သတင်းထောက်များအတွက် အထောက်အကူပြု ဆော့်ဖ်ဝဲလ်

၁၃ ဖေဖော်ဝါရီ ၂၀၀၉။ ပုလဲနက်
မိုဘိုင်းဖုန်းများတွင် Recording များအား အလွယ်တကူပြုလုပ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သော Total Record မိုဘိုင်း Recording software အား ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

၎င်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုပါက ဖုန်းများအတွင်းတွင် Recording များအား ကန့်သတ်ချက်ဖြင့်ထည့်သွင်းရန်မလိုအပ်ပဲ မိမိဖုန်းအတွင်းတွင် memory ရှိသလောက်ထိ Recording များအား ပြုလုပ်နိုင်မည်ဖြစ်ပြီး ဖုန်းအတွင်း တွင်ထပ်မံထည့်သွင်းထားသော memory ရှိသလောက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ ပြင်ယင်းဆော့ဖ်ဝဲအားအသုံးပြုပါက ဖုန်းလာသည့်အချိန်တွင် ဆော့ဖ်ဝဲမှအလိုလျောက် Recording ပြုလုပ်ပေးထားမည်ဖြစ်ပြီး ဖုန်းပြောပြီးပါက မိမိပြောခဲ့သောစကားများအား ဖုန်းမှ save လုပ်ချင်ပါက save လုပ်ထားနိုင်မည်ဖြစ်ပြီး မလုပ်ချင်ပါကဖျတ်ပစ်နိုင်မည်ဖြစ်သည်။၎င်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုမည်ဆိုပါက မည်သည့်ဖုန်းတွင်မဆို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်မှတဆင့် download ပြုလုပ်ကာ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး Mr.Fone မိုဘိုင်းဖုန်းအရောင်းဆိုင်မှလည်း ၀န်ဆောင်မှုပေးကာ ထည့်သွင်းပေးလျက်ရှိကြောင်းသိရသည်။
Written By - ကိုသက်

Comments :

0 comments to “သတင်းထောက်များအတွက် အထောက်အကူပြု ဆော့်ဖ်ဝဲလ်”