ဇူလိုင် ၃၁ - တရားရုံးချိန်းမတိုင်မီ အဖမ်းခံရသူ ၂၃ ဦး စာရင်းရသည့်အနက်မှ ၂ ဦး ပြန်လွတ်လာဟု ဆို

၃၁ ရက် ဇူလိုင် ၂၀၀၉။ မိုးမခ
ပြည်တွင်းက ပေးပို့သော သတင်းအရ ဒီမိုကရေစီရေးအတွက် ရပ်တည်လှုပ်ရှားသူများ ယမန်နေ့ညက အများအပြား မြန်မာပြည်အနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ဟု သိရသည်။ ယမန်နေ့ညက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်သူ ၂ဦးမှာ - မြောက်ဥက္ကလာ မှ ဒေါ်နော်အုန်းလှ နှင့် စမ်းချောင်း မှ ဦးညွှန့်လှိုင် (အောင်လံအမတ်) ဟု ဆိုသည်။ ဆက်လက်ရရှိသော အဖမ်းအဆီးစာရင်းများကို တင်ပြပေးသွားမည်ဟု သတင်းပေးပို့သူက အကြောင်းကြားထားသည်။
ယခုလတ်တလော စာရင်းလက်ခံရသည့် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ၂၁ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။
၎င်းတို့မှာ -

ရေနံချောင်း
၁။ ကိုမြင့်ငွေ
၂။ ကိုတင့်လွင်
၃။ ကိုသန်းအောင်
၎။ အမည်မသိ
အောင်လံ
၅။ ဦးအေးမြင့်
၆။ ဦးမင်းမောင်
တောင်တွင်းကြီး
၇။ ကိုစိုး
၈။ ကိုပါလေး
၉။ ကိုကျော်နိုင်
မြို့သစ်
၁၀။ ဦးသာအောင် (အမတ်)
၁၁။ မဇင်မမထွန်း
၁၂။ ကိုသန်းစိုးမြင့်ဒဂုံမြို့သစ်
၁၃။ ကိုထိန်ဝင်း
၁၄။ ဒေါ်ခင်ဝင်းကြည်
မင်္ဂလာဒုံ
၁၅။ မခင်မြတ်သူ
ဒေါပုံ
၁၆။ ကိုနေလင်းကျော်
သာကေတ
၁၇။ ကိုနေလင်းစိုးမင်းဘူး
၁၈။ ဦးသောင်းစိုး-ဥက္ကဌ (မကွေးအမှတ် ၂ ရဲစခန်းမှာချုပ်ထား)
စကု
၁၉။ ကိုနေမျိုးကျော် (မကွေးအမှတ် ၁ ရဲစခန်းမှာချုပ်ထား)
ပွင့်ဖြူ
၂၀။ ကိုအောင်ဝင်း (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)
၂၁။ အမည်မသိ (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)

အပြည့်အစုံ...>>

ယနေ့ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက် ရက်နေ့သိုရွေှ့ဆိုင်း

၃၁ ရက် ဇူလိုင် ၂၀၀၉။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်ကို သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အကြောင်းပြချက်က ဥပဒေအကြောင်းအရ မရှင်းလင်းတာတွေကို ပြန်လည်သုံးသပ်ဖို့လို့ပြောပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။NLD လူငယ် ၁၀ဦးခန့် အဖမ်းခံရတယ်လို့ ကြားသိရပါတယ်။ နယ်မှ ၈ဦး ရန်ကုန် ၂ဦးဟု ကြားသိရပါတယ်။ သတင်းဆက်လက် စုံစမ်းနေပါတယ်။
သတင်း။...။ဒီမိုဝေယံ

အပြည့်အစုံ...>>

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့

၃၁ ရက် ဇူလိုင် ၂၀၀၉။ ဗွီအိုအေ
ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု စီရင်ချက်ချမယ့်နေ့ပါ။ ဒီနေ့ကျင်းပမယ့် တရားခွင်ကို အမေရိကန်ဘက်က ကောင်စစ်ဝန်တဦးလည်း တက်ရောက်လိမ့်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က အထူးစောင့်ကြည့်နေတယ်၊ ပြီးခဲ့တဲ့ အပြီးသတ် လျှောက်လဲချက်တင်တဲ့ တရားခွင်ကိုလည်း အမေရိကန် ကောင်စစ်ဝင်တဦး တက်ရောက်ခဲ့တယ်၊ အမေရိကန် နိုင်ငံသားတဦးကလည်း ဒီအမှုနဲ့အတူ တရားခွင်မှာ ရင်ဆိုင်နေရတယ်၊

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အမေရိကန်ဘက်က ရပ်တည်ချက်ကို လူသိရှင်ကြား တောက်လျှောက် ပြောနေခဲ့တာ ဖြစ်တယ်၊ မကြာခင်တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အာဆီယံ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုတဲ့အကြောင်း ပြောထားခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ရှင်းပြခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ချွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲတော့ မသိရသေးပါဘူး။

အပြည့်အစုံ...>>

ညွှန်ကြားချက်နှင့် စပါးစိုက်ခိုင်းသဖြင့် လယ်သမားများအခက်တွေ့

၃၀ ရက် ဇူလိုင် ၂၀၀၉။ ဖြိုးကြီး (ရိုးမ၃)
ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို မြို့နယ်(မယက)က မိုးစပါးဧက ပြည့်မှီရေးအတွက် ခွဲတမ်းစနစ်ဖြင့် စိုက်ပျိုးရန် ညွှန်ကြားသဖြင့် ဒေသခံရွာသားများ အခက်တွေ့နေရသည်။ယခုလ (၁၇) ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ ကြိမ်ချောင်းကြီးကျေးရွာအုပ်စုနှင့် ကျွန်းသာယာကျေးရွာအုပ်စုများအတွင်းရှိ လယ်များတွင် သွားရောက် စိုက်ပျိုးခိုင်းခြင်းဖြစ်သည်။“လယ်ယာမြေ ၃၁၄၄ ဧကကို သွားလုပ်ခိုင်းတာ၊ (မယက)ဥက္ကဌက အစည်းအဝေးခေါ်ပြီး တရွာကို ဧက ၅၀ လုပ်ရမယ်ဆိုပြီး ပြောတယ်၊ အားလုံး ရွာပေါင်း ၆၅ ရွာ၊ လုပ်ခိုင်းတာက (၁၇) ရက်နေ့မှာ၊ (၂၂) ရက်နေ့မှာ သွားကြည့်တဲ့အခါ ဘာမှလုပ်ထားတာမရှိတော့၊ (၂၃) ရက်နေ့မှာ သွားလုပ်ပါဆိုပြီး ထပ်ညွှန်ကြားတယ်” ဟု ငခူကျေးရွာသားတဦးက ပြောသည်။
ယင်းကဲ့သို့ သွားရောက်လုပ်ကိုင်ခိုင်းရာတွင် သက်ဆိုင်ရာ ကျေးရွာ(ရယက)များက စိုက်ပျိုးစရိတ်အတွက် ကျေးရွာအလိုက် ငွေကြေးကောက်ခံနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။“ရွာတွေကို ခွဲပြီးလုပ်ခိုင်းတော့ (ရယက)တွေက သူတို့လည်း မလုပ်နိုင်တော့ ရွာတွေမှာ ပိုက်ဆံတောင်းပြီး ပံ့ပိုးမယ်၊ သွားစိုက်ဆိုပြီး ပြောတယ်၊ လယ်တွေကိုလည်း အပိုင်ပေးမယ်ပြောတယ်၊ ရာသီကလည်း နောက်ကျနေပြီ၊ ထွက်လာတဲ့ စပါးကိုလည်း (မယက)က စီမံခန့်ခွဲမှာဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ပြောသည်။ယခု သွားရောက်စိုက်ပျိုးခိုင်းသည့် လယ်မြေများမှာ ယခင်ကစိုက်ပျိုးသည့် လယ်သမားများရှိခဲ့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက နိုင်ငံတကာကပေးသည့် အကူညီအထောက်ပံ့များကို အလွဲသုံးစားလုပ်ပြီး ထိထိရောက်ရောက် ကူညီခဲ့ခြင်းမရှိသည့်အတွက် လုပ်ကိုင်မည့်သူ မရှိတော့ခြင်းဖြစ်ကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။“ဒီလူတွေက မလုပ်တော့ဘူးဆိုတာက နာဂစ်ဒေသမှာ အကူအညီတွေ လာပေးတာမနည်းဘူး၊ ဒါပေမဲ့ ဒီမှာ အာဏာပိုင်တွေ မသမာမှုကြောင့် လယ်သမားတွေက သူတို့ပြောသလို ထောက်ပံ့မှုတွေ တကယ်မရကြဘူး၊ မရတဲ့အခါကျတော့ ဒီပြဿနာတွေဖြစ်လာတာ” ဟု ပြောသည်။လယ်သမားများအတွက် စက်သုံးဆီများ ထောက်ပံ့ပေးစဉ်ကလည်း သက်ဆိုင်ရာ (ရယက)နှင့် မြို့နယ်အာဏာပိုင်များ ပေါင်းပြီး လယ်ဧကပိုပြပြီး ဆီများထုတ်ယူကာ ရောင်းစားခြင်းများရှိခဲ့ကြောင်း ၎င်းက ပြောသည်။“လယ်ဧက ၃၂၈၀ ရှိတဲ့ ရွာမှာ စက်သုံးဆီပေးမယ်ဆိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ မြို့နယ်အာဏာပိုင်တွေ ပေါင်းပြီး ၆၃ ဧက ပိုပြလိုက်တယ်၊ ပေးတာက တဂါလံကို ၃၀၀၀ နဲ့ထုတ်ပြီးတော့ ၃၅၀၀ နဲ့ ပြန်ရောင်းစားတယ်၊ နောက် (ရယက)ဥက္ကဌတယောက်ဆိုရင် ထွန်စက် ၄ လုံး ကူညီထောက်ပံ့ပေးတာကို ရောင်းစားပစ်တယ်” ဟု ပြောသည်။ယင်းကဲ့သို့ အာဏာပိုင့်အဆင့်ဆင့် ခေါင်းပုံဖြတ်မှုများကြောင့် ဒေသခံလယ်သမားများမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရပြီး စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့သည့် အခြေအနေများနှင့် ရင်ဆိုင်နေရကာ ယခုထပ်မံ၍ အတင်းအကြပ် လုပ်ခိုင်းနေသဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲများပါ ကြုံတွေ့နေရလျက်ရှိသည်။

အပြည့်အစုံ...>>

ဒေါ်စုအမှုဟာ နိုင်ငံတကာအရေးလို့ မစ္စတာ ကင်တားနားကဆို

၃၀ ရက် ဇူလိုင် ၂၀၀၉။ ဘီဘီစီ
ဒေါ်‌‌အောင်‌ဆန်းစုကြည်‌ကို ဖမ်း ဆီးတာဟာ ဥပ‌ဒေနဲ့ မညီဘဲ အတင်း အဓမ်မဖမ်း ဆီး အ‌ရေးယူတာဖ်ရစ်‌တဲ့အတ်ဝက်‌ လူ့အခွင့်‌အ‌ရေးချိုးဖာက်‌မှု ဖြစ်‌‌တဲ့ အ‌ကြောင်း မြန်‌မာနိုင်‌ငံဆိုင်‌ရာ လူ့အခွင့်‌အ‌ရေးကိုယ်‌စားလှယ်‌ မစ်စတာကင်‌တားနားက ‌ပြေလိုက်‌ပါတယ်‌။
လူ့အခွင့်‌အ‌ရေး ချိုး‌ဖောက်‌မှု ဖြစ်‌တဲ့အတ်ဝက်‌ ‌ဒေါ်အောင်‌ဆန်းစုကြည်‌ကိုဖမ်းတာဟာ ပြည်‌တွင်း‌ရေးသက်‌သက်‌သာ မဟုတ်‌ဘဲ နိုင်‌ငံတကာအ‌ရေးဖြစ်‌တယ်‌လို့လည်း မစ်စတာ ကင်‌တားနားက ဆိုပာတယ်‌။
ဒါ့အပြင် ‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌ မပာဘဲ ၂၀၁၀ ‌ရွေး‌ကောက်‌ပွဲ ကျင်း ပမယ်‌ဆိုရင်‌လည်း ဘယ်‌လိုမှ တရားမျှတတဲ့ ‌‌ရွေး‌ကောက်‌ပွဲဖြစ်‌လာမှာ မဟုတ်‌ဘူးလို့ ဆက်‌လက်‌ ‌ပြောကြားပါတယ်‌။
‌ဒေါ်အောင်‌ဆန်းစုကြည်‌ လွတ်မြောက်ရေးကို အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းက အင်အားကြီးနိုင်ငံတွေ မြန်မာ့အရေးကိစ္စမှာပါတဲ့နိုင်ငံတွေ အားလုံးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားကြဖို့တိုက်သွားသွားပါတယ်။

အပြည့်အစုံ...>>

၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ

၂၉ ရက် ဇူလိုင် ၂၀၀၉။ ဗထူး (ရိုးမ၃)

နအဖစစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ရာ အဆိုပါအစည်းအဝေးပွဲအား အဆုံးမသတ်နိုင်ဘဲ ခေတ္တ ရပ်ဆိုင်းထားရသည်။လက်ရှိစစ်ခေါင်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ အချက်အလက်များအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးစလုံး အရပ်ဖက်အသွင်ကူးပြောင်းရေးအတွက် ၎င်းတို့နှစ်ဦးအကြား သဘောတူညီမှု မရရှိသေးခြင်းဖြစ်သည်။“လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို တပ်ထဲမှာ ဆက်ထားခဲ့ဖို့ တပ်ချုပ်က ပြောတယ်၊ ဒါပေမဲ့ ဦးအေးက ဒီကိစ္စကို သဘောမတူဘူး၊ သူကိုယ်တိုင် ဦးစီးချုပ် ဆက်လုပ်မယ်ပြောတယ်” ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တပ်ကြပ်ကြီးစာရေးတဦးက ပြောသည်။
စစ်ခေါင်းဆောင်နှစ်ဦးအကြား ယင်းပဋိပက္ခမှာ လွန်ခဲ့သည့် တလခန့်က စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယခုအစည်းအဝေးကိုပင် ရပ်ဆိုင်းရသည့်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသွားသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍လည်း တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများအကြားတွင်လည်း ဝေဖန်မှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်နေလျှက်ရှိသည်။ယခုဖြစ်ရပ်သည်လည်း တပ်မတော်အနာဂါတ်အတွက် မေးခွန်းထုတ်စရာရှိလာပြီဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတခုတွင် တာဝန်ထမ်းဆောင်နေသူ တပ်ခွဲမှူးတဦးက ပြောသည်။နအဖစစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် အတည်ပြုခဲ့သည်။ သို့သော် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အာဆီယံအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပြီး နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲတခုဖြစ်ရန် တိုက်တွန်းထားသည်။

အပြည့်အစုံ...>>

စစ်တွေတွင် လုံခြုံရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် အင်အားဖြည့်တင်းထား

၂၉ ရက် ဇူလိုင် ၂၀၀၉။ နိရဉ္စရာ
ရခိုင်ပြည်နယ် စစ်တွေတွင် လုံခြုံရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် ရဲသားများကို အင်အားဖြည့် တိုးချဲ့ ချထားသည်ဟု သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်အား သောကြာနေ့တွင် တရားရုံးမှ စီရင်ချက် ချမည် ဖြစ်ရာ စစ်တွေတွင် ထူးခြားမူများ ရှိပါသလားဟု စစ်တွေမြို့ခံ တဦးကို နိရဉ္စရာက မေးမြန်းရာ သူက ယခုကဲ့သို့ပြောသည်။“စစ်တွေမှာ မိုးအရမ်းရွာနေပါတယ်။ လမ်းပေါ်ကို လူထွက်လို့ မရအောင်ထိ မိုးရွာနေပါတယ်။ ခုချိန်ထိ တစုံတရာ ထူးခြားမူကတော့ မရှိသေးပါဘူး။ ဒါပေမယ့်လို့ လူတွေကတော့ ဒေါ်စုကို နအဖ စစ်အစိုးရ ထောင်ချမယ်ဆိုပြီးတော့ ပြောနေကြပါတယ်” ဟု ပြောသည်။
တခြား ရဲစခန်းနဲ့ နီးစပ်သူ တဦးက မေးကြည့်ရာ သူက “ခုရက်ပိုင်း အတွင်းမှာ ရဲသားတွေကို စတန်းဘိုင် (Standby) အနေအထားနဲ့ တွေ့ရပါတယ်။ ညမှာဆိုရင် ညလုံးပေါက် ရဲသားအများအပြားကို ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရင် တခုခု ဖြစ်နိင်တယ်လို့ အာဏာပိုင်တွေက တွက်ဆထားပုံရပါတယ်။ ဒါပေမယ့်လို့ စစ်တပ်နဲ့ လုံထိန်းတွေရဲ့ လူပ်ရှားမူတွေတော့ မတွေ့ ရသေးပါဘူး။” ဟု ပြောသည်။ ဆရာတော် ဦးဥတ္တမ ပန်းခြံ၊ ဘုရားကြီးနှင့် လောကာနန္ဒာစေတီတွင် လုံခြုံရေးများမှာမူ ပုံမှန်အတိုင်းရှိနေပြီး လူအများ၏ သွားလာ လှုပ်ရှားမူကို အမြဲမပြတ် စောင့်ကြည့်နေသည်ဟု သိရသည်။ တခြား နိုင်ငံရေးနှင့် ဆက်စပ်သူ တဦးမှလည်း ရိုးရိုး အ၀တ်ဖြင့် ထောက်လှမ်းရေးများမှာ နိုင်ငံရေး လှုပ်ရှားသူများနှင့် တချို့ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်မူများ ရှိနေသည်ဟု ပြောသည်။

အပြည့်အစုံ...>>

ထိုင်းဝန်ကြီးချုပ် ၏ မြန်မာပြည် ခရီးစဉ် ရွှေ့ဆိုင်း


၂၉ ရက် ဇူလိုင် ၂၀၀၉။ လူထုအသံ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျ ချာချီဝ သည် မြန်မာပြည်ကို ဂျူလိုင်လ ၃၁ ရက်တွင် သွားရောက် လည်ပတ်ရန် စီစဉ် ထားမှုအား ၂ပတ် သို့မဟုတ် ၃ပတ်ခန့် နောက်သို့
ရွှေ့ဆိုင်း ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး က တောင်းဆို ခဲ့ကြောင်း ထိုင်း ဝန်ကြီးချုပ် ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ပနီတန် ဝတန်နာရကောန့် ( Panithan Watthanayakorn ) က ဒီကနေ့ အင်္ဂါနေ့ မှာ ပြောဆို ခဲ့သည်။
ယခုကဲ့သို့ ရွှေ့ဆိုင်းပေးရန် တောင်းဆို ခဲ့ခြင်းသည် ပြီးခဲ့သည့် အာဆီယံ အစည်းဝေး တွင် ဆွေးနွေးခဲ့သည့် မြန်မာပြည်ဆိုင်ရာ ကိစ္စများနှင့် မည်သို့မျှ ပတ်သက်ခဲ့ခြင်း မရှိကြောင်း သူက ထပ်မံ ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ လာရောက်မည့် ဂျူလိုင်လ ၃၁ ရက် နေ့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆို ထားသည့် အမှုအား စီရင်ချက် ချမည့်နေ့နှင့် တိုက်ဆိုင် နေခြင်းကြောင့် မြန်မာ စစ်အစိုးရက ရွှေ့ဆိုင်း ခိုင်းခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်သူများ က ပြောဆို ခဲ့ကြသည်။
(၄၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး မှ စစ်မှန်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံ ဆွေးနွေးရေးကို ဖော်ဆောင် လာနိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး၊ ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် ပါဝင်သင့်သူ အားလုံးကို ပါဝင်ခွင့် ပေးသင့်ကြောင်း ကြေညာချက် ထုတ်ပြန် ထားခဲ့သည်။

