မနှစ်က မြန်မာလူ့အခွင့်အရေးပိုဆိုးလာလို့ အမေရိကန်ပြော

၂၆ ဖေဖော်ဝါရီ ၂၀၀၉။ ဘီဘီစီမြန်မာပိုင်း
မြန်‌မာနိုင်‌ငံက နအဖ စစ်‌အစိုးရဟာ အစိုးရနဲ့ အမြင်‌မတူပဲ အစိုးရကို ဆန့်ကျင်‌သူ‌တွေကို ရက်‌ရက်‌စက်‌စက်‌ ဖိနှိပ်‌‌နေပြီး ၂၀၀၈ ခုနှစ်‌အတွင်း မြန်‌မာနိုင်‌ငံတွင်းက လူ့ အခွင့်‌အ‌ရေး အ‌ခြေအ‌နေ‌တွေဟာ ပိုဆိုးလာတယ်‌လို့  အ‌မေရိကန်‌ နိုင်‌ငံခြား‌ရေး ဝန်‌ကြီးဌာနက ထုတ်‌ပြန်‌တဲ့ နှစ်‌ပတ်‌လည်‌ အစီရင်‌ခံစာက ဆိုပါတယ်‌။
နိုင်‌ငံခြား‌ရေး ဝန်‌ကြီးဌာနရဲ့  လူ့ အခွင့်‌အ‌ရေး အစီရင်‌ခံစာကတဆင့်‌ သက်‌ဆိုင်‌ရာ နိုင်‌ငံ‌တ်ေအပေါ်‌ အ‌မေရိကန်‌အစိုးရက ထားရှိလာနိုင်‌တဲ့ သ‌ဘောထားကို မှန်းကြည့်‌လို့ ရနိုင်‌တာမို့  လူ့ အခွင့်‌အ‌ရေး အစီရင်‌ခံစာထဲ ‌ဖော်‌ပြချက်‌‌တွေဟာ အ‌ရေးကြီးတယ်‌လို့ ‌လေ့လာသူ‌တွေက ဆိုပါတယ်‌။ဥပ‌ဒေ ပြင်‌ပမှာ သတ်‌ဖြတ်‌မှု၊ ‌နောက်‌ နယ်‌စပ်‌‌ဒေသ‌တွေမှာ အဓမ္မကျင့်‌မှု ကျူးလွန်‌သူ‌တွေကိုလည်း ထိထိ‌ရောက်‌‌ရောက်‌ အ‌ရေးယူ အပြစ်‌‌ပေးမှု မရှိဘူးလို့  အစီရင်‌ခံစာက ဆိုပာတယ်‌။မနှစ်‌က နိုင်‌ငံ‌ရေးတက်‌ကြွ လှုပ်‌ရှားသူ‌တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့လည်း အာဏာပိုင်တွေဟာ ပြည်သူလူထုရဲ့အစိုးရတရပ်ကို ပြုပြင်ပြောင်းလဲပိုင်ခွင့်ကို တားဆီးပိတ်ပင်နေတယ်လို့ဆိုပါတယ်။မနှစ်က မေလတုံးက လူပေါင်းသိန်းချီသေဆုံးဒါမှမဟုတ် ပျောက်ဆုံးခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း အပျက်အစီးတွေနဲ့ပတ်သက်လို့လည်း စစ်အစိုးရဟာ ကိုယ်နိုင်ငံသားတွေရဲ့အသက်ကို မထေမဲ့မြင်ပြုနေပြီး မုန်တိုင်းကြောင့်အတိဒုက္ခအကြီးအကျယ်ရောက်နေချိန်မှာဘဲ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကို အတင်းကျင်းပခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။နောက်တခါအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို နေအိမ်အကျယ်ချုပ်ဆက်လက်ချာထားတာဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ ပြစ်တင်ဝေဖန်သွားပါတယ်။

Comments :

0 comments to “မနှစ်က မြန်မာလူ့အခွင့်အရေးပိုဆိုးလာလို့ အမေရိကန်ပြော”