၁ ဇွန်လ ၂၀၀၉။
က္ဈန်ုပ်၏စိတ်ထဲ၌ ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းအကျဉ်းချပြီး တရားစွဲဆိုနေခြင်းအတွက် က္ဈန်ုပ်၏မွေးသမိခင်အရင်း ကြုံတွေ့ခံစားနေရသကဲ့သို့ ပူပန်ဆင်းရဲခြင်းကြီးစွာ ခံစားရသော်လည်း ၊ နောက်ထပ်ပေါ်ပေါက်လာသည့် ခံစားမှူ့ကြောင့် ရှေ့မဝေးသောကာလအတွက် အားမာန်တို့ပြန်လည် တက်ကြွရပြန်သည် ။ ဒေါ်အောင်ဆန်းစုကြည်ဆိုသော သူမသည် က္ဈန်ုပ်တစ်ယောက်တည်း၏ မိခင်သာ မဟုတ်ပါလား ။
အနာဂါတ်တိုင်းပြည် ငြိမ်းချမ်းသာယာတိုးတက်ရေးအတွက် သူ့ဘဝကို အနစ်နာခံကာ ၊ ယုံကြည်ချက်အတွက် ရဲရဲဝံ့ဝံ့ နောက်မဆုတ်တမ်း လုပ်ဆောင်နေသော သူ ၊ ဆင်းရဲချမ်းသာ ကြီးငယ်မရွေး ဘာသာလူမျိုးတွေ ဘယ်လောက်ပင်ကွဲပါစေ ၊ ပြည်သူအားလုံး ကြည်ဖြူစွာပေးအပ်သော ယုံကြည်လေးစားမြတ်နိုးမှူကို ရရှိသော သူ ၊ ဖိနှိပ်ချုပ်ချယ်မှူမျိုးစုံအား ခိုင်မာသောစိတ်ဓါတ်နှင့် ပြည်သူတစ်ရပ်လုံးရှေ့မှ ရဲဝံ့စွာဦးဆောင်နေသော သူသည် အနာဂါတ်တိုင်းပြည်၏ မိခင်ဖြစ်ကြောင်း သတိရမိသည်မှာ ၊ ယခုဖြစ်ရပ်အပေါ် ဒေသအသီးသီးမှ ပြည်သူအများ၏ အသည်းနှလုံးတွင် ကြိမ်မီးအုံးထားသကဲ့သို့ ယခင်ကနှင့်မတူ နိုးကြားစွာနှင့် အမေ့သတင်းကို နားစွင့်နေရင်း အံ့ကိုကြိတ်ကာ တောက်ခေါက်နေသံတွေ ကျယ်လောင်စွာကြားလာရ၍ မြန်မာတွေနိုးကြားပြီဟု ဝမ်းမြောက်စွာမြင်နေရသောကြောင့် ဖြစ်သည် ။ နအဖအာဏာရူးကြီးများသည် သမိုင်းကြောင်းအားမေ့ကာ ၎င်းတို့၏ကံကြမ္မာအား ၎င်းတို့ကိုယ်တိုင် ဇာတ်သိမ်းခန်းရေးရန် ပြင်ဆင်နေကြလေသည် ။ မိသားစုများနှင့် ဝမ်းရေးကြောင့် အာဏာရူးနှင့်နောက်လိုက်များ၏ မတရားဖိနှိပ်များကို ကာလအတော်ကြာ မျက်စေ့မှိတ်လက်ရှောင်နေရင်းမှ ကြောက်ရွံ့ခြင်းတွင် အိပ်မောကြသွားသော ပြည်သူတို့အား ပြည်သူအားလုံးပေါင်းစုစည်းထားသည့် တစ်ခုတည်းသောနှလုံးသားကို နှိပ်စက်ညှင်းပန်းခြင်းဖြင့် ပြန်လည်နိုးထစေခဲ့ပြီ ဖြစ်သည် ။ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ နှိင်းဆမရအောင် ညီညာစွာ ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးမှူ့အား အာဏာရူးများ အမှတ်တရားမရှိ လျှော့တွက်ကြပြန်သည် ။ဒင်းတို့၏လက်နက်နှင့်ဖိနှိပ်မှူ့များဖြင့် ဒင်းတို့သာအနိုင်ရမည်ထင်၍ ကျင်းပပေးခဲ့သော ၁၉၉၀ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ၉၀%ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရစေရန် ထောက်ခံဆန္ဓမဲပေးခြင်းဖြင့် ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားမှူ့ ၊ ချစ်ခင်မြတ်နိုးမှူ့မည်မျှရှိသည်ကို ဘာသာလူမျိုးပေါင်းစုံသော ပြည်သူလူထုတစ်ရပ်လုံးမှ ပြသခဲ့ကြသည်ကို ဒင်းတို့မေ့နေကြလေပြီ ။အမေရောက်လေရာ ဒေသအသီးသီးမှာ လူထုကလှိုက်လဲစွာနဲ့ ကြိုဆိုနေကြတာကို မေ့နေလျော့သလား ။မဖြစ်နိုင်ပါ ၊ အမေ့ကို ပြည်သူတွေဘယ်လောက်ချစ်ပြီး ယုံကြည်တယ်ဆိုတာသိလို့ အမေ့ကိုကြောက်ပြီး အမျိုးမျိုးအကြောင်းရှာ အကျဉ်းချဖို့ဖန်တီးနေကြတာပါ ။ဒင်းတို့ပြုထားတဲ့ ရာဇဝတ်မှူပေါင်းများစွာကို ပြန်လည်ရင်မဆိုင်ရရေးအတွက် အာဏာရှင်ဘဝကို ဆုံးရှုံးရမှာကြောက်၍ အမေ့အား နှိပ်စက်အကျဉ်းချနေခြင်းဖြစ်သည် ။အရှက်ကင်းမဲ့စွာနှင့် မတရားအမှူဆင်သည်မှာ ကမ္ဘာတွင်လူရီစရာပင်ဖြစ်တော့သည် ။ နေအိမ်တွင် အစောင့်အထပ်ထပ်နှင့် ဖမ်းချုပ်နေခံရသူကို ၊ သူသဘောနှင့်သူ လူတစ်ယောက် ကျုးကျော်ဝင်တွေ့မှူမှာ ၊ အိမ်ရှင်အကျုးကျော်ခံရသူဟာ တရားအစွဲခံရပါသတဲ့ ၊တာဝန်ရှိလုံခြုံရေးများ ဘယ်ရောက်သွားပါသလဲ ။ဥပဒေကိုပြောင်းပြန်လှန်၍ အမေ့ကို ထောင်သွင်းအကျဉ်းချခြင်းနဲ့နအဖအာဏာရှင်ကြီးတွေ သူ့ရာဇဝင်သူ ရေးလိုက်ပါပြီကွဲ့ ။ကဲ.......