ဝပြည်အစဉ်ငြိမ်းချမ်းနေ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်မလိုဟု UWSA တပ်မှူးပြော

အင်္ဂါနေ့၊ 09 ဒီဇင်ဘာလ 2008/ သျှမ်းသံတော်ဆင့်
၂၀၁၀ ရွေးကောက်ပွဲအတွက် အပစ်ရပ်ငြိမ်းအဖွဲ့များအား လက်နက်နှင့် ငြိမ်းချမ်းရေးလဲရန် နအဖ စစ်တိုင်း စစ်ဗျူဟာမှူးများ လှည့်လည်ဖိအားပေးရာ UWSA ၀ တပ်မှူးတဦးက ၀ ပြည်အစဉ်ငြိမ်းချမ်းနေသောကြောင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ရန်မလိုကြောင်း၊ တြိဂံစစ်တိုင်းမှူးကိုတုံ့ပြန်ပြောဆိုသည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။
နိုဝင်ဘာလ ၅ ရက် မနက် ၉း၃၀ နာရီ ကကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ မိုင်းခတ်အခြေစိုက် စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အဖွဲ့သည် ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ ရှိ မိုင်းယန်းမြို့အနောက်မြောက် ဘက် မိုင်းပေါက် ဒေသ UWSA ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အထူးဒေသ ၂ ၊ တပ်မဟာ ၄၆၈ ဌာနချုပ် မှ တပ်မ ဟာမှူး၊ ဒုတပ်မဟာမှူးတို့နှင့်တွေ့ဆုံ၍ နေ့လည်စာလက်ဆုံစားကြစဉ် အခြေအတင်ပြောဆိုခဲ့ကြခြင်းဖြစ်သည်ဟု မိုင်းပေါက် အခြေစိုက် UWSA သတင်းရပ်ကွက်မှသိရသည်။“၁။ မိုင်းတုံမြို့အရှေ့တောင်ဘက် မိုင်းယွန်း အခြေစိုက် ၀ တပ်ဖွဲ့အားလုံး မြောက်ပိုင်းပန်ဆန်းဌာနချုပ်ကို တပ်ရုပ်ပါ၊ အဲဒီမှာ ၀ တပ်ဖွဲ့ရှိနေရင် တောင်ပိုင်း SSA ကို အပြတ်တိုက်ထုတ်ဖို့မလွယ်ဘူး။ ၂။ ၀ ဒေသ အစဉ်အေးချမ်းစေလိုရင်၊ အနာဂတ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ကြိုးပမ်းလိုရင်လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ပါ ” - တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး ကပြောခဲ့သည်ဟု ဆို၏။တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ ပြောဆိုမှုအပေါ် UWSA ၀ ပြည်တွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၄၆၈ တပ်မ ဟာမှူး စိုင်းဆမ် က- “၁။ တောင်ပိုင်း ၀ တပ်ဖွဲ့ အခြေစိုကှ်အခြေချလှုပ်ရှားတဲ့နယ်မြေဟာ အသက်သွေး ချွေးနဲ့ရင်းပြီးတိုက်ယူခဲ့ ရတယ်။ ဒါကြောင့်စစ်အစိုးရတိုက်တွန်းတိုင်း ၀ ခေါင်းဆောင်တွေကတပ်ရုပ်ဖို့အမြဲငြင်းဆန်တယ်။ နောက်နောင်လည်းဘယ် တော့မှတပ်ရုပ်မှာ မဟုတ်ဘူး။ ၂။ ၀ ပြည်က အစဉ်အေးချမ်းနေတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဖို့လဲမလိုဘူး။ အခု ၀ တပ်မတော်သားများ ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းအားလုံးဟာလဲ အစိုးရထောက်ပံ့တာတလက်မှမရှိဘူး၊ ” ဟု တုံ့ပြန်၏။ “ကျနော်တို့အသက်ရှင်နေ သရွေ့ဘယ်တော့ မှ လက်နက်မချဘူး” ဟု ပြောကြောင်း အဆိုပါတပ်မှူးနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်ကိုပြောပြသည်။ ၀ တပ်မဟာမှူး၏ တုံ့ပြန်မှုကြောင့် ဗိုလ်မှူးချုပ်ကျော်ဖြိုး နှင့် မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းတို့ အမျက်ဒေါသထွက်ကာ တခွန်းမျှစကား မဆိုနိုင်ဘဲ မိုင်းပေါက်မှ ချက်ခြင်းပြန်လှည့်ထွက်လာသည်ဟုဆို၏။ မိုင်းလား၌ တညတည်းခိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ပါတီထောင်ဖို့အကြောင်း လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ရေးအကြောင်း တခွန်းတပါဒမျှမဟ ဟု မိုင်းလားဌာနချုပ်အဆင့်မြင့်အရာရှိများနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်ကို ဤကဲ့သို့ပြောပြသည်။“သူတို့ မိုင်းလားမှာ တည အိပ်တယ်။ ဥက္ကဌ ကြီးနဲ့ တွေ့လားမတွေ့လားတော့မပြောတတ်ဘူး။ ရွေးကောက်ပွဲအကြောင်း၊ ပါတီ ထောင်ဖို့အကြောင်းလည်းတခွန်းမှ မပြောဘူးတဲ့။ ဒါပေမဲ့ ဌာနချုပ်က ယွမ်ငွေ ၆၀၀၀ ကျော် လက်ဆောင်ပေးလိုက်လို့ နောက် နေ့မနက်ခပ်ပြုံးပြုံးဘဲ ကျိုင်းတုံကိုပြန်သွားတယ်လို့ပြောတယ်”၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသသည် မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိပြီး အထူးဒေသ ၂ အတွင်း ခရိုင်အဆင့်အဖြစ်သတ်မှတ်ထားသည်။ စစ်အစိုးရ မြေတိုင်းဌာနက ထိုဒေသ ကို မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စုအဖြစ် သတ်မှတ်ထားသောကြောင့် ၀ တပ်ဖွဲ့များတပ်ရုပ်ပေးရန် ယခုချိန်ထိဖိအားပေးခံနေရ ဆဲဖြစ်သည်။

Comments :

0 comments to “၀ပြည်အစဉ်ငြိမ်းချမ်းနေ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်မလိုဟု UWSA တပ်မှူးပြော”