်။ သို့သော် ထိုကာလ ၌ ဒီမိုကရေစီစနစ် ကို အသက်သွင်း လိုသည့် အတိုက်အခံ နိုင်ငံရေးသမား သည် ကြားဖြတ် အစိုးရဖွဲ့ စည်းပြီး တိုင်းပြည်အား ထိန်းချူပ် ထားနိုင်ရန် အဆင်သင့် ဖြစ်မနေ ခဲ့ကြပါ။ ထိုမှတဖန် ၉၀-ခု ရွေးကောက်ပွဲ က ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုများကို တိုင်းပြည်အား ဒီမိုကရေစီ စနစ်ဆီသို့ ချီတက် သွားနိုင်သည့် မဟာ အခွင့်အရေး လမ်းကြောင်းကြီး တခု ခင်းချ ပေးခဲ့သည်။ သို့သော် ဤ တကြိမ်၌ လည်း အတိုက်အခံ နိုင်ငံရေး သမားများ သည် ဒီမိုကရက်တစ် အစိုးရဖွဲ့ စည်းရန် အဆင်သင့်ဖြစ် မနေ ခဲ့ကြပါ။ ဤသို့ဖြင့် အားလုံးသိရှိထားကြသည့် အတိုင်း မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေးကြီး သည် အောင်မြင်မှု ကင်းမဲ့စွာ နှစ် ၂၀ သက်တမ်းကာလကို ကျော်လွန် ဖြတ်သန်း ခဲ့ရပြီး တဘက်တွင် အကြွင်းမဲ့ စစ် အာဏာရှင်စနစ် သည် သက်ဆိုး ရှည်သထက် ရှည်လာ နေ ပေသည်။
ဤကဲ့သို့နှစ် ၂၀ ပြည့်လွန်ကာလတွင် နိုင်ငံရေး သုံးသပ်သူများက အတိုက်အခံ အဖွဲ့အစည်း များကြားတွင် ညီညွတ်ရေး ကင်းမဲ့သောကြောင့် ယခုလို မြန်မာနိုင်ငံ၌ လက်တဆုပ်စာ စစ်ဝါဒီများ သက်ဆိုးရှည်နေရသည်ဟု ဝေဖန်ရေးသား လာကြသည်။ အကယ်၍ ဒီမိုကရေစီအင်အားစုများ ညီညွတ်နေလျှင် န.အ.ဖ စစ်အုပ်စုကို အောင်မြင်စွာဖြုတ်ချနိုင်ပြီး လူထုတရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ်သို့ အမြန်ဆုံး အသွင်ကူးပြောင်း နိုင်မည်ဟု မှတ်ယူထား ကြသောကြောင့် ဖြစ်သည်။ အပြင်ပန်းအားဖြင့် ကြည့်လျှင် ဤကဲ့သို့ ထင်မြင် ယူဆချက်သည် လူတိုင်း လက်ခံနိုင်ဖွယ်ရှိသော်လည်း အနှစ်သာရ အားဖြင့်တော့ ယေဘုယျ ဆန်လွန်းသည်ဟု ပြောရပေမည်။တကယ်တမ်း နိုင်ငံရေးဖြစ်စဉ်အား ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုလျှင် ညီညွတ်ရေးသည် မြန်မာပြည် ဒီမိုကရေစီ ဖြစ်ထွန်းမှုအတွက် အဓိက လိုအင်မဟုတ်ပဲ ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၏ အနာဂတ်ကို အမြင်ကျယ်ကျယ် လှမ်းကြည့်နိုင်မှု ကင်းမဲ့နေခြင်းနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ အရရော နည်းဗျူဟာ ပိုင်းဆိုင်ရာအရပါ အဆင်သင့် ဖြစ်မနေခြင်းကသာ ချို့ယွင်းချက် ဖြစ်နေသည်ဟု ယူဆရပေမည်။
လူမျိုးပေါင်းစုံပါဝင်သည့် မြန်မာ့လူထုသည် နိုင်ငံရေးနိုးကြားမှု မြင့်မားပြီး ညီညွတ်မှုကို အမြဲတမ်း ထုတ်ဖော်ပြသနေခဲ့ ကြသည်။ ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး၊ ၉၀-ခု ရွေးကောက်ပွဲရလဒ် နှင့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးများသည် လူထု၏ စည်းလုံးညီညွတ်ခြင်းများမှ မွေးထုတ်ပေးခဲ့သည့် တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံရေး အသီးအပွင့်များဖြစ်သည်။ လူထု၏ အရေးကြုံလျှင် သက်လုံကောင်းသည့် နိုင်ငံရေးစိတ်ဓါတ်နှင့် ဒီမိုကရေစီလိုလားသည့် ဆန္ဒများကို အမြဲတမ်း ထင်ရှားစွာတွေ့ မြင်နေရသည်မှာ ခိုင်မာသည့် သွေးစည်းခြင်းနှင့် လူမှုရင်းမြစ်များ (Strong Solidarity and Social capital) ရှိနေခြင်း ကြောင့်သာ ဖြစ်သည်ဟု သုံးသပ်လျှင် ငြင်းဖွယ်ရာ မရှိဟု ထင်သည်။ အတိုက်အခံပါတီအဖွဲ့ အစည်းများကို လေ့လာကြည့်လျှင်လည်း အားလုံး တညီတညွတ်တည်း လက်ခံကျင့်သုံးသည့် ဒီမိုကရေစီရရှိရေး မူဝါဒကို တွေ့ရပေမည်။ ထို့ကြောင့် ညီညွတ်ရေး နိုးဆော်သံသည် အပေါ်ယံ နားထောင်၍ ကောင်းသော စကားလုံးမျှသာဖြစ် နေပြီး နိုင်ငံရေးပြဿနာအား လက်တွေ့  ကျကျ လမ်းပြဖြေရှင်းပေးနိုင်မည့် အဖြေကောင်းတခုဖြစ် မလာနိုင်ဟု ထင်သည်။ တကယ်တမ်းတွင် မြန်မာ့ဒီမိုကရေစီ တပ်ဦးကို ဦးဆောင်နေကြသူများ၌ ကြည်လင်ပြတ်သားသည့် လားရာအမြင် (Clear and determined vision) မရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည့် စုပေါင်းဦးဆောင်မှု ကင်းမဲ့နေခြင်းသည်သာ အဓိက အားနည်းချက်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီတော်လှန်ရေး အထမြောက်အောင်မြင်နိုင်မည့် လူထု၏ စိတ်ဓါတ်ခွန်အားနှင့် အသက်စွန့် ကြိုးပမ်း လှုပ်ရှားမှုများကို အလဟဿ ဖြုန်းတီးပစ်နေခဲ့သည်ဟု ပြောရပေမည်။
၁၉ရာစု ဂျာမန်ဒဿနပညာရှင် ဟေဂေလ် (Hegel) က “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်” ဟု ဆိုခဲ့ဖူးသည်။ ဤအတွေးအခေါ်နှင့် ဆင်တူသော ထာဝရ အကျိုးစီးပွါးကို လက်ကိုင်ထားပြီး ဦးတည်သွားလိုသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်ကို ဆယ်စုနှစ် (၂) စု နီးပါးခန့် ဖုံးလွှမ်းထားနေခဲ့သည်။ သို့သော် နိုင်ငံရေးခရီးအား အတူလက်တွဲသွား လိုသည့်အမြင်သည် အသုံးဝင်နိုင်ပေမယ့် မြန်မာ ပြည်အတွက်အသုံးမတည့်သည့် ဖလောဆိုဖီ် တခုဖြစ်နေကြောင်းကို အချိန်ကာလများက သက်သေပြ ခဲ့သည်။ နိုင်ငံရေးအမြင် မရှိသော န.အ.ဖ စစ်အုပ်စုက ထာဝရအကျိုး စီးပွါးဆီ အရောက်လှမ်းနိုင်ဖွယ် ရှိသည့် အမျိုးသား ရင်ကြားစေ့ရေးကို သူတို့၏ အကျိုးစီးပွါးအား ခွဲဝေပေးရမည့် ခြိမ်းခြောက်မှု တခုအဖြစ် ရှုမြင်နေမည်မှာ သေချာသည်။ နားလည်မှု လွဲခဲ့ဟန်ရှိသည့် နောက်အချက်တခု ကတော့ နိုင်ငံရေးနှင့် နိုင်ငံရေးစနစ်ကို ရောထွေးပြီး ချဉ်းကပ်ခဲ့ခြင်းပင် ဖြစ်သည်ဟု ပြောချင်သည်။ ကမ္ဘာ့ သမိုင်းစာမျက်နှာ များပေါ်၌ နိုင်ငံရေးစနစ်တွင် အမြဲတမ်း ရန်သူရှိကြောင်းကို ခိုင်ခိုင်မာမာ မှတ်တမ်း တင်ထားသည်။ ပဒေသရာဇ်၊ ဖက်ဆစ်နှင့် ကွန်မြူနစ်စနစ်တို့သည် လစ်ဘရယ် ဒီမိုကရေစီစနစ် အတွက် အမြဲတမ်း ရန်သူဖြစ်နေခဲ့ကြပြီး ထိုစနစ်များ ပြိုလဲကျရှုံး