မာဖီးယားဂိုဏ်းသားများ အသုံးပြုသည့် လက်နက်တစ်မျိုး ရှာဖွေဖော်ထုတ်


၆ ဒီဇင်ဘာ ၂၀၀၈။
အီတလီရဲများက မာဖီးယားဂိုဏ်းသားများ အသုံးပြုသော လက်နက်တစ်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါလက်နက်မှာ မိုဘိုင်းလ်ဖုန်းယောင်ဆောင်ထားသော သေနတ်ဖြစ်သည်ဟု ရဲများကဆိုသည်။ ပွိုင့် (၂၂)ကျည်ဆန် လေးတောင့် အသင့်ဖြည့်ထားနိုင်သော အဆိုပါ ဖုန်းသေနတ်လေးသည် ဂျိမ်းစ်ဘွန်းဇာတ်ကားများမှ လျှို့ဝှက်လက်နက်တစ်ခုသဖွယ် စိတ်ကူးကောင်းကောင်းဖြင့် ဖန်တီးထားသည့် လူသတ်လက်နက်ကလေးဖြစ်သည်။
နေပယ်လ်မြို့တွင် ဖော်ထုတ်နိုင်ခဲ့သော အဆိုပါသေနတ်လေး၏ ဧရိယာတိုင်သည် ကျည်ထွက်ရာ ပြောင်းဝဖြစ်ပြီး keypad sectionကို ရွှေ့လိုက်ရုံမျှဖြင့် ဖုန်းမှသေနတ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့အနေနှင့် အဆိုပါလက်နက်မျိုး ပထမဆုံးအကြိမ် သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ရာဇ၀တ်ကောင်များတွင် အဆိုပါ လျှို့ဝှက်လက်နက်မျိုး မည်မျှရှိနေသည်ကို မခန့်မှန်းနိုင်ကြောင်း ရဲများကဆိုသည်။ ထိုသေနတ်အား စမ်းသပ်ကြည့်ပြီးနောက် မည်သို့သော အနေအထားမှမဆို အလွယ်တကူ ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။ အသက်(၂၈)နှစ်အရွယ် လူတစ်ဦးအား မူးယစ်ဆေးဝါးများ၊ အခြားသော သမားရိုးကျ သေနတ်နှစ်လက်နှင့်အတူ ဖမ်းဆီးရမိစဉ်က ၎င်းကိုင်ဆောင်သော မိုဘိုင်းလ်ဖုန်းကို သာမန်ဆက်သွယ်ရေး ကိရိယာအဖြစ်သာ ထင်မှတ်ခဲ့ကြောင်း ရဲများက ထုတ်ဖော်ပြောဆိုခဲ့သည်။ တော်ရီအနျူဇီတာ အရပ်တွင် မာဖီးယားဂိုဏ်းသားတစ်ဦးကို အဆိုပါလက်နက်ဆန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ထပ်ဂိုဏ်းသားများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
true myanmar မှတဆင့်ဖေါ်ပြပါသည်။

Comments :

0 comments to “မာဖီးယားဂိုဏ်းသားများ အသုံးပြုသည့် လက်နက်တစ်မျိုး ရှာဖွေဖော်ထုတ်”