ဗွီအိုအေ အသံလွှင့်ဌာနမှ ရုပ်မြင်သံကြားထုတ်လွှင့်မှုတိုးချဲ့

၁၃ ဖေဖော်ဝါရီ ၂၀၀၉။
မြန်မာနိုင်ငံပြည်သူလူထုအတွက် သတင်းမှန်များကို ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ ဗွီအိုအေ သတင်းဌာနမှ အသံလှိုင်းအပြင် တိုးချဲ့ ရုပ်သံအစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ သတင်းအမှောင်ချထားတဲ့ မြန်မာစစ်အစိုးရဖို့ မီးဖျက်လိုက်လို့ မီဒီယာပျက်မသွားဘူးဆိုတာ သိစေချင်ပါတယ် ဗွီအိုအေက ထုတ်လွှင့်မယ့်အစီအစဉ်တွေကတော့
ဗွီအိုအေမြန်မာရုပ်မြင်သံကြားအစီအစဉ် (ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင်စတင်မည်)
ထုတ်လွှင့်ချိန် ။ ။ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၇) နာရီ - (၇) နာရီခွဲ (တနင်္ဂနွေနေ့တိုင်း အစီအစဉ်သစ် တင်ဆက်ပြီး ကျန်ရက်များတွင် ပြန်လည်ထုတ်လွှင့်မည်)။ ဖမ်းယူကြည့်ရှုရန် ။ ။ အိန္ဒိယသမုဒ္ဒရာဒေသတွင်း ဆက်သွယ်ရေးဂြိုလ်တု (IOR) နဲ့ အေရှားဆက် အမှတ် (၃) ဆက်သွယ်ရေးဂြိုလ်တု (AsiaSat-3) တို့မှ ဖမ်းယူကြည့်ရှုနိုင်ပါတယ်။

Comments :

0 comments to “ဗွီအိုအေ အသံလွှင့်ဌာနမှ ရုပ်မြင်သံကြားထုတ်လွှင့်မှုတိုးချဲ့”