ဧရာဝတီတိုင်းမြို့နယ် အချို့၌ လေဆင်နှာမောင်းငယ်များ ဆက်လက်ဖြစ်ပေါ်

၂၅ ရက် ဇူလိုင် ၂၀၀၉။
နာဂစ်မုန်တိုင်း တိုက်ခက်ခဲ့သည့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင် ၁၃ ရက်၊ ၁၄ ရက်က လေဆင် နှာမောင်း တိုက်ခတ်ပြီး နောက်ပိုင်းရက်များတွင်လည်း လေဆင်နှာမောင်းငယ် တိုက်ခတ်ခြင်းများ နေရာဒေသ အချို့၌ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ဘိုကလေးမြို့နယ်အတွင်းရှိ ကျွန်းညိုကြီးတွင် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။ ဇူလိုင် ၁၉ ရက်နေ့က ဘိုကလေးမြို့နယ် အတွင်းရှိ ကျွန်းညိုကြီးနှင့် စပ်ကျွန်းရေလယ်ရှိ ကျွန်းညိုကြီးဘုရားအနီး ရေလယ်တွင် ကောင်းကင်မှ တိမ်လုံးကြီးများက မြစ်ရေများကို စုပ်ယူနေပြီး မိမိတို့ လှေနှင့် အလွန်နီးကပ်သည်အထိ ရောက်ရှိလာ၍ နီးစပ်ရာကမ်းကို အမြန်မောင်းပြေးရကြောင်း ၄င်းကပြောသည်။ ထိုသို့ အသက်ဘေး စိုးရိမ်ရလောက်အောင်ဖြစ်သည့် ဖြစ်ရပ်များမှာ နာဂစ်မုန်တိုင်း တိုက်ခက်ပြီးနောက်ပိုင်းမှသာ ရှိကြောင်း ထပ်လောင်းပြောကြားသည်။ ဧရာဝတီတိုင်းအတွင်း ဖြစ်ပေါ်ပြီး နောက်ပိုင်း ယခုနှစ် မိုးရာသီကာလတွင် ပုံမှန်မဟုတ်သည့် ရာသီဥတုများ ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်း သိရှိရ သည်။

Comments :

0 comments to “ဧရာဝတီတိုင်းမြို့နယ် အချို့၌ လေဆင်နှာမောင်းငယ်များ ဆက်လက်ဖြစ်ပေါ်”