ချူပ်ငြိမ်းသွားခဲ့ခြင်းကြောင့်သာ ကမ္ဘာပေါ်၌ ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျယ်ပြန့်စွာ ထွန်းကားလာ ခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူ့သမိုင်းတွင် ပေါ်ထွန်းခဲ့သော ဘယ်စစ်အာဏာရှင်မှ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အာဏာအား အလွယ်တကူလက်လျှော့အရှုံးပေးသွားခဲ့ခြင်း မရှိကြောင်းကို လေ့လာတွေ့ရှိုရ သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ဆက်စပ်ပြီး ရင်ကြားစေ့ဆွေးနွေး လိုခြင်းသည် မှားယွင်းသည့်လားရာအမြင် (wrong vision) တခုဖြစ်နေရုံသာမက မအောင်မြင် သည့်မဟာဗျူဟာ (failed strategy) တခုလည်းဖြစ်သည်ဟု ကောက်ချက်ချ သုံးသပ်နိုင်မည် ထင်သည်။
တဘက်တွင် အားလုံး သိရှိထားကြသည့် အတိုင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ် ခံရခြင်းကြောင့် သိန်းချီသေဆုံးပြီး သန်းချီသော ပြည်သူလူထုများ အတိဒုက္ခရောက်ကာ ကယ်သူမဲ့ နေသည့်ကြားမှ အတုအယောင် ဆန္ဒခံယူပွဲကို ကျင်းပ၍ န.အ.ဖစစ်အုပ်စု၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအား မေလ ၂၉ ရက် ၂၀၀၈ ခုနှစ်တွင် အတည်ပြု ခဲ့ကြသည်။ စစ်အာဏာရှင် စနစ်ဆိုးအား ဆွဲဆန့် သွားနိုင်ရေးကို အဓိကရည်မှန်းသည့် ဤဖွဲ့စည်းပုံအား အတည်ပြု လိုက်ခြင်းသည် ရာစုတ၀က်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပြဿနာများကြောင့် အမှောင်အတိ ဖုံးလွှမ်းခံနေရသည့် တိုင်းပြည်အား ထပ်မံ၍အနက်ရောင်ချယ်သလိုက်ခြင်းသာ ဖြစ်သည်။ တနည်းပြောရသော် အမှောင်ထဲ၌ အမှောင်ကို ထွန်းညှိခြင်းသာ ဖြစ်ပြီး အလင်းကို ရှာဖွေခြင်း မဟုတ်ပါ။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် လူထုဆန္ဒမဲတပြားမှ မပါပဲ အခွင့်ထူးခံ အမတ်များအဖြစ် နေရာယူထားကြမည့် စစ်ဗိုလ်များကသာ ကြီးစိုးချယ်လှယ်ခွင့်ကို အပြည့်အ၀ ပေးထားသည့် ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အခြေခံအနှစ်သာရနှင့် လုံးဝဆန့်ကျင် နေသည်မှာ အထူးပြောစရာ မလိုတော့ပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံအား အသက်သွင်းကျင့် သုံးလာမည့် အစိုးရကိုလည်း အရပ်သားအစိုးရဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။ စင်စစ်အားဖြင့် လက်ရှိစစ်စနစ်အား ပုံစံတမျိုးဖြင့် မွမ်းမံချယ်သထားသည့် ပုံစံသစ်တခုသာ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအရ လွှတ်တော်များတွင် လူထုသဘောထားနှင့် ထပ်တူကျသော ဥပဒေပြုနိုင်မှုများ ကင်းမဲ့လာနိုင်သလို ဖွဲ့စည်းပုံပါ ပုဒ်မများအား ပြင်ဆင်ရေးဆွဲ ပြဌါန်းပိုင်ခွင့်ကိုလည်း တင်းကျပ်စွာ ထိန်းချူပ်ထားသည်ကို တွေ့ရသည်။