အရေးဆိုမောင်းတီး ခေါ်ရန်မလိုသော မြန်မာပြည်သား ညီနောင်အများတို့ရေ ၊ ဒို့အနာဂါတ်အတွက် ဆောင်ရွတ်နေသော အမေ့အား ၊ ဒင်းတို့ မတရား အကျဉ်းချနေပြန်ပြီကွယ် ။အမေ့အသက် အမေ့အရွယ်နဲ့ ဒို့အတွက် အကျဉ်းကျခံနေတာလည်း များလွန်းလှပြီမို့အမေ့ကို ဒို့ရှက်စရာ ကောင်းလွန်းပါတယ် ။အမေနဲ့တိုင်းပြည်အတွက် အချိန်မနှောင်းရသေးခင်မှာမြန်မာပြည်ဖွား အမေ့သားတွေရဲ့ သတ္တိကိုပြရန်သင့်ပြီဟေ့ ဒီတစ်ခါ ဖက်ဆစ်အာဏာရူးတွေကိုဒို့အသက်စွန့် တော်လှန်ကြပါစို့ရဲ့ကိုယ်ကျိုးအတွက် မငဲ့ကွက်နေပဲ ထွက်ခဲ့ကြပါတော့လို့ရဟန်းရှင်လူပြည်သူများ နဲ့ လူငယ်သူရဲကောင်း အပေါင်းကိုဒေါင်းအလံတော်အောက်မှာ စုစည်းပြီးမိမိဒေသအသီးသီးမှာ ညီညီညာချီတက်ရင်းနဲ့ဖက်ဆစ်အာဏာရှင်တွေကို တော်လှန်ရေးစကြဖို့အရေးတော်ပုံ စတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ရပါသည်ခင်ဗျား။
ဆန္ဓပြရင် နောက်ကနေ တစ်ခြားလူတွေ ဆက်လိုက်လာပါ့မလားဆိုပြီး ပြည်တွင်းကစိုးရိမ်တဲ့သူတစ်ယောက်ရဲ့ပေးစာ
ဆန္ဒပြရင် နောက်ကနေ တစ်ခြားလူတွေ ဆက်လိုက်လာပါ့မလားဆိုပြီး ပြည်တွင်းကစိုးရိမ်တဲ့သူတစ်ယောက်ရဲ့ပေးစာ
၁ ဇွန်လ ၂၀၀၉။
က္ဈန်ုပ်၏စိတ်ထဲ၌ ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းအကျဉ်းချပြီး တရားစွဲဆိုနေခြင်းအတွက် က္ဈန်ုပ်၏မွေးသမိခင်အရင်း ကြုံတွေ့ခံစားနေရသကဲ့သို့ ပူပန်ဆင်းရဲခြင်းကြီးစွာ ခံစားရသော်လည်း ၊ နောက်ထပ်ပေါ်ပေါက်လာသည့် ခံစားမှူ့ကြောင့် ရှေ့မဝေးသောကာလအတွက် အားမာန်တို့ပြန်လည် တက်ကြွရပြန်သည် ။ ဒေါ်အောင်ဆန်းစုကြည်ဆိုသော သူမသည် က္ဈန်ုပ်တစ်ယောက်တည်း၏ မိခင်သာ မဟုတ်ပါလား ။
အနာဂါတ်တိုင်းပြည် ငြိမ်းချမ်းသာယာတိုးတက်ရေးအတွက် သူ့ဘဝကို အနစ်နာခံကာ ၊ ယုံကြည်ချက်အတွက် ရဲရဲဝံ့ဝံ့ နောက်မဆုတ်တမ်း လုပ်ဆောင်နေသော သူ ၊ ဆင်းရဲချမ်းသာ ကြီးငယ်မရွေး ဘာသာလူမျိုးတွေ ဘယ်လောက်ပင်ကွဲပါစေ ၊ ပြည်သူအားလုံး ကြည်ဖြူစွာပေးအပ်သော ယုံကြည်လေးစားမြတ်နိုးမှူကို ရရှိသော သူ ၊ ဖိနှိပ်ချုပ်ချယ်မှူမျိုးစုံအား ခိုင်မာသောစိတ်ဓါတ်နှင့် ပြည်သူတစ်ရပ်လုံးရှေ့မှ ရဲဝံ့စွာဦးဆောင်နေသော သူသည် အနာဂါတ်တိုင်းပြည်၏ မိခင်ဖြစ်ကြောင်း သတိရမိသည်မှာ ၊ ယခုဖြစ်ရပ်အပေါ် ဒေသအသီးသီးမှ ပြည်သူအများ၏ အသည်းနှလုံးတွင် ကြိမ်မီးအုံးထားသကဲ့သို့ ယခင်ကနှင့်မတူ နိုးကြားစွာနှင့် အမေ့သတင်းကို နားစွင့်နေရင်း အံ့ကိုကြိတ်ကာ တောက်ခေါက်နေသံတွေ ကျယ်လောင်စွာကြားလာရ၍ မြန်မာတွေနိုးကြားပြီဟု ဝမ်းမြောက်စွာမြင်နေရသောကြောင့် ဖြစ်သည် ။ နအဖအာဏာရူးကြီးများသည် သမိုင်းကြောင်းအားမေ့ကာ ၎င်းတို့၏ကံကြမ္မာအား ၎င်းတို့ကိုယ်တိုင် ဇာတ်သိမ်းခန်းရေးရန် ပြင်ဆင်နေကြလေသည် ။ မိသားစုများနှင့် ဝမ်းရေးကြောင့် အာဏာရူးနှင့်နောက်လိုက်များ၏ မတရားဖိနှိပ်များကို ကာလအတော်ကြာ မျက်စေ့မှိတ်လက်ရှောင်နေရင်းမှ ကြောက်ရွံ့ခြင်းတွင် အိပ်မောကြသွားသော ပြည်သူတို့အား ပြည်သူအားလုံးပေါင်းစုစည်းထားသည့် တစ်ခုတည်းသောနှလုံးသားကို နှိပ်စက်ညှင်းပန်းခြင်းဖြင့် ပြန်လည်နိုးထစေခဲ့ပြီ ဖြစ်သည် ။ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ နှိင်းဆမရအောင် ညီညာစွာ ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးမှူ့အား အာဏာရူးများ အမှတ်တရားမရှိ လျှော့တွက်ကြပြန်သည် ။ဒင်းတို့၏လက်နက်နှင့်ဖိနှိပ်မှူ့များဖြင့် ဒင်းတို့သာအနိုင်ရမည်ထင်၍ ကျင်းပပေးခဲ့သော ၁၉၉၀ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ၉၀%ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရစေရန် ထောက်ခံဆန္ဓမဲပေးခြင်းဖြင့် ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားမှူ့ ၊ ချစ်ခင်မြတ်နိုးမှူ့မည်မျှရှိသည်ကို ဘာသာလူမျိုးပေါင်းစုံသော ပြည်သူလူထုတစ်ရပ်လုံးမှ ပြသခဲ့ကြသည်ကို ဒင်းတို့မေ့နေကြလေပြီ ။အမေရောက်လေရာ ဒေသအသီးသီးမှာ လူထုကလှိုက်လဲစွာနဲ့ ကြိုဆိုနေကြတာကို မေ့နေလျော့သလား ။မဖြစ်နိုင်ပါ ၊ အမေ့ကို ပြည်သူတွေဘယ်လောက်ချစ်ပြီး ယုံကြည်တယ်ဆိုတာသိလို့ အမေ့ကိုကြောက်ပြီး အမျိုးမျိုးအကြောင်းရှာ အကျဉ်းချဖို့ဖန်တီးနေကြတာပါ ။ဒင်းတို့ပြုထားတဲ့ ရာဇဝတ်မှူပေါင်းများစွာကို ပြန်လည်ရင်မဆိုင်ရရေးအတွက် အာဏာရှင်ဘဝကို ဆုံးရှုံးရမှာကြောက်၍ အမေ့အား နှိပ်စက်အကျဉ်းချနေခြင်းဖြစ်သည် ။အရှက်ကင်းမဲ့စွာနှင့် မတရားအမှူဆင်သည်မှာ ကမ္ဘာတွင်လူရီစရာပင်ဖြစ်တော့သည် ။ နေအိမ်တွင် အစောင့်အထပ်ထပ်နှင့် ဖမ်းချုပ်နေခံရသူကို ၊ သူသဘောနှင့်သူ လူတစ်ယောက် ကျုးကျော်ဝင်တွေ့မှူမှာ ၊ အိမ်ရှင်အကျုးကျော်ခံရသူဟာ တရားအစွဲခံရပါသတဲ့ ၊တာဝန်ရှိလုံခြုံရေးများ ဘယ်ရောက်သွားပါသလဲ ။ဥပဒေကိုပြောင်းပြန်လှန်၍ အမေ့ကို ထောင်သွင်းအကျဉ်းချခြင်းနဲ့နအဖအာဏာရှင်ကြီးတွေ သူ့ရာဇဝင်သူ ရေးလိုက်ပါပြီကွဲ့ ။ကဲ.......အရေးဆိုမောင်းတီး ခေါ်ရန်မလိုသော မြန်မာပြည်သား ညီနောင်အများတို့ရေ ၊ ဒို့အနာဂါတ်အတွက် ဆောင်ရွတ်နေသော အမေ့အား ၊ ဒင်းတို့ မတရား အကျဉ်းချနေပြန်ပြီကွယ် ။အမေ့အသက် အမေ့အရွယ်နဲ့ ဒို့အတွက် အကျဉ်းကျခံနေတာလည်း များလွန်းလှပြီမို့အမေ့ကို ဒို့ရှက်စရာ ကောင်းလွန်းပါတယ် ။အမေနဲ့တိုင်းပြည်အတွက် အချိန်မနှောင်းရသေးခင်မှာမြန်မာပြည်ဖွား အမေ့သားတွေရဲ့ သတ္တိကိုပြရန်သင့်ပြီဟေ့ ဒီတစ်ခါ ဖက်ဆစ်အာဏာရူးတွေကိုဒို့အသက်စွန့် တော်လှန်ကြပါစို့ရဲ့ကိုယ်ကျိုးအတွက် မငဲ့ကွက်နေပဲ ထွက်ခဲ့ကြပါတော့လို့ရဟန်းရှင်လူပြည်သူများ နဲ့ လူငယ်သူရဲကောင်း အပေါင်းကိုဒေါင်းအလံတော်အောက်မှာ စုစည်းပြီးမိမိဒေသအသီးသီးမှာ ညီညီညာချီတက်ရင်းနဲ့ဖက်ဆစ်အာဏာရှင်တွေကို တော်လှန်ရေးစကြဖို့အရေးတော်ပုံ စတင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ရပါသည်ခင်ဗျား။
''စည်းကမ်းပြည့်ဝသော သတင်းများကို ပြန်လည်တုံ့ပြန်ခြင်း''
၂၄ ဇ္န၀ါရီ ၂၀၀၉။ နေသန်မောင်
ကိုစိန်ဝင်းရေ ...ညစ်ညမ်းသီချင်းတွေ မြန်မာပြည်မှာ တရားမဝင် ပျံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က မဇိမသတင်းမှာ ကျနော်ရေးလိုက်တဲ့ ဆောင်းပါးအပေါ် ကန့်ကွက်သံတွေ ပလူပျံအောင် ထွက်လာခဲ့ပါတယ်။ ထောက်ခံတဲ့အမြင်ရှိသူတွေထက်စာရင် ကန့်ကွက်တဲ့အမြင်က အပုံကြီးများတယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ထွက်လာတဲ့အမြင်တွေအနက် လူပုဂိုလ်အပေါ် ပြန်လည်ဝေဖန်တဲ့ အချက်တွေကို တုံ့ပြန်စရာမရှိပေမယ့် ကျနော့်ဆောင်းပါးရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ပြန်ရှင်းပြဖို့တော့ လိုလာပြီလို့ ခံစားရပါတယ်။တုံ့ပြန်မှုအများစုကတော့ ဂျောက်ဂျက်ရဲ့ သီချင်းစာသားတွေက ဘယ်လောက် ရိုင်းစိုင်းတယ်၊ ဘယ်လောက် ဒီဂရီအထိကို ညစ်ညမ်းတယ်၊ ဒီလိုညစ်ညမ်းမှုတွေကို မြန်မာ့လူ့အသိုင်းအဝိုင်းအနေနဲ့ လက်ခံလို့ မရဘူး၊ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး၊ ဒီသီချင်းတွေကို နားထောင်မိတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးသူငယ်တွေအတွက် စာရိတပိုင်းဆိုင်ရာမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာမယ်၊ အမျိုးသမီးတွေအပေါ် အပြင်းအထန်တိုက်ခိုက်ထားတယ်၊ သတင်းသမားတွေဟာ တိုင်းပြည်ရဲ့ မျက်လုံးဖြစ်တဲ့အတွက် ဒီအတိုင်း လက်ပိုက်ကြည့်မနေဘဲ ပြောခွင့်ရှိတယ် စတဲ့အချက်တွေပါပဲ။ဒီလို သီချင်းစာသားမျိုးကို လွတ်လပ်ခွင့်အနေနဲ့ ''ဘာမှမပြောကြပါနဲ့၊ မကြိုက်ရင် နားမထောင်ပါနဲ့''လို့ ပြောတဲ့ကျနော့်အပေါ် အတော်ကလေး ဒေါသထွက်ကြဟန်ရှိပါတယ်။ ကျနော့်ဆောင်းပါးမှာ မကျေနပ်တဲ့ ဒေါသသံတွေပါတာကြောင့် တုံ့ပြန်သူတွေဘက်ကလည်း ဒေါသသံတွေ၊ သရော်သံတွေကလည်း မပါမဖြစ် ပါလာကြပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ သဘောထားအမြင် ကွဲလွဲခွင့်ကို ကြိုဆိုသင့်ပါတယ်။ တုံ့ပြန်လာသူတွေရော အကြောင်းအရာပေါ်မှာ အမြင်သဘောထား အမျိုးမျိုးရှိတဲ့သူတွေကိုရော ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ကျနော့်ဆောင်းပါးရဲ့ အဓိကလိုရင်း အနှစ်ချုပ်က ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်း (အထူးသဖြင့် ဖိနှိပ်တဲ့ စစ်အာဏာရှင်ယနရားအောက်က လူ့အဖွဲ့အစည်း)အတွင်းမှာ ဖိနှိပ်မှုမှန်သမျှကို ရတဲ့နည်းလမ်းမှန်သမျှနဲ့ ဆန့်ကျင်မှုတွေ အမြဲလိုလိုရှိပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုကလည်း ဆယ်စုနှစ်(၂)ခု ကျော်ခဲ့ပါပြီ။စာပေ၊ သတင်းစာ၊ ဂီတ၊ အနုပညာတို့ရဲ့ ကင်ပေတိုင် ဆင်ဆာအဖွဲ့ဟာ လွတ်လပ်တဲ့ သဘောထားအမြင်တွေကို အဓိက ပိတ်ဆို့ထိန်းချုပ်တဲ့ ဌာနဖြစ်တာမို့ လူတိုင်းရဲ့ အော့နှလုံးနာစရာ အဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့ ပြည်တွင်းရော၊ ပြည်ပကပါ ဒီဆင်ဆာအဖွဲ့ကို တတ်နိုင်ရင် ဝေးဝေးက ရှောင်ကြပါတယ်။ အခု ဟစ်ပ်ဟော့ပ် မြေအောက်သီချင်းတွေအလှည့်ကျမှ ပြည်တွင်းပြည်ပ သတင်းဌာနအချို့က သတင်းထောက်အချို့က ဆင်ဆာအဖွဲ့ကို တိုင်တန်းပြီး အရေးယူပေးဖို့ ရေးသားခဲ့တဲ့ အချက်။ ဒီအချက်အပေါ် ကျနော်အဓိကထားပြီး ပြောတာဖြစ်ပါတယ်။ကျနော့်တို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မကောင်းတဲ့စရိုက်ကို ကျနော်ထောက်ပြဖို့ ကြိုးစားတာပါ။
ဖိနှိပ်ရေးယနရားဖြစ်တဲ့ ဆင်ဆာအဖွဲ့ကို ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ ကျနော်တို့ ထောက်ခံစရာမရှိပါဘူး။ သူတို့နဲ့ တသွေးတည်းတသားတည်း အမြင်ရော အတွေးအခေါ်ရော တူညီတယ်ဆိုရင်တော့ ဒီအချက်ဟာ မဟာပြသနာကြီးဖြစ်လာပါပြီ။ နောက်တစ်ခုက ကိုယ်မကြိုက်တဲ့ လက်မခံနိုင်တဲ့အရာတစ်ခုကို ဒီဖိနှိပ်ရေးယနရားရဲ့ အကာအကွယ်ကိုယူပြီး အသုံးချတဲ့ကိစပါ။နောက်တစ်ခုက တိုင်တန်းပုံပါ။ တိုင်တန်းပုံကလည်း သတင်းစာသမားတွေ အဓိကရှောင်ရှားရမယ့် တရားဥပဒေအရ တရားခွင်ကနေ စွပ်စွဲခံရသူတစ်ဦးတစ်ယောက်အပေါ် ပြစ်ဒဏ်မစီရင်ရသေးဘဲ သတင်းစာမျက်နှာထက်ကနေ ဥပဒေတွေကို အပိုဒ်လိုက်ရွတ်ပြီး ဒီလိုပုဒ်မနဲ့ အရေးယူသင့်တယ်၊ ယူရမယ်ဆိုပြီး ရေးလိုက်တဲ့ အချက်ပါ။ ဒီလို ရေးသားမှုမျိုးက မြန်မာ့အလင်း၊ ကြေးမုံကနေ ပြန်ကြားရေးဌာနက နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် တရားဝင် ဖမ်းဆီးမှုတွေ မလုပ်ခင် ကြိုတင်ရေးထားချက်တွေနဲ့ တသဘောတည်း တူညီနေပါတယ်။ဂျောက်ဂျက်နဲ့ ကျန် လူငယ်တွေရဲ့ မြေအောက်သီချင်းတွေ မညစ်ပတ်ပါဘူး၊ မရိုင်းပါဘူးလို့ ကျနော်တစ်ခါမှ မပြောခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက ''မကြိုက်ရင် နားမထောင်ပါနဲ့''လို့ ပြောတာပါ။ ဒီစကားကို လက်လွတ်စပယ် ပြောတယ်လို့ ထင်ရင် ကျနော် ထပ်ရှင်းပါမယ်။ ဒီသီချင်းတွေ၊ ဒီလှုပ်ရှားမှုတွေကတော့ ပေါ်နေပြီ၊ ဖြစ်နေပြီ။ မလိုလားတဲ့အရာဘဲ၊ တားရမယ်ဆိုတဲ့ အတွေးအခေါ်ဝင်လာပြီဆိုရင်တော့ ဒီအတွေးအခေါ်ဟာ ပြသနာရှိနေပြီလို့ ပြောရပါမယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ဒီလို ဂီတလှုပ်ရှားမှုမျိုးကို တားလို့မရပါဘူး။ တီဗီတွေကနေ၊ ဘုရားကျောင်းတွေကနေ နားမထောင်ကြနဲ့၊ ညစ်ညမ်းသီချင်းတွေလို့ပဲ တိုက်တွန်းပြောဆို နားသွင်းကြတယ်။ဘယ် သတင်းစာ၊ တီဗီတွေက သတင်းထောက်က ဒီသီချင်းတွေဟာ တရားမဝင် ထွက်နေတာ၊ တားပေးပါ၊ ပိတ်ပေးပါလို့ မပြောကြပါဘူး။ ပြောလည်း ဒါမျိုးကို အရေးယူဖို့ သူတို့မှာ ပုဒ်ထီး၊ ပုဒ်မတွေ မရှိဘူး။ နောက်ပြီး မြန်မာပြည်က သတင်းစာသမားအများစုက သူတို့ဟာ တိုင်းပြည်ရဲ့ မျက်လုံးဖြစ်တယ်ဆိုရင် တိုင်းပြည်အပေါ် အနရာယ်ရှိလာနိုင်မယ့်၊ အများပြည်သူ အကျိုးစီးပွါးအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်မယ့် အချက်အလက်တွေကို ချက်ချင်းရေးသား တင်ပြခွင့်ရှိသူတွေပါ။ယဉ်ကျေးမှုနယ်ပယ်မှာ အထူးသဖြင့် ဂီတနယ်ပယ်မှာ ဒီလိုသီချင်းမျိုးတော့ လာမဆိုနဲ့ လာလုပ်လို့မရဘူးဆိုတဲ့အမြင်တွေဟာ နည်းလမ်းကျတယ်လို့ထင်နေကြရင် ဒီအပေါ်မှာ ကျနော် စောဒကတက်ဖို့ တွန့်ပြီလို့ ပြောရမှာပဲ။ ယဉ်ကျေးမှုစီးကြောင်းကို ထိန်းသိမ်းဖို့က သတင်းသမားတွေရဲ့ တာဝန်မဟုတ်ဘူး။ ဒါက သမိုင်းခေတ်ရေစီးကြောင်းက သတ်မှတ်ပေးမှာ။ ဒါမှ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ယဉ်ကျေးမှုအရွေ့ကို ဒီလူ့အဖွဲ့အစည်းက ဆုံးဖြတ်မှာ။ သတင်းသမား အနည်းငယ်က ရှေ့ဆောင်ပြီး စာပေတာဝန်အနေနဲ့ မလုပ်ရဘူးလို့ ပြောချင်တာပါ။ နောက်တစ်ခုက ဂီတပဲဖြစ်ဖြစ် ဘယ်အနုပညာပဲဖြစ်ဖြစ် ဖန်တီးသူဟာ သူဖန်တီးလိုက်တဲ့ အနုပညာတိုင်းအပေါ် တာဝန်ခံရပါတယ်။သူ့အနုပညာ အကောင်းအဆိုးကို သူ့ပရိသတ်တွေက ဆုံးဖြတ်ကြပါတယ်။ ဆင်ဆာအဖွဲ့က စစ်ဗိုလ်ချုပ်တွေကို ဆုံးဖြတ်ခိုင်းတဲ့ သတင်းသမားတွေရဲ့သတိကို အင်မတန် အံ့သြပါတယ်။ ဒီလိုညစ်ညမ်းသီချင်းတွေဆိုလို့ ပရိသတ်က လက်မခံရင် ဆိုတဲ့သူဟာ အနုပညာလောကမှာ ရပ်တည်ဖို့ နေရာဆုံးရှူံးမှာပဲ။ ဒီကိစရှင်းရှင်းလေးကို ဘာဖြစ်လို့များ အရပ်ကူပါ လူဝိုင်းပါဆိုပြီး ပုံကြီးချဲ့ကြတာလဲ။မုန်းပါတယ်၊ ရွံပါတယ်ဆိုတဲ့ ဆင်ဆာအဖွဲ့က ဒီသီချင်းတွေ ဆိုတဲ့သူတွေကို အရေးယူလိုက်ပါပြီတဲ့။ ဘယ်သူတွေ ထိခိုက်သလဲ။ ကောင်းတာ၊ မကောင်းတာထား။ တီထွင်ဖန်တီးရတဲ့ အနုပညာအလုပ်ကို လုပ်နေသူအပေါ် မဆိုရ၊ မရေးရ၊ မထုတ်လုပ်ရ၊ မဖန်တီးရဖြစ်လာပြီဆိုရင် ဘယ်သူတွေ ထိခိုက်သလဲ။ ကျနော်ထောက်ပြတဲ့ကိစက ဒီသီချင်းတွေ နားထောင်လို့၊ ဆိုလို့ ထိခိုက်မှုထက် ဒီအပေါ်မှာ အရေးယူမှုလုပ်ဖို့ ပြောတဲ့၊ အရေးယူတဲ့အချက်ဟာ ဂျောက်ဂျက်တစ်ယောက်တင် မကဘူး။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အိုင်ဒီရော်လော်ဂျီအရကိုပါ ထိခိုက်တယ်လို့ ပြောချင်တာပါ။ စစ်အစိုးရနဲ့ အလိုတူအလိုပါဆိုတာ ဒါကို ဆိုလိုတာပါ။အခု ဂျောက်ဂျက်နဲ့ ညစ်ညမ်းသီချင်းတွေ အရေးယူပေးဖို့ ရေးတဲ့၊ ဝါဒဖြန့်တဲ့ သတင်းဌာနနဲ့ ရေးသူ သတင်းထောက်အတွက် ဆင်ခြင်ဖို့ပြောတာပါ။ ဆင်ဆာက သတိပေး ခံဝန်ထိုးခိုင်းပြီး သီချင်းဆိုခွင့် ထုတ်ခွင့် ပိတ်လိုက်တယ်။ အဓိကအားဖြင့် သတင်းရေးသူဘက်က ကျေနပ်လောက်စရာ ဖြစ်သွားတယ်။ ဇေယျာသော်တို့လို ထောင်ချဖမ်းဆီးလိုက်မယ်ဆိုရင် ဒီသတင်းရေးသူတွေ တသက်တာလုံး နောင်တရနေရမယ့် အဖြစ်မျိုးကို စဉ်းစားဖို့ပြောတာပါ။ ကျနော်ပြောတဲ့ ကျင့်ဝတ်ဆိုတာ အဲဒါပါပဲ။ကိုယ်မကြိုက်တဲ့ကိစ္စကို ကလောင်ကိုင်ထားတိုင်း ရေးချင်တာရေး၊ တိုင်ချင်တာတိုင်ခွင့်ရှိတာ သတင်းသမားတွေရဲ့တာဝန်မဟုတ်ဘူးဆိုတာ နားလည်ဖို့ပါ။ ကိုယ့်အာသီသပြည့်ဖို့၊ ကိုယ့်နဲ့အမြင်တူတဲ့သူတွေ သဘောကျစေဖို့အတွက် လူငယ်တွေရဲ့ခြေလှမ်းကို ရိုက်ချိုးတာ၊ နောင်သီချင်းဆိုလို့မရအောင် ဒုကပေးတာ မြန်မာ့ယဉ်ကျေးမှု ပျက်စီးတဲ့ဘေးက ကာကွယ်တာလို့ ကျနော်တော့ လုံးလုံး မယူဆဘူး။ စစ်ဗိုလ်တွေအားကိုးနဲ့ လူငယ်တွေကို ပန်းကောင်းအညွှန့်ချိုးတာလို့ပဲ မြင်တယ်။ကျနော်ပြောတဲ့ ''သတင်းတွေနဲ့လူသတ်တယ်''ဆိုတာ ဒါပါပဲ။ သီချင်းစာသားတွေ ရိုင်းတယ်၊ မရိုင်းဘူးဆိုတဲ့အပေါ် ဒီစာသားတွေက ယောက်ျားတွေအကြိုက် မိန်းကလေးတွေအပေါ် ရစရာမရှိအောင် ပြောထားတာမို့ ကြိုက်တာပေါ့ဆိုတဲ့ ပြောဆိုမှုမျိုးဟာ ကလေးဆန်ပါတယ်။ ဒီစာသားတွေ ရိုင်းတယ်ဆိုတာ မှန်တယ်။ ရိုင်းတိုင်း အရေးယူရမလား။ စဉ်းစားကြဖို့ပါ။ဒီကနေ့ အသက်၂ဝကျော်၊ ၃ဝ ဝန်းကျင်ရှိနေကြတဲ့ လူလတ်ပိုင်းတွေ၊ လူငယ်တွေရော သူတို့ဆယ်ကျော်သက်ဘဝ ဖြတ်သန်းလာခဲ့တဲ့ ပုဂလိက အတွေ့အကြုံတွေကို ပြန်သုံးသပ်ကြဖို့ လိုပါတယ်။ အပြာစာအုပ်လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာအုပ်တွေ၊ ညစ်ညမ်းပုံတွေဟာ မြေအောက်ဈေးကွက်မှာ သူ့ဟာသူ ရှိနေတာပဲ။ ကြိုက်တဲ့သူ ဖတ်၊ မကြိုက်တဲ့သူ မဖတ်နဲ့။ အတို့အထောင်လုပ်လို့ရှိရင် ဒီဈေးကွက်ကို အာဏာကိုင်ထားတဲ့လူတစ်စုက ဝင်ဖမ်း၊ ငွေညှစ်၊ ပြီးတော့ ပြန်လွှတ်။ ဒီဈေးကွက်ကြီး ပျက်သွားလို့လား။ ဒီမီဒီယာတွေကို လူတွေက ရွံ့စရာဆိုပြီးတော့ မကြည့်ကြတော့ဘူးလား။ကျနော်တို့ဟာ ဒီနေရာမှာတော့ အာဏာရှင်တွေနဲ့ အမြင်တူတယ် အတူတူတွဲလုပ်ရမယ်၊ ဒီနေရာမှာတော့ အမြင်မတူဘူး။ အတူတူ တွဲမလုပ်ဘူးဆိုတာမျိုးက အင်မတန်ကို မလုပ်သင့်တဲ့ အချက်ပါ။ ဆင်ဆာအဖွဲ့ ကင်ပေတိုင်ဟာ ဒီနေ့ စာနယ်ဇင်းသမားတွေအပေါ် အချိန်မရွေး ဒုကပေးနိုင်တဲ့ ဒုကပေးနေတဲ့ အဖွဲ့အစည်းပါ။ လွတ်လပ်ခွင့်အတွက် ဒီအဖွဲ့နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့မှ အမြင်သဘောထား တူစရာ မလိုပါဘူး။ ဖိနှိပ်ရေး ယနရားတစ်ခုအပေါ် အားကိုးမယ်၊ သဘောတူညီမယ်ဆိုရင် (ပူးပေါင်းပြီးလုပ်မယ်ဆိုရင်တောင်) စာပေလွတ်လပ်ခွင့်တင် မကပါဘူး။ ဒီမိုကရေစီရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လုံးဝနားမလည်ဘူး လို့ ပြောရမှာပါပဲ။ကျနော်ပြောတဲ့ စည်းကမ်းပြည့်ဝသော သတင်းများရဲ့ အနှစ်ချုပ်က ဒါပါပဲ။ ဒီအပေါ်ကို ကျနော် စိတ်ဆိုး၊ ဒေါသထွက်တဲ့အတွက် ဆောင်းပါးရေးတာပါ။ ဒီဆောင်းပါးရဲ့ အစပိုင်းက လူငယ်ဂီတသစ် လှုပ်ရှားမှုကို ရှင်းပြပြီး သူတို့တွေဟာ ပုတ်သိုးဆွေးမြေ့နေတဲ့ အသိုင်းအဝိုင်းထဲက လူတွေနဲ့မနေဖို့လို့ ရေးတာက ဘာပဲလုပ်လုပ် ကျနော်တို့တွေဟာ ခေတ်ရဲ့လှုပ်ရှားမှုကို ကြည့်နေလို့ပဲရမယ်၊ တားလို့မရဘူး။ လူ့အသိုင်းအဝိုင်းက လက်မခံဘူးဆိုရင် ဂီတမပြောနဲ့ ဘယ်သူမှ ရပ်တည်လို့ မရပါဘူး။ အဲဒါကလည်း စီးကြောင်းတစ်ခုရဲ့ အချိန်ကာလပေါ်မှာပဲ မူတည်ပါတယ်။ကျနော်တို့ဟာ အမှောင်ထဲကနေ လူပီသဖို့အတွက် အာဏာရှင်တွေကို သွေးတွေ၊ ချွေးတွေ၊ ဘဝတွေ၊ အသက်တွေ ရင်းပြီးတိုက်နေကြပေမယ့် အဲဒီအမှောင်ထဲမှာပဲ ကျနော်တို့လည်မျိုကို