မြန်မာနိုင်ငံ၏ ပထမဆုံး Call Center အကောင်အထည်ဖော်မည်

၁၇ ရက် ဇွန်လ ၂၀၀၉။ ယဉ်နွယ်ဝင်း
မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ၀န်ဆောင်မှုပေး သော စနစ်တစ်ခု ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစနစ်သည် နိုင်ငံ တကာမှာ Call Centre ဟုခေါ်တွင်ပြီး Information Technology Central Services Co.,Ltd. (ITCS) မှ အကောင် အထည်ဖော် စတင် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရ သည်။
Call Centre ဆိုသည်မှာ ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ရုံဖြင့် မိမိ၏လိုအပ်ချက်များကို ၀န်ဆောင်မှုပေးနိုင်မည့် Centre တစ်ခုဖြစ်ပါသည်။ ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အခန်းတွင်းအလှဆင်ခြင်း၊ အင်တာနက် အစရှိသဖြင့် အခြားသော ကိစ္စရပ်များနှင့်ပတ်သက်၍ Service ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် customer တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ။ ဖုန်းနံပါတ်ကတော့ ဆက်သွယ်ရေးကချပေးတဲ့ နံပါတ် တစ်ခု ခုဖြစ်မှာပါ။ မှတ်မိလွယ်တဲ့ ဂဏန်းလေးတွေ ဖြစ်မှာပါ ဥပမာ- လမ်းတွင် ည အချိန်မတော် ကားပျက်သွားတာမျိုးပေါ့။ ၀ပ်ရှော့တွေကလည်း ပိတ်ပြီ။ ဘယ်လိုမှလည်း အိမ်ကို ဆက်သွယ်လို့မရတဲ့အချိန်မှာ Call Centre ကိုဖုန်းဆက်လိုက်ပါ။ ကျွန်တော်တို့က သူ့အတွက် ၀န်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါ တယ်။ တစ်နိုင်ငံလုံးအတွက် ၀န်ဆောင်မှုပေးနိုင်အောင်လည်း ဆောင်ရွက်သွားမှာပါ။ Call Centre မှာ ၀န်ထမ်းတစ်ရာကျော်လောက်ရှိမယ်။ ၀န်ထမ်းတွေဟာ ၂၄ နာရီလုံး အမြဲဝန်ဆောင်မှုပေးနေမှာပါ။ ဒီ Call Centre ကို လာမည့်နှစ်အတွင်းတွင် အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်။ Department တစ်ခုချင်းစီတိုင်းမှာ အရည်အချင်းရှိတဲ့လူတွေလိုအပ်ပါတယ်။ IT ဆိုရင် IT နဲ့ပတ်သက်ပြီး Knowledge ရှိတဲ့ Operator တွေ၊ Marketing နဲ့ပတ်သက်လို့ အရည်အချင်းရှိတဲ့ Operator တွေ အများကြီးလိုအပ်ပါတယ်။ လုပ်ငန်းနယ်ပယ်တိုင်းအတွက် ယခုအချိန်မှာ ပြင်ဆင် နိုင်ခြင်းတော့မရှိပါဘူး။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အင်တာနက်ဆိုင်ရာ ၀န်ဆောင်မှုကဲ့သို့သော အကြောင်းအရာများအတွက်သာ စတင်လုပ်ဆောင် သွားမှာပါ။ နောက်ပိုင်းမှသာ နယ်ပယ်တိုင်းအတွက်တိုးချဲ့နိုင်မှာပါ” ဟု CyberNet Technology မှ မန်နေဂျင်းဒါရိုက်တာဦးကောင်းဇံမှ အင်တာနက်ဂျာ နယ်သို့ပြောသည်။
Call Centre များ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများတွင် လွယ်ကူထိရောက်စွာ အကူအညီ ပေးနိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

Comments :

0 comments to “မြန်မာနိုင်ငံ၏ ပထမဆုံး Call Center အကောင်အထည်ဖော်မည်”