အင်းစိန်ထောင်အတွင်းမတရားရုံးထဲက ၀န်ထမ်းများ ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုမှု


၂၃ မေလ ၂၀၀၉။ နစ်နေမန်း

ကျန်ခဲ့တဲ့ တနင်္လာနေ.တုန်းက ထောင်တွင်းမှ အော်ဟစ်သံတွေ ကြားတယ်၊ သေနတ်သံကြားတယ် ဆိုတာ။ တကယ်တော့ ထောင်သားများက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဆိုပြီး ၀ိုင်းအော်ကြတာပါ။ အဲ့ဒါကို ထောင်ဝါဒါတွေက သံတိုင်တွေကို လိုက်ရိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လူတန်းစားမရွေးက ချစ်ခင်ကြတယ်ဆိုတာပါပဲ။ ဒါ့အပြင် တရားရုံးထဲမှာ ရှိနေတဲ့ ရဲများဟာလဲ ဒေါ်အောင်ဆန်းစုကြည် ကို တချိန်လုံး ချစ်ခင် ကြည်ညိုမှု အပြည့်နဲ့  ၀ိုင်းကြည့်နေကြတယ်လို့  သိရပါတယ်။
သံအရာရှိများဟာ ရဲအရာရှိ တယောက်မှ ထိုင်ဖို့  ကိုယ်လက်အမူအယာနဲ့  ပြသပြောဆိုတာတောင် မထိုင်ကြပဲ ၁၀ မိနစ်ခန့်  ဆက်လက်ပြီး မတ်တတ်ရပ်နေခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမအတွက် ချထားပေးတဲ့ ထိုင်ခုံမှာ ၀င်ရောက် ထိုင်ပြီးမှပဲ သံအရာရှိများဟာ လိုက်ထိုင်ခဲ့ကြတယ်လို့  သိရပါတယ်။ အဲဒါကို မြင်လိုက်ရတဲ့ တရားသူကြီး၊ ရဲ၊ အစောင့်အရှောက်များဟာ အံ့အားသင့် ထိတ်လန့် သွားကြပါတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် တောင်မှ အဲဒါကို သတိမထားမိပဲ သူမရဲ့  ရှေ့ နေတွေ ဆီကိုပဲ တန်းလျှောက်သွားပြီး စကားပြောဆိုနေပါတယ်တဲ့။(၂၀) ရက်နေ့ က ရုံးချိန်းကို တက်ရောက်ခဲ့ကြတဲ့ သံတမန်များဟာ တရားရုံးထဲကို ဒေါ်အောင်ဆန်းစုကြည် ၀င်လာတဲ့အချိန်မှာ အားလုံး မတ်တတ်ထရပ်ကြပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်ကို လေးစား ရိုသေမှုကို ပြခဲ့ကြပါတယ်။
မနေ့က အေးဆေးငြိမ်သက်စွာနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်အားပေးခဲ့ကြတဲ့ လူထုကို နအဖလက်ပါးစေစွမ်းအားရှင်တွေက ကားနဲ့တိုက်တော့မယောင် ခြိမ်းခြောက်ခဲ့ပါတယ်။ လူထုကို ရန်စတာ ဆွပေးတာတွေကို စွမ်းအားရှင်ဆိုသူတွေက လုပ်ပေမယ့် လူထုကြီးက တည်ငြိမ်စွာ ထိုင်ပြီး ဆက်အားပေးကြကြောင်း။ လေးဂွကိုင်ပြီး ပေါ်တင်မူးရမ်းနေတဲ့ ဒီစွမ်းအားရှင်ကောင်တွေကို ရဲက ဘာမှ မပြောဘဲ လွှတ်ပေးထားတာမျိုးရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

Comments :

0 comments to “အင်းစိန်ထောင်အတွင်းမတရားရုံးထဲက ၀န်ထမ်းများ ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုမှု”