လူ့အခွင့်အရေးကိုယ်စားလှယ် ဖားအံထောင်ကိုသွာရောက်

၁၆ ဖေဖော်ဝါရီ ၂၀၀၉။
ဘီဘီစီမြန်မာပိုင်းကုလသမဂ္ဂရဲ့ မြန်‌မာနိုင်‌ငံဆိုင်‌ရာ လူ့အခွင့်‌‌ အရေးအထူးကိုယ်‌စားလှယ်‌ တိုးမတ်‌စ်‌အို‌ဟေးကင်‌တားနား ဟာ ဒီက‌နေ့ ဖားအံမြို့ကို ‌ရောက်‌သွားခဲ့ပြီး ဖားအံ‌ထောင်‌က နိုင်‌ငံ‌ရေး အကျဉ်းသား တချို့နဲ့ ‌တွေ့ဆုံ ခဲ့တယ်‌ လို့သိရပါတယ်‌။
ဖားအံ‌ထောင်‌မှာ ကို‌နေဘုန်းလတ်‌ ၊ ကိုသန့်‌ဇင်‌‌အောင်‌ နဲ့ ကိုဝဏ္ဏစိုး တို့ အပါအဝင်‌ နိုင်‌ငံ‌ရေး အကျဉ်းသား အနည်းဆုံး ၉ ဦးရှိပြီး မစ္စတာ ကင်‌တားနားဟာ ဘယ်သူတွေနဲ့တွေ့ပြီး ဘ်ာတွေဆွေးနွေးခဲ့တယ်ဆိုတာကို အသေအချာမသိရပါဘူး။ မစ္စတာ ကင်‌တားနား ဖားအံကိုမရောက်ခင်မှာ အကျဉ်းသားနေရာချထားမှုကို အပြောင်းအလဲတွေလုပ်ခဲ့ပြီး ထောင်တွင်းသန့်ရှင်းရေးကိုအထူးလုပ်ဆောင်ခဲ့တယ်လို့ ကိုနေဘုန်းလတ်ကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ သူ့မိခင်က ဘီဘီစီကိုပြောပြခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့ မစ္စတာ ကင်‌တားနား ဖားအံထောင်ကနေ DKBA ဌာနချုပ်ဖြစ်တဲ့ မြိုင်ကြီးငူကိုသွားရောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ တနင်္လာနေ့မှာ သူဟာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကိုသွားရောက်နိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။မစ္စတာ ကင်‌တားနား မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ ၆ ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို စနေနေ့ကရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း မစ္စတာ ကင်‌တားနားဟာ ကချင်ပြည်နဲ့ ရခိုင်ပြည်နယ်တွေဆီကိုလည်းသွားရောက်ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မစ္စတာ ကင်‌တားနား ပထဆုံးအကြိမ် ရန်ကုန်ကိုရောက်ရှိစဉ်က သူဟာနေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ခွင့်တောင်းခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေကခွင့်မပြုခဲ့ပါဘူး။ဒီတစ်ခေါက်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေး ထပ်ပြီးတောင်းဆိုလိမ့်မယ်လို့သိရပါတယ်။

Comments :

0 comments to “လူ့အခွင့်အရေးကိုယ်စားလှယ် ဖားအံထောင်ကိုသွာရောက်”