သရုပ်ဆောင် မင်းမော်ကွန်း သံဃာတော်များအား ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်


၅ ရက် သြဂုတ် ၂၀၀၉။ ဒီမိုဝေယံ

မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊
လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ကျောက်ပွဲစား၊ချဲဒို င်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊အရမ်းယု
တ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊ ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊ မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့ အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို စော်ကားရင် စော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇါတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်။ ။။

တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး အပြည့်အစုံဖတ်လိုက http://demowaiyen.blogspot.com/ သို့သွားပါ။
အရှင်စန္ဒောဘာသာစာရ
ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066အမေရိက

Comments :

0 comments to “သရုပ်ဆောင် မင်းမော်ကွန်း သံဃာတော်များအား ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်”