နအဖရဲ့ လျှို့ဝှက်စက်ရုံ

၂၁ ဒီဇင်ဘာလ ၂၀၀၈။ ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံမြို့နဲ့ တောင်သာမြိုကြားမှာ ၂၀၀၀ ခုနှစ်ကစပြီး အစိုးရကတည်ဆောက်လာခဲ့တဲ့ စက်ရုံကြီးတစ်ရုံဟာ အခု ၂၀၀၈ ခုနှစ်မှာပြီးစီးသလောက်နီးနီးဖြစ်နေပေမယ့် ဘာစက်ရုံမှန်းအသေအချာမသိတဲ့အတွက် ဒေသခံတွေကစိုးရိမ်မှုနဲ့အတူ အကဲခတ်လျက်ရှိနေကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ဒီစက်ရုံတည်ဆောက်တဲ့ နေရာကိုလာရောက်ကြည့်ရှု့သွားပေမယ့် နိုင်ငံပိုင်မီဒီယာတွေမှာဒီသတင်းကိုဖော်ပြခြင်းမရှိတဲ့အတွက် ဒေသခံတွေက ဒီစက်ရုံဟာ အစိုးရလျှို့ဝှက်ထားတဲ့ စက်ရုံဖြစ်မယ်လို့ ယူဆကြပါတယ်။ စက်ရုံဝင်းဟာ ဧက ၁၅၀၀ ကျယ်ဝန်းသလိုစက်ရုံအမြင့်ကလည်း အထပ် ၁၂ ထပ်လောက်မြင့်တာကြောင့် အစိုးရရဲ့အကြီးစား စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း ဒေသခံတွေက သတ်မှတ်ကြသလို စက်ရုံတည်ဆောက်ရာမှာ ဒေသခံတွေကထဲက အော်ကခြေအဆင့် ဆောက်လုပ်ရေး ၀န်ထမ်းတွေကို ခေါ်ယူအလုပ်ခန့်တာကလွဲပြီး တခြားအလုပ်သမားတွေအားလိုးက စစ်တပ်ကသာဖြစ်ကြောင်းဒေသခံတဦးက ဘီဘီစီကို ပြောပြပါတယ်။ စက်ရုံထဲမှာ အရည်ကျိုတဲ့စက်ကရိယာတွေတပ်ဆင်ထားပြီး သတင်းမထုတ်ပြန်ပဲ အခုလိုတည်ဆောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ လက်နက်စက်ရုံတခုဖြစ်မယ်လို့ ထင်မြင်နေကြပါတယ်။


Comments :

0 comments to “နအဖရဲ့ လျှို့ဝှက်စက်ရုံ”