နေကြတ်ခြင်းလကြတ်ခြင်းကို မြန်မာနိုင်ငံမှတွေ့မြင့်နိုင်

၂၉၊ဇူလိုင်၊ ၂၀၀၈


၂၀၀၈ခုနှစ် သြဂုတ်လအတွင်း လကွယ်ခြင်းနှစ်ကြိမ်ကြုံတွေ့မည်ဖြစ်သော် လည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း နေကြတ်မှုဖြစ်စဉ်ပြီးမှသာ လကြတ်မှုဖြစ် ပေါ်မည်ဖြစ်သဖြင့် နက္ခတ်ဗေဒင်ပညာသဘောအရ မကောင်းသောအကျိုး ဆက်များ ဖြစ်ပေါ်နိုင်မည်မဟုတ်ဟု သိရသည်။ လွန်ခဲ့သည့်(၁၀)နှစ် ၁၉၈၈ခုနှစ်၌ သြဂုတ်လအတွင်း လကြတ်မှုဖြစ်စဉ်ပြီးမှ နေတြတ်ခဲ့ပြီး ထိုစဉ်က နေကြတ်လကြတ်ဖြစ်စဉ်မှာ ပုံမှန်မဟုတ်ပဲ ပြောင်းပြန်ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ နက္ခတ်ဗေဒင်သင်တန်းကျောင်းတစ်ခုမှ ဆရာတစ်ဦးက ပြောကြားသည်။ နက္ခဗေဒင်နည်းအရ သဘာဝဘေးအန္တရယ်တစ်ခု ကျရောက်ပြီး နောက်(၆)လအတွင်း နောက်ထပ်မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လာမည့်သြဂုတ်လအတွင်းဖြစ်ပေါ်မည့် နေကြတ်ခြင်းနှင့်လကြတ်ခြင်းကို မြန်မာနိုင်ငံကနေ မြင်တွေ့နိုင်မည်ဟု လည်း သိရသည်။
နေကြတ်မည့်အချိန်မှာ သြဂုတ် ၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၂၀)မှ နေဝင်ချိန်အထိ ဖြစ်ပြီး အပြည့်အဝနေကြတ်မှာဖြစ်သည်။ နေဝင်ချိန်ဖြစ်သောကြောင့် သိသာထင်ရှားစွာ မြင်နိုင်ဖို့ မလွယ်ကူ ပေမယ့် ကမ်းခြေလိုဒေသတွေကနေတော့ သိသိသာသာမြင်နိုင်မှာဖြစ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဌာနမှ ပြောကြားသည်။ လတြတ်မည့်အချိန်မှာ သြဂုတ် ၁၇ ရက်ည သန်းခေါင်ယံနောက်ပိုင်းမှ နောက်တစ်နေ့ သြဂုတ်လ ၁၈ ရက် နံနက်(၆)နာရီကျော်တဲ့အချိန်ထိ ဖြစ်ကြောင်းသိရသည်။ အဆိုပါနေ့မှာ လပြည့်ကျော် တစ်ရက်နေ့ဖြစ်ပြီး အပြည့်အဝ လကြတ်ခြင်းဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံးက ထင်ရှားစွာမြင်နိုင်မှာ ဖြစ်သည်။ နက္ခတ်ဗေဒင်ပညာသဘောအရ ၂၀၀၈ခုနှစ်သည် မြန်မာနိုင်ငံအတွက် အလွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။

ပုလဲနက်

Comments :

0 comments to “နေကြတ်ခြင်းလကြတ်ခြင်းကို မြန်မာနိုင်ငံမှတွေ့မြင့်နိုင်”