မြောက် ကိုရီးယားအား ပိတ်ဆို့ အရေးယူရန် အင်အားကြီး နိုင်ငံများ သဘောတူညီ


၁၁ ရက် ဇွန်လ ၂၀၀၉။ (AFP)

မြောက်ကိုရီးယား နိုင်ငံ၏ မကြာမီက ပြုလုပ် ခဲ့သော နယူးကလီးယား စမ်းသပ်မှုနှင့် ဒုံးပျံ ပစ်လွှတ် မှုများကို အပြစ်ပေး အရေး ယူရန် အတွက် အရေးယူ ပိတ်ဆို့မည့် ကုလသမဂ္ဂ၏ အစီအစဉ် တစ်ခုကို အင်အားကြီး နိုင်ငံများက ဗုဒ္ဓဟူး နေ့တွင် သဘောတူ အတည်ပြု ခဲ့ကြသည်။ အဆိုပါ ပိတ်ဆို့မှုတွင် မြောက်ကိုရီးယားသို့ ၀င်ထွက်သော ကုန်ပစ္စည်း များအား တင်းကြပ်စွာ စစ်ဆေးရန်နှင့် လက်နက် တင်သွင်း ခြင်းများကို တားမြစ် ရန်တို့ ပါဝင် လေသည်။
အဆိုပါ ဥပဒေ မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံနှင့် ဂျပန် တောင်ကိုရီးယား တို့ကိုယ်စား အမေရိကန် သံအမတ်ကြီးက အဖွဲ့ဝင် ၁၅ နိုင်ငံ စုံညီ လုံခြုံရေး ကောင်စီ အစည်းအဝေးသို့ ဗုဒ္ဓဟူးနေ့တွင် တင်ပြမည် ဖြစ်သည်။ ၎င်းဥပဒေ အတည်ပြုပြီး ပါက မြောက်ကိုရီးယားသည် ဆွေးနွေးပွဲ စားပွဲသို့ ပြန်လည် လာရောက် ရမည် ဖြစ်သည်။ အဆိုပါ မူကြမ်းကို အခုအပတ် အတွင်း အတည်ပြု နိုင်မည် ဖြစ်သည်။ ဥပဒေ မူကြမ်းတွင် ကမ္ဘာ့ နိုင်ငံများသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် ထုတ်လုပ်ရေး လုပ်ငန်းတို့ ဆက်စပ်သော ပစ္စည်းဥစ္စာ၊ ငွေကြေး၊ နည်းပညာ တို့ကို လွှဲပြောင်းခြင်းမှ တင်းကျပ်စွာ တားမြစ် ထားသည်။

Comments :

0 comments to “မြောက် ကိုရီးယားအား ပိတ်ဆို့ အရေးယူရန် အင်အားကြီး နိုင်ငံများ သဘောတူညီ”