ချင်းမိုင်မြို့က အငြိမ့်ပွဲ

၆ ဒီဇင်ဘာ ၂၀၀၈။
ဒီဇင်ဘာ ၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏဘူမိ ပန်းချီပြခန်းမှာ မြန်မာနိုင်ငံမှအငြိမ့်ပွဲတစ်ခုကို ဆိုင်းဝိုင်းနဲ့ လူပျက်များမပါဝင်ဘဲ တစ်မူထူးခြားစွာကျင်းပခဲ့ပါတယ်။
နေမျိုးဆေးတစ်ကိုယ်တော် ပန်းချီပြပွဲပါ။ ပန်းချီပြပွဲလေးရဲအမည်ကိုတော့အငြိမ့်လို့ပေးထားပုံလေးက တစ်မူထူးခြားလို့နေပါတယ်။ အငြိမ့်လို့ အမည်ပေးထားပုံလေးနဲ့အတူ ပန်းချီလက်ရာတွေဟာလည်း ထူးခြားလို့နေပါတယ်။ မြန်မာ့အငြိမ့်ကိုချစ်ခင်မြတ်နိုးသူ ၁၀၀ ကျော်တက်ရောက်ခဲပြီး အေးမြတဲ့ ဒီဇင်ဘာဆောင်းညလေးမှာ အငြိမ့်လာကြည့်သူပေါင်းနဲ့ သုဝဏဘူမိပန်းချီခန်းလေးက ပဏာတင့်နေပါတော့တယ်တယ်။ ၎င်း ပန်းချီပြခန်းမှာ နေမျိုးဆေး တစ်ကိုယ်တော်ပန်းချီပြပွဲကို ယခုအကြိမ်ပါနဲ့ဆို ဒုတိယမြောက်ပြသခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

ကမာမြေ (ဓါတ်ပုံ ဦးကုလား)

Comments :

0 comments to “ချင်းမိုင်မြို့က အငြိမ့်ပွဲ”