အပြည့်အစုံ...>>

မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား

၂၈ ဇူလိုင် ၂၀၀၉။ ခေတ်ပြိုင်
မန္တလေးမြို့အတွင်းရှိ ရယကရုံးတို့တွင် စစ်တပ်များ တပ်စွဲနေရာယူထားကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။“မန္တလေး (၄) မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ အောင်မြေသာဇံ၊ ချမ်းမြသာစည် အဲဒီမြို့နယ်တွေထဲ ဇူလိုင် (၂၆) ရက် ညပိုင်းမှာ တပ်ကားတွေနဲ့ စစ်သားတွေ လာချသွားတာ။ ရယကရုံးတခုမှာ အယောက် (၃၀) လောက်ဆိုတော့ တပ်ခွဲတခုစာလောက် ချထားတာပေါ့ဗျာ။ အဲဒီ ရယကရုံးတွေထဲမှာတင် နေထိုင်ချက်ပြုတ်စားသောက်နေကြတာ” ဟု မြို့ခံတဦးက ပြောသည်။ယခုကဲ့သို့ မန္တလေးမြို့ပေါ်တွင် တပ်စွဲနေရာယူထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပါက လူထုအုံကြွမှု ပေါ်ပေါက်လာနိုင်သဖြင့် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။
မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက “ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချကိုချမယ်လို့ ပြလိုက်တဲ့သဘောပဲဗျ။ ကျနော်တို့ မြို့ခံတွေက အဲလိုပဲ ယူဆတယ်။ ထောင်ချလိုက်လို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး အုံကြွမှု ဖြစ်လာရင် နှိမ်နင်းဖို့နဲ့ နောက်အခုလို တပ်ကြိုချ အင်အားပြပြီး လူထုကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။မန္တလေးမြို့သည် သံဃာဦးရေအများဆုံးရှိသည့် မြို့ဖြစ်နေခြင်းကြောင့်လည်း ဒေသအာဏာပိုင်များက ပိုမိုစောင့်ကြည့်နေပြီး ဘုန်းကြီးကျောင်းတိုက်များအတွင်း လူအ၀င်အထွက်ကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံစာနယ်ဇင်းဆရာက ပြောသည်။မန္တလေးမြို့တွင်း တပ်လုံခြုံရေးများ ရယူထားသကဲ့သို့ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များကိုလည်း သတင်းတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည်ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အပြီးသတ်လျှောက်လဲချက် ပေးရသော ဇူလိုင် (၂၄) ရက်မှစ၍ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားသို့ သွားရောက် ၀တ်ပြုဆုတောင်းခဲ့ကြရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။ထိုနေ့က မဟာမြတ်မုနိဘုရားမှအပြန် မန္တလေး အရှေ့တောင်မြို့နယ် အန်အယ်လ်ဒီလူငယ် ကိုတိုးကြီးကို ကြံ့ဖွံ့အသင်းဝင်များက ဆိုင်ကယ်ရပ်နားထားရာနေရာတွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။“ဒီနေ့အထိ လိုက်နှောင့်ယှက်နေတာပဲ။ အရင်ရက်တွေက အနှောင့်အယှက်ခံရလို့ ဒီနေ့တော့ မဟာမြတ်မုနိဘုရားကြီးဆီကို ပါတီဝင်နှစ်ယောက်လောက်ပဲ ယောင်ပြအဖြစ် သွားရောက်ခဲ့တယ်။ ကျန်တဲ့လူတွေက ရွှေသာလျောင်းဘုရားကိုသွားပြီး ၀တ်ပြုဆုတောင်းခဲ့ကြတယ်။ ဒါပေမယ့် အဲဒီမှာလည်း သတင်းတပ်ဖွဲ့ကလူတွေ လိုက်ကြည့်နေတာပါပဲ” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

အပြည့်အစုံ...>>

ဧရာဝတီတိုင်းမြို့နယ် အချို့၌ လေဆင်နှာမောင်းငယ်များ ဆက်လက်ဖြစ်ပေါ်

၂၅ ရက် ဇူလိုင် ၂၀၀၉။
နာဂစ်မုန်တိုင်း တိုက်ခက်ခဲ့သည့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင် ၁၃ ရက်၊ ၁၄ ရက်က လေဆင် နှာမောင်း တိုက်ခတ်ပြီး နောက်ပိုင်းရက်များတွင်လည်း လေဆင်နှာမောင်းငယ် တိုက်ခတ်ခြင်းများ နေရာဒေသ အချို့၌ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ဘိုကလေးမြို့နယ်အတွင်းရှိ ကျွန်းညိုကြီးတွင် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။ ဇူလိုင် ၁၉ ရက်နေ့က ဘိုကလေးမြို့နယ် အတွင်းရှိ ကျွန်းညိုကြီးနှင့် စပ်ကျွန်းရေလယ်ရှိ ကျွန်းညိုကြီးဘုရားအနီး ရေလယ်တွင် ကောင်းကင်မှ တိမ်လုံးကြီးများက မြစ်ရေများကို စုပ်ယူနေပြီး မိမိတို့ လှေနှင့် အလွန်နီးကပ်သည်အထိ ရောက်ရှိလာ၍ နီးစပ်ရာကမ်းကို အမြန်မောင်းပြေးရကြောင်း ၄င်းကပြောသည်။ ထိုသို့ အသက်ဘေး စိုးရိမ်ရလောက်အောင်ဖြစ်သည့် ဖြစ်ရပ်များမှာ နာဂစ်မုန်တိုင်း တိုက်ခက်ပြီးနောက်ပိုင်းမှသာ ရှိကြောင်း ထပ်လောင်းပြောကြားသည်။ ဧရာဝတီတိုင်းအတွင်း ဖြစ်ပေါ်ပြီး နောက်ပိုင်း ယခုနှစ် မိုးရာသီကာလတွင် ပုံမှန်မဟုတ်သည့် ရာသီဥတုများ ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်း သိရှိရ သည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် ၂၇ သို့ ဆက်

၂၅ ရက် ဇူလိုင် ၂၀၀၉။ မိုးမခ

ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို တရားရုံးထုတ်ခဲ့ရာ ဒေါ်စု၏ ရှေ့နေများက လျောက်လဲခဲ့ကြသည်။ ထိုနောက့် လာမည် တနလာင်္နေ့သို့ တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အချိန်ဆွဲပြီး တရားစစ်ဆေးနေခြင်းကို သဘောမကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပစ်ပယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့် ကုလသမဂ္ဂက ဝေဖန်ထောက်ပြသင့်သည်ဟု ပြောကြားကြောင်း အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲက လာသောသတင်းများအရ သိရသည်။
ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ အင်အား ၁၀၀ ကျော်ခန့်က အင်းစိန်ထောင်ရှေ့တွင် စုဝေးခဲ့ကြသည်။ ၎င်းတို့နှင့်အတူ စစ်အုပ်စု၏ အရပ်ဝတ်အကြမ်းဖက်သမား ၁၀၀ ကျော်ကလည်း ၀န်းရံ၍ အနှောက်အယှက်ဖြစ်အောင် အင်အားပြနေကြကြောင်း မျက်မြင်တဦးက ပြောသည်။ ဆရာဦးဝင်းတင်မှာ ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေသည့်ကြားက ၀တ္တရားတခုအဖြစ် အင်းစိန်ထောင်ရှေ့သို့ ဒေါ်စုရုံးချိန်းနေ့တိုင်း လာရောက်လျက်ရှိသည်။
(ဓာတ်ပုံ - ရွှေဂုံတိုင် အင်န်အယ်ဒီရုံးချုပ်၊ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဦးဉာဏ်ဝင်း၊ ပါတီဝင်များနှင့် သတင်းသမားများ)

အပြည့်အစုံ...>>

ကုလသမဂ္ဂကို ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး

၂၅ ရက် ဇူလိုင် ၂၀၀၉။ ခေတ်ပြိုင်
အင်းစိန်တရားခွင်ကို ယနေ့ပြန်လည်စတင်ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ရှေ့နေများမှတဆင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ အမှာစကားတခု ပါးလိုက်သည်။“ကုလသမဂ္ဂအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်မလုပ်ဘဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ မျှတမှုလည်းမရှိဘူး၊ တရားဝင်မှာလည်း မဟုတ်ဘူးဆိုတာကို ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တို့ဘာတို့ ထုတ်ပြီး ပြောသင့်တယ်တဲ့။ အဲလိုပြောလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က တဆင့်ပြန်လည်ပြောပြသည်။ယခင်တရားခွင်များကို နံနက် (၁၀) နာရီတွင် အမှုစတင်ကြားနာလေ့ရှိသော်လည်း ယနေ့တရားခွင်ကို နေ့လယ် (၂) နာရီတွင်မှ စတင်ကြားနာပြီး ရှေ့နေကြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် အပြီးသတ်လျှောက်လဲချက် ပေးခဲ့သည်။ ထို့နောက် တရားခွင်ကို ညနေ (၄)နာရီခွဲတွင် ရပ်နားကာ ဇူလိုင် (၂၇) ရက်သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်သည်။
တရားခွင်အချိန်ပြောင်းရွှေ့ကြားနာမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း ၎င်း၏ရှေ့နေများကို ပြောကြားခဲ့သည်ဟု သိရသည်။ယနေ့တရားခွင်သို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အမေရိကန်နိုင်ငံတို့မှ သံတမန်များကို တက်ရောက် နားထောင်ခွင့်ပြုခဲ့သော်လည်း သတင်းမီဒီယာများကိုမူ တရောက်ခွင့်မပေးခဲ့ပေ။အင်းစိန်ဈေးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများ ပိုမိုများပြားလာသကဲ့သို့ လုံခြုံရေးချထားမှုလည်း ပိုမိုများပြားသည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ ဦးအုံးကြိုင်က ပြောသည်။၎င်းက “ဆရာဦးဝင်းတင်လည်း ကျန်းမာရေးမကောင်းတဲ့အကြားကပဲ ဆိုက္ကာစီးပြီးလာတယ်။ ဦးအေးသာအောင်လည်းလာတယ်။ အန်အယ်လ်ဒီပါတီဝင်တွေလည်း လာကြတယ်” ဟု ပြောသည်။လာမည့်တနင်္လာနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲဖြစ်သူ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်က လျှောက်ထားမည်ဖြစ်သည်။နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ဒေါ်အောင်ဆန်းစုကြည် သည် ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

အပြည့်အစုံ...>>

တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ

၂၄ ရက် ဇူလိုင် ၂၀၀၉။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိကြောင်း ဘုရားသုံးဆူမြို့မှ ကေပီအက်ဖ် ထိပ် ပိုင်းခေါင်းဆောင်တဦးက ယနေ့ ပြောဆိုလိုက်သည်။သူက “လက်ရှိ အခြေအနေအရ ဆိုလို့ရှိရင် နအဖကော၊ ဒီကေဘီအေဘက်ကော တပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ဖို့ အတွက် စစ်ပြင်ဆင်နေပြီ။ လာမယ့် သုံးလေးငါးရက် အတောအတွင်းမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနိုင်တယ်”ဟု ကေအိုင် စီကို ပြောသည်။အလားတူပင် နအဖစစ်တပ်ဘက်က တပ်ရင်း (၃)ရင်းနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)တပ်ဖွဲ့မှ တပ်ရင်း (၉၀၆)နှင့် (၉၀၁)တို့က တပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ရန် အစီအစဉ်များရှိကြောင်းလည်း တပ်မ ဟာ (၆) တပ်ရင်း (၁၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က ပြောသည်။
၎င်းက “မကြာသေးခင်က ကျနော်တို့ကြားတာ ဒီလ (၂၅)ရက်နေ့မှာ နအဖဘက်က တပ်ရင်း (၃)ရင်းနဲ့ ဒီကေဘီအေ တပ်ရင်း (၉၀၆)၊ (၉၀၁)တို့ ဒီတပ်မဟာ (၆)ဒေသကို တက်လာဖို့ရှိတယ်။ နအဖကတော့ ဘယ်တပ်ရင်းလဲဆိုတာကိုတော့ ကျနော်တို့ မသိရသေးဘူး။ သေချာတာကတော့ တက်လာဖို့ရှိတယ်။ ကြီးကြီးမားမားဖြစ်ဖွယ်မရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီကေဘီအေက ကျနော်တို့ရန်သူမှ မဟုတ်တာ။ ကျနော်တို့ရဲ့ အဓိက ရန်သူက နအဖပဲလေ”ဟု ပြောသည်။အကယ်၍ စစ်ဖြစ်ပွားလျှင် နအဖစစ်တပ်၏ လုပ်ထုံးလုပ်စဉ်အရ ကြွက်မနိုင် စပါးကျီကို မီးနှင့်ရှို့ဆိုသလိုလုပ်ပြီး နောက်ဆုံး တွင် ပြည်သူများသာ အထိနာမည်ဖြစ်ကြောင်း ထို့အပြင် လက်ရှိအချိန်တွင် စစ်ဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် ရွာသား များ ကြောက်လန့်နေကြသည်ဟု ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က ဆက်ပြောသည်။ကေပီအက်ဖ်ထိပ်ပိုင်းခေါင်းဆောင်တဦး၏ ပြောပြချက်အရ နအဖစစ်တပ်က တပ်မ(၂၂)နှင့် (၇၇)မှ တပ်အင်အား သုံးထောင် နှင့် ဒီကေဘီအေတပ်ဖွဲ့မှ တပ်မဟာ(၉၉၉)နှင့် (၃၃၃)မှ အင်အား ခုနှစ်ရာသည် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေကို ရှင်း လင်းရန်အတွက် အသင့်အနေအထားတွင် ရှိနေပြီဟု ဆိုသည်။တပ်မဟာ(၆)နယ်မြေကို ထိုးစစ်ဆင်မည့် အစီအစဉ်အား လက်မခံကြသော ဒီကေဘီအေနှင့် ကေပီအက်ဖ်တပ်ဖွဲ့ဝင်တချို့ သည် ယခုလဆန်းပိုင်းက တပ်မဟာ (၆)၏ လက်အောက်ခံတပ်ရင်း (၁၆)ထံသို့ လာရောက်ပူးပေါင်းခဲ့ရာ စုစုပေါင်း (၈၀)ဦး ကျော်သည်ဟု သိရသည်။

အပြည့်အစုံ...>>

ဝက်တုတ်ကွေးကြောင့် ကမ္ဘာတွင် သေဆုံးသူ ၇၀၀ ကျော်ရှိပြီ

၂၃ ရက် ဇူလိုင် ၂၀၀၉။ နိရဉ္စရာ
ဝက်တုတ်ကွေး ရောဂါကြောင့် ကမ္ဘာ တ၀န်းလုံးတွင် သေဆုံးသူ အရေအတွက် စုစုပေါင်း ၇၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောကြားသည်။ အဆုံးပါ သေဆုံးမူ ပမာဏမှာ ၀တ်တုတ်ကွေး ရောဂါ စတင် ဖြစ်ပွားခဲ့သည့် (၄) လတာ ကာလအတွင်း သေဆုံးမူ ပမာဏ ဖြစ်သည်။ WHO ၏ စောစောပိုင်း ထုတ်ပြန်ချက်အရ ဇူလှိုင်လ ၆ ရက်နေ့ အထိ ၀က်တုတ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၂၉ ဦးသာ ရှိခဲ့သော်လည်း ယခုအခါ သေဆုံးသူ အရေအတွက်မှာ ၇၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့မှ ပြောခွင့်ရ အမျိုးသမီး Aphaluck Bhatiaseviကပြောသည်။
နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ၀က်တုတ်ကွေး ရောဂါ ဖြစ်ပွားနေပြီး နှစ်စဉ် ပုံမှန် တုတ်ကွေးကြောင့် ကမ္ဘာအ၀န်းတွင် သေဆုံးသူ ၂၅၀၀၀၀ မှ ၅၀၀၀၀၀ အထိ ရှိလာနိုင်သည်ဟု WHO ခန့်မှန်း ပြောဆိုသည်။ A(H1N1) ၀က်တုတ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ တောင်နှင့် မြောက် အမေရိကတိုက် နိုင်ငံများတွင် အထူးမြှင့်တက်လာခဲ့ပြီး အင်ဂျင်တီးနားတွင် လွန်ခဲ့သော တနင်္လာနေ့ထိ သေဆုံးသူ ၁၆၅ ဦးထိ ရှိလာခဲ့ဖြင့် ကမ္ဘာတွင် ဒုတိယ အများဆုံး သေဆုံးသည့် နိုင်ငံ ဖြစ်လာခဲ့သည်။ အမေရိကန်မှာ ၀က်တုတ်ကွေးကြောင့် သေဆုံး ၂၁၁ ဦးရှိသဖြင့် ပထမ အသေအပျောက် အများဆုံး နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ၀က်တုတ်ကွေး ရောဂါ ခံစားနေရသူ ၄ ဦးရှိပြီး မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ၂၃ ဦး ရှိသွားပြီ ဖြစ်သည်။

အပြည့်အစုံ...>>

မြန်မာနှင့် မြောက်ကိုရီးယား အနုမြူ စီမံကိန်းအား ဟီလာရီကလင်တန်


၂၃ ရက် ဇူလိုင် ၂၀၀၉။ လူထုအသံ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သူမ အနေနှင့် မြန်မာနှင့် မြောက်ကိုရီးယား အစိုးရ များသည် အနုမြူ စီမံကိန်းများ ပူးပေါင်း ဆောင်ရွက် မည်ကို စိုးရိမ် မိကြောင်း ၀န်ခံသွားသည်။
အနုမြူဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီး ဖြစ်သည့် မြောက်ကိုရီးယား နှင့် မြန်မာ စစ်အစိုးရတို့ ရင်းနှီးစွာ ဆက်ဆံ နေကြခြင်းသည် သတိပြု သင့်သည့် အခြေအနေ တရပ်ဟု ဟီလာရီက ဇူလိုင်လ (၂၂)ရက် နေ့က ပြောကြားခဲ့သည်။
အကယ်၍ မြန်မာ အစိုးရသာ အနုမြူလက်နက်များ ပိုင်ဆိုင် လာပါက ဒေသတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေး အတွက် အကြီးအကျယ် ခြိမ်းခြောက်မှု တခု ဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက သုံးသပ်သွားသည်။ သူမသည် ထိုင်းနိုင်ငံ၊ ဖူးခက် ဒေသသို့ ရောက်ရှိနေပြီး အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံများကြား အရေးပါသော လုံခြုံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဟီလာရီ သည် မြောက်ကိုရီးယား၏ အနုမြူ ခြိမ်းခြောက် လာမှုကြောင့် ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်။ မြောက်ကိုရီးယား အနေနှင့် စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံသို့ အနုမြူ နည်းပညာများ လက်ဆင့် ကမ်းလိုက်မည်ကို အလွန် စိုးရိမ်မိကြောင်း ထိုင်းအမျိုးသား ရုပ်မြင်သံကြားဌာန နှင့် အင်တာဗျူးတွင် ဟီလာရီက ပြောဆိုသွားခဲ့ ခြင်း ဖြစ်သည်။
မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံ နှစ်ခုလုံးသည် အာဏာရှင် အစိုးရများ လက်အောက်သို့ ကျရောက်နေပြီး အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများ၏ ပိတ်ဆို့မှုများကို ကြုံရပြီးနောက် နှစ်နိုင်ငံ ပိုမို ရင်းနှီးလာနေကြောင်း သတင်းရရှိသည်။

