ဂန်ဘာရီကို ဒေါ်စုလက်ခံတွေ့ဆုံမှုမပြု

သြဂုတ် ၂၂ရက်၊ ၂၀၀၈
နေအိမ်အကျယ်ချုပ်ဖြင့်အထိမ်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂန်ဘာရီတို့ ဗုဒ္ဓဟူးနေ့က အစိုးရဧည့်ဂေဟာတွင့် တွေ့ဆုံရန်စီစဉ်ထားသော် လည်း ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံတွေ့ဆုံမှုမပြုသောကြောင့် ဂန်ဘာရီလည်း ဧည့်ဂေဟာမှပြန်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂန်ဘာရီ၏ ယခုခရီးစဉ်ကို ကျေနပ်ခြင်းမရှိဟုလည်း ကြားသိရပါသည်။ ၄င်း ကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည့် ကျန်းမာရေးကြောင့်ဟု ကောလဟလများထွက် ပေါ်နေလျှက်ရှိပါသည်။
ဦးကုလား

Comments :

0 comments to “ဂန်ဘာရီကို ဒေါ်စုလက်ခံတွေ့ဆုံမှုမပြု”