နာမည်ကြီး တရုတ်မင်းသား ဂျက်လီ စင်ကာပူနိုင်ငံသားအဖြစ်ခံယူ


၁၈ ရက် ဇွန်လ ၂၀၀၉။ AP

တရုတ် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဂျက်လီသည် မကြာမီက စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်သည်ဟု စင်ကာပူသတင်းစာ တစ်စောင်ကို ကိုးကား၍ တရုတ်မီဒီယာများတွင် ဖော်ပြထားသည်။

အခြား ကွန်ဖူးမင်းသား ဂျက်ကီချမ်းကဲ့သို့ပင် ဟောလီးဝုဒ် ရုပ်ရှင်လောကအထိ ပေါက်ရောက်အောင်မြင်သော ဂျက်လီသည် စင်ကာပူနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၃.၆ သန်း တန်ဖိုးရှိ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဝယ်ယူပြီးနောက် ယခုကဲ့သို့ နိုင်ငံသားပြောင်းလဲ ခံယူလိုက်ခြင်းဖြစ်သည်။
ထိုသတင်းကို စင်ကာပူထုတ် The Business Times သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဂျက်လီသည် ၂၀၀၇ ခုနှစ်ကတည်းက ကလေးများ၏ ပညာရေးအတွက် ရည်ရွယ်ကာ မိသားစုကို စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့စေခဲ့သည်။

ဂျက်လီ စင်ကာပူနိုင်ငံသား ခံယူလိုက်ခြင်းနှင့် ပတ်သတ်၍ စင်ကာပူလူဝန်မှုကြီးကြပ်ရေးက တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုလိုက်သည်။

ဂျက်လီ မတိုင်မီက နာမည်ကျော် တရုတ်မင်းသမီး ဂေါင်လီသည်လည်း စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသဖြင့် သူမကို အော်စကာဆုရရှိသည့် ပထမဆုံး စင်ကာပူလူမျိုး ဖြစ်လာမည်လောဟု ခန့်မှန်းမှုများ ပေါ်ထွက်လာခဲ့ဖူးသည်။

Comments :

0 comments to “နာမည်ကြီး တရုတ်မင်းသား ဂျက်လီ စင်ကာပူနိုင်ငံသားအဖြစ်ခံယူ”