အပြည့်အစုံ...>>

မြန်မာနိုင်ငံမှ ကလေးစစ်သားစုဆောင်းမှု အခြေအနေ


၂၂ ရက် ဇူလိုင် ၂၀၀၉။ ခေတ်ပြိုင်

မြန်မာနိုင်ငံအတွင်း ကလေးစစ်သားအသုံးပြုမှု မရှိကြောင်း စစ်အစိုးရက ပြောဆိုနေသည့်အတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် အခြေအနေမှန်ကို သိရှိနိုင်ရန်ရည်ရွယ်၍ မြန်မာကလေးစစ်သားများ အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာတစောင်ကို ရိုးမ (၃) မြန်မာသတင်းဌာနက ယနေ့ဖြန့်ချိလိုက်သည်။ထိုင်းအခြေစိုက် ရိုးမ (၃) သတင်းဌာ၏ အယ်ဒီတာ ဦးငြိမ်းလူက “ကလေးစစ်သားသုံးစွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေကို နအဖက ငြင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိနိုင်ဖို့အတွက် ဒီအစီရင်ခံစာပါ အချက်အလက်တွေကို ကိုးကားနိုင်ဖို့ ထုတ်ဝေရတာ ဖြစ်တယ်” ဟု ပြောသည်။
စာမျက်နှာ (၇၂) မျက်နှာ ပါရှိသည့် မြန်မာ့သားကောင်းများအတွက် ၀မ်းနည်းဖွယ်ရာ ကလေးစစ်သားများ အစီရင်ခံစာတွင် မြန်မာစစ်တပ်အတွင်း ကလေးစစ်သားများ စုဆောင်းအသုံးပြုနေသည့်မှတ်တမ်းများကို ဓာတ်ပုံများ၊ အချက်အလက်များဖြင့် စုစည်းတင်ပြထားသည်။အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍ ဦးငြိမ်းလူက “ဒီအစီရင်ခံစာပါတဲ့အကြောင်းအရာတွေက လက်ရှိမြန်မာ့တပ်မ တော်ထဲမှာ ရှိနေတဲ့ မိတ်ဆွေများ၊ စစ်မှုထမ်းဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများရဲ့ ပူးပေါင်းကူညီမှုနဲ့ ထုတ်ဝေခဲ့တာ ဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များအား ပြောသည်။စစ်သားစုဆောင်းရေးနှင့် ကလေးစစ်သားများ ပါဝင်ပတ်သက်မှုဖြစ်ရပ်မှန် အခြေအနေများကို လက်ရှိမြန်မာ့တပ်မတော်မှ တပ်ကြပ်ကြီးတဦးက ပေးပို့သည့်ဓာတ်ပုံနှင့် အချက်အလက်များကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ယခုနှစ် မေလအတွင်း ကလေးစစ်သားများအဖြစ် စုဆောင်းခံရသည့် မောင်ဝိုင်းဒေါ်လာ အသက် (၁၄) နှစ်၊ မောင်ရဲကို အသက် (၁၅) နှစ်၊ မောင်ကိုဖြိုး အသက် (၁၅) နှစ်တို့က မိမိတို့ ဆန္ဒမပါဘဲ တပ်ထဲအဓမ္မသွတ်သွင်းခံရမှု ရှင်းလင်းပြောကြားချက်များကို အစီရင်စာတွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။မောင်ဝိုင်းဒေါ်လာက “အငှားဆိုင်ကယ်မောင်းတဲ့ ပျားလေး (ခေါ်) မျိုးသန့်က ကျနော့်ကိုအတင်းချုပ်ပြီး တပ်ရင်း (၁၀၄) ကိုပို့ဆောင်ပြီး မင်းဘာသာ မင်းဝင်တာလို့ ပြောခိုင်းတယ်။ ပြန်ထွက်လာရင် ဓားနဲ့ထိုးသတ်မယ်လို့ ခြိမ်းခြောက်တယ်။ ပိုက်ဆံ (၂) သောင်းခွဲကို ဗိုလ်မှူးဆီက လက်မှတ်ထိုးပြီး ယူသွားတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။၎င်းကို ခြိမ်းခြောက် ခေါ်ဆောင်သွားသူ ပျားလေ (ခေါ်) မျိုးသန့်မှာ မော်လမြိုင်မြို့ ဘဲကုန်းရပ်ကွက်၊ ယုဇနလမ်းတွင် နေထိုင်သူဖြစ်ပြီး စစ်တပ်အာဏာပိုင်များနှင့်ပေါင်းကာ ကလေးငယ်များကို စစ်သားအဖြစ် အရောင်းအ၀ယ်ပြုလုပ်နေသူ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။နအဖစစ်အစိုးရက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီ (၅) ရက်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သားအသုံးပြုမှုမှာ လျှော့နည်းသွားခြင်း မရှိဟု မြန်မာ့တပ်မတော် တပ်ကြပ်ကြီးတဦးက ၎င်းကြုံတွေ့ခဲ့ရသည့် ကလေးစစ်သားများအနေအထားကို ရှင်းပြထားသည်။ယခုကဲ့သို့ ကလေးငယ်များ နည်းလမ်းပေါင်းစုံဖြင့် စစ်သားအဖြစ် အဓမ္မစုဆောင်းခံနေရခြင်းမှာ နအဖစစ်တပ်တွင် နှစ်စဉ်လိုအပ်ချက် ကြီးမားလာနေခြင်းကြောင့်ဖြစ်ပြီး ယခုအခါ ကလေးစစ်သားစုဆောင်းခြင်းမှာ ငွေကြေးရှာဖွေသူများ၏ ဈေးကွက်ကြီးတခုသဖွယ် ဖြစ်လာနေသည်ဟုလည်း ရိုးမ (၃) သတင်းဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အပြည့်အစုံ...>>

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး

၂၁ ရက် ဇူလိုင် ၂၀၀၉။ ခေတ်ပြိုင်
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတို့ကို နေပြည်တော်မှအထူးအဖွဲ့ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ပွဲစား (၂၇) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိတချို့ ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန်ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ်ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြားအဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုနှင့် ပတ်စ်ပို့စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထားစစ်ဆေးပြီး ယင်းကိစ္စများနှင့်ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေးစတင်နေပြီဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိတဦးက အတည်ပြုပြောကြားသည်။နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင်ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့တလလောက်တုန်းက နေပြည်တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီးစာရေးအဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန်တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်မတော်အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက်စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်းတပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေထဲမှာ တပ်မတော်မှတ်တမ်းရုံးကလည်း ပါတာကြောင့် လောလောဆယ် အင်တာနက်နဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ်မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေးမှတ်တမ်း စတာတွေဟာ သူတို့ဖြန့်ဖြူးတာဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော်အရာရှိဟောင်းတဦးက သုံးသပ်သည်။ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန်များအား ပတ်စ်ပို့ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေအဖြောင့်ဆုံး ရုံးလည်းဖြစ်သည်။နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ နအဖစစ်အစိုးရက အခက်အခဲပေါင်းစုံ ဖန်တီးထားသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု စသည်များပြုလုပ်နိုင်ကာ တရားဝင် နိုင်ငံကူးလက်မှတ်တခုအထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေးဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝကရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာနရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။
Type rest of the post here

အပြည့်အစုံ...>>

အာဆီယံက လူ့အခွင့်အရေးအဖွဲ့ ဖွဲ့ပြီ

၂၁ ရက် ဇူလိုင် ၂၀၀၉။ ဧရာဝတီ

မန်မာအစိုးရက လိုလားခြင်းမရှိသည့် အာဆီယံ လူ့အခွင့်အရေး အဖွဲ့ အောက်တိုဘာလတွင် ပေါ်ပေါက် လာတော့မည်ဟု ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ယမန်နေ့က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝတို့ အာဆီယံ အစည်းအဝေးတွင် လက်ဆွဲနှုတ်ဆက်နေကြ (ဓာတ်ပုံ - Getty Images)အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက လူ့အခွင့်အရေး အဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး TOR ဟု ခေါ်သည့် လုပ်ထုံးလုပ်နည်း မူကြမ်းကို ရေးဆွဲပြီး ဖြစ်သောကြောင့် အောက်တိုဘာလ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ဖွဲ့စည်းနိုင်မည်ဟု ဆိုသည်။ လူ့အခွင့်အရေးအဖွဲ့သည် လူ့အခွင့်အရေး မြှင့်တင်ရေးကိုသာ ဦးစားပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် အာဏာ မရှိဟု ဝေဖန်ခံနေရသည်။
“စက္ကူကျား” သာ ဖြစ်သည်ဟု ဝေဖန်ခံနေရသည့် လူ့အခွင့်အရေးအဖွဲ့နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က “ကျနော်တို့ အခြေခံအချက် သုံးချက်နဲ့ အစပြုချင်ပါတယ်။ အများယုံကြည်လက်ခံနိုင်မှု၊ လက်တွေ့ကျမှု နဲ့ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းမှုဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဘာမှ တိုးတက်ဖြစ်ထွန်းမှု မရှိတာထက်စာရင် တခုခု အစပျိုးလိုက်တာက ပိုကောင်းပါတယ်” ဟု ကာကွယ်ပြောဆိုသည်။အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက ဒေသတွင်းလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရန် ယမန်နှစ်က သဘောတူညီခဲ့ပြီး ဖြစ်သော်လည်း ယင်း သဘောတူညီချက်မှာ အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ပေ။ အစပိုင်း တွင် မြန်မာစစ်အစိုးရက ကော်မရှင် ဖွဲ့စည်းရေးကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ကော်မရှင်ကို လိုလားခြင်းမရှိသည့် မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်လက် ညှိနှိုင်းရဦးမည်ဟု ထိုင်း ၀န်ကြီးချုပ်က ပြောသည်။“ကျနော်တို့ ဆက်ပြီး ပြောရပါဦးမယ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တောင်မှ (မြန်မာ့အရေးနဲ့ ပတ်သက်ပြီး) အကြောင်းအရာတချို့ကို သူ စိတ်ပျက်နေပေမယ့် ဒီနည်းလမ်းကို သူသုံးနေရပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်ဘာတို ရိုမြူလိုက ယခုကဲ့သို့ လူ့အခွင့်အရေး အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြင့် အာဆီယံသည် နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမို ရရှိလာမည် ဖြစ်ကြောင်း ယမန်နှစ်က ပြောခဲ့ဖူးသည်။ အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာ စစ်အစိုးရတွင်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်သဘောထား ရှိနေသည်။မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက နိုင်ငံကြီးတချို့သည် လူ့အခွင့်အရေးကိစ္စကို နိုင်ငံရေး လက်နက် တစ်ခု အဖြစ် အလွဲသုံးစားမှုလုပ်နေသည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က အီဂျစ်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတခုတွင် ပြောလိုက်ကြောင်း ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။“လူ့အခွင့်အရေး လိုက်နာမှုတွင် ချန်ပီယံများ ဖြစ်ကြသည်ဟု ကြွေးကြော်နေကြသော အင်အားကြီး နိုင်ငံများ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုနေကြသည်” ဟု (၁၅) ကြိမ်မြောက် ဘက်မလိုက် လှုပ်ရှားမှု ထိပ်သီး ညီလာခံ၏ မူဝါဒရေးရာ ဆွေးနွေးပွဲ၌ ပြောကြားလိုက်သည်။အာဆီယံဆွေးနွေးပွဲသို့ မလာရောက်မီ ဦးဉာဏ်ဝင်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက အာဆီယံ အစည်းအဝေး ကျင်းပရာ ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

အပြည့်အစုံ...>>

ဖမ်းဆီးခံရသည့် အမေရိကန်စစ်သား၏ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာ


၂၀ ရက် ဇူလိုင် ၂၀၀၉။ (ပုလဲနက်)

တာလီဘန်တို့ ဖမ်းဆီးခြင်းကို ခံထားရသော အမေရိကန် စစ်သားက ၎င်းအနေနှင့် မွေးရပ်မြေသို့ ပြန်မရောက်တော့မည်ကို စိုးရိမ်နေကြောင်း ဗီဒီယိုတိပ် တစ်ခုမှတဆင့် ပြောကြားခဲ့သည်။ ဇူလိုင်လ (၁၈)ရက်နေ့က တပ်စခန်းသို့ ရောက်ရှိလာသော ဗီဒီယိုတိပ်တွင် မှတ်တမ်းတင်ထားသော စစ်သားမှာ ပျောက်ဆုံးနေသည့် အမေရိကန် စစ်သားဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ (၂၈)မိနစ်ကြာ ရိုက်ကူးပြသထားသော ဗီဒီယိုတွင် ပါရှိသော စစ်သားသည် အရှေ့ပိုင်း အာဖဂန်နစ္စတန်ရှိ အမေရိကန် အခြေစိုက် စစ်စခန်းတစ်ခုမှ ဇွန်လ(၃၀)ရက်နေ့ကတည်းက ပျောက်ဆုံးသွားပြီး နောက်ပိုင်းတွင် တာလီဘန်တို့ ဖမ်းဆီးသွားခြင်း ခံထားရသည့် စစ်သားဖြစ်နေကြောင်း ကာကွယ်ရေးဌာနက အတည်ပြုခဲ့သော်လည်း စစ်သား၏ အမည်ကိုမူ ကြေညာခြင်း မရှိခဲ့ပေ။
ဗီဒီယို မှတ်တမ်းအရ အဆိုပါ စစ်သားသည် ခေါင်းတုံးအရိတ်ခံထားရပြီး မုတ်ဆိတ်ကိုလည်း စတင်ရိတ်ပေးနေသည့်ပုံ ပါရှိကြောင်း သိရသည်။ ၎င်းသည် အမှတ်အသား တစုံတရာ မပါရှိသော မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ခုံတစ်လုံးတွင် ထိုင်နေကြောင်း တာဝန်ရှိသူများကဆိုသည်။ ဗီဒီယို၏ အစောပိုင်းတွင် စစ်သားအား ဖမ်းဆီးထားသူ တစ်ဦးက ၎င်းအား ကျွေးမွေးသည့် ခွေးစာခွက်ဆန်ဆန် အစာခွက်ကို မြှောက်ပြခဲ့ပြီး တစ်နေရာတွင် ထိုခွက်ဖြင့် အစာစားနေရသော စစ်သား၏ပုံကိုလည်း ဖော်ပြခဲ့သည်။ ထိုစစ်သား၏ အမည်ကို ပင်တာဂွန် စစ်ဌာနချုပ်က ဖော်ပြခြင်း မရှိသော်လည်း တာလီဘန်တို့၏ ၀က်ဘ်ဆိုက်တွင်မူ ၎င်း၏အမည်၊ အသက်နှင့် မွေးရပ်တို့ကို ဖော်ပြထားကြောင်း သိရသည်။ စစ်သားက ၎င်းသည် ဇူလိုင်လ (၁၄)ရက်နေ့တွင် စကားပြောနေခြင်းဖြစ်ကြောင်း၊ ကင်းလှည့်ခရီးစဉ် တစ်ခုအတွင်း နောက်ကျကျန်ခဲ့စဉ် အဖမ်းခံခဲ့ရကြောင်း ဗီဒီယိုအတွင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအနေနှင့် အလွန်လည်း ကြောက်ရွံ့နေမိကြောင်း ဆက်လက်ပြောဆိုခဲ့သည်။“ကျွန်တော် အိမ်မပြန်ရမှာ အရမ်းကြောက်ပါတယ်။ အကျဉ်းသား တစ်ယောက်ရဲ့ဘ၀က တော်တော်ဆိုးတာပါ”ဟု ၎င်းကဆိုသည်။ ထို့အပြင် ၎င်း၏ ချစ်သူမိန်းကလေးကို လက်ထပ်ရေးအတွက် မိသားစုနှင့် တိုင်ပင်ရန် စီစဉ်ထားသေးကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ “ကျွန်တော့်မိသားစုက အရမ်းချစ်စရာကောင်းတာပါ။ သူတို့နဲ့တွေ့ဖို့ အမေရိကန်ကို ပြန်ချင်လှပါပြီ။ ကျွန်တော့်ကောင်မလေးကိုလည်း နေ့တိုင်း လွမ်းနေမိပါတယ်”ဟု စစ်သားက ဆိုသည်။ ထို့အပြင် အမေရိကန် ပြည်သူများသို့ ရည်စူးပြီးလည်း “အမေရိကန် ပြည်သူများခင်ဗျား။ တစ်ချိန်တုန်းက အာဖဂန်ကို အမေရိကန်တွေ ရောက်လာတဲ့အတွက် ကျေနပ်စရာ ဖြစ်ကောင်း ဖြစ်ခဲ့ပါမယ်။ ခုတော့ ကျွန်တော်တို့တွေ အကြမ်းတမ်းဆုံးဘ၀ကို ဖြတ်သန်းနေရပါပြီ။ ကျွန်တော်တို့ စစ်သားတွေ မိခင်နိုင်ငံကို ပြန်လာဖို့က ပြည်သူတွေ ၀ိုင်းပြီးတောင်းဆိုမှ ရမှာပါ။ ကျွန်တော်တို့ရဲ့ အချိန်နဲ့ အသက်တွေ အလဟဿ ဖြစ်နေတာကို ပြောင်းလဲပစ်ဖို့ ၀ိုင်းပြီးကူညီကြပါ။ အမေရိကန် ပြည်သူတွေမှာသာ အဲဒါကို ဖန်တီးနိုင်မယ့် စွမ်းအင်အပြည့် ရှိနေတာပါ”ဟု ၎င်းက ပြောကြားသွားသည်။ ထိုကဲ့သို့သော စကားမျိုးကို ပြောဖြစ်စေရန် တာလီဘန်များအနေနှင့် အကျဉ်းသားကို အပြင်းအထန် ညှဉ်းပန်းကာ ၀ါဒါဖြန့်ထားဖွယ်ရှိကြောင်း အာဖဂန်ရှိ အမေရိကန် စစ်တပ်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ခရစ္စတင်း ဆင်ဒါစထရစ်ကာက မှတ်ချက်ပြုခဲ့သည်။ “သူကျန်းကျန်းမာမာနဲ့ အသက်ရှင်နေတာ သိတဲ့အတွက် ၀မ်းသာပါတယ်။ ဒါပေမယ့် တာလီဘန်တွေက သူ့ကို ဘယ်အတိုင်းအတာထိ ၀ါဒဖြန့်ထားသလဲဆိုတာတော့ စိုးရိမ်စရာပါပဲ”ဟု ခရစ္စတင်းကဆိုသည်။ ဗီဒီယိုထဲတွင် ဇူလိုင်လ (၁၄)ရက်နေ့က NATOစစ်သည် (၃၇)ဦး လိုက်ပါလာသော Chinook ရဟတ်ယာဉ်တစ်စင်း အာဖဂန် တောင်ပိုင်းရှိ ဟဲလ်မန်တွင် ပစ်ချခံရသည်ကို ၎င်းကြားမိခဲ့သည်ဟု စစ်သားက ထည့်သွင်းပြောကြားသွားရာ ၎င်းအား အဆိုပါ ဒေသတွင်ပင် ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်စစ်တပ်က ယူဆနေသော်လည်း တိတိကျကျ အဖြေမထုတ်နိုင်သေးပေ။ တာလီဘန်တို့က အမေရိကန် စစ်တပ်များ ဟဲလ်မန်မှ မထွက်ခွာသ၍ အကျဉ်းသားကို လွှတ်ပေးရန် အစီအစဉ် မရှိကြောင်းနှင့် အမေရိကန်တပ်များ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာပါက အကျဉ်းသားအား သတ်ပစ်မည်ဖြစ်ကြောင်းပါ ကြေညာထားသည်။

အပြည့်အစုံ...>>

နေပြည်တော်ကြောင့် ရန်ကုန်မှာ လျှပ်စစ်မီးအပြည့်မရ

၂၀ ရက် ဇူလိုင် ၂၀၀၉။ ခေတ်ပြိုင်
နေပြည်တော်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုပမာဏ များပြားလာသောကြောင့် ရန်ကုန်ဧရိယာတွင် ယခင်ကဲ့သို့ လျှပ်စစ်မီး ပုံမှန်မပေးနိုင်တော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) မှ တာဝန်ရှိသူတဦးက ပြောသည်။၎င်းက “ခါတိုင်းနှစ်တွေလို လျှပ်စစ်မီး မှန်မှန် မပေးနိုင်သေးတာ၊ ပင်မဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား အပြည့်မရတာက နေပြည်တော်မှာ အသုံးများလာလို့၊ ၂ဝဝ၇ ခုနှစ်ကနဲ့စာရင် ခုဆို နေပြည်တော်ဧရိယာရဲ့လျှပ်စစ်အသုံးပမာဏ တဆခွဲလောက် တိုးလာတယ်။ အသစ်ဆောက်ပြီးတဲ့ အဆောက်အဦတွေမှာ (၂၄) နာရီ အဲကွန်းပေးထားတာ၊ ဝန်ထမ်းအိမ်ရာတွေဆိုရင်လည်း မီတာခ မပေးရတော့ မီးကို အလွန်အကျွံ သုံးစွဲနေတာ။ အဲဒါတွေကြောင့် ခုတော့ နေပြည်တော် ဝန်ထမ်းအိမ်ရာတွေကို မီတာခ ကောက်ဖို့ စလုပ်နေပြီ။ ရန်ကုန်ကို ဘယ်တော့ (၂၄) နာရီ လျှပ်စစ်မီးပေးနိုင်မလဲ မပြောနိုင်သေးဘူး” ဟု ပြောသည်။
၂ဝဝ၇ ခုနှစ် ဇူလိုင်တွင် ရန်ကုန်မြို့လယ်နှင့် ဧရိယာအချို့ကို (၂၄) နာရီ မီးအပြည့်ပေးနိုင်ခဲ့ကြောင်း၊ ၂ဝဝ၈ မေလတွင် နာဂစ်ကြောင့် လျှပ်စစ်ဓာတ်အားပေးတိုင်များ အားလုံးပြိုလဲခဲ့သော်လည်း ယင်းအချိန်က ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ပြီး သည့် ဧရိယာများကို (၂၄) နာရီ အပြည့်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင် မိုးတွင်းရောက်နေသော်လည်း ရန်ကုန်ကို လာသည့် ပင်မဓာတ်အားလိုင်းတွင် လျှစ်စစ်ဓာတ်အား အပြည့်မရရှိခြင်းကြောင့် မီးမှန်မှန်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ရန်ကုန်တွင် လျှပ်စစ်မီး (၂၄) နာရီ မရသည့်ကိစ္စကို သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကို ဆက်သွယ်မေးမြန်းရာတွင် အချို့ရုံးများက ပြင်ဆင်နေကြောင်း၊ အချို့ရုံးများက မသိပါကြောင်း၊ အချို့ရုံးများက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြင်ဆင်နေ သောကြောင့် ပြီးစီးသွားပါက ပေးနိုင်မည်ဖြစ်ကြောင်း စသဖြင့် ဖြေကြားကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။ရန်ကုန်စာနယ်ဇင်းများတွင်မူ “မိုးတွေမှန်လာပြီ။ ပြည်သူတွေ လျှပ်စစ်မီး မှန်မှန်ရဖို့ မျှော်နေကြပြီ။ ဇူလိုင်လအတွင်း လျှပ်စစ်မီး မှန်မှန်ရတော့မယ်” စသဖြင့် ရေးသားဖော်ပြနေသည်ကို တွေ့ရသည်။လက်ရှိ ရန်ကုန်မြို့တွင်း လျှပ်စစ်မီးပေးစနစ်သည် ၂ဝဝ၆ နိုဝင်ဘာက စတင်ခဲ့သည့်အတိုင်း တနေ့တာ အချိန်ကို (၄) ပိုင်း ပိုင်းပြီး အုပ်စု (၃) စုခွဲ မီးပေးသည့်စနစ်ကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။အဆိုပါစနစ်အရ မနက် (၉) နာရီမှ ညနေ (၅) နာရီ ရုံးချိန်အတွင်း တရက်လျှင် ပျမ်းမျှ (၂) နာရီ (၄၅) မိနစ်ခန့်သာ မီးရရှိပြီး (၃ဝ) ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ လျှပ်စစ်မီး လိုအပ်သူများသည် မီးစက်များကို ငွေကုန်ကြေးကျများစွာ အကုန်ကျခံကာ သုံးစွဲနေကြရသည်။မြန်မာနိုင်ငံ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများအနက် ၂ဝဝ၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အား (၂၈ဝ) မဂ္ဂါဝပ်ရှိပြီး ၎င်းမှထွက်သည့် လျှပ်စစ်ဓာတ်အားအများစုကို နေပြည်တော် ဧရိယာက အသုံးပြုနေသည်ဟု YESB မှ တာဝန်ရှိသူတဦးက ပြောသည်။ရန်ကုန်မြို့ကို အဓိက ပေးပို့နေသည့် ဘီလူးချောင်း (၁) နှင့် (၂) နှစ်ခုပေါင်း စက်တပ်ဆင်အားသည် မဂ္ဂါဝပ် (၁၉၆) သာရှိပြီး မကြာခဏစက်များ ပျက်နေသောကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ မကြာခင်က ပြီးစီးခဲ့သည့် စက်တပ်ဆင်အား မဂ္ဂါဝပ် (၅ဝဝ) ရှိ ရွှေလီ ရေအားလျှပ်စစ်စက်ရုံသည်လည်း အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိသေးပေ။နောက်ထပ် ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကိုလည်း ထိုင်းနှင့်တရုတ်နိုင်ငံသို့ ရောင်းချရန် စာချုပ်ထားပြီးဖြစ်သည်။နအဖစစ်အစိုးရကမူ ဓာတ်ခဲအဟောင်းနှင့် နွားချေး၊ ဆား ရောနယ်ထားသည့် သဘာဝဘက်ထရီနှင့် အယ်လ်အီးဒီ မီးသီး အငယ်လေးများ အသုံးပြုကြရန် တနိုင်ငံလုံးကို လှုံ့ဆော်လျက်ရှိသည်။ယခုကဲ့သို့ လျှပ်စစ်မီး မှန်မှန် မရသည့်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ဆုံးရှုံးရသကဲ့သို့ မြန်မာစက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးနီးပါးသည် ဒေသတွင်း၌ ပြိုင်ဆိုင်မှုလည်း မပြုနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

အပြည့်အစုံ...>>

အိန္ဒိယချက်အရက်ကြောင့် သေဆုံးသူ ၆၉ ဦး အထိရှိလာ

၁၈ ရက် ဇူလိုင် ၂၀၀၉။
အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ မသန့်ရှင်းတဲ့ ချက်အရက် သောက်သုံးခဲ့မိပြီး ရက်အနည်း ငယ်အတွင်း လူ အနည်းဆုံး ၆၉ဦး သေဆုံး ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ သေဆုံးသူအများစုဟာ ပျံကျရပ်ကွက် တွေမှာ နေထိုင်တဲ့ ဆင်းရဲသား အလုပ် သမားတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က ဂူဂျာရတ်ပြည်နယ်ရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ အမာဒါဘတ်မှာ အရက် သောက်ပြီးနောက် တနင်္လာနေ့မှာ လူတွေစ တင် နေထိုင် မကောင်းဖြစ် လာခဲ့ပါတယ်။
အခုအချိန်မှာ သေဆုံးသူ ၆၉ ယောက်ရှိသွားပြီ ဖြစ် ကြောင်း မြူနီစပယ် အကြီးအကဲချုပ် အိုင်ပီ ဂူတမ်က ပြောပါတယ်။ ဆေးရုံ ၄ ရုံမှာ လူနာ ၁၂၀ တင်ထားရကြောင်း ပြောပါတယ်။ လိုင်စင်ရ အရက် သောက်နိုင်သူ နည်းပါးတဲ့ အိန္ဒိယမှာ တရားမ၀င်ချက်အရက် သောက်သုံးမှုကြောင့် သေဆုံးမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။ ဒေစီးဒါရူးလို့ ခေါ်တဲ့ တရားမ၀င်ချက်အရက်ကို အာနိသင်ပြင်းစေဖို့ အတွက် ပိုးသတ်ဆေး (သို့) ဓါတုပစ္စည်းတွေထည့် လေ့ ရှိပါတယ်။ သေဆုံးသူအများစုဟာ ဆေးရုံကို ရောက်ပြီးမှ သေဆုံးကြတာ ဖြစ်ပါတယ်။ တချို့သေဆုံးသူတွေကိုတော့ လမ်းပေါ်မှာ တွေ့ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက သေဆုံးမှုတွေကို စစ်ဆေးဖို့ အငြိမ်းစားတရားသူကြီး တစ်ဦးကို ညွှန်ကြားထားပြီး တာဝန်လစ်ဟင်းမှုနဲ့ ရဲအရာရှိ ၆ ဦးကိုလည်း ရာထူးခေတ္တချ ထားကြောင်း ပြည်ထဲရေး ၀န်ကြီးကပြောပါတယ်။ သံသယရှိသူ အများအပြားကို မေးမြန်းစစ်ဆေး နေပေမဲ့ ဖမ်းဆီးမှု တစ်စုံတစ်ရာ မရှိသေးပါဘူး ဟုလည်း ပြောကြားသွားသည်။

အပြည့်အစုံ...>>

ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့

၁၈ ရက် ဇူလိုင် ၂၀၀၉။ ဧရာဝတီ
ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ယခုပြုလုပ်နေသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ အတွက် လုံခြုံရေး ထူထပ်စွာချထားသဖြင့် ဖူးကက်ရောက် မြန်မာပြည်သားများ အခက်အခဲ တွေ့နေကြသည်။ဖူးကက်မြို့ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်တခုတွင် လုပ်ကိုင်နေသည့် မြန်မာပြည်သား ကိုကျော်နိုင်က “လက်မှတ် မရှိတဲ့ အလုပ်သမားတွေက အလုပ်ထဲကို သွားလို့မရတဲ့အတွက် ဝင်ငွေထိခိုက် သလို အလုပ်ရှင် တွေဘက်ကလည်း အလုပ်နှောင့်နှေးမှုတွေရှိပါတယ်”ဟု ပြောဆိုသည်။အလုပ်သမားလက်မှတ်ရှိသူများ အနေနှင့်မူ အဆင်ပြေသည်ဟုလည်း ၎င်းက ဆိုသည်။
“အခုတလော ရဲတွေ အများကြီးပဲ၊ အနေအထိုင် ဆင်ခြင်နေရတယ်ဗျာ”ဟု ဖူးကက်ရှိ မြန်မာပြည်သား အလုပ်သမား တဦးကလည်း ပြောသည်။ ဖူးကက် ပင်လယ်ကမ်းခြေမြို့တွင် မြန်မာပြည်သား ၇ သောင်း မှ ၁ သိန်းခန့်အထိ ရှိသည်ဟု သိရသည်။ ထိုင်းအာဏာပိုင်တို့က အလုပ်သမားလက်မှတ် မရှိသည့် မြန်မာပြည်သားများကို ဖမ်းဆီးရမိပါက ထိုင်း မြန်မာ နယ်စပ်ဒေသသို့ ပြန်လည် ပို့ဆောင်လေ့ရှိသည်။ ထို့ကြောင့် လုံခြုံရေး တင်းကျပ်သော ယနေ့ကာလတွင် မြန်မာ အလုပ်သမားများ ခြေငြိမ်နေရသည်ဟု သိရသည်။လုံခြုံရေး တင်းကျပ်မှုကြောင့် ဖူးကက်မြို့ရှိ စီးပွားရေးလုပ်ငန်းတချို့လည်းအထိအခိုက်ရှိသည်ဟု မြန်မာပြည်သား လုပ်ငန်းရှင်တဦးက ပြောသည်။“တရက်ကို ဘတ် ၆ဝဝဝ လောက် အရှုံးပေါ်နေတယ်”ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။ ကုန်ပစ္စည်းများ တင်ဆောင်သည့် ကားများကို ရှာဖွေရေး တင်းကျပ်သောကြောင့် သူ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားသည်ဟု ဆိုသည်။ပြီးခဲ့သည့် ဧပြီလက ပတ္တရားမြို့တွင် အာဆီယံ အစည်းအဝေးပြုလုပ်ခဲ့ရာ ထိုင်းအစိုးရကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းသဖြင့် အစည်းအဝေး ပျက်သွားသည်။ ထိုစီးနင်းမှုကြောင့် အာဆီယံနိုင်ငံများမှ အစိုးရ ကိုယ်စားလှယ်များကို ရဟတ်ယာဉ်များဖြင့် ခေါ်ထုတ်သွားရသည်။ထိုဧပြီလက ပျက်သွားရသည့် အဆိုပါ အစည်းအဝေးကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်ခဲ့ရသော ထိုင်း အစိုးရက ဖူးကက်မြို့ အစည်းအဝေးအတွက် လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံ အသင်းဝင် ၁ဝ နိုင်ငံအပါအဝင် အာဆီယံနှင့် ဆွေးနွေးဖက် ၁၆ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။အစည်းအဝေးများကို ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။အာဆီယံ ဆွေးနွေးပွဲ ကျင်းပသည့် နေရာသို့ ချည်းကပ်ရာ လမ်းများကို လုံခြုံရေးဂိတ် အများအပြားချထားသည်။ ဖူးကက်မြို့တွင်းမှ ဆွေးနွေးပွဲ ကျင်းပရာ နေရာသို့ သွားသည့်လမ်းတွင်လည်း ရဲ နှင့် စစ်သားများ ပါဝင်သည့် လုံခြုံရေးဂိတ် ၅ ခု ချထားသည်ကို တွေ့ရသည်။အစည်းအဝေးများ ကျင်းပမည့် ဖူးကက် ပင်လယ်ကမ်းခြေရှိ လာဂူးနား အပမ်းဖြေစခန်း (Laguna Beach Resort)တွင် စစ်သား နှင့် ရဲ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ချထားသည်ကိုလည်း တွေ့ရသည်။ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း အပါအဝင် မည်သည့် ဆန္ဒပြခြင်းကိုမျှ ခွင့်ပြုမည်မဟုတ်ဟု ထိုင်းအာဏာပိုင်တို့က ကြိုတင် သတိပေးထားသည်။ပြီးခဲ့သည့်လတွင် ထိုင်းလွှတ်တော်က ပြည်တွင်း လုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ရာ ထိုဥပဒေအရ စစ်တပ် နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံလုံခြုံရေးကို ထိခိုက်မည့် အန္တရာယ်မှ ကာကွယ်ရန် ကာဖျူးအမိန့်ထုတ်ခြင်း၊ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။အစည်းအဝေး တက်ရောက်လာသူများအတွက် ဧပြီလမှစတင်ပြီး ကမ္ဘာတဝန်း ပျံ့နှံ့နေသည့် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်မှု မရှိစေရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်သူ ၄ဝဝဝ ကျော် ရှိခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ သို့သော်လည်း အများစုမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဟု ဆိုသည်။ ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

အပြည့်အစုံ...>>

မုန်တိုင်းကြောင့် ကမ်းရိုးတန်းတလျှောက် ထိခိုက်ပျက်စီးများပြားပြီး လူသေဆုံး

၁၈ ရက် ဇူလိုင် ၂၀၀၉။ ရိုးမ၃
ပြီးခဲ့သည့် အင်္ဂါနေ့က တိုက်ခိုက်ခဲ့သည့် လေဆင်နှာမောင်းကြောင့် ဧရာဝတီတိုင်း ကမ်းရိုးတန်းတလျှောက် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လူသေဆုံးမှုများရှိသည်ဟု ပြောသည်။ငွေဆောင်မြို့နယ်ခွဲနှင့် အိမ်မဲမြို့နယ်အတွင်းလည်း ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီး အိမ်မဲမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် အမျိုးသမီးတဦး သေဆုံးခဲ့သည်။"ကျမတို့ဆီမှာ လေတိုက်တာက မနက် (၁၀) နာရီလောက်မှာဖြစ်တာ၊ အဒေါ်က လေနဲ့ပါသွားပြီး ဆုံးသွားတာ၊ ဒီနေ့ပဲ အသုဘချလိုက်တယ်၊ ဖြစ်တာက သူက ကောက်စိုက်နေရင်းနဲ့ ဖြစ်သွားတာ" ဟု သေဆုံးသူ၏ မိသားစုဝင်တဦးက ပြောသည်။
အခြားတရွားလုံး ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အိမ်ခေါင်မိုးလောက်သာ ပျက်စီးသွားပြီး ဒေါ်လှဝင်း တဦးတည်းသာ ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်သည်။ထို့အပြင် ငွေဆောင်မြို့နယ်အတွင်း တိုက်ခတ်ခဲ့ရာတွင် ဆေးရုံတခြမ်းမှာ ပျက်စီးသွားကြောင်း ငွေဆောင်ဒေသခံတဦးက ပြောသည်။"တနာရီလောက်မှာ ငွေဆောင်ကွက်သစ်ဖက်ကဝင်ပြီး ဆေးရုံ တောင်ကျောတလျှောက်နဲ့ ဆေးရုံတခြမ်း ပါသွားတယ်၊ တိုက်ခတ်ချိန်က ခဏလေးပဲ၊ လူတွေသိပ်မထိပေမဲ့ ပျဉ်ဒိုးရွာကို ထပ်ဝင်သွားပြီး အိမ်ခြေ လေးငါးလုံးလောက် ပျက်သွားတယ်၊ ပြီးတော့ ဖုန်းဆိုးကြီးက အုန်းပင် ၂၅ ပင်နဲ့ အိမ်တလုံး ပြိုသွားတယ်" ဟု ပြောသည်။အဆိုပါ လေဆင်နှာမောင်းကြောင့် ယုဇန ပုဇွန်မွေးမြူရေး စခန်းအတွင်းမှ အလုပ်ရုံအဆောက်အဦ ငါးလုံးပျက်စီးသွားကာ ပျဉ်ခရိုင်၊ ဒီးဒူကုန်း ဒိုင်နယ်ဘက်တလျှောက် ဆက်လက် တိုက်ခတ်သွားပြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာတွင် မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို ဆေးရုံပို့ထားရသည်။

အပြည့်အစုံ...>>

ထိုင်းနယ်မြေအတွင်း ၀ှက်ထားသည့် လက်နက်များတွေ့ရှိ


၁၇ ရက် ဇူလိုင် ၂၀၀၉။ ခေတ်ပြိုင်

ထိုင်းနယ်စပ်တွင် ယမန်နေ့က သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) ၏ ပစ္စည်းများ ဖြစ်နိုင်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ် မဲ့ဖလူးရွာအနီး မြေကြီးထဲ၌ ၀ှက်ထားသည့် လက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်မှ ယမန်နေ့က တွေ့ရှိသိမ်းဆည်းခဲ့သည်။မဲဆောက်အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့က “ဒီလက်နက်တွေဟာ အရင်လက ဖြစ်ပွားခဲ့တဲ့ ထိုးစစ်ကြောင့် ကေအန်အယ်လ်အေ တပ်တွေ ဆုတ်ခွာလာချိန်မှာ ၀ှက်ထားတဲ့ လက်နက်တွေ ဖြစ်နိုင်တယ်။ ဒီလက်နက်တွေ မသမာသူတွေရဲ့လက်ထဲရောက်သွားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကမူ ၎င်းပစ္စည်းများနှင့်ပတ်သက်၍ ငြင်းဆိုလိုက်သည်။အဖွဲ့၏တွဲဖက်အတွင်းရေးမှူး (၁) ဗဒိုစောလှငွေက “ထိုင်းနယ်ထဲမှာ ကျနော်တို့ ဘာလက်နက်မှ လာထားတာမရှိဘူး။ အခုတွေ့တဲ့ ပစ္စည်းတွေဟာ လက်နက်ကုန်ကူးသူတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်” ဟု ပြောသည်။လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည့် မဲ့ဖလူးရွာနှင့်မျက်နှာချင်းဆိုင် သောင်းရင်းမြစ်တဖက်ကမ်းတွင် ကေအန်အယ်လ်အေ တပ်မဟာ (၇) အခြေစိုက်ရာ တပ်စခန်းနေရာရှိပြီး ယင်းနေရာကို နအဖနှင့် ဒီကေဘီကေတပ်များက ပြီးခဲ့သည့်လအတွင်းတွင် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ယခုသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို မဲဆောက်မြို့၏မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာအဝေးရှိ မဲ့ဖလူးရွာအနီးတွင် မြေအောက်၌ စနစ်တကျ ကွန်ကရစ်ကန်ပြုလုပ်ကာ သိမ်းဆည်းထားခြင်းဖြစ်သည်။အဆိုပါလက်နက်များမှာ နောက်ပွင့် လက်နက်ကြီး (၁) လက်၊ စစ်သေနတ်မျိုးကွဲ (၂) လက်၊ အေကေ-၄၇ (၃) လက်၊ အမ်-၁၆ (၄) လက်နှင့်ကျည်များ၊ ၆၀-မမ မော်တာ ကျည်ဆန်များ၊ ဒေသလုပ်မြေမြှုပ်မိုင်းများနှင့် အခြားဆက်စပ်ပစ္စည်းတို့ ပါဝင်သည်။ပြီးခဲ့သည့်လအတွင်း နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များက ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ခဲ့ သဖြင့် ကရင်ရွာသား စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းနိုင်ငံဘက်မှ လူသားချင်းစာနာမှုအရ ယာယီလက်ခံ စောင့်ရှောက်ထားသည်။ထိုသို့လက်ခံထားသော်လည်း မြန်မာစစ်တပ်၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေတို့မှ တပ်ဖွဲ့ဝင်များသည် လက်နက်ခဲ ယမ်းများကိုင်ဆောင်၍ ထိုင်းနယ်မြေအတွင်း ၀င်ရောက်သွားလာလှုပ်ရှားမှုများကို လုံးဝကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရသည်။

အပြည့်အစုံ...>>

မြန်မာ့လေကြောင်းက လေယာဉ်သစ်များဖြင့် အစားထိုးပျံသန်းရန်စီစဉ်


၁၃ ရက် ဇူလိုင် ၂၀၀၉။ ရန်ကုန်မီဒီယာ

ရန်ကုန်၊ မြန်မာ့လေကြောင်းက လေ ယာဉ်သစ်များဖြင့် အစားထိုးပျံသန်း ရန်စီစဉ်နေကြောင်း သိရသည်။မြန်မာ့လေကြောင်းမှ နှစ်ပေါင်း ၄၀ကျော်ကြာမြင့်နေပြီဖြစ်သော F 27 အမျိုးအစားလေယာဉ်များကို ပြန်လည် ရောင်းထုတ်၍ လေယာဉ်အသစ်များ အစားထိုးပျံသန်းသွားရန် စီစဉ်နေပြီဖြစ် ကြောင်း အဆိုပါလေကြောင်းဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထုတ် ဖော်ပြောကြားသည်။
လက်ရှိတွင် မြန်မာ့လေကြောင်း ၌ ဂျက်လေယာဥ(F28)၊ ATR လေ ယာဉ်နှင့်(F27) အမျိုးအစားလေယာဉ် များဖြင့် ပြည်တွင်းခရီးစဉ်များ ပျံသန်း လျက်ရှိပြီး ယင်း(F27) လေယာဉ်များမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ကျော်ကတည်း ကပျံသန်းခဲ့ခြင်းကြောင့် ယခုအချိန်တွင် ပိုမိုခေတ်မီသော လေယာဉ်အသစ်များ ဖြင့် ပျံသန်းသွားနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။"ဖော်ကာလေယာဉ်တွေမှာ အမျိုး အစားအများကြီးရှိတယ်။ F27, F28, F50, F70, F 100 စသည်ဖြင့် အများ ကြီးရှိတယ်။ မြန်မာ့လေကြောင်းမှာF27 က ၁၉၆၂ခုနှစ်လောက်ကတည်းက စပျံ ခဲ့တာဆိုတော့ သုံးဖို့နှစ်ကြာလာပါပြီ။ F27 အမျိုးအစားက နှစ်တွေကြာလာ ပြီဖြစ်လို့ ခရီးသည်တွေ သိပ်မကြိုက် တော့ဘူး။ လေယာဉ်အပိုပစ္စည်းတန်ဖိုး ကများသလို င်္၂၇လေယာဉ်မှာပါတဲ့ ပစ္စည်းအစိတ်အပိုင်းတွေက ဈေးကွက် မှာတော်တော်ရှားတယ်။ တန်ဖိုးလဲ အလွန်ပေးရတယ်။ လူများများလည်း လိုက်လို့မရဘူး။ ဒါကြောင့် ပိုကောင်း၊ ပိုစိတ်ချရမယ့် လေယာဉ်အသစ်တွေနဲ့ အစားထိုးပျံသွားဖို့ စီစဉ်နေပါတယ်" ဟု ယင်းက ဆက်လက်ပြောသည်။ယင်းထပ်မံဝယ်ယူမည့်လေယာဉ် များ၏ အမျိုးအစား၊ အစင်းရေတို့ကို မူ မပြောနိုင်သေးကြောင်း၊ မြန်မာနိုင်ငံ နှင့်သင့်တော်သော လေယာဉ်အမျိုး အစား၊ မြန်မာလေယာဉ်မှူးတို့ မောင်း နိုင်ပြီး အလွယ်တကူပြင်နိုင်သော လေ ယာဉ်အမျိုးအစားတို့ကို ရွေးချယ်ဝယ် ယူသွားနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးဆောင်ရွက်မှုများပြုလုပ်နေ ကြောင်း သိရသည်။

အပြည့်အစုံ...>>

ထိုင်းလူမျိုး ၁၂၀၀ ခန့် A(H1N1) တုတ်ကွေးကြောင့် သေကြေပျက်စီးနိုင်ပြီး ၃ နှစ်အတွင်း လူဦးရေ သန်း ၃၀ ခန့် ဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟုဆို

၁၃ရက် ဇူလိုင် ၂၀၀၉။ ဖြိုးကြီး (ရိုးမ၃)
ထိုင်းနိုင်ငံအတွင်း A(H1N1) ကြောင့် သေဆုံးသူ ယမန်နေ့ကအထိ ၁၅ ဦးရှိသွားပြီဖြစ်ပြီး ဆေးရုံတက်ရောက် ကုသသူများအနက် လူ ၃၀,၀၀၀ မှ ၁၃၀,၀၀၀ ထိ ဗိုင်းရပ်ရောဂါပိုး ဖြစ်ပွားတွေ့ရှိရကြောင်း A(H1N1) ရောဂါပိုး ဖြစ်ပွားမှုကို စောင့်ကြည့်နေသော ဝန်ကြီးဌာန၏ ဆပ်ကော်မတီဥက္ကဌ ပရာဆပ်သွန်ချာရိုရန်က ပြောကြားလိုက်သည်။၎င်းကိန်းဂဏန်း အရေအတွက်သည် လွန်ခဲ့သော တနှစ်မှ သုံးနှစ်အတွင်း တွေ့ရှိမှုများ၏ ခန့်မှန်းခြေကို အခြေခံ၍ ဖေါ်ပြခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ယခုနောက်ဆုံး A(H1N1) ကြောင့် သေဆုံးသူမှာ စမတ်ပရာကန်ခရိုင်မှ အသက် (၆၃) နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကျောက်ကပ်ပျက်စီးကာ သွေးလည်ပတ်မှုများပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။ဒေါက်တာ ပရာဆပ်က ပြည်သူလူထုအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်ပိုးကို မည်ကဲ့သို့ ကာကွယ်တာဆီးရမည်နှင့် ရောဂါဖြစ်ပွားမှု တာဆီးခြင်းများကို ပညာပေးပြောဆိုရန် ကျန်းမာရေးဝန်ထမ်းများအား အကြံပြု ပြောဆိုထားသည်။
“လူထုစည်းရုံးရေးနဲ့ကျန်းမာရေး လှုပ်ရှားဆောင်ရွက်နေသူများအနေနဲ့ A(H1N1) ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ပပျောက်ဖို့အထိ လျှော့ချနိုင်အောင် ပြည်သူလူထုနဲ့အတူ အစီအစဉ်ဆွဲ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဒေါက်တာ ပရာဆပ်က ပြောဆိုခဲ့သည်။ထိုင်းဝန်ကြီးချုပ်ဟောင်း ချွမ်လိပိုင်က ၎င်းဗိုင်းရပ်စ်ပိုးရပ်တန့်ရေး ဆွေးနွေးရန် ကျန်းမာရေးကျွမ်းကျင်သူများ၊ အစိုးရဌာနဆိုင်ရာများ၊ ချူလာလောင်ကွန်တက္ကသိုလ်၊ မဟီရောဒ်တက္ကသိုလ်နှင့် ရာမက်သီဗိုဒီဆေးရုံ အပါအဝင် ဆေးရုံနှင့် ဆေးကျောင်းများမှ ရောဂါဗေဒ ကျွမ်းကျင်သူများကို ယနေ့ အစည်းအဝေးခေါ်ခဲ့သည်။ တဆက်တည်းမှာပင် ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုသည် အလွန်နှေးကွေးကြောင်း ပြည်သူလူထု၏ ဝေဖန်သံများ ပေါ်ထွက်နေလျှက်ရှိသည်။ရောဂါထိန်းချုပ်မှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကမ်နျူအန် အန်ချူဆပ်က ထိုင်းနိုင်ငံ၏ ကူးစက်ရောဂါဖြစ်ပွားမှု အဆင့် (၂) နေရာတွင် ဖလူးရောဂါဖြစ်ပွားကူးစက်မှု စုစုပေါင်း၏ ၀.၄ ရာခိုင်နှုန်းသည် သေကြေပျက်စီးမှုရှိသည်ဟု ပြောဆိုခဲ့သည်။ ၎င်းခန့်မှန်းချက်မှာ အမေရိကန်နိုင်ငံ ရောဂါဖြစ်ပွားကူးစက်မှု ထိန်းချုပ်ရေးဌာန စာရင်းဇယားများအရ ပြောဆိုခြင်းဖြစ်ကာ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနအဆိုအရ သေဆုံးမှုတွင် အဆင့် (၅) နေရာတွင် ရှိသည်။“အဆင့် (၂) မှာ ကျန်းမာရေးအရာရှိတွေအနေနဲ့ ပြည်သူလူထုကို လူစည်ကားရာနေရာတွေကို ရှောင်ရှားကြဖို့နဲ့ အခြား သတိပေးကြေညာချက်တွေ ထုတ်ပြန်ရလိမ့်မယ်” ဟု ကမ်နျူအန် အန်ချူဆပ်က ပြောသည်။ သေဆုံးမှုနှုန်း (၀.၅) မှ (၁) ရာနှုန်းနှင့်အထက် အသေအပျောက်ရှိသော အဆင့် (၃) နေရာများတွင် ဗိုင်းရပ်စ်ပိုး လွယ်ကူစွာ ကူးစက်နိုင်သော အများပြည်သူနေထိုင်သည့် နေရာများကို ထိန်းချုပ်ထားရမည်ဖြစ်သည်။အသေအပျောက် (၂) ရာခိုင်နှုန်းအထက်ရှိဖြစ်သော အဆင့် (၅) နေရာများကို သွားလာမှု တားဆီးပိတ်ပင်ထားရမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။အမျိုးသား တုတ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန ဥက္ကဌဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် ဆန်နန်ချော်ပရာဆပ်က A(H1N1) ရောဂါတိုက်ဖျက်ရေးအတွက် ဘတ်သန်း ၇၀ ရရှိရေးအတွက် အစိုးရကက်ဘိနက်သို့ တင်ပြမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။လူစည်ကားရာနေရာများဖြစ်သည့် စီးပွားရေးဈေးကွက်များတွင် အဆိုပါ တုတ်ကွေးကူးစက်မှု များစွာ ဖြစ်ပွားလျှက်ရှိပြီး Siam Piwat ကုမ္ပဏီ ဒုဥက္ကဌ ဝိချာဟန်က A(H1N1) ရောဂါပိုးသည် Siam Paragon, Siam Discovery နှင့် Siam Center အရောင်းစင်တာ ၃ ခုကို ဖြတ်၍ ပြန့်ပွားလျက်ရှိသည်ဟု ဆိုသည်။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ၏ ဈေးဝယ်မှုနှုန်းသည် ဖလူးရောဂါနှင့် စီးပွားရေး အကြပ်အတည်းများကြောင့် ထက်ဝက်ခန့် ကျဆင်းသွားပြီး လက်ရှိအားဖြင့် ၎င်းအရောင်းစင်တာ ၃ ခုတွင် နိုင်ငံခြားသား ဈေးဝယ်သူ (၄၀) ရာခိုင်နှုန်းခန့်သာရှိသည်။“နောက်ထပ် ပြည်တွင်းက ဈေးဝယ်သူတွေပါ လျှော့နည်းသွားတာကို တွေ့ရနိုင်တယ်၊ အခုဆိုရင် နောက်အပတ်ကစပြီး ကျူရှင်ကျောင်းတွေ ၁၅ ရက်ပိတ်မယ်လို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်” ဟု Siam Piwat ကုမ္ပဏီ ဒုဥက္ကဌ ဝိချာဟန်က ပြောသည်။ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး ယူရင်လက်ဆန်နာဗီဆစ်က ဘာသာဗေဒကျောင်းများနှင့် ကျူရှင်ကျောင်းများကို ၂ ပတ် ပိတ်ထားမည်ဟု ဆိုသည်။တနိုင်ငံလုံး ပုဂ္ဂလိက ကျူရှင်ကျောင်းနှင့် ဘာသာဗေဒကျောင်း ၂,၃၁၀ ကို လာမည့်တနင်္လာနေ့မှစ၍ ဇူလိုင်လ ၂၈ ရက်ထိ ပိတ်ထားမည်ဖြစ်သည်ဟုပြောသည်။ယခုလအတွင်း စစ်ဆေးမည့် GAT နှင့် PAT စာမေးပွဲများကိုလည်း အစီအစဉ်မှ ရွှေ့ဆိုင်းဖို့ရှိသည်ဟု ပညာရေးဝန်ကြီး မစ္စတာယူရင်က ပြောသည်။ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များ ဒုတိယဥက္ကဌ ပနစ်ဆိုရပ်က A(H1N1) ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုသည် ယခင်က (၂) မှ (၃) ရာခိုင်နှုန်း ခန့်မှန်းသော်လည်း ယခု တတိယလေးလပတ်တွင် (၄) မှ (၅) ရာခိုင်နှုန်းထိ တိုးလာသည်ဟု ပြောသည်။သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီး ရနောင်းရပ် ဆူဝန်ချဝီးက အင်တာနက်ကဖီးနှင့် ဂိမ်းဆိုင်များကိုလည်း ယာယီပိတ်ထားကြရန် တိုက်တွန်းထားလိုက်သည်။ယခုကဲ့သို့ ထိုင်းအစိုးရအနေဖြင့် A(H1N1) ရောဂါကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ လူထုပညာပေးလုပ်ငန်းနှင့်အတူ လူစည်ကားရာ နေရာနှင့် ကျောင်းများကို ရက်အကန့်အသတ်ဖြင့် တားဆီးနေသော်လည်း မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူနှင့် ကျောင်းသားများ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်နေလျက်ရှိသည်။

အပြည့်အစုံ...>>

ခွေးတုပ်ကွေးပိုး H3N3 အမေရိကန်ပြည်နယ် ၃၀ တွင် တွေ့ရှိ

၁၃ ရက် ဇူလိုင် ၂၀၀၉။ ယဉ်နွယ်မင်း
တုပ်ကွေးပိုးသစ်တစ်မျိုး ကုးစက်ပျံ့နှံ့နေသည်။ အထူးသဖြင့် Pekingeseခွေး Pug ခွေး (သို့) Shi-Tzu ခွေးတစ် ကောင် ပိုင်ဆိုင်ထားသူများ ရောဂါအန္တာရယ်များနိုင်သည်။ ယခု ပိုးသစ်၏ ရောဂါ နာမည်မှာ H3N3 ခွေးတုပ်ကွေး ဖြစ်သည်။
H3N3 ခွေးတုပ်ကွေးသည် အမေရိကန်နိုင်ငံတွင် ရောဂါအဖြစ်များသော ဖလော်ရီဒါ၊ နယူးယောက်စ်မြို့ ဖီလာဒဲလ်ဖီးယား နှင့် ဒင်ဗာမြို့များမှအပ ကျန်မြို့များတွင် တိရိစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ခွေးပိုင်ရှင်များ အတွင်း၌သာ H3N3 ခွေးတုပ်ကွေး အကြောင်း ပြောလာကြသည်။ တစ်နိုင်ငံလုံး ရှိ ခွေးပေါင်း သန်း ၇၀တွင် ၁ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း အထိ ဒီရောဂါဖြင့် သေဆုံးတော့မည်ဟု စိုးရိမ် နေကြသည်။ အမေရိကန်ပြည်နယ်ပေါင်း ၃၀ တွင် H3N3 တုပ်ကွေးပိုးကို စစ်ဆေး တွေ့ရှိနေပြီး ခွေးများစွာနေထိုင်ရသည့် နေရာမျိုးတွင် ပို၌ တွေ့ရသည်ဟု ပြောသည်။

