ဒုက္ခသည်အမျိုးသမီးများက ဝန်ကြီးချုပ်ကားကိုတား၍ အခက်အခဲများတင်ပြတောင်းဆို

ဖြိုးကြီး။ ဇူလိုင် ၂၉၊ ၂၀၀၈

လေဘေးသင့်ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဝန်ကြီးချုပ်စီးလာသည့်ကားကိုတား၍ လက်ရှိရင်ဆိုင်နေရ သည့် အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ကြသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ (၃) မိုင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ယမန်နေ့ နံနက်ပိုင်း (၉) နာရီခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စီးလာသည့်ကားကို လေယာဉ်ကွင်းအပြန်တွင် ရှေ့မှရပ်၍ တားမြစ်ပြောဆိုခြင်းဖြစ်သည်။
လပွတ္တာမြို့ပေါ်ရှိဒုက္ခသည်များကို စခန်းအာဏာပိုင်များက နေရပ်ရင်းပြန်ရန် အတင်းအကြပ် ဆောင်ရွက်နေ သည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည့်အမျိုးသမီးများက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“ကျမတို့ပြန်ဖို့ဆိုတာက နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်၊ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုလည်းကြားနေရတယ်၊ လေတွေတိုက်မယ် ရေတွေကြီးမယ်လို့ ကြားနေရ တော့ ထိတ်လန့်နေတယ်၊ ကျမတို့ နေဖို့မြေနေရာလေးနည်းနည်းလောက်ရရင် ဖြစ်ပါတယ်၊ ကြုံရာလုပ်စားပြီးနေမှာပါလို့ ပြောတာပါ”ဟု ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် နောက်တကြိမ်ပြန်လာ၍ အခက်အခဲများကို ပြေလည်အောင်လုပ်ပေးမည် ဟု ပြောဆိုခဲ့ပြီး အဆိုပါနေ့က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် အမျိုးသမီး များ ရုန်းရင်းဆန်ခတ်ဖြစ် နေချိန်တွင် အမျိုးသမီးတဦးက ဝန်ကြီးချုပ်ကားရှေ့မှရပ်ကာ တားမြစ် ခဲ့သဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၎င်းအမျိုးသမီးနှင့် စကားပြောဆိုခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။
ယင်းနေ့မတိုင်မှီ အခက်အခဲများကို တင်ပြပြောဆိုရန် စခန်းအတွင်းရှိ အမျိုးသားများက စီစဉ် ထားသည်ကို သတင်းပေါက်ကြားသွားသဖြင့် အာဏာပိုင်များက စုရုန်းခွင့်မပေးဘဲ ဖမ်းဆီး ထိမ်းသိမ်းခြင်းများ ပြုလုပ်ခဲ့ ကြောင်းနှင့် ရဲ၊ ရယကအဖွဲ့ဝင်များက သူတို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း လေဘေးသင့် ဒုက္ခသည် တဦးက ပြောသည်။
လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများမှ ရွာသားများကို မြို့နယ်အာဏာပိုင်များက နေရပ်သို့ပြန်ရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ပြီး မိမိဆန္ဒအလျှောက် ပြန်သည်ဖြစ်ကြောင်းကို စာရွက်များ ထုတ်ပေး၍ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်နေသည်။
လက်ရှိဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများမှာ သက္ကယ်သောင်၊ ပြင်စလူ၊ ကိုင်းသောင်၊ လွှစာကျေးရွာများ မှဖြစ်ပြီး (၅) မိုင်စခန်းတွင် လူဦးရေ (၅၀) ခန့်၊ ဘောလုံးကွင်းစခန်းတွင် (၃၀)ခန့်လောက်သာကျန်ရှိပြီး၊ (၃) မိုင် စခန်းတွင် (၂,၀၀၀) နီးပါးကျန်နေသေးကြောင်း ဒေသခံ တဦးက ပြောသည်။
“ကျမတို့ကို ရဲမှူးက (၂၅) ရက်နေ့ကနေ (၃၀) ရက်နေ့ နောက်ဆုံးဆင်းပေးရမယ်၊ ဆင်းမပေးရင် တူးချင်း တပ်ကိုခေါ်ပြီးတော့ ရိုက်ခိုင်းမယ်၊ ခင်ဗျားတို့က သူများလှူတာတမ်းတာတွေနဲ့ တောင်းရမ်းစားနေတဲ့ သူတောင်းစားတွေလို့ပြောတယ်၊ ဒီ (၃) မိုင်စခန်းမှာလည်း နေလို့မရဘူး၊ အနီးနားက ကျောက်ဖြူ၊ ကျောက်မှော်ရွာတွေမှာလည်း သွားနေခွင့်မပြုနိုင်ဘူး”ဟု ပြောဆိုခဲ့ ကြောင်း (၃) မိုင်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။
အာဏာပိုင်များဘက်က ဒုက္ခသည်များကို လုံလောက်သည့် ထောက်ပံ့မှုများလုပ်ပေးနေသည် ဆိုသော်လည်း ဒုက္ခသည်တဦးအတွက် တရက်လျှင် ဆန်တဗူးခွဲ၊ ကုလားပဲ၊ ဆီနှင့် အိမ်ထောင်စု တစုအား ဆားတဇွန်းသာ ပေးသည်ဟု ဆိုသည်။
လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အင်န်အယ်ဒီပါတီမှ ဒေါက်တာအေးကြူက “လတ်တလော ကတော့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအခြေအနေက သွေးလွန်တုတ် ကွေး၊ ငှက်ဖျားရောဂါ တွေဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါတော့ မရှိတော့ဘူး”ဟု ပြော ဆိုခဲ့သည်။

ရိုးမ၃

အပြည့်အစုံ...>>

နှမသားချင်းကိုယ်ချင်းစာပေးကြပါ။

မြန်မာလူမျိုးတွေဟာ ဟိုးရှေးခေတ်ပဝေသဏီကတည်းက ဘာသာတရားကိုကိုင်းရှိုင်းခဲ့ကြသလို ယဉ်ကျေးသိမ်မွေ့စွာနဲ့ အရှက်တရားဆိုတာကိုလည်းလက်ကိုင်ထားခဲ့ကြပါတယ်။ နှမသားချင်းကိုယ်ချင်းစာတရားလည်းရှိခဲ့ကြပါတယ်။ အရှက်ကိုအသက်နဲ့လဲပြစ်လိုက်မယ်ဆိုတဲ့ စကားဟာ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲမှာသုံးနှုန်းဖို့ထားခဲ့ကြတာမဟုတ်ပါဘူး။ ယနေ့ခေတ်မှာ မြန်မာမိန်းခလေးအချို့ သူတို့ရဲ့ဂုဏ်သိက္ခာ မိဘဆွေမျိုးတွေရဲ့ဂုဏ်သက္ခာ ဘာတစ်ခုမှအလေးနက်မထားကြတော့ပါလား ဒီနေ့ခေတ်မှာ မြန်မာအမျိုးသမီးငယ်လေးတွေ အများအပြား သိက္ခာမဲ့ကုန်ကြပြီလား ဒါတွေဟာ ဘာ့ကြောင့်လဲ ဘာ့ကြောင့်လဲဒီလိုဖြစ်ရတာလဲ ဘယ်သူ့မှာတာဝန်ရှိလဲ ဘယ်သူ့အပြစ်လည်း ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံကြီးဖြစ်နေပြီလား၊ ဆင်ချင်တုံတရားနဲ့ မြန်မာဆိုတဲ့ဂုဏ်ကိုထိမ်းသိမ်းပေးကြဖို့လှုံ့ဆော်ရင်း အောက်ကဗွီဒီယိုကလစ်ကိုကြည့်ပြီး ကိုယ်ချင်းစာပေးကြပါ။

ဗွီဒီယိုဖိုင်လား ဆာကြီးမောင်မောင်ပြောင်ဘလောင့်မှရယူပါသည်။
ဦးကုလား

အပြည့်အစုံ...>>

နေကြတ်ခြင်းလကြတ်ခြင်းကို မြန်မာနိုင်ငံမှတွေ့မြင့်နိုင်

၂၉၊ဇူလိုင်၊ ၂၀၀၈


၂၀၀၈ခုနှစ် သြဂုတ်လအတွင်း လကွယ်ခြင်းနှစ်ကြိမ်ကြုံတွေ့မည်ဖြစ်သော် လည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း နေကြတ်မှုဖြစ်စဉ်ပြီးမှသာ လကြတ်မှုဖြစ် ပေါ်မည်ဖြစ်သဖြင့် နက္ခတ်ဗေဒင်ပညာသဘောအရ မကောင်းသောအကျိုး ဆက်များ ဖြစ်ပေါ်နိုင်မည်မဟုတ်ဟု သိရသည်။ လွန်ခဲ့သည့်(၁၀)နှစ် ၁၉၈၈ခုနှစ်၌ သြဂုတ်လအတွင်း လကြတ်မှုဖြစ်စဉ်ပြီးမှ နေတြတ်ခဲ့ပြီး ထိုစဉ်က နေကြတ်လကြတ်ဖြစ်စဉ်မှာ ပုံမှန်မဟုတ်ပဲ ပြောင်းပြန်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ နက္ခတ်ဗေဒင်သင်တန်းကျောင်းတစ်ခုမှ ဆရာတစ်ဦးက ပြောကြားသည်။ နက္ခဗေဒင်နည်းအရ သဘာဝဘေးအန္တရယ်တစ်ခု ကျရောက်ပြီး နောက်(၆)လအတွင်း နောက်ထပ်မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လာမည့်သြဂုတ်လအတွင်းဖြစ်ပေါ်မည့် နေကြတ်ခြင်းနှင့်လကြတ်ခြင်းကို မြန်မာနိုင်ငံကနေ မြင်တွေ့နိုင်မည်ဟု လည်း သိရသည်။
နေကြတ်မည့်အချိန်မှာ သြဂုတ် ၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၂၀)မှ နေဝင်ချိန်အထိ ဖြစ်ပြီး အပြည့်အဝနေကြတ်မှာဖြစ်သည်။ နေဝင်ချိန်ဖြစ်သောကြောင့် သိသာထင်ရှားစွာ မြင်နိုင်ဖို့ မလွယ်ကူ ပေမယ့် ကမ်းခြေလိုဒေသတွေကနေတော့ သိသိသာသာမြင်နိုင်မှာဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဌာနမှ ပြောကြားသည်။ လတြတ်မည့်အချိန်မှာ သြဂုတ် ၁၇ ရက်ည သန်းခေါင်ယံနောက်ပိုင်းမှ နောက်တစ်နေ့ သြဂုတ်လ ၁၈ ရက် နံနက်(၆)နာရီကျော်တဲ့အချိန်ထိ ဖြစ်ကြောင်းသိရသည်။ အဆိုပါနေ့မှာ လပြည့်ကျော် တစ်ရက်နေ့ဖြစ်ပြီး အပြည့်အဝ လကြတ်ခြင်းဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံးက ထင်ရှားစွာမြင်နိုင်မှာ ဖြစ်သည်။ နက္ခတ်ဗေဒင်ပညာသဘောအရ ၂၀၀၈ခုနှစ်သည် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။

ပုလဲနက်

အပြည့်အစုံ...>>

ပြည်တွင်းသတင်းတိုများ

မြန်မာနိုင်ငံရှိ သွေးလှူရှင်အသင်းများအနက်မှ တစ်ခုဖြစ်သော ရင်ခုန်သံသွေးလှူရှင်အသင်း၏ (၈)ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကို သြဂုတ်လတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။ သြဂုတ်လ ၂ ရက်(စနေနေ့)၌ နံနက် ၈နာရီမှ ၁၁နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ရင်ခုန်သံသွေးလှူရှင်အသင်း၌ သွေးလှူဒါန်းရာတွင် အသင်းပိုင် အဖြစ်အသုံးပြု နိုင်ရန် ခေါက်ကုတင်များ လိုအပ်လျက်ရှိပြီး လှူဒါန်းလိုသူများအနေဖြင့် အောက်ပါလိပ်စာသို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုမျိုးမင်း (ခ) ပက်ထရစ်
အတွင်းရေးမှူး၊ ရင်ခုန်သံသွေးလှူရှင်အသင်းဖုန်း ၂၄၃ ၅၄၂၊ ၃၈၉ ၈၂၇၊ ၀၉၅၁ ၇၃၂၅၅

****************************

နာဂစ်မုန်တိုင်းကြောင့် လူဦးရေ(၈၄,၅၃၇) သေဆုံးပြီး (၅၃,၈၃၆)ဦး ပျောက်ဆုံးနေကြောင်း အစိုးရ၏ နောက်ဆုံးထုတ်ပြန်သော စာရင်းအရ သိရသည်။ ကုလသမဂ္ဂအစီရင်ခံစာတစ်ခုအရ အရွယ်ရောက် အမျိုးသား ၁၀၀ မှာ ၃ဦးသေဆုံးပြီး အရွယ်ရောက် အမျိုးသမီး ၁၀၀မှာ ၆ဦး သေဆုံးသည်ဟု ဆိုပါသည်။ အမျိုးသမီးသေဆုံးမှုပမာဏမှာ အမျိုးသားသေဆုံးမှုထက် ၂ဆဖြစ်နေကြောင်းတွေ့ရသည်။ လက်ရှိအချိန်၌ မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရသော ရွာများတွင် အမျိုးသမီးဦးရေမှာ အလွန်နည်းပါးနေကြောင်းလည်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားသည်။

****************************

ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်မှုမှာ ပြီးခဲ့သည့် ၂၀၀၇ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှစပြီး လျော့ပါးလာခဲ့ရာ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီးမှာ ပိုမိုနည်းပါးသွားကြောင်း သိရသည်။ မုန်တိုင်းမတိုင်ခင်ကာလ၌ စုံစမ်းမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် လာရောက်လည်ပတ်ဖို့ မေးမြန်းစုံစမ်းမှုများပင် မရှိသလောက်ဖြစ်နေပြီး လာရောက်လည်ပတ်ရန် စီစဉ်ထားမှုအချို့လည်း ပြန်လည်ဖျက်သိမ်းခြင်းများနှင့် ကြုံရသည်။ ဧည့်လမ်းညွှန်အဖြစ်အသက်မွေးဝမ်းကျောင်းပြုသူများနှင့် မြန်မာမှုအမှတ်တရပစ္စည်း ရောင်းသူများ အခက်အခဲတွေ့နေရကြောင်း သိရသည်။ လက်ရှိအချိန်မှာ မိုးရာသီကာလဖြစ်သောကြောင့် ပြည်ပသာမက ပြည်တွင်းခရီးသွားများပါ နည်းပါးနေတာကြောင့် အချို့ခရီးသွားလုပ်ငန်းများ ဝန်းထမ်းလျှော့ချကြပြီး အချို့ကတော့ နိုင်သလောက် ဆက်လက်လုပ်ကိုင်နေကြသည်။

****************************

တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဘေဂျင်းအိုလံပစ်ပွဲတော်သို့ မြန်မာနိုင်ငံမှ အားကစားနည်း(၅)မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြေးခုန်ပစ်၊ မြားပစ်၊ ရေကူး၊ ကနူးကယက်နှင့် လှေလှော်အားကစားနည်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အားကစားသမား(၆)ဦး သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လေးနှစ်တစ်ကြီမ် ကျင်းပပြုလုပ်သော အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပွဲစဉ်တိုင်းသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အိုလံပစ်ဆုတံဆိပ်ရရှိခဲ့ခြင်း မရှိကြောင်းသိရသည်။ မှတ်တမ်းများအရ ၁၉၇၂ခုနှစ်မှာ ကျင်းပခဲ့သည့် ဂျာမနီနိုင်ငံ မြူးနစ်အိုလံပစ်ပွဲတွင် မြန်မာဘောလုံးအသင်း ရရှိခဲ့သော အသန့်ရှင်းဆုံးဆုမှာ အမြင့်ဆုံးဖြစ်သည်။ ဘေဂျင်းအိုလံပစ်ပွဲတော်ကို လာမည့်သြဂုတ်လ ၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ပုလဲနက်

အပြည့်အစုံ...>>

၈ လေးလုံးနှစ်(၂၀)ပြည့်အထိမ်းအမှတ် ပန်းချီပြပွဲ

၁၈ရက်၊ ဇူလိုင်လ ၂၀၀၈

၈၈၈၈ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အဖြစ် ကလေးများပန်းချီပြပွဲကို ထိုင်းနိုင်ငံချင်းမိုင်မြို့ မြန်မာပန်းချီပြခန်း တစ်ခုတွင် သြဂုတ်လ(၆)ရက်နေ့မှစတင်ပြီး သြဂုတ်လ (၁၈)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပါ သည်။ ထိုပန်းချီပြပွဲတွင် ပြသမည့်ပန်းချီများမှာ စကော့တလန် (Forthview Primary School ) မှကလေးများနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ (Hle Bee School) မှ ကလေးငယ်များ၏ ခံစားမှု အနုပညာပန်းချီလက်ရာများကို ပြသမည်ဖြစ်ပါသည်။
သြဂုတ်လ (၈)ရက်နေ့မှာတော့ (၈၈၈၈) နှစ်(၂၀)ပြည့် အထိမ်းအမှတ် အဖြစ် ည(၇)နာရ်ီတွင် အခန်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်နေထိုင်ကြသော မြန်မာနိုင်ငံသားများနှင့်တကွ မြန်မာ့အရေးစိတ်ဝင်စားသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး မည်သူမဆိုလာ ရောက်ဖို့ဖိတ်ခေါ် ပါသည်။ ၈ရက်၊ ၈လ၊ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ သမိုင်းမှတ်တမ်းတင်ခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ပါသည်။
ပန်းချီပြပွဲကို Burma Educational Scholarship Trust (BEST Scotland) က တာဝန်ယူပြသခြင်းဖြစ်ပါသည်။
ဦးကုလား

အပြည့်အစုံ...>>

လူ့အခွင့်အရေးချိုးဖောက်ခံရသူများ တိုင်ကြားနိုင်ရန် AAPP က စာအုပ်ထုတ်ဝေ

ရိုးမ ၃။ ဇူလိုင် ၂၈၊ ၂၀၀၈

မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများ ကို ပြည်သူများအနေဖြင့် ကုလသမဂ္ဂသို့ တိုင်ကြားနိုင်ရန် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က စာအုပ်ထုတ်ဝေဖြန့်ချိ လိုက်သည်။
မြန်မာနိုင်ငံသားများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ မှုများကို တစုံတရာ ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ပြီး အဆိုပါ စာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ကြောင်း (AAPP) က ပြောဆိုသည်။
စာအုပ်အမည်မှာ “ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ(၂၀၀၂)၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များ” ဖြစ်ပြီး မူရင်းစာတမ်းကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)နှင့် အင်္ဂလန်နှင့် ဝေးလ်စ် ဥပဒေရေးရာအဖွဲ့(The Law Society) တို့မှ ၂၀၀၂ ခုနှစ်တွင် ပူးတွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။
စာအုပ်တွင် အသစ်ဖွဲ့စည်းခဲ့သည့် ကုလလူ့အခွင့်အရေးကောင်စီအကြောင်းနှင့် အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစံနစ် (၂၈) ခုနှင့် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်သည့် နိုင်ငံများအား ကိုင်တွယ်အရေးယူနိုင်ရန် အထူးလုပ်ငန်းစံနစ် (၁၃) ခုပါဝင်ပြီး ယခုစာအုပ်အား လူ့အခွင့်အရေး လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေး ကို စိတ်ဝင်စားသူများထံ အဓိက ဖြန့်ဝေခြင်းဖြစ်သည်။
(AAPP)အတွင်းရေးမှူး ကိုတိတ်နိုင်က“ လူ့အခွင့်အရေးကာကွယ်ဖို့ဆိုတဲ့ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူကလဲ သူတို့ ဘာအခွင့်အရေးတွေရှိပြီး ဘာတွေချိုးဖောက်ခံနေရတယ်၊ ချိုးဖောက်သူ ဘယ်သူလဲ၊ ဘယ်လိုပုံစံနဲ့လဲ၊ အချက်အလက်ခိုင်လုံအောင် ဘယ်လိုစုဆောင်း မလဲ၊ ဘယ်ကိုတိုင်ရမလဲ၊ ဘယ်လိုတိုင်ရမလဲ၊ ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက် မှုတွေ လုပ်ပေးနိုင်သလဲဆိုတာ သိထားဖို့လိုတယ်”ဟု ပြောသည်။
ယခုထုတ်ဝေလိုက်သည့်စာအုပ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရပါက လုပ်ကိုင်နိုင်ရန် အသေးစိတ်အချက်အလက်များအပြင် လူ့အခွင့်အရေချိုးဖောက်ခံရသည့် အခြေအနေအမျိုးမျိုး အတွက် တိုင်ကြားရန် လိပ်စာများကိုပါ ထည့်သွင်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
တရားဥပဒေမဲ့စွာ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးနှင့် လူမျိုးရေးအရ ခွဲခြားခံရမှု၊ အဓမ္မ လယ်ယာသိမ်းဆည်းမှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အတွင်းမှ နိုင်ငံသားများအနေဖြင့် မိမိတို့အခွင့်အရေးများ ဆုံးရှုံးမှုကို ကုလသမဂ္ဂသို့တင်ပြနိုင်ရန် ယခု (AAPP)မှ ထုတ်ဝေလိုက်သည့်စာအုပ်မှာ လေ့လာထားသင့်သည့် စာအုပ်တအုပ်ဖြစ်သည်။

အပြည့်အစုံ...>>

ရွှေဝါရောင်တော်လှန်ရေးတွင်ပါသည့် မြန်မာမွတ်စလင်များကို ရဲဘက်စခန်းပို့

၂၅ရက်၊ ဇူလိုင်လ၊ ၂၀၀၈

လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသား လူငယ် ၁၀ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီချမှတ်၍ ရဲဘက်စခန်းများသို့ပို့ရာ ၎င်းတို့အနက် အများစုသည် မွတ်စလင် ဘာသာဝင်များဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်အစိုးရက ယခုအပတ်အတွင်း ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး ပြည်ထဲရေးဝန်ကြီး ၏ အမိန့်ဖြင့် ဒေါက်ခြေချင်းများခတ်ကာ ရဲဘက်စခန်းအသီးသီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အေအေပီပီ ကြေညာချက်တွင် ဖော်ပြထားသည်။
မွတ်စလင်အများစုပါဝင်သည့် အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ကျိုက်မရော ဘ၀သစ် (၆) ရဲဘက်စခန်း၊ ဘားအံ ဘ၀သစ် (၇) ရဲဘက်စခန်း၊ ဇင်းကျိုက် ကျောက်စခန်း၊ ရင်းငြိမ် ကျောက်စခန်းနှင့် တောင်စွန်း ရဲဘက်စခန်းများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။
အေအေပီပီ ကြေညာချက်တွင် “ယေဘုယျအားဖြင့် နိုင်ငံရေးအကျဉ်းသားများကို ရဲဘက်စခန်းသို့ပို့ဆောင်၍ အလုပ်ကြမ်း များ ခိုင်းစေခြင်း မရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၀ ခုနှစ် အောက်တိုဘာလတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့သော သံဃာတော် များကို ရဲဘက်စခန်းများသို့ ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခဲ့ခြင်းကြောင့် သံဃာတော် ၁၉ ပါးမှာ အလုပ်ကြမ်းဒဏ် မခံနိုင်၍ ထိုနေရာများတွင်ပင် ပျံလွန်တော်မူခဲ့ရသည်” ဟု ဖော်ပြထားသည်။
အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ပြည်ထဲရေးဝန်ကြီးရဲ့အမိန့်နဲ့ ရဲဘက်စခန်းကိုပို့လိုက်တာဟာ ဘာသာရေးအရ နှိပ်ကွပ်မှုတခုဖြစ်တဲ့အပြင် ဒီကျောင်းသားလူငယ်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်” ဟု ပြောသည်။
ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စစ်အစိုးရက ဘာသာရေးဖိနှိပ်မှုများကို အလွန်အကျွံလုပ်လာသည်ကို တွေ့ရသည်ဟု လည်း ဦးတိတ်နိုင်က ပြောသည်။
လွန်ခဲ့သည့် ၂ ပတ်ခန့်က မန္တလေးဘူတာတွင် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်မည့်သံဃာတော် ၉ ပါးကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်ပြီး ၎င်းတို့အား ယမန်နေ့က ရုံးထုတ်သည်ဟု ကြားသိရသည်။“၁၉၈၈ ခု အရေးအခင်းကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ဖမ်းလာတဲ့ မွတ်စလင်တွေ ရှိခဲ့ဖူးတယ်။ အဲဒီအထဲက တချို့ ဆိုရင် လုံးဝပျောက်သွားတဲ့ အဆင့်အထိ ရှိတယ်” ဟုလည်း ဦးတိတ်နိုင်က ပြောသည်

ဧရာဝတီ

အပြည့်အစုံ...>>

မစ္စတာဂမ်ဘာရီ ခရီးစဉ်ကို အခွင့်အလမ်းတရပ်အဖြစ် အသုံးပြုရန် မြန်မာအစိုးရကို အမေရိကန်တိုက်တွန်း

၂၅ ဇူလိုင်လ၊ ၂၀၀၈

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ(Mr. Gambari) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အခွင့်အလမ်းတရပ်အနေနဲ့ အသုံးပြုပြီး နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက မြန်မာစစ်အစိုးရကိုတိုက်တွန်းသွားပါတယ်။
မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာမြန်မာ့အရေး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇတ်(Zalmay Khalilzad) က အခုလို ပြောသွားခဲ့တာပါ။
"မြန်မာစစ်အစိုးရအနေနဲ့ မစ္စတာဂမ်ဘာရီရဲ့ ဒီခရီးစဉ်ကို အခွင့်အလမ်းတရပ်အနေနဲ့အသုံးပြုဖို့ ပြောလိုပါတယ်။ အချိန်သတ်မှတ်မှုထားရှိတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်၊ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စာမျက်နှာသစ်တရပ် ဖွင့်မလား၊ ပိုပြီးပြင်းထန်တဲ့ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်မလား မေးခွန်းထုတ်ချင်ပါတယ်။ ဘယ်ဟာကို ရွေးမလဲဆိုတာသူတို့အပေါ်တည်ပါတယ်။"
မနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ဆိုင်ကလုံးမုန်တိုင်း နောက်ဆက်တွဲ နိုင်ငံတကာ လူသားချင်းစာနာကူညီရေး ကိစ္စတွေကို အတော်လေး အလေးပေးပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ နိုင်ငံရေးအရ မတူကွဲပြားမှုတွေကို အသာဘေးဖယ်ထားပြီး လူသားချင်းစာနာမှုကိစ္စကို အလေးပေးခဲ့တယ်လို့ သံအမတ်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။
"ဒီကိစ္စမှာ ကျနော်တို့အနေနဲ့ ဒီထက်ကို ပိုပြီး အကူအညီတွေပေးနိုင်ဖို့ ခွင့်ပြုချက်မရတာကိုပဲ ၀မ်းနည်းမိပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေအနေနဲ့က အဲဒီကလေဘေးဒုက္ခသည် ပြည်သူတွေအတွက် သူတို့လိုအပ်ချက်တွေကို ဒီထက်ပိုပြီး အကူအညီ ပေးလိုကြပါတယ်။ အခုလို အရေးတကြီး လူသားတွေအတွက် လိုအပ်ချက်တွေရှိနေချိန်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ မတူကွဲပြားတာတွေကို အသာထားပြီးလူသားချင်းစာနာရေး လုပ်ငန်းတွေကိုပဲ အမြဲ ဖြေရှင်းဆောင်ရွက်ပါတယ်။"
အခုလို ကပ်ဘေးဆိုးကြောင့် ဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် အကူအညီပေးရေးကိစ္စတွေကို ဆက်ပြီးလုပ်သွားရမှာ ဖြစ်ပေမယ့်လို့ နိုင်ငံရေးအခြေအနေတွေကိုလည်းပြန်လှည့်စဉ်းစားဖို့ အချိန်ရောက်လာပြီလို့လည်း အမေရိကန်သံအမတ်ကြီးကပြောသွားပါတယ်။ အခု မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အတွင်း တစုံတရာ ရလဒ်ထွက်လာဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
"မစ္စတာဂမ်ဘာရီရဲ့ အခု သြဂုတ်လခရီးစဉ်ကနေ အခိုင်အမာရလဒ်တွေရဖို့ ကျနော်တို့မျှော်လင့်ထားတယ်လို့ မစ္စတာဂမ်ဘာရီကို ပြောထားပါတယ်။ အခုလာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ အချိန်ကာလသတ်မှတ်ထားတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတရပ် ဖြစ်လာဖို့ မစ္စတာဂမ်ဘာရီအနေနဲ့ သဘောတူညီချက်တရပ် အောင်အောင်မြင်မြင် ယူလာနိုင်မယ်လို့ ယူဆထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့ လိုပါတယ်။"
အကယ်၍သာ အခုလို မြန်မာအစိုးရဘက်ကနေ မစ္စတာဂမ်ဘာရီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိုးတက်မှုတွေ ရလာမယ်ဆိုရင်တော့ နိုင်ငံတကာဘက်ကလည်း အပြုသဘောတုံ့ပြန်မှာပါလို့ အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇတ်က ပြောပါတယ်။ဒါပေမယ့်လို့ အတိုက်အခံနဲ့ အစိုးရအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်မလာဘူး၊တိုးတက်မှုတွေ ရှိမလာဘူးဆိုရင်တော့ အခြားနည်းလမ်းတွေနဲ့ ဖိအားပေးတာတွေကိုစဉ်းစားရမယ်လို့လည်း သံအမတ်ကြီးက သတိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးကလည်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့အနီးကပ်ကို စောင့်ကြည့်အကဲခတ်နေတယ်လို့ ပြောသွားပါတယ်။
"မြန်မာ့အိမ်နီးချင်းနိုင်ငံ၊ အာဆီယံဒေသအဖွဲ့ဝင် နိုင်ငံအနေနဲ့၊ ဗီယက်နမ်နိုင်ငံဟာမြန်မာနိုင်ငံအခြေအနေကို အနီးကပ်ကို စောင့်ကြည့်နေပါတယ်။ ဗီယက်နမ်နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးကို လိုလားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် မြန်မာ၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့အကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ တိုးတက်အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် အခုဆိုရင် အဲဒီဒေသတွေမှာ ငတ်မွတ်မှုပြဿနာ၊ ရောဂါပြန့်ပွားမှု ပြဿနာမျိုးတွေ မကြုံရပါဘူး။ ဒါကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေကပဲ မြန်မာအစိုးရနဲ့မြန်မာပြည်သူတွေ ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်စေလိမ့်မယ်လို့ယုံကြည်ပါတယ်။"လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံကတော့ အာဆီယံရဲ့ မူအတိုင်းပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာအနေနဲ့လည်း မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲလိုလားတယ်လို့ ဆိုပါတယ်။ မနေ့က လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးကတော့ မြန်မာနဲ့ပတ်သက်လို့ အခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား၊သူတို့ဆီကနေ မြန်မာအစိုးရကိုပြောလိုတဲ့ သတင်းစကား စတာတွေကို မစ္စတာဂမ်ဘာရီနဲ့ အကြုံပါးလိုတဲ့သဘောနဲ့ ညှိနှိုင်းဆွေးနွေးပွဲသဘောသာ ဖြစ်ပါတယ်။ ဒီကနေမှမစ္စတာဂမ်ဘာရီအပြန် လုံခြုံရေးကောင်စီမှာ နောက်တကြိမ်ဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။

ဗွီအိုအေ(မြန်မာပိုင်းအစီအစဉ် ရေဒီယိုသတင်းဌာန)

