ဒေါ်စု အားလွတ်ပေးရန် EU မှ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးအားပြော

၂၅ မေလ ၂၀၀၉။ လူထုအသံ
ယနေ့ စတင် ကျင်းပ သည့် ၉ ကြိမ်မြောက် အာရှ၊ ဥရောပ အစည်းဝေး (Asem) တွင် ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌ ချက်နိုင်ငံ ၏ နိုင်ငံခြား ဝန်ကြီး Mr.Jan Kohout က စစ် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တွေ့ဆုံ​ ၍ ဒေါ်အောင်ဆန်းစုကြည် အားလွတ်ပေးရန် ပြောခဲ့ကြောင်း၊
သိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည့် အရိပ်အယောင် ကိုတော့ မတွေ့မိကြောင်း ပြောဆို ခဲ့ပါတယ်။ ဥရောပသမဂ္ဂ ပြင်ပ ဆက်ဆံရေး ကော်မရှင်နာ Mrs. Benita Ferrero-Waldner က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက် အား ထူးခြား မှတ်တမ်း တင်ထိုက်သည် ဟု ကြိုဆို လိုက်ပြီး၊ တရုတ်၊ အိန္ဒိယ နှင့် အာရှ နိုင်ငံများ အနေ ဖြင့် မြန်မာ နိုင်ငံ အတွင်း ပြောင်းလဲလာရေး အတွက် ပိုမိုလုပ်ဆောင် သင့်ကြောင်း ပြောဆို လိုက် ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက် အား မြန်မာ စစ် အစိုးရ က ထိုင်း နိုင်ငံ၏ ထုတ်ပြန် ကြေညာချက် ဟု သုံးနုန်းထားပြီး၊ ထိုင်း နိုင်ငံ သည် အာဆီယံ အဖွဲ့ ၏ အလှည့်ကျ ဥက္ကဋ္ဌ အနေဖြင့် ကြေညာချက် သည် အာဆီယံ ပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းများ ကို သွေဖည်၍ မြန်မာ နိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ရာ ရောက်ကြောင်း။ အာဆီယံ အဖွဲ့ အနေဖြင့် ဥက္ကဋ္ဌ ၏ ကြေညာချက် အပါအဝင် ကြေညာချက် များ ထုတ်ပြန်မည် ဆိုပါက အဆင့်မြင့် အရာရှိကြီးများ အဆင့်တွင် မူကြမ်းကို ညှိနှိုင်း ရေးသားပြီး နိုင်ငံခြားရေး ဝန်ကြီးများ အဆင့်သို့ တင်ပြလျက် တူညီ ဆန္ဒရရှိမှသာ ထုတ်ပြန် နိုင်ပါကြောင်း၊ ယခု ထိုင်း နိုင်ငံ ၏ ကြေညာချက် သည် အာဆီယံ အဆင့်မြင့် အရာရှိကြီးများ ၏ အစည်းအဝေး နှင့် တိုက်ဆိုင် နေသော်လည်း ဆွေးနွေးပြင်ဆင်ခွင့် မပေးသည့် အပြင် နိုင်ငံခြားရေး ဝန်ကြီးများ ထံ သို့လည်း ထုတ်ပြန် ကြေညာပြီး မှနောက်ကျ အသိပေးမှုမျိုး ပြုလုပ်ခြင်းဖြင့် အာဆီယံ အဖွဲ့ ၏ လုပ်ထုံးလုပ်နည်း ကို သွေဖည်ကာ ထိုင်းနိုင်ငံ ၏ သဘောဆန္ဒ တခုတည်းအရ မကောင်းသော အစဉ်အလာ တရပ် ကို ဖြစ်ပေါ် ရာရောက် စေပါကြောင်း၊ သို့ပါ၍ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေ ဖြင့် အာဆီယံ အဖွဲ့ ၏ ဂုဏ်သိက္ခာ၊ မြန်မာ နိုင်ငံ ၏ ဂုဏ်သိက္ခာ၊ ထိုင်းနိုင်ငံ ၏ ဂုဏ်သိက္ခာ တို့ကိုစောင့်ထိန်း နိုင်ရန် ပျက်ကွက် ခဲ့ကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်ဟု ယနေ့ထုတ် မြန်မာအလင်း သတင်းစာ တွင် ဖေါ်ပြ ပါရှိပြီး၊ မည်သို့ပင် ဖြစ်စေ အာဆီယံ အဖွဲ့ ၏ လုပ်ထုံးလုပ်နည်း နှင့်လည်း ညီညွတ်ခြင်း မရှိသော၊ အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသော၊ မြန်မာ နိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ရာ ရောက်သော အလှည့်ကျ တာဝန် ယူထားသော အာဆီယံ ဥက္ကဋ္ဌ အနေဖြင့် ထုတ်ပြန်သည့် ကြေညာချက် ကို မြန်မာ နိုင်ငံ က အလေးအနက် ကန့်ကွက်ကြောင်း ကြေညာအပ် ပါသည်ဟု ထည့်သွင်း ရေးခဲ့ကြောင်း သိရှိရသည်။

Comments :

0 comments to “ဒေါ်စု အားလွတ်ပေးရန် EU မှ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးအားပြော”