မြန်မာ့လေကြောင်းက လေယာဉ်သစ်များဖြင့် အစားထိုးပျံသန်းရန်စီစဉ်


၁၃ ရက် ဇူလိုင် ၂၀၀၉။ ရန်ကုန်မီဒီယာ

ရန်ကုန်၊ မြန်မာ့လေကြောင်းက လေ ယာဉ်သစ်များဖြင့် အစားထိုးပျံသန်း ရန်စီစဉ်နေကြောင်း သိရသည်။မြန်မာ့လေကြောင်းမှ နှစ်ပေါင်း ၄၀ကျော်ကြာမြင့်နေပြီဖြစ်သော F 27 အမျိုးအစားလေယာဉ်များကို ပြန်လည် ရောင်းထုတ်၍ လေယာဉ်အသစ်များ အစားထိုးပျံသန်းသွားရန် စီစဉ်နေပြီဖြစ် ကြောင်း အဆိုပါလေကြောင်းဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထုတ် ဖော်ပြောကြားသည်။
လက်ရှိတွင် မြန်မာ့လေကြောင်း ၌ ဂျက်လေယာဥ(F28)၊ ATR လေ ယာဉ်နှင့်(F27) အမျိုးအစားလေယာဉ် များဖြင့် ပြည်တွင်းခရီးစဉ်များ ပျံသန်း လျက်ရှိပြီး ယင်း(F27) လေယာဉ်များမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ကျော်ကတည်း ကပျံသန်းခဲ့ခြင်းကြောင့် ယခုအချိန်တွင် ပိုမိုခေတ်မီသော လေယာဉ်အသစ်များ ဖြင့် ပျံသန်းသွားနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။"ဖော်ကာလေယာဉ်တွေမှာ အမျိုး အစားအများကြီးရှိတယ်။ F27, F28, F50, F70, F 100 စသည်ဖြင့် အများ ကြီးရှိတယ်။ မြန်မာ့လေကြောင်းမှာF27 က ၁၉၆၂ခုနှစ်လောက်ကတည်းက စပျံ ခဲ့တာဆိုတော့ သုံးဖို့နှစ်ကြာလာပါပြီ။ F27 အမျိုးအစားက နှစ်တွေကြာလာ ပြီဖြစ်လို့ ခရီးသည်တွေ သိပ်မကြိုက် တော့ဘူး။ လေယာဉ်အပိုပစ္စည်းတန်ဖိုး ကများသလို င်္၂၇လေယာဉ်မှာပါတဲ့ ပစ္စည်းအစိတ်အပိုင်းတွေက ဈေးကွက် မှာတော်တော်ရှားတယ်။ တန်ဖိုးလဲ အလွန်ပေးရတယ်။ လူများများလည်း လိုက်လို့မရဘူး။ ဒါကြောင့် ပိုကောင်း၊ ပိုစိတ်ချရမယ့် လေယာဉ်အသစ်တွေနဲ့ အစားထိုးပျံသွားဖို့ စီစဉ်နေပါတယ်" ဟု ယင်းက ဆက်လက်ပြောသည်။ယင်းထပ်မံဝယ်ယူမည့်လေယာဉ် များ၏ အမျိုးအစား၊ အစင်းရေတို့ကို မူ မပြောနိုင်သေးကြောင်း၊ မြန်မာနိုင်ငံ နှင့်သင့်တော်သော လေယာဉ်အမျိုး အစား၊ မြန်မာလေယာဉ်မှူးတို့ မောင်း နိုင်ပြီး အလွယ်တကူပြင်နိုင်သော လေ ယာဉ်အမျိုးအစားတို့ကို ရွေးချယ်ဝယ် ယူသွားနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးဆောင်ရွက်မှုများပြုလုပ်နေ ကြောင်း သိရသည်။

Comments :

0 comments to “မြန်မာ့လေကြောင်းက လေယာဉ်သစ်များဖြင့် အစားထိုးပျံသန်းရန်စီစဉ်”