အပြည့်အစုံ...>>

ရန်ကုန် ဈေးကွက် အသားဈေး ဆက်လက်မြင့်မားလျက်ရှိ

ဇူလိုင် ၂၄၊ ၂၀၀၈

ရန်ကုန်ဈေးကွက်တွင်းသို့ ကြက်သား၊ ဘဲသားဝင်ရောက်မှုမှာ ပုံမှန်ဈေးကွက်လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်သာဝင်ရောက် လျက်ရှိသောကြောင့် ဈေးနှုန်းများ မြင့်မားလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်ဈေးကွက်အတွင်းရှိ အသားဈေးနှုန်းများမှာ အသားတိုးကြက် တပိဿာ ၈၅၀၀ ကျပ်၊ တိုင်းရင်းကြက် တပိဿာ ၉၀၀၀ ကျပ်၊ ဘဲသား တပိဿာ ၈၀၀၀ ကျပ်ဈေး ပေါက်လျက်ရှိသည်။
“နောက်လာမယ့် လတွေမှာ ဒီထက်ပိုပြီး ဈေးမာနေဦးမယ့် အနေအထားရှိနေတယ်၊ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကြက် ခြံတွေ၊ ဘဲခြံတွေ နေရာကို ခုချိန်ထိ အစားမထိုးနိုင်သေးဘူး၊ အဲဒါက ဈေးတက်ရခြင်းရဲ့ အဓိက အကြောင်းရင်းပဲ”ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ မွေးမြူရေးလုပ်ငန်းရှင်တဦး၏ ပြောပြချက်အရ သိရှိရသည်။
မေလ ၂ ရက်နေ့တွင် စတင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ အသားတိုး ကြက်မွေးမြူရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းမှ ပျက်စီးခဲ့ကြောင်းနှင့် ကြက်ကောင်ရေ ၁.၆ သန်း ကျော်နှင့် ဘဲကောင်ရေ ၆ သိန်းကျော် သေဆုံးခဲ့ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ စာရင်းထုတ်ပြန်သည်။
ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ကြက်ခြံများဆုံးရှုံးသွားသည့်အတွက် ရန်ကုန်ဈေးကွက်လိုအပ်သည့် ကြက်သား၊ ဘဲသား နှင့် ဥများကို ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် အထက်မြန်မာပြည်တို့မှ တင်သွင်းမှာယူနေရကြောင်း သိရှိရသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများ ပျက်စီးမှုရှိ ခဲ့ပြီး လက်ရှိအချိန်ထိ ရန်ကုန်ဈေးကွက်အတွင်း ကြက်သားဝင်ရောက်မှုမှာ ဈေးကွက်လိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းခန့်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်၏ စာရင်းများတွင် ဖော်ပြထားသည်။
လက်ရှိ ရန်ကုန်မြို့သို့နေ့စဉ် ကြက်သားဝင်ရောက်မှုမှာ ပျမ်းမျှအားဖြင့် တိုင်းရင်းကြက် ပိဿာချိန်ပေါင်း ၇၀၀၀ ကျော်ခန့်၊ အသားတိုးကြက် ပိဿာချိန်ပေါင်း ၁၀၀၀၀ ကျော်ခန့်သာရှိသည်ဟု ရန်ကုန် မင်္ဂလာတောင်ညွှန့် ကြက်၊ ဘဲ ဒိုင်မှ စာရင်းများ အရ သိရှိရသည်။ မုန်တိုင်းမတိုက်မီက ပုံမှန်အားဖြင့် ပိဿာချိန်ပေါင်း ၃၀၀၀၀ ကျော် မှ ၄၀၀၀၀ ၀န်းကျင်ခန့် ၀င်ရောက် ခဲ့သည်။
ထို့ပြင် ကြက်ဥ၊ ဘဲဥများမှာလည်း ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်တင်ပို့ နိုင်ခြင်းမရှိသေးကြောင်း သိရှိ ရသည်။
ဈေးနှုန်းများမှာလည်း ကြက်ဥ တလုံး ကျပ် ၁၃၀၊ ဘဲဥ တလုံး ကျပ် ၁၅၀ နှုန်းရှိသည်။
ယခင်မုန်တိုင်းမတိုက်မီက ကြက်ဥတလုံး ကျပ် ၁၀၀၊ ဘဲဥ တလုံး ကျပ် ၁၂၀ ဈေးရှိခဲ့ပြီး မုန်တိုင်းတိုက်ပြီးစ ကာလများတွင် ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာ ၃ လုံး ၁၀၀၀ ကျပ် နှုန်းအထိ မြင့်တက်သွားခဲ့သည်။
ဘဲဥ၀င်ရောက်မှုမှာ ဈေးကွက်လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းရှိ အလုံးရေ ၄ သိန်းခန့် ၀င်ရောက်ပြီး ကြက်ဥ ၀င်ရောက်မှုမှာမူ ဈေးကွက်လိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်း အလုံးရေ ၃ သိန်းခန့် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း ဒိုင်အ၀င် စာရင်းများအရ သိရှိရသည်။
နာဂစ်မုန်တိုင်းမတိုင်မီက ကြက်သား တိုင်းရင်းကြက် တပိဿာ ၇၀၀၀ ကျပ်ဈေး၊ အသားတိုး ကြက် တပိဿာ ၆၅၀၀ ကျပ်၊ ဘဲသားမှာလည်း တပိဿာ ၆၀၀၀ ကျပ်ဈေး ရှိသည်။
“အခြေခံလူတန်းစား အနေနဲ့ကတော့ ကြက်သားမစားနိုင်တာ ကြာပြီ၊ အခု ဒီဈေးနှုန်းကြောင့် လူလတ်တန်းစားတွေကပါ ကြက်သားစားဖို့ တော်တော့်ကို စဉ်းစားလာကြတာတွေ့ရတယ်၊ အခုရောင်းနေရတာက ဒံပေါက် လုပ်ငန်းတွေနဲ့ စားသောက် ဆိုင် လုပ်ငန်းတွေပဲ”ဟု မင်္ဂလာ တောင်ညွှန့် ကြက်အရောင်းဒိုင် လုပ်ငန်းရှင်တဦးက ပြောဆိုသည်။
ကြက်သားဈေး ကြီးမြင့်မှုကြောင့် လူနေရပ်ကွက်များအတွင်းရှိ ပုံမှန်ကြက်သားရောင်းအား၏ ထက်ဝက်ခန့် ကျဆင်းလျက် ရှိပြီး စားသောက်ဆိုင်လုပ်ငန်းများတွင်သာ ပုံမှန်ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ဆင်ခြေဖုံးမြို့နယ်အများစုတွင် ကြက်သားဈေးနှုန်းများမှာ မြင့်မားလျက်ရှိသောကြောင့် ကြက်သား အရောင်းဆိုင် များမှာ ဈေးဦးမပေါက်သော နေ့များပင်ရှိနေကြောင်း ရွှေပြည်သာမြို့ နယ်မှ ကြက်သားရောင်းသူ တဦးက ပြောသည်။
“ဒီဘက်မှာရောင်းရတာက ဘဲဥကြက်ဥဆိုရင်လည်း အကွဲတွေ၊ သိပ်မလတ်တော့တဲ့ ပုတ်ခါနီးတွေပဲရောင်းရတာ၊ ကြက်သား ကတော့ ၀ယ်စားတဲ့သူ အတော့်ကိုနည်းသွားပြီ၊ ကြက်ခေါင်းတို့ ခြေထောက်တို့ပဲ ရောင်းရတယ်” ဟု အထက်ပါ ကြက်သား ရောင်းသူ က ဆိုသည်။
ဆင်ခြေဖုံးမြို့နယ်များရှိ ဈေးများတွင် ရောင်းရသည်ဟုဆိုသော ကြက်ခြေထောက် ကြက်ခေါင်းများ၏ ဈေးနှုန်းမှာလည်း တပိဿာလျှင် ၅၀၀၀ ကျပ် ဈေးရှိကြောင်း သိရှိရသည်။
“အိမ်မှာ ကြက်သားချက်တဲ့နေ့ဆိုရင် သားနဲ့သမီးရယ် အိမ်က အသက် ၆၀ ကျော်အဖေနဲ့ အမေရယ်ကိုပဲ ဦးစားပေးပြီးကျွေး တော့တယ်၊ ကျန်တဲ့သူတွေကတော့ ကြက်ခေါင်းနဲ့ ခြေထောက်ကိုပါ အစိတ်သားလောက်ဝယ် ကျွေးတယ်”ဟု လစဉ်ဝင်ငွေ ၃ သိန်းခန့်ရှိသော မိသားစု တစုမှ အိမ်ရှင်မတဦးက ပြောဆိုသည်။ရန်ကုန်မြို့၏ အသားစားသုံးမှုမှာ ငါးစားသုံးမှုပမာဏ အများဆုံးဖြစ်ပြီး ကြက်ဥ၊ ကြက်သား စားသုံးမှုမှာ ဒုတိယ အများဆုံး ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧရာဝတီ

အပြည့်အစုံ...>>

ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-မလေးရှား အမ်အေအိုင်လေကြောင်းလိုင်း အရေးပေါ် ရပ်ဆိုင်းပြီ

၂၃ ဇူလိုင် ၂၀၀၀၈

လတ်တလော ယာယီအပိတ်ခံရသည့် ထိုင်းလေကြောင်းလိုင်းတခုမှ လေယာဉ်များငှားရမ်း အသုံး ပြုနေရသည့် မြန်မာနိုင်ငံတကာ လေကြောင်းလိုင်း (အမ်အေအိုင်) ပြေးဆွဲနေသော ရန်ကုန်-နိုင်ငံ တကာခရီးစဉ်အချို့ကို ယနေ့မှစ၍ အရေးပေါ် ရပ်ဆိုင်းလိုက်ရသည်။
ရန်ကုန် အမ်အေအိုင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမြသာက “၀မ်းတူးဂိုးကိစ္စကြောင့်ပါ။ သူတို့ ရပ်ဆိုင်းခံရတဲ့အခါကျတော့ ကျမတို့လည်း အဲဒီလေယာဉ်ပျံကို ငှားထားမိရက်သားဖြစ်သွားတော့ နောက်ပိုင်း ဘယ်လိုမှလဲ အဆင်မပြေနိုင်တော့ဘဲ ပြန်အပ်လိုက်တာပေါ့နော်။ အခု အဲယားဘတ်စ် လေယာဉ်တစီး အသစ်ရထားတော့ အဲဒါနဲ့ပြန်ပြီး (၂၅) ရက်နေ့ကျရင် ပြန်ဆွဲမှာပါ။ ၀မ်းတူးဂိုးက တစီးပဲ ယူထားတာပါ” ဟု ပြောသည်။
ရန်ကုန်-ဘန်ကောက်နှင့် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ် (၂) ခုကို ယနေ့စ၍ ရပ်ဆိုင်းလိုက် ကြောင်း၊ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ထားသူများကို ငွေပြန်လိုချင်ပါက ငွေပြန်အမ်းပေး ကြောင်းနှင့် ယခုရက်အတွင်း ခရီးသွားလိုသူများကို ဘန်ကောက်လေကြောင်းလိုင်း၊ ထိုင်းလေ ကြောင်း (တီဂျီ) တို့ဖြင့် ခရီးသွားနိုင်အောင် စီစဉ်ပေးနေကြောင်း ၎င်းက ပြောသည်။ ရန်ကုန်-စင်ကာပူ ခရီးစဉ်ကိုမူ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း သိရသည်။
သတ်မှတ်သည့် လုပ်ငန်းစံချိန်စံညွှန်း မမီသည့်အတွက် ထိုင်းနိုင်ငံ ၀မ်းတူးဂိုးလေကြောင်းလိုင်း အား ရက်ပေါင်း (၃၀) ပျံသန်းခွင့် ပိတ်လိုက်ကြောင်း ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက ကြေညာပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ပြေးဆွဲနေသည့် နိုင်ငံတကာလေယာဉ် ခရီးစဉ်အချို့ကို ရပ်ဆိုင်းကြောင်း မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) က ထုတ်ဖော်ပြောဆို ခြင်းဖြစ်သည်။
ဝမ်းတူးဂိုး လေကြောင်းလိုင်းသည် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်း များကို ချိုးဖောက်ခဲ့သည့်ပြင် လေကြောင်းလိုင်းကိုလည်း မှန်ကန်စွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိဟု ထိုင်းအစိုးရ မြို့ပြလေကြောင်းဦးစီးဌာနက စစ်ဆေးတွေ့ရှိသည်။ နောက်ဆက်တွဲအဖြစ် ၀မ်းတူးဂိုး လေကြောင်းလိုင်းမှ လေယာဉ်မှူး (၉) ဦးကိုပါ လေယာဉ်မောင်းနှင်ခွင့်လိုင်စင် ပြန်ရုပ်သိမ်းခဲ့သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ၀မ်းတူးဂိုး လေကြောင်းလိုင်းပိုင် လေယာဉ်တစီး ဖူးခက်တွင် ပျက်ကျ၍ လူ (၈၉) ဦးသေဆုံးသည့်ကိစ္စ စစ်ဆေးအပြီးတွင် ၀မ်းတူးဂိုးလေကြောင်းလိုင်းအား ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) ကို ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရပိုင် မြန်မာ့လေ ကြောင်းနှင့် ဘရူနိုင်းဘုရင့်လေကြောင်းလိုင်း အထောက်အပံ့ ယူထားသည့် စင်ကာပူ ကုမ္ပဏီတခု တို့ဖြင့် ဖက်စပ်တည်ထောင်ခဲ့သည်။ ယမန်နှစ်က မြန်မာ့လေကြောင်းက (၅၁) ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ပြီး စင်ကာပူပိုင် Region Air (HK) Ltd. က (၄၉) ရာခိုင်နှုန်း ရှယ်ရာထည့်ဝင်၍ လုပ်ကိုင်နေသည်။ ။

ခေတ်ပြိုင်

အပြည့်အစုံ...>>

အားမလိုအားမရဖြစ်နေသူရဲ့ ပေါက်ကွဲပုံ











ဒေါင်းလုပ်ရယူနိုင်ပါသည်။
http://www.fileden.com/files/2008/7/1/1983929/Reality.c.pdf