ညှစ်မယ့် ဖိနှိပ်ရေးတွေကို အားကိုးပြီး အချင်းချင်းဒုကပေးတဲ့ စိတ်ဓါတ်မျိုးဟာ ကျနော်တို့ လူ့အဖွဲ့အစည်းကိုပဲ အနရာယ်ပေးပါလိမ့်မယ်။ ကျနော်ပြောနေတာ ဒီမိုကရေစီရဲ့ စံနှုန်းနဲ့ ကျင့်ဝတ်တွေကို တန်ဖိုးထားဖို့ပါ။ ကိုယ့်ညီအစ်ကို နှမသားချင်းတွေ နားမထောင်စေချင်ဘူးဆိုရင် နားမထောင်ဖို့ ကိုယ့်ဟာ့ကိုယ် ပြောပေါ့။ မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မတော်ဘူးလို့ ပြောရအောင် ညစ်ညမ်းစာသား၊ ညစ်ညမ်း ရုပ်ပုံတွေကို တစ်ကမာလုံးမှာ ဘယ်လူကမှ မောင်နဲ့နှမ၊ သားနဲ့အမိ တွဲမကြည့်၊ မဖတ်၊ နားမထောင်ကြပါဘူး။ဂျောက်ဂျက်နဲ့ မြေအောက်ဟစ်ပ်ဟော့ပ်သီချင်းတွေ ပလူပျံနေတာကို အနရာယ်များတယ်ထင်ရင် တိုင်တာတောတာထက် ပိုပြီးအပြုသဘောဆောင်တဲ့အလုပ်မျိုး သတင်းသမားတွေ လုပ်လို့ရပါတယ်။ ကျနော်လည်း သတင်းလောကက လာခဲ့တဲ့အတွက် သတင်းတစ်ပုဒ်ဟာ အပြုသဘောလား၊ အပျက်သဘောလားဆိုတာ သတင်းထောက်ရဲ့လက်ကို ကောင်းကောင်းနားလည်ပါတယ်။ အခု ပြည်တွင်းပြည်ပ မီဒီယာအချို့က ဒီသတင်းနဲ့ပတ်သက်ပြီး ရေးခဲ့တဲ့ သတင်းတွေကို ပြန်ဖတ်ကြည့်ပါ။ တရားမျှတမှုရှိရဲ့လားဆိုတာ ပြန်စဉ်းစားပါ။ နေရာတိုင်းမှာ ကိုယ်နဲ့သဘောတူတဲ့သူတွေရှိသလို သဘောမတူတဲ့သူတွေရှိတယ်ဆိုတာ ပြန်စဉ်းစားဖို့ပါ။ကျနော်တို့တွေဟာ ကိုယ်ကိုယ်တိုင်ကဖြစ်စေ၊ လူ့အသိုင်းအဝိုင်းကဖြစ်စေ မှားခဲ့တဲ့ အမှားတွေကို သတိထားဆင်ခြင်ပြီး အမှားမများအောင် အသက်ရှင်ရပ်တည်ဖို့ ကြိုးစားကြသူတွေပါ။ ဦးနေဝင်းခေတ်က တစေသရဲ၊ စုန်းကဝေကားတွေကို မရိုက်ရ၊ မထုတ်ရဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။ သူတို့ရဲ့စေတနာကတော့ လူ့အဖွဲ့အစည်းမှာ ခြောက်ခြားမှုတွေ၊ တုန်လှုပ်မှုတွေ၊ မကြည့်သင့်တာတွေ မကြည့်စေချင်တာပါပဲ။ ဒီလိုပိတ်လိုက်တော့ရော မြန်မာပရိသတ်တွေက စုန်းကဝေ သရဲကားတွေကို လုံးဝ မကြည့်တော့ဘူးလား။ ကြည့်တာပေါ့။ မြန်မာကားမကြည့်ရတော့ နိုင်ငံခြားကားတွေ ကြည့်တာပေါ့။ ဒီလိုကြည့်တော့ ကျနော်တို့တွေအားလုံး စာရိတပိုင်းမှာ ချို့ယွင်းသွားရောတဲ့လား။အခုတော့ ပြန်ကြားရေးဝန်ကြီးကို နားဝင်အောင် တောင်းပန်ပြီး မြန်မာသရဲကားတွေ၊ လူသတ်ကားတွေ ပြန်ရိုက်ခွင့် ရနေတယ်။ အကန့်အသတ်နဲ့ပါ။ ကျနော်ပြောတာက ကိုယ်နဲ့အမြင်၊ သဘောထားမတူတဲ့ ဖြစ်ရပ်တွေပေါ်လာတိုင်း သည်းခံစိတ်ထားပြီး အမြင်ကျယ်ကျယ်နဲ့ ရေရှည်ကြည့်တတ်စေချင်တာပါ။ မျက်စိတမွှေးပဲကြည့်ပြီး ငြါ မြသအ့နမ စိတ်ဓါတ်မျိုးနဲ့ ပိတ်ဆို့ကန့်သတ်တဲ့ စရိုက်ကို မကြိုက်တာပါ။ ဒီလိုစရိုက်မျိုးနဲ့ဆိုရင် နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝတဲ့ ငြါ မြသအ့နမ ဒီမိုကရေစီနဲ့ပဲ ထိုက်တန်တယ်လို့ ကျနော်စွပ်စွဲတာပါ။အခုဟာက ထစ်ခနဲရှိ ရဝတလူကြီးကိုပြေးတိုင်တဲ့ စရိုက်မျိုးကို ရှုတ်ချတာပါ။ သတင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းမယ်ဆိုရင် သတိထားရမယ့်အချက်ကို ပြောတာပါ။လွန်ခဲ့တဲ့ (၁၂)နှစ်လောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီးဆီ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက စာကြည့်တိုက်ဖွင့်ဖို့ စာအုပ်အလှူခံရင်း ဆရာမကြီးဆီ ကန်တော့ဖို့လည်း ရောက်သွားပါတယ်။ ဆရာမကြီးကို ဦးချပြီးတော့ ကျနော်တို့ထဲကတစ်ယောက်က လာရင်းကိစဖြစ်တဲ့ အလှူခံတဲ့အကြောင်း ပြောရင်း အပေါစား၊ အပျော်ဖတ်စာအုပ်တွေ ကျနော်တို့စာကြည့်တိုက်မှာ မတင်လိုတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီမှာ ဆရာမကြီးက