ဥပဒေအဖွဲ့ မြန်မာကိုလွှတ်ဘို့ အာဆီယံကို HRW တောင်းဆို

၁၇ ဒီဇင်ဘာ ၂၀၀၈။ (ဘီဘီစီမြန်မာပိုင်း)
မြန်မာနိုင်ငံက တရာစီရင်ရေးစနစ်မှာ ဘက်လိုက်မှုတွေ၊ သာသမတ်ကင်းမဲ့မှုတွေရှိနေတယ်ဆိုတဲ့ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံကို လွတ်လပ်တဲ့ဥပဒေအဖွဲ့တဖွဲ့စေလွှတ်ဘို့ နယူးရောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့က အာဆီယံကို ဆော်သြေလိုက်ပါတယ်။
အာဆီယံချာတာဟာ အခုရက်ပိုင်းအတွင်းမှာဘဲ အကြုံးဝင်လာခဲ့ပြီး ချာတာထဲမှာပါတဲ့ ဥပဒေနဲ့အညီအုပ်ချုပ်မှု၊ လူ့အခွင့်အရေးကာကွယ်မြင့်တင်မှုတွေကို မြန်မာနိုင်ငံလည်းဖြစ်လာအောင် အာဆီယံအနေနဲ့ အပြောနဲ့အလုပ်အညီ ဖြစ်အောင်လုပ်ပြရလိမ့်မယ်၊ မဟုတ်ရင် အာဆီယံချာတာဟာ အသုံးမကျဘူးဆိုတဲ့အဓိပ္ပါယ်ထွက်လိမ့်မယ်လို့ HRW က Elanie pearson ကပြောပါတယ်။တကယ်တော့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Mr Tomas Quintana ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံက ဥပဒေစံနစ်မှာ ပြုပြင်ပြောင်းလဲမှုလုပ်ဘို့ပြောဘူးပါတယ်။ အာဆီယံအဖွဲ့မှာ တနိုင်ငံပြည်တွင်းရေးကို အဖွဲ့က၀င်မစွက်ရမှုရှိပေမဲ့လည်း လွတ်လပ်တဲ့ဥပဒေအဖွဲ့စေလွှတ်ပြီး တွေ့ဆုံမေးမြန်းတာလောက်တော့လုပ်နိုင်လောက်စရာရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။အနဲဆုံးနအဖကို အာဆီယံက သူတို့လာကြည့်ချင်တယ်ဆိုတာကို ခွင့်တောင်းဒါမှမဟုတ် ရှေ့နေတွေကိုပါဖမ်းပြီးထောင်ချပစ်နေတာတွေနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းတာလောက်တော့ လုပ်သင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယူဆပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်က ၈၈ မျိုးဆက်ကျောင်းသာားတွေအပါအ၀င် နိုင်ငံရေး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရမှုမှာအာဆီယံက ဘာမှဟုတ်တိပ္ပတိ မပြောတဲ့အတွက် ခုလိုဥပဒေအဖွဲ့စေလွှတ်ဘို့တောင်းဆိုတာကို စဉ်းစားပါ့မလားဆိုတာတောင် မေးစရာရှိပါတယ်။ ဒါပေမဲ့ အရင်အကြိမ်တွေနဲ့ကွာတာက ခုအာဆီယံချာတာအတည်ဖြစ်လာပြီဖြစ်တဲ့အတွက် အာဆီယံလေးလေးနက်နက်လုပ်ဘို့မျှော်လင့်တာတွေတော့ရှိနေပါတယ်။

Comments :

0 comments to “ဥပဒေအဖွဲ့ မြန်မာကိုလွှတ်ဘို့ အာဆီယံကို HRW တောင်းဆို”