အပြည့်အစုံ...>>

နာဂစ်အလွန် မြန်မာပြည် - ပြည့်တန်ဆာများနှင့် သူတောင်စားများ တိုးပွားလာ

ဇူလိုင် ၉၊ ၂၀၀၈ မိုးမခ


နာဂစ်အလွန် အထွေထွေ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသော မြန်မာပြည်တွင် စစ်အစိုးရ ၀ါဒဖြန့်စာနယ်ဇင်း ရုပ်သံတို့က အမှန်တရားကို အမှောင်ချထားရန် အစွမ်းကုန်ကြိုးစားနေသော်လည်း ရန်ကုန်မြို့လမ်းပေါ်ရှိ ကားမှတ်တိုင်များတွင် နံနက်မိုးလင်းကတည်းက လမ်းသလားနေသော ပြည့်တန်ဆာများကိုမူ မည်သို့မျှ တားဆီးဖုံးကွယ်ထားရန် မဖြစ်နိုင်ကြောင်း တွေ့နေရသည်။
“မြို့ထဲ ဆိပ်ကမ်းသာလမ်းထိပ် မှတ်တိုင်မှာ သူတို့ အယောက် ၂၀ လောက် ဖောက်သည်ရှာနေကြတယ်ပေါ့ဗျာ။ အသက် ၁၆ နှစ်ကနေ ၂၀ ကြားက ၁၀ ယောက်၊ ကျန်တာက ၃၀ ၀န်းကျင်၊ ၄၀ လောက်ရှိတဲ့ အမျိုးသမီးတယောက်လည်း အဲဒီအုပ်ထဲမှာ ပါတယ်။”
မျက်မြင်ကြုံခဲ့ရသူတဦးက မိုးမခသို့ ပြောကြားသည်။
ယခင်ကတည်းက ပြည်တန်ဆာလုပ်ငန်းမှာ တရားမ၀င် လှုပ်ရှားနေကြသော်လည်း ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင်လုပ်ကိုင်လာကြခြင်း မရှိပေ။ အနှိပ်ခန်းများ၊ တည်းခိုခန်းများကို အခြေပြုပြီး လှုပ်ရှားကြခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်းအပြီးတွင် လမ်းပေါ်သို့ ခန္တာကိုယ်ကို ရင်းနှီးပြီး စားဝတ်နေရေးဖြေရှင်းရသော အမျိုးသမီးများ အရေအတွက် အများအပြား ရောက်ရှိလာကြသည်ကို တွေ့ရသည်။ အနှိပ်ခန်းလုပ်ငန်းများလည်း ပိုမိုတွင်ကျယ်လာကြပြီး အသက် ၂၀ ၀န်းကျင် မိန်းကလေးငယ်များက ထိုလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လာကြသည်ဟု ဆိုသည်။
ယခုအချိန်တွင် ပြည့်တန်ဆာ ပွဲစားများ၊ ဒေသခံ အာဏာပိုင်များ၊ လုံခြုံရေးတာဝန်ခံများ၊ ပြည့်တန်ဆာ ခေါင်းများနှင့် တည်းခိုခန်း၊ အနှိပ်ခံ လုပ်ငန်းရှင်တို့က ထင်ထင်ရှားရှား ရိုင်းပင်းပူးပေါင်းပြီး လုပ်ကိုင်စားသောက်လာကြခြင်းဖြစ်သည်။ ရွာများ နယ်များမှ လှည့်ဖြားခေါ်လာသော မိန်းကလေးငယ်များကို မြို့ကြီးများတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်သူများ၊ အားပေးသူများ၊ ဆက်နွယ်သူများက ရောင်းဝယ် ဖောက်ကား အနိုင်ကျင့်ပြီး မတရားမှု ကျူးလွန်နေကြသည်ကို ဒေသခံ ပြည်သူများ၊ မိသားစုများက မည်သို့မျှ ဟန့်တား တိုင်တန်း အရေးယူနိုင်ရေး မလုပ်နိုင်ကြချေ။
အချို့ကတော့ သွားရောက်ပျော်ပါးသူတချို့ကို ခြိန်းခြောက်ပြီး ငွေညှစ်ခြင်း၊ အနိုင်ကျင့်လုယက်ခြင်းအထိပါ ကျုးလွန်သည်ဟု ကြားရသည်။ ပြည့်တန်ဆာအိမ် သို့မဟုတ် တည်းခိုခန်းတွင် ပျော်ပါးသူကို ပြည့်တန်ဆာခေါင်း၊ လုပ်ငန်းရှင်နှင့် နယ်မြေခံ အာဏာပိုင်တို့က ပေါင်းပြီး ဟန်ပြဖမ်းဆီးကာ ငွေညှစ်ခြင်း၊ ရိုက်နှက်လုယက်ခြင်းတို့လုပ်သည်အထိ အတင့်ရဲလာကြောင်း မျက်မြင်က ပြောကြားသည်။
“အဲသလို အုပ်စုဖွဲ့ ဂိုဏ်းတွေနဲ့ သောင်းကျန်းတဲ့နေရာတွေက လှိုင်သာယာ၊ ဘုရင့်နောင်လမ်းဆုံ၊ သိမ်ကြီးဈေး ပြီးတော့ ၉ မိုင် ပြည်လမ်း မင်္ဂလာဒုံ လေယျာဉ်ကွင်းတကြောက ဆိုင်တွေမှာ သူတို့တွေ ကျက်စားကြတယ်။ အုပ်စုအချင်းချင်း ဂိုဏ်းတွေ အချင်းချင်းလည်း တိုက်ခိုက်ကြတယ်။ မကျေနပ်တဲ့ ဖောက်သည်တွေကလည်း ပြန်ပြီး တိုက်ကြခိုက်ကြတာတွေ ဖြစ်တယ်။ ”
၎င်းက ဆက်လက်ပြောကြားသည်။

“ရန်ကုန်မှာ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာရတာကတော့ လူတွေက ဆင်းရဲသည်ထက် ဆင်းရဲလာလို့ပဲ။ ပညာလည်း မရှိ။ ဥစ္စာလည်း မရှိကြဘူး။ အမျိုးသမီးလေးတွေက စားဝတ်နေရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အရမ်း ခက်ခဲနေတယ်။ အာဏာပိုင်တွေကလည်း အဲဒီပြသနာကို ဖြေရှင်းပေးဖို့တို့၊ အရေးယူဖို့တို့ မလုပ်ဘူး။ အဆင့်ဆင့် လာဘ်စားတယ်။ ဆက်ကြေးတောင်းတယ်။ မိုက်ကြေးခွဲတယ်။ မှတ်တိုင်မှာ သူတို့လာပြီး လှုပ်ရှားတော့မယ်ဆိုရင် နယ်မြေခံ ရဲကိုက အစ ပိုက်ဆံပေးထားရတယ်။ အနှိပ်ခန်းတွေက လစဉ် လိုင်းကြေး ပေးကြရတယ်။ ”

အနှိပ်ခန်းလုပ်ငန်းများကို လုပ်ငန်းရှင်များက လမ်းများ၊ စားသောက်ဆိုင်များအထိ မိန်းကလေးငယ်များနှင့် ဆင်းပြီး ကြော်ငြာဝေခြင်း၊ လူဆွယ်ခြင်းတို့ ပြုလုပ်ကြသည်ဟု ဆိုသည်။ ၁၉ လမ်း အရက်ဆိုင်များတွင် မိန်းကလေးငယ်များက လက်ကမ်းစာရွက်များလိုက်ဝေနေရာ ထိုလက်ကမ်းတွင် အနှိပ်ခန်း ကြော်ငြာနှင့် လိပ်စာတို့ပါဝင်ပြီး သိမ်ကြီးဈေးဝန်းကျင်ရှိ နေရာများတွင် ဖြစ်သည်ကို တွေ့ရသည်။
ပြည့်တန်ဆာများပြီးလျင် လမ်းပေါ်တွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို သူတောင်းစားများအဖြစ် အများအပြားတွေ့နိုင်သည်ဟု မျက်မြင်များက ဆက်လက်ပြောကြားသည်။ အခြားဈေးကွက်တခုမှာ အိမ်ဖော်လုပ်ငန်းဖြစ်သည်။
လေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးသဖြင့် စားဝတ်နေရေး ဖြေရှင်းရန် အမျိုးသားများက မြို့ကြီးများတွင် အလုပ်ကြမ်းလုပ်ရန် လာရောက်ကြပြီး အမျိုးသမီးများက နီးစပ်ရာအိမ်ထောင်စုများထံတွင် အိမ်ဖော် အလုပ်လုပ်ကိုင်ရန် ကြိုးစားကြသည်။ ဧရာဝတီတိုင်းက ပျက်စီးသွားသော ကျေးရွာ မြို့ငယ်များက မိသားစုအများအပြား ရန်ကုန် ဆင်ခြေဖုံး အနီးအနားက လှိုင်သာယာအရပ် စသည်တို့သို့ ပြောင်းရွေ့လာနေကြသည်ကို ပြည်တွင်းဂျာနယ်များတွင် သတင်းရေးခွင့် မရချေ။
ယခု ရန်ကုန်က ခေတ်ပေါ် စာချိုးမှာ - “နာဂစ်ကြောင့် ဖာဖြစ်ကုန်ပြီ” ဟူ၏။ မတရား အာဏာကို သိမ်းပိုက်ထားပြီး တိုင်းပြည်အကျိုးနှင့် အများပြည်သူလူထု ကောင်းစားရေးကို ပြည်တွင်းပြည်ပက မိသားစုများနှင့် ချက်ခြင်း လက်ငင်းပူးပေါင်းပြီး ဆောင်ရွက်နိုင်ပါလျက် ပျက်ကွက်နေသော စစ်အစိုးရတွင် အဓိကတာဝန်ရှိပါကြောင်း၊ သူတို့ကိုယ်တိုင်က ပြသနာများ၊ အခက်အခဲများကို ဖန်တီးထားသဖြင့် အဖြေနှင့် ဝေးနေရကြောင်း ပြည်တွင်းက သတင်းပို့သူများက မှတ်ချက်ပေးသည်။

အပြည့်အစုံ...>>

ဒွေးကွယ်လွန်ခြင်း နှစ်ပတ်လည်

“အရင်လိုပဲ သူ့အလုပ်ကိစ္စနဲ့ ခွဲနေရတယ်လို့ ပဲအောက်မေ့ပါတယ်”

““သူမရှိတော့ကတည်းက အစ်မသူ့ ရဲ့ဇာတ်ကားတွေ၊ ကြော်ငြာတွေကို ဘာတစ်ခုမှ မကြည့်တော့ဘူး။ ကြည့်မိရင် စိတ်ထဲမှာ သူဆုံးသွား တယ်ဆိုတာကို အမှတ်တရကြီး ဖြစ်နေမှာစိုးလို့ပါ။ ဒီအတိုင်း ပုံမှန် လေးပဲနေရင် အရင်လိုပဲ သူ့အလုပ် ကိစ္စနဲ့ ခွဲနေရတယ်လို့ပဲအောက်မေ့ ပါတယ်”” လို့ပြောလာသူကတော့ ကွယ်လွန်သူ အကယ်ဒမီဒွေးရဲ့ ဇနီးမမိုးမိုးပါ။ ယခုအချိန်အထိ ပြည်သူအ ချစ်တော် ဖြစ်နေတဲ့ဒွေးဟာ ဇူလိုင် ၁၁ ရက် ၂၀၀၇ ညနေ ၅ နာရီ ၀န်းကျင်ကတည်းက သူချစ်တဲ့ ပရိသတ်၊ မိသားစုနဲ့ အနုပညာတွေ ကိုအပြီးအပိုင်းစွန့်ခွာသွားခဲ့တာ အခုဇူလိုင် ၁၁ ဆိုတစ်နှစ်တိတိရှိ ပါပြီ။ သက်ရှိထင်ရှားရှိနေစဉ်အ ချိန်က ပရိသတ်စိတ်ကျေနပ်အောင် အကောင်းဆုံးအနုပညာဖန်တီးပြ ခဲ့တဲ့ ဒွေးအားလုံးကို နှုတ်မဆက် ဘဲထွက်သွားခဲ့ပေမယ့် ဒီအနေ့အ ထိသူရဲ့ပရိသတ်ကြီးကတော့ မမေ့ နိုင်ကြသေးပါဘူး။ ““ကိုသားကြီးရဲ့ အိမ်လေးကို ပဲကြည့်ပါရစေ။ ကြည့်ချင်လို့ပါ”” ““ကိုသားကြီးရဲ့ အသုံးအဆောင် လေးပဲဖြစ်ဖြစ်ပေးပါ။ အမှတ်တရ လေးသိမ်းထားချင်လို့ပါ”” ဆိုတဲ့ သူ့ပရိသတ်တွေရဲ့ လှုပ်ရှားမှုပုံရိပ်၊ အသံတွေဟာ အချိန်ထိမပြတ်သေး ပါဘူးလို့ မမိုးမိုးကပြောပါတယ်။ ““ကျွန်မက ဒွေးကိုအရမ်းကြိုက် တာ။ အခုထိပဲ။ ဒွေးဆုံးသွားပေ မယ့်အခုထိ သူ့ကားတွေကို ကြည့် တုန်းပဲ။ အရမ်းကြိုက်တဲ့ဇာတ်လမ်း တွေဆိုအပိုင်ဝယ်ထားတာ။ သူ့အ ခွေတွေကြည့်နေရရင် သူဆုံးသွား တယ်လို့မထင်ရဘူး။ ဒါပေမယ့် ဟို နေ့က သူကားကြည့်နေရင်းကနေ ပြက္ခဒိန်မှာ ဇူလိုင်လကို ကြည့်မိ တာ ၁၁ ရက်နေ့ကို မျက်စိရောက် သွားတော့ သတိရပြီးငိုလိုက်ရသေး တယ်”” လို့ဒုတိယနှစ် (ECos) ကျောင်းသူ မငြိမ်းသဉ္ဇာက ဒွေးနဲ့ ပတ်သက်ပြီး သူရဲ့ခံစားကို အခုလို ပဲပြောပြလာပါတယ်။ အကယ်ဒမီဒွေးဟာ မကွယ် လွန်မီ ၇ လကျော်က ပြင်ဦးလွင် မှာဇာတ်ကားရိုက်ကူးမှုတွေ (၇ လ လုံး) ဆက်တိုက်လုပ်ခဲ့ပါတယ်။ ၂၀၀၇ ဇွန် ၂၉ မှာ သူရဲ့အိမ်ကို ပြန်ရောက်လာပြီး ၁၄ ရက်အကြာ မှာရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဒွေးရဲ့မိသားစုတွေက ရုတ် တရက်ံနမေအ ဗအခေု နဲ့ကွယ် လွန်ခဲ့တာလို့ တရားဝင်ပြောခဲ့ပါ တယ်။ ဒွေးသေပြီးနောက်တစ်နေ့ ကစပြီး ပြည်တွင်းကဂျာနယ်စာ မျက်နှာမှာ ဒွေးရဲ့နာရေးပုံရိပ်တွေ နေရာယူခဲ့တာ တစ်လကျော်တဲ့ အထိပါပဲ။ နှစ်စဉ်မွေးနေ့တိုင်းမှာ ဘုရား ရုပ်တုတွေ လှူခဲ့တဲ့ဒွေးမရှိတော့ပေ မယ့်သူရဲ့ဇနီးမိုးမိုးက သူမရဲ့မွေး နေ့မှာ ဒွေးအတွက်ရည်စူးပြီး ဘုရား အဆူ (လာဘမုနိဘွဲ့) ၃၀၀၀ ၀န်း ကျင်ကို လေဘေးသင့်ဒေသများနဲ့ ရန်ကုန်ကသူတွေကို လှူဒါန်းသွား တယ်လို့ သိရပါတယ်။ မကွယ်လွန်မီက ညီဖြစ်သူ သားညီနဲ့ အတူလုပ်ထားတဲ့ သီ ချင်းခွေဟာလည်း နှစ်လအကြာမှာ ထွက်တော့မှာပါ။ ညီဖြစ်သူနဲ့သီ ဆိုထားတဲ့ စီးရီခွေထွက်ပြီးရင် တစ် ကိုယ်တော်နှစ်ခွေစာ ထွက်ဖို့လည်း ရှိပါသေးတယ်။ ဗီဒိုယိုဈေးကွက် ထဲမှာလည်း ဆက်လက်ထွက်ရှိ မယ့်ဇာတ်ကားတွေ တန်းစီနေပါ တယ်။ ဒွေးကွယ်လွန်ခြင်း တစ်နှစ် ပြည့်တဲ့နေ့ ၂၀၀၈ ဇူလိုင် ၁၁ ည နေမှာ သူကိုးကွယ်ခဲ့တဲ့ ချောင်းဝ ဘုန်းကြီးကျောင်းမှာ ဇနီးဖြစ်သူက အ၀တ်အစားတွေလှူမယ်လို့ သိရ ပါတယ်။ သူ့ရဲ့မိသားစုနဲ့ အချစ် တော်ပရိသတ်ကြီးက အမြဲသတိရ နေပေမယ့် ကျန်ရှိခဲ့တဲ့ အနုပညာ ရှင်တွေကတော့ သူတို့လုပ်ငန်းတွေ ကိုသာ အဆက်မပြတ်လုံးပန်းနေ တယ်လို့ အနုပညာအသိုင်းအ၀ိုင်း ကသိရပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် အထိ နေရာတစ်ခု အခိုင်အမာရခဲ့တဲ့ အ ကယ်ဒမီဒွေး သက်ရှိထင်ရှားမရှိ တော့ပေမယ့် ရန်ကုန်မြို့ရဲ့နေရာ တော်တော်များများမှာ သူပုံရိပ်တွေ၊ အသံတွေရှိနေဆဲပါ။ သူ့ပရိသတ် တွေကလည်း ကြည့်နေဆဲပါ။ သူ့ အတွက်အမှတ်တရ အင်တာဗျူး လုပ်ဖို့အချိန်မပေးနိုင်တဲ့ အနုပညာ မောင်နှမတွေလည်း ရှိ(ခဲ့) ပါတယ်။ ဘော်ထော်၊ အေးသာယာ လမ်းထဲ အမှတ် ၃၇ (C) အိမ်လေး ထဲက ဒွေးရဲ့အခန်းလေးထဲမှာ မ ဆုံးခင်အချိန်ထိ အသုံးပြုခဲ့တဲ့ ပစ္စည်းလေးတွေကတော့ အခုချိန် ထိမဆုံးခင်အချိန်တုန်းက အတိုင်း ပါပဲ .....

ပုလဲနက်မှတင်ပြသည်။

အပြည့်အစုံ...>>

ဇူလိုင်လ (၆) ရက်နေ့ ဧရာဝတီတိုင်း မြင်ကွင်း

နအဖနှင့် ကုလမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေမှုမြင်ကွင်းများ






ဓါတ်ပုံ (AP)၊ (AFP)

အပြည့်အစုံ...>>

တိုင်းရင်းသားမိဘပြည်သူများနှင့် တော်လှန်တိုက်ပွဲဝင်အင်အားစုများသို့!

