တောင်ပြုန်းပွဲတော်ကျင်းပ နတ်တွေလည်းတန်ဖိုးကြီးကြီး မသုံးစွဲနိုင်တော့

သြဂုတ် ၁၄ ၂၀၀၈

မန္တလေးတိုင်းအတွင်း မတ္တရာမြို့နယ် တောင်ပြုန်းရွာ၌ နှစ်စဉ်ကျင်းပလေ့ရှိသော တောင်ပြုန်းပွဲတော်ကို သြဂုတ် ၂ ရက်နေ့မှ စတင်ပြီး ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ ရိုးရာနတ်ယုံကြည်ကိုးကွယ်သူများ အများအပြားလာရောက်ကြသော တောင်ပြုန်းပွဲတော်သည် နှစ်စဉ်စည်ကားလေ့ရှိပြီး ဈေးသည်များလည်း လာရောက်ရောင်းချကြသည်။ ဈေးဆိုင်ခန်းငှါးရမ်းခမှာ အများဆုံး ကျပ်သုံးသိန်းကျော်အထိ ပေးရကြောင်းနှင့် ယခုနှစ်၌ နတ်များအတွက် ဝတ်လဲတော်အဖြစ် ဇာပဝါဆက်သသူအများစုမှာ နိုင်ငံခြားဖြစ် ဇာပဝါများ မဆက်သနိုင်တော့ပဲ ပြည်တွင်းဖြစ်ဇာများကိုသာ ဆက်သကြ သလို ဓားဆက်သသူများလည်း မှန်စီရွှေချဓားများမဆက်သတော့ပဲ ပလတ်စတစ်ကဲ့သို့သော ဓားများကိုသာ ဆက်သကြကြောင်း သိရသည်။ ယခုနှစ် တောင်ပြုန်းပွဲတော်၌ ကျန်းမားရေးပညာပေး အစီအစဉ်အဖြစ် HIV/AIDS ပြန့်ပွားနှုန်းလျော့ချရေး လှုပ်ရှားမှုများလည်း ပြုလုပ်နေသည်။ ၁၀ရက်ကြာ ပြုလုပ်သွားမည့် အဆိုပါအစီအစဉ်ကို မန္တလေးတိုင်း NAP အဖွဲ့နှင့် NGO အဖွဲ့အစည်းများဖြစ်သည့် PSI, Care Myanmar တို့မှ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ပုလဲနက်မှ...

Comments :

0 comments to “တောင်ပြုန်းပွဲတော်ကျင်းပ နတ်တွေလည်းတန်ဖိုးကြီးကြီး မသုံးစွဲနိုင်တော့”