နအဖ၀ါဒဖြန့်ချီရေးများအတွက် ကိုယ်ချင်းကိုယ်ချင်း အသံလွှင့်ဌာနများ လုပ်ကိုင်ခွင့်ပြု

၂၃ မေလ ၂၀၀၉။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် မြို့တော်စည်ပင်မှ ထုတ်လွှင်လျက်ရှိသည့် ရန်ကုန်အက်ဖ်အမ်နှင့် မန္တလေးအက်ဖ်အမ် ဖျော်ဖြေးရေး ရေဒီယိုအသံလွှင့် အစီအစဉ်များနည်းတူ ပညာပေးနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များ ပါဝင်မည့် ပုဂ္ဂလိကပိုင် အက်ဖ်အမ်ရေဒီယိုလိုင်း (၈)ခုအား ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိက အက်ဖ်အမ်လိုင်း(၈)ခုတွင် မြန်မာနိုင်ငံမှ နာမည်ကြီး ကုမ္ပဏီကြီးများဖြစ်သည့် ရွှေသံလွင်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ ပါဝင်သည်။
အဆိုပါ ပုဂ္ဂလိက အက်ဖ်အမ်ရေဒီယိုလိုင်းများကို မကြာမီကာလအတွင်း စတင်ထုတ်လွှင့်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် အစီအစဉ်ကြေညာသူများ၊ အစီအစဉ်မှူးများနှင့် အခြားဝန်ထမ်း ခေါ်ယူမှုများ ပြုလုပ်လျက်ရှိပြီး ယခုနှစ်လယ်လောက်တွင် စတင်ထုတ်လွှင့်နိုင်ဖွယ်ရှိကြောင်း ဇေကမ္ဘာကုမ္ပဏီပိုင် သဇင်အက်ဖ်အမ်မှ ထုတ်လုပ်ရေးမှူးက ပြောကြားသည်။ ရွှေသဇင်အက်ဖ်အမ် အနေဖြင့် ကယားနှင့်ချင်းဘာသာ အစီအစဉ်များ ထုတ်လွှင့်မှုလည်း ပါဝင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယခု လုပ်ကိုင်ခွင့်ပြုလိုက်သည့် ပုဂ္ဂလိက အက်ဖ်အမ်အသံလွှင့်ဌာန (၈)ခုမှာ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် အခြေစိုက်ထုတ်လွှင့်ကြမည် ဖြစ်သည်။ တချို့သော အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှာ ပြည်နယ်ကိုယ်စားပြု ထုတ်လွှင့်ကြမည်ဟုလည်း သိရသည်။ Ref: 7DayNews (Vol. 8, No. 10)

Comments :

0 comments to “နအဖ၀ါဒဖြန့်ချီရေးများအတွက် ကိုယ်ချင်းကိုယ်ချင်း အသံလွှင့်ဌာနများ လုပ်ကိုင်ခွင့်ပြု”