နေ့စွဲ- ၂၀၀၈ခုနှစ် ဇွန်လ ၂၇ရက်နေ့စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး တော်လှန်မှုတစ်ရပ်လုပ်ဆောင်နိုင်ဖို့၊လုပ်ဆောင်ကြဖို့၊ တိုက်ပွဲဝင်ကြဖို့၊ စစ်အာဏာရှင်စံနစ်ဆိုတာဘာလဲ၊ဘယ်လိုနားလည်ထားလဲ အနည်းငယ်တင်ပြကြည့်ပါမယ်။ စံနစ်ဆိုတာရှင်းရှင်းလင်းလင်း အကျယ်တပွင့်တင်ပြရရင် ပြည်သူလူထုနားလည်နိုင်တယ်၊အချို့တင်ပြချက်တွေကြောင့်လဲ ရှုတ်ထွေးသွားနိုင်တယ်၊ ရှင်းပြတာနားမလည်ရင် စိတ်ပျက်သွားနိုင်တယ်၊ ဒီတော့အလွယ်ဆုံး ကျနော်တို့အင်အားစုတွေနားလည်ထားတဲ့ ဥပမာပေးပြီး၊ လူထုလက်တွေ့ဘ၀နဲ့ အနာဂတ်မျှော်လင့်ချက်ကြားအနီးစပ်ဆုံးဖြစ်အောင် တင်ပြကြည့်ရမယ်ဆိုရင်- လက်ရှိမြန်မာနိုင်ငံမှာနေထိုင်ကြသူတိုင်း ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ပြောရင်ပြဿနာဖြစ်မယ်ဆိုတဲ့ အတွေးဝင်နေကြတယ်၊ ရှင်းရှင်းနေနိုင်ရင်ချမ်းသာမှုရတယ်၊ ဒီအုပ်ချုပ်သူတွေနဲသွားပြီး မပတ်သက်ရင်အကောင်းဆုံးဖြစ်တယ်၊ ကိုယ်နှင့်မဆိုင်ရင် ၀င်မပါနဲ၊ ကိုယ့်မိသားစုအရေးထက်ကျန်တာဘာမှ အရေးမကြီးဘူး၊ လွတ်မြောက်လိုချင်ရင်နိုင်ငံခြားထွက်နိုင်အောင်ကြိုးစား၊ ဖိနှိပ်မှုကင်းချင်ရင် ကြံဖွတ်စွမ်းအားရှင်အဖြစ် ရပ်တည်ရှင်သန်လို့ရတယ်၊ အမှန်ကိုပြောနေတာလား၊ကိုယ်ပိုင်စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊နားလည်နိုင်လောက်တဲ့ စွမ်းရည်မဲနေကြပြီ၊ လူထုတစ်ခုလုံးအနေနဲလုံးဝမသိလို့တော့ မဟုတ်၊ တွန်းလှန်ရင် လက်ရှိ မိမိတို့ပိုင်ဆိုင်နေတဲ့ ဘ၀ပျက်သွားလိမ့်မယ် စတဲ့အတွေးပိုင်ရှင်တွေ ဖြစ်လာအောင်၊အကြောက်တရားအောက်မှာ လုပ်သင့်တာ လုပ်ချင်တာ မလုပ်ရဲအောင်၊တစ်ဦးနှင့်တစ်ဦးယုံကြည်ချက်တွေပျက်ပြားအောင်(ယုံကြည်မှု မရှိတော့ဘူး)၊မိမိကိုယ်ကိုလဲ ပြည့်ဝတဲ့ယုံကြည်မှု မရှိလာအောင်၊အသိတရားခေါင်းပါးလာအောင်၊ ကိုယ်ကျင့်တရား ဖောက်ပြန်လာအောင်၊အမှားများများလုပ်ပြီး ဘ၀ရပ်တည် ရှင်သန်ရဲလာအောင်၊နည်းအမျိုးမျိုးသုံးပြီး ဖိနှိပ်လိုက်တဲ့ အကြောင်းအရာတွေကိုစစ်အာဏာရှင်စံနစ်ရဲ့ လုပ်ရပ်တွေလို့ ခေါ်ယူလိုရပါတယ်။(စစ်အာဏာရှင်စံနစ်ဆိုတာ အထက်ပါအခြေအနေတွေ ဖြစ်အောင်ဖန်တီး၊ဖိနှိပ်အုပ်ချုပ်ထားတဲ့စံနစ်ပါ)နိုင်ငံရေးစိတ်ဝင်စားတက်ကြွသူများပြောနေတာတွေကို နားလည်တဲ့လူထုရှိသလို၊နားမလည်နိုင်တဲ့ လူထုလည်း ရှိနေသေးတယ်၊ နားလည်တဲ့အဆင့်နဲရပ်နေတာကြောင့်တော်လှန်ရေးမဖြစ်သေးတာပါ၊ မဖြစ်တော့ဘူးလို့ ပြောမရပါဘူး၊သို့သော်ယောင်လည်လည်ဦးဆောင်မှု လှုပ်ဆော်မှု ဟန်ပြစည်းရုံးရေး၊ပါတီအနိုင်ရရှိရေး၊ အာဏာတည်ဆောက်ရေး၊ စီမံချက်(ကိန်း) ဆက်လက်ရရှိရေး၊နှစ်စဉ်အစီရင်ခံစာ တင်ပြသုံးသပ်ရေး၊ နေရာ-ရာထူးတည်မြဲရေး၊လွမ်းမိုးချယ်လည်ရေး၊ စတဲ့ စိတ်ဓါတ်တွေနဲ တော်လှန်ရေးတစ်ရပ်ဖန်တီးလို့မရပါဘူး။ယနေ့တော်လှန်ရမှာက စစ်အာဏာရှင်တို့ဖန်းတီးခဲတဲ့ လုပ်ရပ်၊တည်ဆောက်ပေးခဲတဲ့ လွဲမှားတဲ့စိတ်ဓါတ်နဲ ဖောက်ပြန်တဲ့အကျင့်စာရိတ္တတွေကိုဦးစွာတော်လှန်ရမှာဖြစ်တယ်၊ဒါကလူပုဂ္ဂိုလ်တိုက်ခိုက်တော်လှန်ရေးမဟုတ်၊မိမိနဲမိမိပါတ်ဝန်းကျင်မှာဦးစွာစတင်ပြီး မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ်၊ တော်လှန်ရေးတစ်ရပ်ဖန်တီးရမှာဖြစ်တယ်၊ လူထု ၅၅သန်းကျော် အားလုံးပါဝင် လာအောင်စည်းရုံးသိမ်းသွင်း တည်ဆောက်မှ စစ်အာဏာရှင်စံနစ်ကိုတွန်းလှန်နိုင်မယ်လို့ ခံယူထားရင် တော့မှားလိမ့်မယ်။ယနေ့အချိန်အခါ အခြေအနေ၊ လူအင်အား၊ စွမ်းဆောင်ရည်၊ ပါတ်ဝန်းကျင်၊လက်ခံနိုင်မှု၊ ပါဝင်နိုင်မှု၊ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေအမျိုးမျိုးအကြံ ပေးနေကြသလို၊ နည်းနားပေါင်းများစွာလေ့လာရင်းအချိန်ကုန်မနေကြဖို့လဲလိုပါတယ်။နိုင်ငံရေး အတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေကြား ဆွေးနွေးတိုင်ပင်စည်းဝေးဆုံးဖြတ် ချမှတ်တည်ဆောက် ခဲတဲ့လမ်းစဉ်တွေ၊ ခေါင်းဆောင်ကြီးများစွာခေါ်ယူကျင်းပခဲတဲ့ညီလာခံတွေ၊ ရေးဆွဲခဲကြတဲ စီမံကိန်း၊ လှုပ်ရှားမှု၊လုပ်ငန်းစဉ်တွေ၊ နိုင်ငံတစ်ကာအသိုင်းအ၀န်းမှာ လိုက်လံစည်းရုံးလှုပ်ဆော်ခဲတဲ့ အလုပ်အဖွဲတွေ၊ ယနေ့ထက်တိုင် ထောက်ပံကူညီ ပန့်ပိုးနေတဲ့အသင်းအဖွဲပုဂ္ဂိုလ်တွေရှိနေလျက်နဲ နအဖဘာကြောင့် ဆက်လက်ရှင်သန် ဖိနှိပ်အုပ်ချုပ်နေရတာလဲ။မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊တက်ကြွစွာလှုပ်ရှားနေသူတွေ၊ ပါတီဝင်တွေ၊ တိုင်းရင်းသားခေါင်ဆောင်ကြီးများနဲ မိသားစုဝင်တွေ၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစားအလွှာအသီးသီးက မိဘပြည်သူတွေ၊ ကျောင်းသူ-သားတွေ၊ အခြေခံ နေစားအလုပ်သမားတွေ၊တပ်မတော်သားတွေ၊ ကြံဖွတ်၊ စွမ်းအားရှင် အဖွဲ့ဝင်တွေ၊ အစိုးရ၀န်ထမ်းတွေ၊စီးပွားရေးသမားတွေ၊ ပညာရေးဆိုင်ရာဝန်ထမ်း၊ ဆရာ-ဆရာမတွေ၊လက်ရှိနိုင်ငံရေးဖြစ်စဉ် ဂဃနဏသိကြလား၊ သိဖို့အခြေအနေပေးလား၊နိုင်ငံသူ-သားတိုင်း သိရင်ကောင်းတယ်၊ သိတဲ့ပုဂ္ဂိုလ်တွေလဲရှိတယ်၊ မသိဘဲနဲ့တော်လှန်ရေးထဲ မပါနိုင်ဘူးလား၊ သေချာတာကတော့ တော်လှန်သူ၊ ရဲရင့်သူတွေ၊ရှိရင် တော်လှန်ရေး ဖြစ်ပါတယ်။ညီညွတ်ကြ စည်းရုံးကြ တော်လှန်ကြ တိုက်ပွဲဝင်ကြလို့ပြောခဲ့တဲ့ခေါင်းဆောင်တွေ နအဖ အကျဉ်းစခန်းထဲ ချုပ်နှောင်မှု ခံထားကြရတယ်၊အဲဒါစုစုပေါင်း ၂၀၀၀ကျော်သော ဆန့်ကျင်ရဲသူတွေသာဖြစ်တယ်၊ ကျန်နေတဲ့ဒီမိုကရေစီ အင်အားစုတွေ ကတော့ ပေါ့ပါးတဲ့တာဝန်ယူမှုတွေနဲ ကျေနပ်နေကြတယ်၊ဒါကြောင့် တော်လှန်ရေး မဖြစ်တာဆိုပြီး လက်ခံထားသူတွေ ရှိနေပြီ၊နယ်စပ်နဲနိုင်ငံတစ်ကာမှာရောက်နေတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ဒီမိုကရေစီရရှိရေး၊ အမျိုးသားရေးလှုပ်ရှားမှု လုပ်ဆောင်နေကြတဲ့အမည်ခံခေါင်းဆောင်တွေ၊ အမည်ရပုဂ္ဂိုလ်တွေ၊ နည်းနည်းပြန်စဉ်းစားကြည့်ပါလား၊အကျဉ်းကျနေတဲ့ မျိုးဆက်လူငယ်တွေရဲ ပြတ်သားတဲ့ တိုက်ပွဲဝင်ရဲတဲ့စိတ်ဓါတ်နဲစွမ်းအား လုပ်ဆောင်နိုင်မှုတွေကိုကြည့်ပြီး အားရ၊ ဂုဏ်ပြုနေယုံတင်မဟုတ်၊ မိမိတို့ကိုယ်တိုင်စွမ်းဆောင်ရည်ရှိတဲ့ လုပ်ဆောင်ရဲတဲ့လူပုဂ္ဂိုလ်တွေဖြစ်လာအောင် ဘာလို့ မလုပ်တာလဲ မတည်ဆောက် ကြတော့ဘူးလား၊ဒီတော့ပြည်တွင်းမှာရှိတဲ့ လူထုကိုဘာလုပ်လိုက် ညာလုပ်လိုက်လို့ ပြောနေတာ၊(သို့) ပြည်ပမှာ မှေးနေပြီး၊ အာသာပြေနိုင်ငံ့အရေး လုပ်ပေးနေတာလောက်နဲ၊နအဖ စစ်အစိုးရမပြုတ်ကျနိုင်ဘူးလို နားလည်ဖို့ အချိန်ရောက်နေပါပြီ။"စစ်အာဏာရှင်စံနစ်ကိုလူထုအားနဲအမြစ်ပြတ်တော်လှန်ကြလို့" ပြောခဲကြတဲ့၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်တို့ ထောင်ထဲရပ်တည်နေခြင်းဟာစစ်အာဏာရှင်ပြုတ်ကျရေးနဲအမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်ဖြစ်တယ်။လှိုင်းတစ်ခုလို မြစ်တစင်းလို တော်လှန်လာမယ့် လူငယ်တွေရှိနေပါတယ်၊ကန့်လန့်လုပ်ပြီး စောင့်ဆွဲနေတဲ့ ဟန်ပြနိုင်ငံရေး လုပ်နေသူများရပ်တန်းကရပ်ဖို့ သင့်ပါတယ်။ ယောင်တောင်တောင်ပြောနေကြယုံနဲစစ်အာဏာရှင်အမြစ်မပြတ်၊ ပြတ်သားတဲ့လုပ်ဆောင်မှုလူထုရှေ့ရပ်တည်ဦးဆောင်နိုင်တဲ့ တော်လှန်ရဲသူတွေနဲသာတိုင်းပြည်ကိုလားရာကောင်းတဲ့ ပြောင်းလဲမှုဆီ သယ်ဆောင်သွားနိုင်မှာဖြစ်တယ်။ဘယ်လို လူထုပါဝင်လာအောင် ရှင်းပြရမှာလဲ၊အနာဂတ်မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ လူထုကိုရှင်းရမှာက -စစ်အာဏာရှင်စံနစ်အမြစ်ပြတ်တွန်းလှန်ပြီးရင်၊ မိဘပြည်သူလူထုရရှိမယ့်လက်တွေ့ရလဒ်ကတော့ နိုင်ငံသားတိုင်းအလုပ်ရရှိမယ်(မိမိစွမ်းရည်၊ပညာ၊လုပ်ဆောင်မှု၊တပ်ကျွမ်းမှုနဲထိုက်တန်တဲ့)၊၀င်ငွေနဲမျှတတဲ့ ပညာရေး၊ ကျန်းမာရေး စံနစ်ရှိစေရမယ်၊ သက်ကြီးရွယ်အိုများဆင်းရဲနွမ်းပါးသူများအတွက် လူမှုအထောက်အကူပြုစံနစ်ရှိစေရမယ်၊ ဒီတော့လတ်တလော အကျိုးခံစားရမှာကလူထုဖြစ်တယ်၊ (ဘယ်ပါတီဝင်၊ဘယ်အဖွဲဝင်မှမဟုတ်ပါဘူး) အမုန်းဒေါသဖြစ်နေရတဲ့ လူထု၊အကြောက်တရားနဲအသက်ရှင်သန်ခဲ့ရတဲ့ လူထု၊ လွတ်လပ်မှု-တရားမျှတမှုမဲ့နေခဲ့ရတဲ့လူထုဘ၀တွေကနေ လွတ်မြောက်ကြဖို့ တော်လှန်ရေးကို ရက် (၉၀) အတွင်းအကောင်အထည် ဖော်မှာဖြစ်တယ်။ပြည်သူလူတစ်ရပ်လုံးပါဝင်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေး၊ လွတ်မြောက်ရေးလှုပ်ရှားမှု ငါတို့အင်အားစုတွေနဲ့အတူ - ရက်၉၀အတွင်း တိုက်ပွဲပြင်ကြ၊တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်ပြုတ်ကျသည်အထိ ငါတို့အသက်စွန့် ဘ၀ပေး တော်လှန်တိုက်ပွဲဝင်သွားမယ်ဆိုတာ ဂတိပြုလိုက်တယ်၊ တိုက်ပွဲဝင်ရန် တော်လှန်ရန်ဖိတ်ခေါ်လိုက်တယ်။
နအဖ စစ်အာဏာရှင်လူတစ်စုဘာတွေလုပ်နိုင်ချေရှိလဲ?- ဖမ်းဆီးပိတ်ဆို့မယ်၊ ရိုက်နှက်ခြိမ်းချောက်မယ်၊ သတ်ဖြတ်ချေးမှုန်းမယ်၊ဘယ်လောက်လုပ်နိုင်မလဲ? တချက်လောက် ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ကြပါ။- ထောင်တွေပြည့်သွားမှာပေါ့ (ရဲရင့်သူ လူငယ် တစ်သောင်းလောက်ရန်ကုန်မှာလှုပ်ရှားပြီး၊ နိုင်ငံအ၀ှမ်း လူဦးရေငါးသောင်းလောက်ပါဝင်တိုက်ပွဲဝင်ရင်…)။- ဖိနှိပ်မှု လုပ်ဆောင်ပေးရမယ့် ၀န်ထမ်းတွေ၊ ပစ်ခတ်ရမယ့် စစ်သားတွေ၊၀ိုင်းရိုက်ရမယ့် ကြံဖွတ်၊ စွမ်းအားရှင်၊ လှုံထိန်းတွေ၊(အလုပ်မဆင်းခဲကြရင်၊ မိမိအိမ်မှာအကြောင်းပြချက်တစ်ခုခုနဲရပ်တည်နေကြရင်၊ခွင့်ယူထားကြရင်)- အမိန့်ပေးမယ့် ထိပ်ဆုံးကလူတစ်ယောက်၊ပြီးတော့ ဗိုလ်ချုပ်၊ ဗိုလ်မှုးတစ်ရာ၊ တစ်ထောင်နဲ့ (ထောင်၊သောင်း၊သိန်းချီနေတဲ့ လူထုကို)ဘယ်လိုဖိနှိပ်နိုင်မှာလဲ?- (ပစ်ခတ်လက်နက် ရှိယုံနဲ့ ကျည်မထွက်ပါဘူး) တပ်မတော်သားတွေဆုံးဖြတ်ရမယ့်နောက်ဆုံးအချိန်ပါ။
တိုက်ပွဲအတွက်ခောက်အဆက်ဆက်ရင်းနှီးခဲကြတဲ့ သူရဲကောင်းတွေသောင်းချီနေပါပြီ၊ တကြီမ်တစ်ခါ ပြတ်ပြတ်သားသားအရင်းအနှီးကြီးကြီးပေးရဲတယ်ဆိုရင်၊ ငါတို့ရည်မှန်းချက်ပန်းတိုင်ရောက်မှာသေချာတယ်။ ပေးဖို့အစဉ်သင့်ပြင်ကြရမယ်။ အဓိကလိုအပ်တာကမိမိတို့ရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာခိုင်မာမှုဖြစ်တယ်။ ဒါကလဲ အတွေးရှင်းရင်အလုပ်ရှင်းရှင်း ဆောင်ရွက် နိုင်တယ်။ မိမိကိုယ့်ကို (ငါတို့ကိုယ်ငါတို့)ယုံကြည်ဖို့လိုတယ်။ ရဲရင့်သူတွေအတွက် အောင်ပွဲရှိတယ်။ တိုက်ရဲသူတွေ အတွက်ပန်းတိုင်ရှိတယ်။ သေသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဗီမှန်ရှိတယ်။သွေး၊ချွေး၊ဘ၀ ပေးဆပ်စွန့်လွှတ်သူတွေ အတွက် သမိုင်းမှတ်တမ်းရှိတယ်၊တိုင်းရင်းသား မိဘပြည်သူလူထုအတွက် အနာဂတ်မျှော်လင့်ချက်ရှိဖို့ငါတို့ရဲဝင့်စွာ တော်လှန်ကြစို့!
ကိုညီတော်လှန်အင်အားစုများကိုယ်စားရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ

ပို့ဆောင်ပေးသော မျိုးချစ်ကို ကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံ...>>

ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ

လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။
မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။
အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။
ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။
ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….
ကိုထိုက်ဘလောက်မှ

အပြည့်အစုံ...>>

ဝေစား မျှစား၊ သူတောင်းစားများ


အပြည့်အစုံ...>>

နိုင်ငံခြားသားများတည်းခိုသည့် ဟိုတယ်များကို မကြာခဏစစ်ဆေးနေ

တင့်လွင်/ရန်ကုန် ဇူလိုင် ၁၊ ၂၀၀၈ (ဧရာဝတီ)
ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် ဧည့်သည်မရှိချိန် အခန်းတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကြောင်း နိုင်ငံခြားသား ဧည့်သည်များက ပြောသည်။
ယခုလဆန်းပိုင်းက ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ ဂရင်းပလာဇာ ဟိုတယ်တွင် တည်းခိုခဲ့သော ပြင်သစ် အမျိုးသမီးတဦး က ၎င်းမရှိချိန်တွင် အခန်းတွင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးထားကြောင်း တွေ့ရသည်ဟု ပြောပြသည်။
“ကျမအပြင်ကပြန်ရောက်လာတော့ အခန်းထဲမှာ ပုံမှန်မဟုတ်တာတွေ့ရတယ်။ လက်ဆွဲ သေတ္တာကို စစ်ဆေးကြည့်တော့ ပွင့်နေတယ်။ ပစ္စည်းတွေတော့ ဘာတခုမှမပျောက်ပါဘူး” ဟု သူမက ပြောသည်။
သူမက ၄င်းဟိုတယ်တွင် ရောက်ရှိပြီး ဒုတိယနေ့တွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
လွန်ခဲ့သည့် မေလကုန်ပိုင်းခန့်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဟောင်ကောင်နိုင်ငံသား တဦးကလည်း ၄င်း မသိရှိဘဲ အခန်းအတွင်းသို့ ၀င်ရောက် ရှာဖွေနေသူတဦးကို တွေ့ကြုံရကြောင်း ပြော သည်။
“အခန်းထဲဝင်လိုက်တော့ မထင်မှတ်ဘဲ လူတယောက်ကိုတွေ့လိုက်ရ တယ်။ ဘာလုပ်တာလဲလို့မေးလိုက်တော့ လုံခြုံရေး (Security)လို့ အဲဒီလူကပြန်ပြောတယ်။ တခန်းလုံး ဟိုကြည့်ဒီကြည့်နဲ့ ခုတင်အောက်တောင် မချန်ဘူး။ သူ့ကြည့်ရတာလည်း ဟိုတယ်ဝန်ထမ်း ဟုတ်ပုံမရဘူး” ဟု အဆိုပါ ဟောင်ကောင်နိုင်ငံသား က ဆိုသည်။
ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများသို့ လာရောက်တည်းခိုသော ဧည့်သည်မှတ်တမ်းများနှင့်စာရင်းများကိုလည်း သက်ဆိုင်ရာ မ.ယ.က၊ ရဲစခန်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံသို့ နေ့စဉ်ပေးပို့ရသည်ဟု ဟိုတယ် ၀န်ထမ်းတဦးက ပြော သည်။
“ဟိုတယ်မှာရှိတဲ့ ဧည့်သည်စာရင်းကို နေ့တိုင်းပို့ပေးရတယ်။ သူတို့မသင်္ကာလို့စစ်ဆေးချင်ရင် တပ်က ဒု ဗိုလ်မှူးကြီး တစ်ယောက်နဲ့ သူ့အဖွဲ့တွေလာတယ်။ ဟိုတယ်ဝန်ထမ်းတွေကတော့ အခန်းလိုက်ပြရုံပါပဲ။ သူတို့စစ်ဆေးချင်တဲ့ အခန်းကို ဖွင့်ပေးရတယ်” ဟု ၄င်းဟိုတယ် ၀န်ထမ်းကပြောပြသည်။
ပြင်သစ်အမျိုးသမီး ဧည့်သည်ကမူ “လူမရှိတုန်းအခန်းထဲဝင်ရောက်ရှာဖွေတာဟာ ပုဂ္ဂလိကလွတ်လပ်ခွင့် ကိုထိပါး တာပါပဲ။ နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ ဟိုတယ်တခုအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စပါ”ဟု ပြောဆိုသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်သတင်းယူခဲ့ကြပြီး နိုင်ငံတကာ ရုပ်မြင်သံကြားသတင်းများတွင် မြန်မာနိုင်ငံ ၏ မုန်တိုင်းသတင်းများကိုပြန်လည် ထုတ်လွှင့်ခဲ့သည့်အတွက် မေလ ၁၁ ရက် နေ့ မှ စတင်ကာ နိုင်ငံခြားသားများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ယခုလ ၂၂ ရက်တွင် ကိုရီးယား အမျိုးသမီး အလွတ်သတင်းထောက် Lee Yu Kyong ကို ပြန်လည် နှင်လွှတ်ခဲ့ပြီး မေလ ၅ ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက် ရှိလာသော ဘီဘီစီ သတင်းထောက် Mr. Andrew Willam Harding ကို မြန်မာစစ်အာဏာပိုင်များက အဝင်မခံဘဲ လေဆိပ် မှ ပြန်လည် နှင်လွှတ်ခဲ့သည်။
အလားတူ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းက စီအင်အင်သတင်းထောက်နှင့် တိုင်းမဂ္ဂဇင်း သတင်းထောက်များကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။
ထိုအချိန်မှစတင်ပြီး ဟိုတယ်များရှိဧည့်သည် စာရင်းများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ထံသို့ပုံမှန်ပေး ပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည့်အစုံ...>>

အားလုံးဘဲနားထောင်ကြည့်ပါ

http://www.fileden.com/files/2008/7/1/1983929/aa.MP3

အပြည့်အစုံ...>>

ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲ

NEJ/ ၁ ဇူလိုင် ၂၀၀၈

ယနေ့နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်၊ ကြံ့ဖွံ့ရုံးတွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာမရှိဘဲ စုံစမ်းစစ်ဆေးနေကြောင်း ကျောက် တံတားမြို့နယ် တာဝန်ကျ ရဲတဦးက ပြောသည်။
ဧပြီ (၂၀) ရက် က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၄) နေရာ၊ ဒဂုံမြို့နယ်၊ လမ်းမတော် မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ။

အပြည့်အစုံ...>>

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်များနှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်

NEJ/ ၃၀ ဇွန် ၂၀၀၈

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) စခန်းအား ယနေ့နံနက် (၄) နာရီမှ စတင်ကာ ဒီကေဘီအေနှင့် နအဖတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံး များရှိပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒုတိယဗိုလ်မှူးကြီးတဦးက "ဒီမနက် (၄) နာရီကနေ စပြီးတော့ တပ်ရင်း (၂၀၁) ရှိတဲ့ ဝေါ်လေခီးဂွင်ကို နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးအတွက် လာတိုက်တာဖြစ်တယ်။ အခုအချိန်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။ ဒီညပိုင်းမှာတော့ အခြေအနေ ဘယ်လိုလာအုံးမလဲ မသိ သေးဘူး" ဟု ပြောသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) တို့ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ မသန်မစွမ်း စစ်သည် နှစ်ဦး ဖမ်းဆီးခံရကာ တဦးမှာ လက်နက်ကြီးကျည်စ မှန်၍ ကျဆုံးသွားသည်။ ဒီကေဘီအေနှင့် မြန်မာစစ်တပ်ဘက်မှ အသေအပျောက်စာရင်း မသိရှိရသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စခန်းများသည် ခံစစ်ရှင်ပြောက်ကျားစနစ်အား အသုံးပြုလျှက်ရှိပြီး တပ်ရင်း (၂၀၁) ဝေါ်လေခီးစခန်းအား ဒီကေဘီအေနှင့် မြန်မာစစ်တပ်များ ယခင်ကလည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။
ယခုတိုက်ပွဲနှင့်ပတ်သက်၍ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့ တပ်ရင်း (၉၀၇) သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။

အပြည့်အစုံ...>>