၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ ကမ္ဘာတစ်ဝှမ်း ကျင်းပ


၁၉ ရက် ဇွန်လ ၂၀၀၉။ AFP

သောကြာနေ့တွင် ကျရောက်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူမအား လွှတ်ပေးရန် တောင်းဆိုလိုက်ကြပြီး ကမ္ဘာအ၀ှမ်းရှိ ထောက်ခံအားပေးသူများက ဆုမွန်ကောင်း တောင်းပွဲများ ကျင်းပခဲ့သလို အင်တာနက်ပေါ်မှ တဆင့်လည်း ဆုတောင်းပေးခဲ့ကြသည်။အမေရိကန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများက Capitol Hill တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သလို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်လည်း ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၏ ဇနီးဖြစ်သူကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရည်စူးသည့် ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ပြသသည့် ပွဲတစ်ခု ကျင်းပပေးခဲ့သည်။
သို့ရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာမူ သူမ၏ မွေးနေ့တွင် အင်းစိန်ထောင် အတွင်း၌ ထိန်းသိမ်းထားခြင်း ခံနေရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော်ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ဥရောပသမဂ္ဂမှ ခေါင်းဆောင်များသည် ဘရပ်ဆဲလ်တွင် ကျင်းပနေသည့် ၎င်းတို့၏ ၂ ရက်ကြာ အစည်းအဝေး အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စကားလုံး ၆၄ လုံးပါ တောင်းဆိုချက်ကို သောကြာနေ့၌အမေရိကန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွတ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစိ အပြောင်းအလဲနှင့် မြန်မာနိုင်ငံ တိုးတက်ရေးကို ဆောင်ရွက်ရန်အတွက် သူမ၏ ဘ၀တစ်ခုလုံးကို ပေးအပ်ထားသူ ဖြစ်သည်ဟု ကြေညာချက်ထုတ်၍ ချီးကျူးဂုဏ်ပြုလိုက်သည်။“ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသည့် ပြည်တွင်းပြည်ပကသူများနှင့် အတူ သူမ၏ မွေးနေ့ပွဲကို လွတ်လပ်စွာ ဆင်နွှဲနိုင်မည့်နေ့ကို ကျွန်ုပ်တို့ အားလုံးကလည်း ထပ်တူထပ်မျှ မျှော်လင့်လျက် ရှိပါသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြပါရှိသည်။

Comments :

0 comments to “၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ ကမ္ဘာတစ်ဝှမ်း ကျင်းပ”