စစ်တွေတွင် ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်း စီးနင်းခံရ

သြဂုတ်၊ ၁၀ရက် ၂၀၀၈

စစ်တွေမြို့မှ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို သောကြာနေ့ ညဉ့်က ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။ဝင်ရောက် စီးနှင်း ရှာဖွေခံခဲ့ရသော ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှာ စစ်တွေ ဘောက်သီးစုရပ်ကွက်ရှိ ဆည်ကြီး ကျောင်းတိုက်နှင့် တရားသီးစုရပ်ကွက်ရှိ ခြင်္သေ့နှစ်ကောင် ကျောင်းတိုက်တို့ ဖြစ်သည်။အဆိုပါ စီးနှင်းမှုကို စစ်တွေ အမှတ် ၂ ရဲစခန်းမှ ရဲစခန်းမှူး ကိုယ်တိုင် ဦးစီးလုပ်ကိုင်ခဲ့ပြီး သူနှင့်အတူ တရားသီးစု ရယက ဥက္ကဌလည်း ပါဝင်သည်ဟု သိရှိရသည်။ညနေ ၁၀ နာရီမှ စတင်ပြီး ညဉ့်လုံးပေါက် ရှာဖွေခဲ့ပြီး ၂ နာရီနီးပါးခန့် ကျောင်းတိုက် နှစ်ခုစလုံးကို ရစရာမရှိအောင် မွှေနှောက်သွားခဲ့သည်ဟု သိရှိရသည်။အဆိုပါ မွှေနှောက်မှုမှာ သောကြာနေ့ နံနက်က စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် စီစဉ်မှုနှင့် ဆက်နွယ် ပတ်သက် နေကြောင်း သိရှိရသည်။ယခုအခါ အဆိုပါ ဆန္ဒပြရန်စီစဉ်သူ ရဟန်းတော် ခေါင်းဆောင်များကို ရဲအဖွဲ့က အပူတပြင်း လိုက်လံရှာဖေ နေသည်ဟု သတင်း ရရှိသည်။

ဒဂုံနက်မှ..

Comments :

0 comments to “စစ်တွေတွင် ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်း စီးနင်းခံရ”