မြန်မာအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှုအား အိုဘားမား သက်တမ်းတိုး


လူထုအသံစာမျက်နှာမှဖေါ်ပြသည်။

အမေရိကန်နိုင်ငံ ၏ သောကြာနေ့ မေလ ၁၅ ရက် ၂၀၀၉ မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့အရေးယူ ထားတာကို နောက်ထပ် တစ်နှစ် သက်တမ်း တိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အမေရိကန် သမ္မတ ဘားရက် အိုဘားမား က စစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို အကြီးအကျယ် အင်အားသုံး နှိမ်နှင်း နေတယ် လို့ ပြောဆို လိုက်ပြီး၊ မြန်မာ စစ်အစိုးရ ရဲ့ မူဝါဒနဲ့ လုပ်ရပ် တွေဟာ အမေရိကန် နိုင်ငံ ရဲ့ အမျိုးသား လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒ ကို ဆက်လက် ခြိမ်းခြောက် နေတယ်လို့ လည်း ပြောဆို ခဲ့ပါတယ်။
အမေရိကန် နိုင်ငံ သည် မြန်မာ နိုင်ငံ အား သမ္မတ ဘီလ်ကလင်တန် လက်ထက်မှ စ၍ မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှုများကို စတင်ချမှတ် ခဲ့ပြီး၊ နှစ်စဉ် မြန်မာ နိုင်ငံ အခြေအနေ တိုးတတ်မှု ဖွံဖြိုးမှု ကို လိုက် ၍ ပယ်ဖျက်ခြင်း၊ သက်တမ်းတိုး ခြင်းများ စီစစ် လုပ်ဆောင်လျှက်ရှိရာ သမ္မတ ဂျော့ဘုရ့် လက်ထက်၊ ဒီပဲယင်း အရေးအခင်း အပြီးတွင် လည်း တင်းကျပ်ထိရောက် သည့် အရေးယူမှု ထပ်မံ တိုးမြှင့် ကန်သတ်ခြင်း ကိုခံခဲ့သည်။

Comments :

0 comments to “မြန်မာအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှုအား အိုဘားမား သက်တမ်းတိုး”