အပြည့်အစုံ...>>

ဒုတိယမြောက် A/H1N1 တုပ်ကွေးကူးစက်ခံရသူ တွေ့ရှိ

၁၁ရက် ဇူလိုင် ၂၀၀၉။ ပုလဲနက်

ရန်ကုန်မြို့တွင် A/H1N1တုပ်ကွေး ကူးစက်ခံထားရသူ တစ်ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။ ယခု ကူးစက် ခံရသူမှာ အမျိုးသားဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဒုတိယမြောက် A/H1N1လူနာလည်း ဖြစ်လာခဲ့သည်။ ထိုသူသည် ဇူလိုင်လ (၆)ရက်နေ့က ထိုင်းလေ ကြောင်းလိုင်း လေယာဉ်ခရီးစဉ် အမှတ်(FD 3770)ဖြင့် ဘန်ကောက်မြို့မှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး လေဆိပ်တွင် စစ်ဆေး ခဲ့စဉ်က အဖျားမရှိခဲ့ပေ။ နောက်တစ်ရက် မွန်းလွဲပိုင်းတွင်မူ လည်ချောင်းနာက အဖျားအနည်းငယ် ရှိလာသဖြင့် ပြင်ပလူနာအဖြစ် ကုသမှု ခံယူခဲ့ပြီးနောက် ဇူလိုင်လ (၈) ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက နေအိမ်သို့ သွားရောက်စစ်ဆေးကာ ဝေဘာဂီ ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့သည်။ ဆေးရုံတွင် ၎င်းအား သီးသန့်ခန်းအတွင်း ထားရှိပြီး ဓာတ်ခွဲ စစ်ဆေး မှုများ ပြုလုပ်ခဲ့ရာမှ ထိုရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြု တွေ့ရှိခဲ့သည်။
အဆိုပါလူနာအား အထူးကု ဆရာဝန်ကြီးများက ကြပ်မတ်ကုသပေးနေပြီး ဇူလိုင်လ (၉)ရက်နေ့ထိ အခြေအနေမှာ အဖျားမတက်ဘဲ သက်သာလျက်ရှိကြောင်း သိရသည်။ ကျန်းမာရေး ၀န်ကြီးဌာနက ထိုရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် လူနာနှင့်အတူနေသော မိသားစုများအား နေအိမ်ပြင်ပသို့ သွားရောက်ခွင့် မပြုဘဲ အခြေအနေ စောင့်ကြည့်နေသလို လူနာနှင့်အတူ လေယာဉ်တစ်စင်းတည်း လိုက်ပါလာသည့် ခရီးသည် (၁၀၄)ဦးကိုလည်း စောင့်ကြည့်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း A/H1N1ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ပူး ပေါင်းဆောင်ရွက်နေသလို ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ပြည်သူများလည်း တတပ်တအား ပါဝင်ကူညီရန် နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။

အပြည့်အစုံ...>>

မြန်မာ့အရေး လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့ ဗြိတိန်နဲ့အမေရိကန်တောင်းဆို

၉ ရက် ဇူလိုင် ၂၀၀၉။ ဗွီအိုအေ
မြန်မာနိုင်ငံအရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ခေါ်ယူဆွေးနွေးဖို့ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က တောင်းဆိုနေပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဦးစားပေးကိစ္စတွေမှာ မြန်မာ့အရေးကိစ္စလည်း ပါဝင်တာမို့ အခု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကိစ္စကို အတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီကို ပြန်တင်ပြဖို့ လိုလားနေကြတာပါ။ အကြောင်းစုံ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြပေးပါ။
ဇူလှိုင် ၈ရက် ဒေသစံချိန် ညနေပိုင်းမှာပဲ ကုလသမဂ္ဂ နယူးယောက်ဌာနချုပ်မှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများနိုင်ငံ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ကိုယ်စား အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဗရာဟင်ဂမ်ဘာရီက မြန်မာခရီးစဉ်ကိစ္စ အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြတာပါ။ ဒီနောက် အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ သီးခြား တံခါးပိတ်အစည်းအဝေးဖြစ်တာမို့ အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒါပေမဲ့ အခုလို တံခါးပိတ် အစည်းအဝေးထက် လုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေး တရားဝင် ဆွေးနွေးမှုလုပ်ဖို့ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကတော့ တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု အမြဲတမ်း ကိုယ်စားလှယ်ရုံး ပြန်ကြားရေးအရာရှိ Patrick Vanatrell က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ “မြန်မာ့အရေးကိစ္စ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုမှုကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထောက်ခံပါတယ်။ သည်အဆိုပြုချက်ကိုတော့ ဗြိတိန်နိုင်ငံက တင်သွင်းထားတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နယူးယောက် ဌာနချုပ်ကို ပြန်ရောက်လာရင် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကိစ္စ လုံခြုံရေးကောင်စီကို တင်ပြပြီး အဲဒီမှာ ညှိုနှိုင်းဖို့ တောင်းဆိုထားတာပါ။”မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ထံ မစ္စတာ ဂမ်ဘာရီက ခရီးစဉ်ကိစ္စ တင်ပြ ဆွေးနွေးနေတာကို ကန့်ကွက်တဲ့သဘောတော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးက ဦးစားပေး ကိစ္စတခုဖြစ်လေတော့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာခရီးစဉ်ကိစ္စ ဆွေးနွေးသင့်တဲ့ နေရာတခုလို့ အမေရိကန်ပြည်ထောင်စုက ယူဆတဲ့ အကြောင်း Patrick Vanatrell က ပြောပါတယ်။ အခုလို နိုင်ငံအချို့နဲ့ သီးခြား တံခါးပိတ်ဆွေးနွေးနေတာအပြင် လုံခြုံရေး ကောင်စီမှာလည်း တရားဝင် ဆွေးနွေးသင့်တယ်လို့ ဆိုတာပါ။ အမေရိကန်ဘက်ကတော့ အခု မစ္စတာဘန်ခရီးစဉ်မှာ ဘာ ရလဒ်ကောင်းတွေမှ မတွေ့ရဘူးလို့ ယူဆပါတယ်။ “မြန်မာနိုင်ငံမှာ တိုးတက်မှုပြတဲ့အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အခွင့်အလမ်းကောင်းတွေ ယူနိုင်စွမ်းမရှိတဲ့အပေါ် မြန်မာစစ်အစိုးရအပေါ် အလွန်တရာ စိတ်ပျက်ရပါတယ်။ အခု အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်းမှာလည်း ဘာရလဒ်မှ ထွက်မလာပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ ဆက်ပြီး တောင်းဆိုနေမှာပါ။”အတွင်းရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေများ အဖွဲ့မှာတော့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန် ဗြိတိန်လို အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် အာရှ မြန်မာအိမ်နီးချင်းနိုင်ငံတွေ ပါဝင်ပါတယ်။ မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံအပြန် ထိုင်းမှာရှိတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တုန်းကလည်း မြန်မာနိုင်ငံအရေးကို မြန်မာမိတ်ဆွေများအဖွဲ့ကတဆင့် အဓိကထား ကိုင်တွယ်ဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အတိုက်အခံ အတော်များများကတော့ အခု မစ္စတာဘန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘာရလဒ် လက်ဆုပ်လက်ကိုင်မပြနိုင်ပဲ ပြန်လာရတာကြောင့် ကုလသမဂ္ဂရဲ့ မြန်မာ့အရေးကြားဝင်ညှိုနှိုင်းပေးမှုအပေါ် သံသယဖြစ်လာကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က မစ္စတာ ဘန် အနေနဲ့ မြန်မာနိုင်ငံရေးမှာ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိဘူးဆိုတာ ပြနေတာပဲလို့ ပြောပါတယ်။ “အမှန်အတိုင်း ပြောရရင် ဗမာစကားနဲ့ ပြောရရင် ဘန်ကီမွန်းက အနှပ်ခံရတယ်ပေါ့။ သူလာတဲ့ကိစ္စက ဒေါ်စုလွတ်မြောက်ရေး ကိစ္စ တကမ္ဘာလုံးက ၀ိုင်းပြီး အော်နေလို့ ဒေါ်စုလွတ်ရေး၊ ဒေါ်စုအမှု ဖြတ်သိမ်းရေးကို လာလုပ်တယ်။ အဲဒါကို သူ မလာခင်ကလည်း ငြင်းတယ်။ သူကိုယ်တိုင် လာတဲ့အခါလည်း ၂ခါပြောတဲ့အခါလည် ငြင်းလိုက်တဲ့အခါ ပြီးသွားပြီ။ ဘန်ကီမွန်း လာတဲ့ ကြားဝင် ဖျန်ဖြေမှု ကဏ္ဍကလည်း ပြီးဆုံးသွားပြီ။ ကုလသမဂ္ဂကလည်း လူတွေရဲ့ ထင်မြင်ချက်ထဲမှာ အများကြီး မှေးမိန် သေးသိမ်သွားပြီ။ ”ဒါပေမဲ့လည်း ဒီခရီးစဉ် မအောင်မြင်တာကို အဖက်ဆယ်ဖို့ဆိုရင် ကုလသမဂ္ဂဘက်က လုပ်စရာတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
"ဒီခရီးဟာ အောင်မြင်တဲ့ခရီး မဟုတ်ဘူး။ အရှုံးပေါ်တဲ့ ခရီးပဲ။ ရှေ့လုပ်စရာတွေ ဆက်ရှိမှသာလျှင် အဖတ်ဆယ်လို့ရမယ် ဖြစ်ပါတယ်။ "မစ္စတာဘန်ကတော့ မြန်မာအစိုးရဘက်က ဘာတွေ လုပ်ဆောင်လာမလဲဆိုတာကို မပြတ်စောင့်ကြည့်သွားမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ကနေပဲ အဓိကထား ကိုင်တွယ်သွားလိုပုံရပါတယ်။ ဗြိတိန် အမေရိကန်တို့ဘက်ကတော့ လုံခြုံရေးကောင်စီ ခေါ်ဖို့ကိုပဲ တိုက်တွန်းနေပါတယ်။ ဒါကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာပဲ ဘယ်လို ဆက်ကိုင်တွယ်ကြမလဲ သဘောကွဲလွဲနေတဲ့ လက္ခဏာတော့ တွေ့နေရပါတယ်။

အပြည့်အစုံ...>>

ငွေအကြွေ ရှားပါးမူကြောင့် တိုကင်ပြားများကို ထုတ်လုပ်သုံးစွဲ


၈ ရက် ဇူလိုင် ၂၀၀၉။ မောင်ရမ္မာ (နိရဉ္စရာ)

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ နယ်တွင် ငွေအကြွေ ရှားပါးနေသဖြင့် ချမ်းသာသူ စီးပွားရေး သမားများက တိုကင် ငွေစက္ကူပြားများကို ထုတ်လုပ်ပြီး ဈေးဝယ် ဈေးရောင်းသည့် နေရာတွင် သုံးစွဲနေကြသည်။ဆိုင်ပိုင်ရှင် တဦးက “ခုလို တိုကင် စက္ကူတွေ ငွေအကြွေ အဖြစ် သုံးစွဲနေရတာက ဈေးဝယ် ဈေးရောင်း တဲ့နေရာမှာ ငွေစက္ကူတွေ အထူးရှားပါး နေတဲ့ အတွက် ငွေစက္ကူအစား တိုကင် စက္ကူတွေကို ငွေ အဖြစ် ထုတ်လုပ်ပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်”
ဟု ပြောသည်။ မြန်မာ နအဖ စစ်အစိုးရမှ ငွေစက္ကူ အသစ်များလှဲလှယ် ထုတ်ပေးခြင်း မရှိသဖြင့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် ပြည်သူများအနေဖြင့် ဈေးဝယ် ဈေးရောင်း နေရာတွင် အထူး အခက်အခဲ တွေ့နေ ရသဖြင့် ဒေသခံ စီးပွားရေးသမားများမှ သက်ဆိုင်ရာ ဒေသ အာဏာပိုင် များ၏ ခွင့်ပြုချက် ဖြင့် တိုကင် စက္ကူများကို ထုတ်လုပ် သုံးစွဲနေခြင်း ဖြစ်သည်။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘဏ်ဝန်ထမ်း တဦးအား မေးကြည့်ရာ သူက “ ငွေအကြွေး စက္ကူတွေ အသစ်တွေ မရှိတဲ့ အတွက် အရပ်သားတွေက ငွေ စက္ကူတွေကို လာလှည့်တော့ ဘဏ်ကငွေ လှဲမပေး နိုင်ဘူး။ ဘဏ်ကိုရောက်တာကလည်း ငွေစက္ကူ အကြီးတွေဘဲ ဆိုတော့ ငွေ အသေး အကြွေမရှိတဲ့ အတွက် လူတွေကတော့ ၀ယ်ယူ သုံးစွဲတဲ့ နေရာမှာ အခက်အခဲ ဖြစ်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။တိုကင် ငွေစက္ကူများတွင် ငွေ၏တန်ဖိုး၊ ထုတ်လုပ်သူ၏ အမည်နှင့် အခြားတဖက်တွင် လက်မှတ် ရေးထိုးပြီး ထုတ်ဝေထားခြင်း ဖြစ်သည်။ထုတ်ဝေထားသော ငွေစက္ကူများမှာ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန် ၁၀ တန်များ ဖြစ်ကြသည်။ ယခုကဲ့သို့ ငွေစက္ကူ အကြွေ အသစ်များကို အစိုးရမှ ဘဏ်များမှ ထုတ်မပေးသဖြင့် စုတ်ပြဲ ပျက်စီးသွားသော ငွေအသေး ပမာဏမှာ မြန်မာပြည် အနှံ့တွင် ကုဌေထောင်ချီ၍ ရှိနေသဖြင့် အစိုးရမှ အမြတ် ရရှိ နေသည်ဟုလည်း ဘဏ်ဝန်ထမ်းမှ ပြောကြားသည်။

အပြည့်အစုံ...>>

ရုရှား၏ ပထမဆုံး နျူကလီးယားရေငုပ် သဘောင်္ရေချ


၆ ရက် ဇူလိုင် ၂၀၀၉။ ၀ဿန်

ရုရှားနိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး မဟာဗျူဟာမြောက် ရေငုပ်သဘောင်္ ယူရီဒိုလ်ဂိုရူကီကို ရေချနိုင်ခဲ့ပြီ ဖြစ်သည်။ ၄င်းမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက် ပထမဆုံး ရုရှားနိုင်ငံမှ ပြုလုပ်ခဲ့သည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်သည်။ ယင်းရေငုပ်သဘောင်္အား လွန်ခဲ့သည့် ၁၆ နှစ်မှ စတင် ဆောက်လုပ်ခဲ့သည် ဖြစ်ရာ ၄င်းအား ရေချနိုင်မှုမှာ ဂုဏ်ယူဝင့်ကြွားဖွယ်နှင့် ရှက်ဖွယ် ကိစ္စများ ရောယှက်လျှက် ရှိသည်။ နျူကလီးယား ရေငုပ် သင်္ဘော တည်ဆောက်မှုမှာ ရန်ပုံငွေ မလုံလောက်မှုကြောင့် အလွန် နှေးကွေးခဲ့ပြီးနောက် သဘောင်္တပ်ဆင်မှု ပြီးစီးသော အချိန်တွင် ၄င်းတွင် တပ်ဆင်မည့် ဘူလာဗာ ဒုံးပျံများမှာ အသင့် မရှိသေးကြောင်း တွေ့ရသည်။ ရုရှားနိုင်ငံ ကာကွယ်ရေး ၀န်ကြီးဌာန အရာရှိများက ထိုဒုံးပျံမှာ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင်မှ အသင့်ဖြစ်မည်ဟု ဆိုကြသည်။ ယူရီဒိုလ်ဂိုရူကီ ရေငုတ်သင်္ဘောမှာ အနက်မီတာ ၄၀၀အထိ ငုပ်နိုင်၍ ရေအောက်တွင် ရက် ၉၀ကြာ နေနိုင်စွမ်း ရှိသည်။ ၄င်းမှာ မီတာ ၁၆၀ ရှည်၍ ၁၃.၅ မီတာ ကျယ်သည်။ ရေငုပ် သင်္ဘောတွင် တော်ပီဒိုနှင့် ခရုစ်ဇ်ဒုံးပျံများ တပ်ဆင်ထားသည်။ တော်ပီဒိုလောင်ချာ ခြောက်ခုနှင့် ပုခုံးထမ်း ပစ်ခတ်သည့် ဒုံးပျံလေကြောင်း ကာကွယ်ရေးစနစ်များ ပါရှိသည်။ ထိုရေငုပ် သင်္ဘောက ဘူလာဗာ ဒုံးပျံများအား ဒုံးပျံသိုလှောင်ခန်း ၁၂ ခု အတွင်းမှ ပစ်လွှတ်နိုင်သော်လည်း လက်ရှိ အခြေအနေတွင် ဒုံးပျံအားလုံးမှာ လစ်လပ်လျှက်ရှိသည်။
ယူရီဒိုလ်ဂိုရူကီမှာ ရုရှားရေတပ်အတွက် တည်ဆောက်သော ဘိုရိုင်အတန်းအစား ရေငုပ်သင်္ဘောများမှ ပထမဆုံး အက်စ်အက်စ်ဘီအင် ရေငုပ်သင်္ဘော ဖြစ်သည်။ ၄င်းကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ဘိုရိုင်အတန်းအစား ရေငုပ်သင်္ဘောများမှ သယ်ဆောင်ရန်ဖြစ်သည့် အက်စ်အက်စ်အင်-၂၈ ဒုံးပျံများမှာ စမ်းသပ်ပစ်ခတ်ရာတွင် မအောင်မြင်မှုများပြား၍ စွန့်လွှတ်ခဲ့ပြီး ဘူလာဗာဒုံးပျံများကို ပြန်လည် ပုံစံထုတ်ခဲ့ရသည်။
ရုရှား၏ Topol-M (SS 27) ICBM ဒုံးပျံအပေါ်တွင် အခြေခံထားသော ဘူလာဗာဒုံးပျံမှာ မူလ အက်စ်အက်စ်အင် - ၂၈ ဒုံးပျံထက် သေး၍ ၂၀၀၇ ခုနှစ် START စာချုပ်ပါ အချက်အလက်များအရ ဘိုရိုင်အတန်းအစား ရေငုပ်သင်္ဘောများသည် မူလရည်ရွယ်ထားသည့် ဒုံးပျံ ၁၂ ခုအစား ၁၆ ခုအထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။ အဆိုပါ ရေငုပ်သင်္ဘောအား တည်ဆောက်ရေး စက်ရုံမှ သင်္ဘောကျင်းသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့ရာ ၂၀၀၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ၈၂ ရာခိုင်နှုန်းပြီးစီးပြီး ဖြစ်သည်။ ရုရှား အစိုးရက ရေငုပ်သင်္ဘောအား အပြီးသတ်ရန် ၂၀၀၇ ခုနှစ် ရေတပ်၏ ဘတ်ဂျတ်မှ ၄၀ ရာခိုင်နှုန်း ဖြစ်သော ရူတယ် ၅ ဘီလီယံ နီးပါး သုံးစွဲခဲ့ရသည်။

အပြည့်အစုံ...>>

ဒီရာသီမှာ အသက်နဲ့ ရင်းခဲ့ရပါသည်

၆ ရက် ဇူလိုင် ၂၀၀၉။ လူထုအသံ
မင်း ထွက်ပြေးဘို့ လုံးဝ စိတ်မကူးနဲ့။ သတ္တိရှိလို့ သံဆူးကြိုး ဟိုဘက် သွားရဲရင် သွားကြည့်စမ်းလို့ ပြောရင်း ဂျီ(၃)သေနတ် မောင်းပြန် ခလုတ်ပေါ်မှာ လက်ညိုးလေး ကုတ်တင်ထားတဲ့ အစောင့်စစ်သားက မလှမ်းမကမ်းကနေ အခုလို အော်ပြောနေတယ်။
အဲလိုသွားတဲ့ ကောင်ကြောင့် ဟို တနေ့က ငါ ဆုငွေ ရလိုက်သေးတယ်! ဆိုကာ သူ့မျက်နှာထားက သုံ့ပန်းကို စစ်မှူးကြီးက ကြည့်တဲ့ ပုံ မချိုမချဉ် မျက်နှာထားနဲ့။
ဟုတ်ပါတယ်လေ…. ဟို … တနေ့ကဘဲ ရေချိုး ထွက်ခွင့်ရတဲ့ အကျဉ်းသားတယောက် သံဆူးကြိုး ဟိုဘက် ကျော်မိတာနဲ့ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်လိုက်ကြတယ်။ တကယ်တော့ သူဟာ ထွက်ပြေးသူ မဟုတ်ပါဘူး။ ရေချိုးခန်းကို ကာရံထားတဲ့ သံဆူးကြိုးကို အမှတ်တမဲ့ ကျော်မိသူပါ။ အပစ်ခံလိုက်ရလို့ လဲကျသွားတဲ့ အကျဉ်းသမားကို ခွေးသေ ဝက်သေ ဆွဲသလို ဆွဲချသွားတာ တွေ့လိုက်ရတယ်။ သေနတ်သမား ကတော့ အထက်ကို ထွက်ပြေးလို့ ပစ်သတ် လိုက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုငွေ ထုတ်ယူသွားတာပါ။ အသက်တချောင်းကို ပုရွက်ဆိတ်လေး ပမာတန်ဘိုး မထားတဲ့ နာမည်ကြီး ဘောင်ဒရီစစ်ကြောရေး အကျဉ်းစခန်းကို ကျနော်တို့ ကျောင်းသားတွေ ရောက်နေပါကြပြီ။
အကျဉ်းသား တယောက်ကို မပစ်သတ်ရဲတဲ့ ပါးကွက်သားက တခြား ပါးကွက်သားကို အရက်တိုက်ပြီး ပစ်သတ်ခိုင်းလေတယ်။ ကြည့်ပါဦး လူမဆန် လိုက်ကြတာ၊ ကျနော်တို့ကို (၈)ပေ ပါတ်လည် ၀က်ခြံထဲမှာ ထားတယ်။ ၀င်ရင် ထွက်ရင် ခေါင်းငုံ့ ခါးကုန်း သွားရတယ်။ မတ်တတ်ရပ်လို့ မရဘူး။ အကျဉ်းသား (၁၀)ယောက်လောက် မတန်တဆ ထားတော့ ဟိုလှဲ့ဒီလှဲ့တောင် မနဲလုပ်ရတယ်။ အခင်းကြီး သွားဖို့ ဂံဖလားက ထွက်တဲ့ ချီးနံ့ကလည်း တခန်းလုံးကို နံဟောင်နေတယ်။ ညဘက် ရောက်ရင်လည်း ငရဲပြည်အလား အောင်းမေ့ရတယ်။
အော်သံ၊ ဆူသံ၊ ရိုက်သံ နှက်သံ၊ ဆဲသံတွေနဲ့။ ဒီလိုနဲ့ဘဲ မိုးလင်းခဲ့ရတယ့် ညပေါင်းတွေ အများကြီးမှ အများကြီး ရှိလှပါ။ မိုးလင်းတာနဲ့ တပြိုင်တည်း ဦးခေါင်းကို စောင်အုပ်ပြီး တယောက်ပြီး တယောက် အမှတ်(ရ) ထောက်လှမ်းရေးကို ခေါ်သွားတယ်။ စစ်ကြောရေး အလုပ်ခံရတယ်။ ရိုက်နှက် ကန်ကြောက်ကြတယ်။ ဒဏ်ရာ ဒဏ်ချက်တွေ အပြည့်ရပြီး အခြေအနေ မဟန်တော့ဖူး ဆိုမှ အချုပ်ခန်းထဲကို ခွေးမောင်းသလို ပြန်ပို့ ခံရကြတယ်။
အချုပ်ခန်း အတွင်းမှာ ထောင်ကျနေတဲ့ ရာဇ၀တ်သားတွေက “ဟ….မင်းတို့ ကျောင်းသားလေးတွေဘဲ“ “ကိစ္စမရှိဘူး ငါတို့နဲ့နေပါ” ဆိုပြီး သူတို့က စစ်ကြောရေးက ရလာတဲ့ ဒဏ်ရာတွေကို ၀ိုင်းဝန်းနှိပ်နှယ်ပြုစု ပေးကြတယ် ဆေးထည့်ပေးကြတယ်။ ဆေးကတော့ တခြား ဟုတ်ရိုးလား ထောင်ဆိုတော့ ကြံဖန်ပြီး ရှိတဲ့ဟာလေးနဲ့ ဆီနဲနဲမှာ ပြာမှုန့် တွေရောထားတာ။ ဒဏ်ရာ ရထားတဲ့ နေရာအနှံ့ လိမ်းပေးကြတယ်။ ဘ၀တူ အကျဉ်းသမားတွေရဲ့ နွေးထွေးတဲ့ ပြုစုမှုကို ခံလိုက်ရတော့ ခန္ဓာကိုယ်က နာနေပေမဲ့ စိတ်သက်သာရာတော့ ရသွားတာပေါ့၊ ရှေ့မျှော်လင့်ချက်ကတော့ သူတို့ ပါးစပ်ထဲက ပြောသမျှ အမိန့်ဖြစ်နေတော့ သေခြာတာ ဘာမှမရှိဖူး အားလုံး ဝိုးတိုးဝါးတားဘဲ။
အမှတ်(ရ) ထောက်လှမ်းရေးမှာ မော်လမြိုင်၊ မန္တလေး ဖက်ကနေ ဖမ်းလာတဲ့ သူငယ်ချင်း တချို့ကို ပြန်တွေ့ရတယ်။ တွေ့ရတယ် ဆိုတာကလည်း တံခါးကြားကနေ ချောင်းကြည့်လို့ တွေ့ရတာ။ အားလုံးက ငွေရောင် လက်ကောက် ကိုယ်စီနဲ့ပေါ့။ တယောက်ကို စောင်တထည်စီ ခေါင်းမြီးခြုံထားတာ တွေ့လိုက်ရတယ်။
ကျောင်းသား၊ ကျောင်းဆရာ၊ အမှုထမ်းအားလုံး(၃၀) ကျော်ဟာ နှစ် (၅၀) ရွှေရတုသဘင် မရောက်ခင်မှာ မမျှော်လင့်ဘဲ အဖမ်းခံလိုက်ကြရတယ်။
တချို့ ဘောင်ဒရီ အချုပ်ခန်း၊ အမှတ်(ရ) ထောက်လှမ်းရေး၊ အင်းစိန်ကြိုးတိုက်၊ တချို့ အိပ်ဆောင် အသီးသီး ခွဲပို့ကြတယ်။ ခုနှစ်ကတော့ ၁၉၇၀မှာပါ။ အမှုတွဲ ကတော့ နှစ်(၅၀) ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် လှုပ်ရှားမှုပါ။ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန် ကျောင်းသားလှုပ်ရှားမှု ဖေါ်ထုတ်ဘို့ ပြင်ဆင်နေဆဲမှာ ထောက်လှမ်းရေးက သတင်းရပြီး အဖမ်းခံကြရတာပါ။ ဘောင်ဒရီ ငရဲခန်း အမှတ်(ရ) ထောက်လှမ်းရေး၊ အင်းစိန်ထောင် ကြိုးတိုက်တို့ရဲ့ ညှင်းပမ်း နှိပ်စက်တာကြောင့် တောင်ကြီး ကောလိပ်က ကျောင်းသား စောမူလယ်ဟာ နံရိုးမှာ ဒဏ်ရာတွေနဲ့ ထောင်တွင်းမှာဘဲ ကျဆုံး သွားရှာခဲ့ရတယ်။
ကရင် အမျိုးသားလေးပါ။ အသက် (၂၀) ဘဲရှိပါသေးတယ်။ မြင်းခြံက ကျောင်းသား တယောက်ကတော့ ဦးနှောက်ထိခိုက်ပြီး သွက်သွက်ခါအောင် ရူးသွားရှာတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ ဆိုကြတယ် လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်တဲ့၊ အခုတော့ အနာဂတ်တွေကို သင်းကွပ်နေတဲ့ အစိုးရဆိုတော့ ဘယ်လမ်းသွားနေလဲ ဆိုတာ စဉ်းစားတာ ကြည့်ကြပေတော့။
၁၉၇၀ ခုနှစ် စောစောပိုင်း ကာလ အထိမှာတောင် ပုဒ်မ (၅) မဖျက် သိမ်းရသေးဘူး။ ပုဒ်မ (၅) ဆိုတာ အခု (၅)ည နဲ့ အတူတူပါဘဲ။ သံသယနဲ့လည်း ဖမ်းနိုင်တဲ့ အမှုပါ။ နိုင်ငံရေးသမား ဆိုလိုက်ရင် ပုဒ်မ(၅)နဲ့ ဆွဲ ခံရမှာ သေခြာပါတယ်။ ယခု ပုဒ်မ (၅) ထောင် ကျဆောင်မှာ အနယ်နယ် အရပ်အရပ်က ကျောင်းသားတွေကို ခွဲပြီး ထားတယ်။ ကျနော့် ကိုတော့ အမှတ်(ရ) ထောက်လှမ်းရေးနဲ့ ဘောင်ဒရီမှာ တလကြာ စစ်ကြောတယ်။ တိုက်ပိတ်ခံရတယ်။ သီချင်းမဆိုရ၊ စာမရေးရ၊ စကားလှမ်း မပြောရ ဆိုတဲ့ စည်းကမ်းတွေကို ဖေါက်ဖျက် ဆန့်ကျင်လို့ ထောင်ဘာယာ (ထောင်ဝန်ထမ်း) တွေရဲ့ အမျိုးမျိုး ရိုက်နှက် နှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ စာမရေးရ ဆိုပေမဲ့ ကျနော် ရင်ထဲအကြိတ်အခဲ အဖြစ်ခုနေလို့ စာရေးခဲ့ပါတယ်။ ကဗျာလေး တပုဒ်ပါပဲ။ မှတ်မှတ်ရရ ရှိပါသေးတယ်။ ဒီကဗျာလေးက ………
ဒင်းတို့ နှိပ်စက်သွေးပွက်ပွက်ထွက်လည်းငါ၏ဘ၀ဆုံးအံ့မထင်တိုက်ပွဲဝင်။
ဒီကဗျာကို ရေးမိလို့ (၁)လကျော် လုံးတီးဆန်ကြမ်း စားရပြီး၊ ရေချိုးခွင့်ပါ ပိတ်လိုက် ပါတော့တယ်။ နောက် ကျနော့်ကို အဆောင်(၅) ကို ပို့လိုက်ပါတော့တယ်။ အဆောင်(၅)ကို ပြန်ပို့လိုက်တော့ ကျနော်တို့နဲ့ လုပ်ဖေါ်ကိုင်ဖက်များကို ပြန်တွေ့လိုက်ရတယ်။ (၅)ဆောင်မှာ (၁)နှစ်ကျော် နေခဲ့ရတယ်။ အဲဒီတုံးက (၅) ဆောင်မှာ နိုင်ငံရေးသမားတွေကို ခွဲပြီးထားတယ်။ တောတွင်းက ဖမ်းမိသူများ၊ ဗမာပြည် ကွန်မြူနစ်ပါတီ မြေပေါ်လှုပ်ရှားမှုမှ ဖမ်းမိသူများ၊ ကေအမ်ယူပီ(ကရင်)မှ ဖမ်းမိသူများ၊ နောက် တက္ကသိုလ်နှစ်(၅၀) ရွှေရတုမှ ထိမ်းသိမ်းထားတဲ့ ကျောင်းသားများတွေနဲ့ သူတို့ အခေါ် သူပုန်တွေ တဆောင်လုံး ပြည့်လျှံနေပါတော့တယ်။
နောက် ကိုကိုးကျွန်းမှ ပြန်ရောက်လာကြတဲ့ ရဲဘော်များကို အဆောင် (၄)နဲ့ အဆောင် (၅) အောက်ထပ် မှာ (၁၀)ယောက် တခန်း (၁၅)ယောက် တခန်း ခွဲထားတယ်။ အဆောင်(၄) အဆောင်(၅)မှာ နိုင်ငံရေး အကျဉ်းသမားတွေနဲ့ ပြည့်နှက်နေတယ်။ ကျနော်တို့ တက္ကသိုလ် ရွှေရတုနှစ် (၅၀) အထိမ်းအမှတ် လှုပ်ရှားမှုနဲ့ အဖမ်းခံကြရတဲ့ ကျောင်းသားတွေလည်း နိုင်ငံရေးသမားတွေ ထောင်တွင်း ပြည့်လျှံလာတာ တွေ့ရလို့ အချင်းချင်းမှာတော့ အားတက်လာကြတယ်။
အဲဒီခေတ်က ထောင်တွင်းမှာ အဖွဲ့အစည်းတွေကလည်း စုံပါတယ်။ တဖွဲ့နဲ့တဖွဲ့ လျှို့ဝှက် ဆက်သွယ်ကြ၊ နိုင်ငံရေး တိုင်ပင် ဆွေးနွေးကြ၊ နိုင်ငံရေး လေ့လာမှုတွေ လုပ်ကြနဲ့ ထောင်တွင်းမှာ တဖြည်းဖြည်း လေ့လာရေး လှုပ်ရှားမှုတွေ ဖြစ်လာပါတော့တယ်။ အမှတ်(၄)ဆောင်နဲ့ အမှတ်(၅)ဆောင်လဲ လျှို့ဝှက် ဆက်သွယ်လို့ ရလာပါတော့တယ်။
အဲဒီတုန်းက ကျနော်တို့ ဆက်သွယ်ခဲ့တဲ့ နည်းက ဒီလိုပါ။ ဆေးလိပ် မီးနဲ့ ဆက်သွယ်တဲ့နည်းနဲ့ ထောင်နံရံကို လက်နဲ့ ပုတ်ရိုက်တဲ့ နည်းပါ။ ထောင်နံရံကို တချက်ရိုက်ရင် Aပါ နှစ်ချက်ရိုက်ရင် Bပါ၊ အတော်တော့ ခက်ရာခဲဆစ် အဆက်အသွယ် လုပ်ခဲ့ရတာပါ။
တရက်…. သေခြာပြော တညနေပေါ့ ထောင် ၀ါဒါတွေ ထမင်းစားနေတဲ့ အချိန်---။ ထောင်ကြပ်တွေ အလုပ်များနေတဲ့ အချိန်မှာ ကျနော်ဟာ ထောင်ဝါဒါတွေ အလစ်မှာ တဖက်အခန်းကို လေ့လာရေး စာစောင်(လျှို့ဝှက်) သွားပို့ခဲ့ပါတယ်။ ထောင်စည်းကမ်းအရ တခန်းနဲ့ တခန်း ဖြတ်သန်းခွင့် မရှိပါဘူး..။ ကျနော် သွားနေစဉ်မှာဘဲ ကျနော်နေတဲ့ အခန်းက တံခါးကို ၀ါဒါတယောက်က ပိတ်လိုက်ပြီး လူစစ်ဆေးပါတယ်။ အဲဒီအချိန်မှာ ကျနော်က တဖက်အခန်းမှာ ပိတ်မိနေပါလေရော။ ကျနော့်အခန်းကို ပြန်ဘို့ အချိန် မရတော့ပါဘူး။
ကျနော့် အိပ်ခန်းမှာ လူတယောက် လိုနေပါတော့တယ်။ ကျနော်လည်း တဖက်ခန်းက အိမ်သာ အတွင်းမှာ ၀င်ပုန်း နေပေမဲ့ ကျနော် ပြေးမလွတ်တော့ပါဘူး။ စာရွက် စာတမ်းတွေကိုတော့ အမြန်ဆုတ်ဖြဲပြီး ဆီးသွားတဲ့ ပုံးထဲ ထည့်လိုက်တယ်။ ကျနော့်ကို ထောင်ကြပ်က ဖမ်းခေါ်ပြီး ထောင်မှူးဆီ ခေါ်သွားတယ်။ ထောင်မှူးက ကျနော့်ကို တော်တော် နှိပ်စက်လိုက်တယ်။ ပါးတွေ နားတွေကို ဘယ်ပြန် ညာပြန်ရိုက်ပြီး အမှောင်တိုက်ကို ပို့ လိုက်တယ်။ အမှောင်တိုက် အတွင်းမှာ ရေဖြတ်တယ်။ နောက် မီးလည်း ဖြတ်လိုက်တယ်။ (၄) ပေပါတ်လည် အမှောင်တိုက် အတွင်းမှာ (၁)လကျော် နေခဲ့ရတယ်။ ဒီအမှောင်တိုက် အတွင်းမှာ နေ့နဲ့ ည ခွဲလို့ကို မရခဲ့ပါဘူး။ နေ့ပူ၊ ညပူနဲ့ အိပ်မရ၊ စားမရနဲ့ ဆင်းရဲ ပင်ပန်းတဲ့ ဘ၀တွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီနောက်မှာ ကျနော့်ကို အထူးတိုက်ပို့ လိုက်ပါတယ်။
အထူးတိုက် ဆိုတာက မ.ဆ.လ(မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ခေတ်မှာ ပေါ်တာပါ။ သူတို့ ထဲက ပြစ်ဒဏ်ကျတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေကို ထားတဲ့နေရာပါ။ အထူးတိုက်မှာ တပါတ်လောက် တိုက်ပိတ်ခံရပြီး ကံကောင်းတယ်လို့ပဲ ဆိုမလား? လောက ငရဲက ကျွတ်ချိန် တန်တယ် ပြောရမလား? ၁၉၇၃ခုနှစ် ဧပရယ် ၁၃ရက်နေ့မှာ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ထောင်က ထွက်ခွင့် ရခဲ့ပါတယ်။ ထောင်ဗူးဝမှာ ရဲဘော်တွေနဲ့ ပြန်လည် ဆုံတွေ့ ခွင့်ရတယ်။
နိုင်ငံရေး သမားဟောင်းတွေလည်း တွေ့ရတယ်။ ကျွန်းပြန် ရဲဘော်တွေကိုလည်း တွေ့ရတယ်။ ထောင်က ထွက်ပြီး ရန်ကုန်မှာ ကျနော် ခဏနေပါတယ်၊ ပြီးမှ နယ်ပြန်ခဲ့တယ်။ မိဘ ဆွေမျိုးများနဲ့ ခဏနေပြီး ရန်ကုန်ကို ရည်ရွယ်ချက်ရှိရှိ ပြန်တက်ခဲ့တယ်။ ရန်ကုန်ကို ပြန်တက်ခဲ့ရတဲ့ ကိစ္စက ထောင်တွင်းမှာ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ဆွေးနွေး ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖေါ်ရေးကိစ္စပါ။ အပြင်မှာ ကျန်နေသေးတဲ့ ရဲဘော်များနဲ့ စုပေါင်းပြီး လှို့ဝှက် ဆွေးနွေးပွဲ ကိစ္စတွေလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ အဓိက လုပ်ဖို့က စနစ်တခု ပြောင်းဖို့ အတွက် လွတ်မြောက်ဒေသကို ထွက်ခွာဖို့ပါဘဲ။
ဒီလဟာ ဗမာ့သမိုင်းမှာ ရက်စဉ်အလိုက် အမြဲတမ်း သမိုင်းတင် သမိုင်းဝင်ရက်တွေ ပြည့်လျှံနေပြီး၊ အနောက်တောင် မုတ်သုန်လေ နဲ့ အတူ ဇူလိုင် မိုးစက်များ ရွာသွန်းတာဟာ ကျောင်းတော်သားတွေရဲ့ သွေးစက်တွေနဲ့ ဖျန်းပက် လိုက်သလို တနုတ်နုတ် ခံစားရတယ်လို့ အသက်နဲ့ ရင်းခဲ့တဲ့ ကျောင်းတော်သား တဦးက တခုတ်တရ ပြောပြဖူးတာ ဒီချိန် ဒီရာသီရောက်တိုင်း ကြားယောင် နေမိတော့တယ် ။
ဘ၀င်း ( ဆဲဗင်းဇူလိုင် ကျောင်းသားဟောင်း တဦး )

အပြည့်အစုံ...>>

iPhone ကိုယှဉ်ပြိုင်မယ့် HTC ရဲ့ခြေလှမ်း

၃ ရက် ဇူလိုင် ၂၀၀၉ digital-kaos

Googleနှင့် HTCတို့ ပူးပေါင်းပြီး အသစ်ထုတ်လုပ် ရောင်းချမည့် မိုဘိုင်းလ်ဖုန်းသည် Social Networking ၀န်ဆောင်မှုအတွက် အဓိက ရည်ရွယ်ထားကြောင်း သိရသည်။ Heroဟု အမည်ပေးထားသော အဆိုပါ ဖုန်းအတွင်း Google၏ OSဖြစ်သော Androidကို အသုံးပြုထားပြီး ဖုန်း၏ Hardwareစနစ်ကို ဟောင်ကောင်အခြေစိုက် HTCမိုဘိုင်းလ်ကုမ္ပဏီက တာဝန်ယူခဲ့သည်။ Androidသည် ကမ္ဘာ့ပထမဆုံး မိုဘိုင်းလ်ဖုန်း OSအဖြစ် ထင်ရှားသလို ထိုစနစ်အတွက် Googleမှာလည်း ဂုဏ်တက်ခဲ့ရသည်။ HTCမှ တီထွင်သော မိုဘိုင်းလ်ဖုန်းသည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်များဖြစ်သည့် Facebook၊ Twitter၊ Myspaceတို့အား အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး Flickrကဲ့သို့ File Sharing ၀က်ဘ်ဆိုက်များကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။
အလေးချိန်အားဖြင့် (၄.၇၆)အောင်စသာရှိသည့် Heroမိုဘိုင်းလ်တွင် Touch-screenနည်းပညာ အသုံးပြုရသည့် (၃.၂)လက်မအရွယ် LCD Displayတစ်ခု ပါရှိသည်။ ဖုန်းဘက်ထရီ သက်တမ်းမှာ စကားပြောချိန် မိနစ်ပေါင်း (၄၇၀)ထိ တစ်ကြိမ်အားဖြည့်ထားရုံနှင့် အသုံးပြုနိုင်သည်။ မူလMemory 512MBသာ ပါသော်လည်း MicroSDကတ်ကို 16GBထိ ထပ်ဖြည့်နိုင်မည်ဖြစ်သည်။ ဖုန်းများကို တာဝန်ယူ ရောင်းချပေးမည့် Orangeက Heroကို ဇူလိုင်လ အစောပိုင်းတွင် ဗြိတိန်နိုင်ငံမှ စတင်ဖြန့်ဝေမည်ဟု ကြေညာခဲ့သည်။ ဖုန်းဝယ်ယူလိုသူများသည် အရစ်ကျ စနစ်ဖြင့် ငွေချေနိုင်ပြီး တစ်လလျင် (၃၉.၁၅)ပေါင်ဖြင့် (၂၄)လ ငွေသွင်းပြီး Heroကို ကိုင်ဆောင်နိုင်မည်ဟုလည်း Orangeက ဆိုသည်။ Heroသည် Apple၏ နာမည်ကျော် iPhone 3GSကို ယှဉ်ပြိုင်ရန် ရည်စူးထုတ်လုပ်ထားခြင်းဖြစ်ပြီး Social Networking ၀က်ဘ်ဆိုက်များကို iPhoneကဲ့သို့ပင် LCDမျက်နှာပြင်ပေါ် လက်ဖြင့်ပွတ်တိုက်ရင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Heroတွင် ဂိမ်းများကို Graphicမြင့်မားစွာ ကစားနိုင်မည်ဖြစ်ပြီး အသံသွင်းခြင်းနှင့် အသံထိန်းချုပ်ခြင်း စနစ်များလည်း ကောင်းမွန်သည်ဟု Orangeကဆိုသည်။ အဆိုပါ ဖုန်းတွင် 3.0megapixel ကင်မရာတစ်လုံးလည်း ပါဝင်ကြောင်း သိရှိရသည်။

အပြည့်အစုံ...>>

ဘန်ကီမွန်းခရီးစဉ် လုံခြုံရေးများ အထူးတင်းကြပ်

၃ ရက် ဇူလိုင် ၂၀၀၉။ ရိုးမ ၃
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း ခရီးစဉ်အတွင်း လုံခြုံးရေးများ အထူးတင်းကြပ်ထားပြီး မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိသည်။ရန်ကုန်မြို့လမ်းများပေါ်တွင် တက္ကစီကားများနှင့် ကိုယ်ပိုင်ကားများကို အဓိကထား စစ်ဆေးခြင်းများပြုလုပ်ပြီး ညဘက်တွင် စစ်ကားများ၊ လုံခြုံရေးယာဉ်တန်းများဖြင့် မြို့အနှံ့ ကင်းလှည့်နေကြောင်း မြို့ခံတဦးက ပြောသည်။"ကင်းလှည့်တာက ညဘက်ကို တနာရီတခါလောက် စစ်ကားတွေ လှည့်နေတယ်၊ လမ်းမကြီးတွေပေါ်မှာ ညဘက်ကို ကိုယ်ပိုင်ကားတွေ၊ အငှားကားတွေကို စစ်တယ်၊ တခုခုဖြစ်တာနဲ့ အဲဒါတွေကို အကုန် ပြန်စီစစ်တာတွေ လုပ်နေတယ်" ဟု ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းအတွင်း လုံခြုံရေးရဲအင်အား ၂၀၀၀ ခန့်ချထားပြီး ညဘက်ပိုင်းတွင်လည်း ဆိုင်ကယ်များဖြင့် ကင်းလှည့်နေသည့်အဖွဲ့များလဲရှိကြောင်း ၎င်းက ဆက်ပြောသည်။"ညဘက်မှာ လက်ပတ်တွေပတ်ပြီး ဆိုင်ကယ်တွေနဲ့ လှည့်နေတာတွေ ရှိတယ်၊ ဒါပေမဲ့ မေးမြန်းတာတွေတော့ မရှိဘူး၊ တချို့နေရာတွေမှာ ည (၉) နာရီကျော်ရင် တော်တော်ရစ်တာတွေရှိတယ်၊ နေရာတကာမှာလဲ ကြံ့ဖွံ့အလံတွေပဲ တင်ထားတယ်" ဟု ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လူစုလူဝေးဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်နေလျှက်ရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ကာ မကျေမနပ်ဖြစ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။ထို့အပြင် မြန်မာပြည်အလယ်ပိုင်း၊ မြင်းခြံမြို့တွင်လည်း တောင်ငူအခြေစိုက် စစ်တပ်များ လာရောက်ချထားပြီး တပ်ဖျောက်ထားသည်ဟု မြင်းခြံမြို့ ဒေသခံတဦးက ပြောသည်။ယနေ့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များက စွဲဆိုထားသည့်အမှု ရုံးချိန်းနေ့ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းလည်း မြန်မာပြည်သို့ လာရောက်မည်ဖြစ်သောကြောင့် လုံခြုံရေးများ အထူးတင်းကြပ်ထားခြင်းဖြစ်သည်။

အပြည့်အစုံ...>>

မိဘများထံပြန်ပို့သည့် ကလေးငယ်တဦးကို တပ်က ပြန်ခေါ်သွား

၂ ရက် ဇူလိုင် ၂၀၀၉။ ဥာဏ်မောင် (ရိုးမ၃)
အသက်မပြည့်သေးသည့် ကလေးစစ်သားနှစ်ဦးကို သက်ဆိုင်ရာက မိဘများထံ ပြန်လည်ပို့ဆောင်ပြီးနောက် ကလေးငယ်တဦးကို တပ်ထဲသို့ ပြန်လည်ခေါ်ဆောင်သွားသည်။တွံတေးမြို့နယ်၊ ပန်းပင်စမ်းကျေးရွာမှ ဇင်မင်းအောင်နှင့် ဇော်ဇော်တို့ကို ပြီးခဲ့သည့်လ (၂၈) ရက်နေ့က မိဘများထံ ပြန်လည်ပို့ဆောင်ပြီးနောက် ဇော်ဇော်အား မိဘများက တပ်ထဲဝင်ရောက်သည်ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းပြီး ပြန်ခေါ်သွားခြင်းဖြစ်သည်။"ဘာမသိညာမသိနဲ့ ရယကတွေက လက်မှတ်ထိုးခိုင်းတော့ ထိုးလိုက်တာ၊ ကလေးစစ်ထဲဝင်တာ မိဘက သိပါတယ်ဆို လက်မှတ်ထိုးပေးလိုက်တာ၊ အဲဒါနဲ့ ပြန်ခေါ်သွားတာ၊ ဇင်မင်းအောင်မိဘတွေကိုလဲ လက်မှတ်ထိုးခိုင်းတယ်၊ သူတို့ကတောာ့ မထိုးလိုက်ဘူး၊ ဇော်ဇော်ကိုတော့ အခု လက်မှတ်ထိုးပြီး ပြန်ခေါ်သွားတာ၊ ကလေးတွေက နှစ်ယောက်စလုံးအသက်က မပြည့်သေးဘူး" ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက ပြောသည်။
အဆိုပါကလေးငယ်နှစ်ဦးကို ခလရ (၇၀) မှ တပ်ကြပ်ကြီး ဝင်းမြင့်ဆိုသူက ခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး မောင်ဇင်မင်းအောင်၏မိဘများက နယ်မြေခံ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ကို တိုင်ကြားခြင်းများပြုလုပ်ခဲ့သည်။"ကလေးတွေကို တပ်ထဲမှာ ရောက်တော့ ဗိုလ်ကြီးတယောက်က ရေဒီယိုနားထောင်ခိုင်းပြီး ဇင်မင်းအောင်ရဲ့အမေက ရေဒီယိုမှာ ပြောတာတွေကို ကြားတော့ မင်းတို့ကို ထားလို့မဖြစ်တော့ဘူး ခွင့် (၁) ပတ်ပေးတယ်၊ ပြန်တော့ဆိုပြီး ပြန်ပို့တာ၊ ပန်းပင်စမ်း(အလက)မှာ အခမ်းအနားနဲ့လုပ်ပြီး ရယကလူကြီးတွေကို သက်သေလက်မှတ်ထိုးခိုင်းတာ" ဟု ဆက်ပြောသည်။၎င်းတို့ကို မေလကုန်ပိုင်းက ခေါ်သွားခြင်းဖြစ်ပြီး တောင်တွင်းကြီးနှင့် ရမည်းသင်း လေ့ကျင့်ရေးကျောင်းများသို့ မကွေးစစ်သားစုဆောင်းရေးတပ်မှတဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ မိဘများထံ ပြန်လည်ပို့ဆောင်ရာတွင်လည်း သက်ဆိုင်ရာ တပ်မှ စစ်သားတဦးပါ လိုက်ပါလာသည်ဟု ပြောသည်။ဇင်မင်းအောင်နှင့် ဇော်ဇော်တို့ သူငယ်ချင်းနှစ်ဦးမှာ တွံတေးမြို့နယ်၊ ပန်းပင်စမ်းကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ထင်းခွေထွက်သွားစဉ် ယခုကဲ့သို့ စစ်သားအဖြစ် စုဆောင်းခံလိုက်ရခြင်းဖြစ်ကာ အသက် ၁၄ နှစ်သာ ရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူက ဆက်ပြောသည်။စစ်အစိုးရအာဏာပိုင်များက အရွယ်မရောက်သေးသည့် ကလေးငယ်များ စစ်တပ်အတွင်း မရှိကြောင်း အမြဲတမ်း ငြင်းဆိုနေခဲ့သော်လည်း တပ်သားသစ်စုဆောင်းရာတွင် ကလေးငယ် အမြောက်အများ ပါဝင်နေလျှက်ရှိသည်။

အပြည့်အစုံ...>>

စာပေစိစစ်ရေးက နည်းပညာအသစ်ဖြင့် အီးစားတော့မည်။


၂ ရက် ဇူလိုင် ၂၀၀၉။ သီဟ
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဂျာနယ်၊ မဂ္ဂဇင်းများ စိစစ်ခြင်းလုပ်ငန်းအား စာရွက်စာတမ်းဖြင့် စိစစ်နေရာမှ Electronic Press Scrutiny and Registration (ePSR)စနစ်ဖြင့် ပြောင်းလဲစစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ လာမည့်သြဂုတ်လမှစ၍ စာပေစိစစ်ရေးသို့ တင်ပြရာတွင် ယခင်ကကဲ့သို့ စာရွက်စာတမ်းမူကြမ်းဖြင့် တင်ပြရတော့မည်မဟုတ်ဘဲ စိစစ်ရေးတင်ပြမည့် စာမူများအား Portable document format (Pdf)ဖိုင်ပြုလုပ်၍ စီဒီဖြင့် စိစစ်ရေးသို့ တင်ပြရမည်ဖြစ်သည်။ အားကစားဂျာနယ်များ နောက်ပိုင်းတွင် သတင်းဂျာနယ်၊ တခြားဂျာနယ်များအား စာပေစိစစ်ရေး တင်ပြရာတွင်လည်း အထက်ပါပုံစံအတိုင်း Soft Copy(Pdf ဖိုင်) စီဒီဖြင့်သာ တင်ပြရမည်ဖြစ်သည်။
“ ဒီပုံစံပြောင်းလိုက်တော့ စာပေစိစစ်ရေးလုပ်ငန်းတွေ ပိုမိုမြန်ဆန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂျာနယ်တစ်စောင်မှ အမှုဆောင်အယ်ဒီတာတစ်ဦး ကပြောသည်။ အဆိုပါစနစ်အတွက် အင်ဖိုရီသမ်မေ့ဇ်ကုမ္ပဏီမှ ပရိုဂရမ်ရေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ အမှုထမ်း၊ အရာထမ်းများ ရုံးတွင်းလေ့ကျင့်သင်ကြားခြင်းများ ပြုလုပ်လျက်ရှိပြီး ဇူလိုင်လအတွင်းတွင် ဂျာနယ်တချို့အား စမ်းသပ်ပြုလုပ်မည်ဖြစ်ကာ သြဂုတ်လ(၁)ရက်မှစ၍ တရားဝင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “ ဒီစနစ်က အကုန်အကျသက်သာပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ အရင်ကဆို မိတ္တူကူးနေရတာက အချိန်တော်တော်ကုန်ပါတယ်” ဟု ဂျာနယ်ထုတ်ဝေသူတစ်ဦးက ပြောသည်။ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ ခွင့်ပြုချက်ဖြင့် အပတ်စဉ်ထုတ်ဂျာနယ်ပေါင်း ၁၈၀ကျော် ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

အပြည့်အစုံ...>>

နှစ်သက်မိသော ကာတွန်းတစ်ပုဒ်

၁ ရက် ဇွန်လိုင် ၂၀၀၉။ လူထုအသံ

အပြည့်အစုံ...>>

ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ တပ်ရင်းများကို အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်

၁ ရက် ဇွန်လိုင် ၂၀၀၉။ မောင်အေး (နိရဉ္စရာ)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရ ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်မည့် သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေ အခြေစိုက် တပ်ရင်းများကို အရေးပေါ် ညွန်ကြားချက် ထုတ်ပြန် ထားကြောင်း သတင်း ရရှိသည်။အဆိုပါ ညွန်ကြားချက်ကို ယမန်နေ့က ဒေသ စစ်ဆင်ရေးနှင့် ကြီးကြပ်ရေးမှူးက ထုတ်ပြန် ထားခြင်းဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။အဆိုပါ ညွှန်ကြားချက်တွင် နေ့စဉ် လူထု လှုပ်ရှားမှုများ အခြေအနေကို အနောက်ပိုင်းတိုင်း ဒု တိုင်းမှူး ဗိုလ်ချုပ် တင်လှိုင် (ယာယီ)ကို နေ့စဉ် နေ့လည် ၁၂ နာရီထက် နောက်မကျဘဲ ဒေသဆိုင်ရာ တာဝန်ရှိသူများက တင်ပြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
၎င်းပြင်သူက “ညွန်ကြားချက် ထုတ်တာက သြဂတ်(စ်) ၁၃ ရက်နေ့ စစ်တွေ ဆန်ပြဿနာနေ့ မရောက်ခင် စစ်တွေမှာ လူငယ်တွေ လှုပ်ရှားမှု တခုခု လုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတဲ့အတွက် ဖြစ်ပါတယ်။ ရခိုင်လူထုကလည်း အထွေထွေ စီးပွားရေး အကျပ်အတည်းကြောင့် မကျေနပ်မူတွေ အထူး တိုးပွားနေပါတယ်။ ပေါက်ကွဲမယ် ဆိုရင်လည်း ပေါက်ကွဲနိုင်တဲ့ အနေအထားမျိုး ရှိနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။ရခိုင်ပြည်နယ်တွင် ရခိုင်လူထုမှာ မကြုံစဖူး စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေပြီး လူတိုင်းလိုလို စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ စီးပွားရေး အကျပ်အတည်းများကြောင့် လူထု အတွင်း စစ်အစိုးရ အပေါ် အထူး မကျေနပ်မူများလည်း တိုးပွား နေသည်ဟု ပြည်တွင်းက လာသော သတင်းများ အရ သိရသည်။စစ်တွေ ဆန်ပြဿနာနေ့ကို နှစ်စဉ် နှစ်တိုင်း ရခိုင် အမျိုးသားများက အနည်းနှင့် အများဆိုသလို ကျင်းပ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် သြဂတ်(စ်) ၁၃ မတိုင်မှီ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်မည့် သတင်းများ စစ်တွေတွင် ထွက်ပေါ်နေသည်ဟု သိရသည်။စစ်တွေ ဆန်ပြဿနာနေ့မှာ ၁၉၆၇ ခုနှစ် သြဂတ်(စ်)လ ၁၃ ရက်နေ့တွင် ဗိုလ်နေ၀င်း ဦးဆောင်သည့် မဆလ အစိုးရ စစ်သားများက စစ်တွေမြို့တွင် ဆန္ဒပြခဲ့ကြသော ရခိုင်အမျိုးသား ၃၀၀ ကျော်ကို သတ်ပစ်ခဲ့သော နေ့ဖြစ်သည်။

အပြည့်အစုံ...>>