ပွင့်လင်းစွာ ပြောရလျှင် လက်ရှိမြန်မာပြည်၏ အခြေအနေသည် ဓားပြဂိုဏ်းကြီးတခုက ရွာတရွာ အား ၀င်စီးထားသည့် အနေအထားမျိုး ဖြစ်နေသည်။ မုဒိမ်းကျင့်၊ လူသတ်တတ်ပြီး နိုင်ငံရေး စီးပွါးရေးအမြင် လုံးဝမရှိသည့် န.အ.ဖစစ်အုပ်စုက ချူပ်ကိုင်ထားသော တပ်မတော်ဟု ခေါ်တွင်နေ သည့် ဒီနေ့ကာလ ဗမာစစ်တပ်သည် အပြင်ပန်းအားဖြင့်သာ နိုင်ငံတနိုင်ငံ၏ စစ်တပ်အဖြစ်သတ် မှတ်၍ ရနိုင်သော်လည်း အနှစ်သာရ အားဖြင့်တော့ ခိုးဆိုးလုယက် လူသတ်ခြင်းများကို လက်ရဲ ဇက်ရဲကျူးလွန်တတ်သော ဓားပြဂိုဏ်း အဆင့်သာသာ ရှိတော့သည်ဟု ပြောရပေမည်။ ထိုသို့ ဓားပြများ၏ ၀င်စီးခြင်းကို ခံထားရသည့် တိုင်းပြည်တွင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသော နည်းဖြင့် နိုင်ငံရေးအသွင် ကူးပြောင်းရေးသည် မှားယွင်းသော အဖြေရှာမှုတခု ဖြစ်နေမည်ဟု ထင်သည်။
ရှေ့မတိုး နောက်မဆုတ်သာသည့် အခြေအနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြီး နှစ်ပေါင်း (၂၀) လွန်လာခဲ့သည့် ဒီနေ့ ကာလသည် အလှည့်အပြောင်း အချိုးအကွေ့ တနေရာသို့ ရောက်ရှိလာနေသည် ဟု ပြောရပေမည်။ အခုလို အလှည့်အပြောင်းကို လက်ဦးမှု ရယူသည့်အနေဖြင့် န.အ.ဖ စစ်အုပ်စုက ၄င်းတို့၏ စစ်စနစ်ကို ပုံစံတမျိုး ဖန်တီးပြီး အသွင်ပြောင်းဖို့ ကြိုးစားလာနေသည်။ တချိန်တည်းတွင် ပြည်တွင်းပြည်ပရှိ အတိုက်အခံ အင်အားစုများ အတွက်လည်း မဟာဗျူဟာ နည်းဗျူဟာနှင့် နိုင်ငံရေးမျိုးဆက်ပါ လူစားလဲ သွေးသစ်လောင်းပြီး သမိုင်းဆိုင်ရာ အဆုံးအဖြတ် ပေးရမည့် အချိန်ကာလတခုသို့ ဆိုက်ရောက်လာနေသည်ဟု ထင်သည်။ ယေဘုယျဝါဒီများ၏ ခံစားမှု အဓိကပဓါန၀ါဒကို ကိုင်စွဲပြီး ဒီမိုကရေစီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစား နေခြင်းထက် လူထုအခြေပြု ဗဟုဝါဒဖြင့် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးဖို့ ရေရှည်စီမံကိန်း ချနိုင်သူများကိုသာ မြန်မာ့လူ့ဘောင်က လိုလားနေသည်ဟု ယူဆမိသည်။
သေချာနေသည်မှာ လာမည့် နှစ်ကာလများတွင် လူမှုစီးပွါး အကျပ်အတည်းများ (Socio-economic Crises) ကြောင့် လူထုပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပြီး စစ်အုပ်စု၏ အုပ်ချူပ်ရေး ယန္တရားအား ရပ်တန့် ပစ်နိုင်လောက်သည့် လူထုသပိတ်များလည်း ဖြစ်ပေါ်လာနိုင်သည်။ သို့ကြောင့် နောက်ပြန်လှည့်ပြီး အတိတ်၏အောင်ပွဲကို တသသဖြင့် လွတ်သော ငါးကြီးနေခြင်းထက် ဂိမ်းအသစ်ကစားရမည့် ယခုလို အနာဂါတ် စိန်ခေါ်ပွဲတွင် လူဟောင်းများဖြင့် အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရ သော ယှဉ်ပြိုင်မှုကိုစွန့် လွှတ်၍ သွေးသစ်လောင်း လူသစ်လဲခြင်းဖြင့်သာ အလှည့်အပြောင်းက ပေးသော အပြောင်းအလဲ ရလဒ်ကောင်းကို ရယူနိုင်မည်ဟု ယုံကြည်မိပါတော့သည်။ ။ ။

အပြည့်အစုံ...>>