စာပေ၊ စာပေပဲကွ၊ အပေါစားတွေ အပျော်ဖတ်တွေ မရှိဘူးလို့ ပြန်ရှင်းပြပါတယ်။ ကျနော်က သိုင်းဝတုတွေ၊ မီကိုဇူးဇင်တို့ နိုကိုဇူးဇင်တို့ရဲ့ အပြာဆန်ဆန် အရေးအသားတွေကို အပြင်းအထန်ရှုတ်ချနေသူကိုး။ အဲဒီကစပြီး ကျနော်သင်ခန်းစာတစ်ခုအနေနဲ့ ယူခဲ့ပါတယ်။ ကျနော်မကြိုက်တိုင်း အပေါစား၊ အညံ့စားလို့ အမျိုးအစားခွဲတာကို ရပ်တန်းက ရပ်ခဲ့ပါတယ်။ မကြိုက်တဲ့စာကို မဖတ်တော့ဘူး။ မကြိုက်တဲ့သီချင်းလည်း နားမထောင်တော့ဘူး။ကျနော်တို့က ပြတင်းပေါက်တော့ ဖွင့်ချင်တယ်။ ခြင်တွေ ယင်တွေဝင်လာမှာကိုတော့ လုံးဝမကြိုက်ဘူး။ ဝင်လာတာနဲ့ ပြတင်းပေါက်ကို ပြေးပိတ်တဲ့၊ ပြေးပိတ်ခိုင်းတဲ့ အလုပ်မျိုးကို လုပ်ချင်ကြတယ်။ ကိုယ့်အချင်းချင်း လူချချင်ကြတယ်။ ဒါတွေ မလုပ်ကောင်းဖူးလို့ ကျနော်ဆိုလိုတာပါ။ ကျနော့်ဆောင်းပါးကို ဆန့်ကျင်တဲ့သူတွေရော၊ မဆန့်ကျင်တဲ့သူတွေရော နားလည်စေချင်တာပါပဲ။ကျေးဇူးတင်ပါတယ်။
(သြော် .. ဒါထက် စကားမစပ်။ ကျနော်ဟာ လစ်ဘရယ်ဒီမိုကရေစီရဲ့ တန်ဖိုးတွေကို အသွေးအသားထဲကကို ယုံကြည်သူတစ်ယောက်ပါ။) နေသန်မောင်
ဘလော့ဂ်ဂါများထံပေးစာ
၁၅ ဇန္န၀ါရီလ ၂၀၀၉။
ဘလော့(ဂ်)ဂါ များခင်ဗျားကျွန်တော်ဟာ တပ်မတော် အရာရှိ တစ်ဦး ဖြစ်ပါတယ်။ ကိုဖိုးတရုတ်ရဲ့  Cbox မှာ ရုရှားမှ komin ရေးထားတာ တွေဟာ မမှန်ကန်တာကြောင့် ကျွန်တော်တို့ရဲ့  ဒီမိုကရေစီ ဘက်တော်သားတွေ၊ နောင်တော် အကိုကြီးတွေ အတွက် ဆောင်းပါးရေးသား ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အကိုတို့ရဲ့  ဘလောဂ်မှာ တင်ပေးခြင်း အား ဖြင့် အမှန်တရားဘက်က ပြသပေးကြပါ။လေးစားစွာဖြင့်တရုတ်မဒီမိုကရေစီကို ရန်လုပ်.. သနားစဖွယ် ရုရှားမှ Komin ရဲ့  အတွင်းသရုပ်ပေးပို့သူ - တရုတ်မ (MAI)ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့  ဆောင်းပါးကို ဖတ်ပြီး မှန်နေလို့ "မှန်တာ ပြောတော့ နာတယ်" ဆိုသလိုပေါ့။ Komin တို့ "ရမ်း" တော့တာဘဲ။ အနာပေါ် ဒုတ် ကျတယ်ဆိုတာ ဒါမျိုးလေ။ တပ်ထဲက ထွက်လာတဲ့ အရာရှိတွေ ဟာ မင်း ပြောသလို Character နဲ့ ထွက်လာတာ ဖြစ်ကြစတမ်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် တို့ရဲ့  အကျင့်စာရိတ္တက စံပြကင်းရှင်းခဲ့တာမို့ သူတို့ကို စော်ကားသလို ဖြစ်နေပြီ။ မင်း ပြောသလိုဆိုရင် တပ်ထဲ ရှိနေတဲ့ သူတွေက အကျင့်စာရိတ္တ ကင်းရှင်းတယ်လို့ ဆိုလိုတာလား။ မင်း အဖေ ဗိုလ်သန်းရွှေရဲ့  သမီး စိန်စီသော ၀က်မ မင်္ဂလာဆောင် အခွေက စိန်တွေကို မင်း ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ မောင်ရွှေမန်း၊ မောင်အောင်သောင်း၊ မောင်ရဲမြင့်တို့ရဲ့  အဂတိလိုက်စားလို့ အပုတ်နံ့တွေ ထွက်နေတာကို မင်း ဘယ်လို "ဖုံး" ထားမလဲ။ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အထိ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ မင်း အဖေတွေကို မင်း ဘယ်လို ပြောမလဲ။
မင်းက BC နံပါတ် တောင်းရအောင် မင်းရဲ့  BC နံပါတ်ကတော့ စစ်တပ်မှာ တန်းစီလိုက်ရင် ဟိုး အဝေးကြီး မြောင်းထဲမှာဘဲ ရှိတယ်ဆိုတာ သိရဲ့ လား? ရှေ့ တန်း တိုက်ပွဲ ဘယ်နှစ်ပွဲလောက် မင်း ကြုံခဲ့ဖူးသလဲ? စစ်သား စစ်စစ်ကော ဖြစ်နေပြီလား? ဒီမေးခွန်းတွေကို မင်း ဖြေလိုက်ရင် တပ်မတော်သားတွေက မင်းကို "ဟား" တိုက် ရယ်မောကြလိမ့်မယ်။မင်းက DSA ကျောင်းဆင်း ပြီးပြီးချင်း တပ်မတော်သားတွေ ကြုံတွေ့ခံစားခဲ့တဲ့ ဒုက္ခတွေကို မသိလိုက်ရဘဲနဲ့ ရုရှားကို ရောက်လာလို့ စစ်အာဏာရှင်တွေရဲ့  အရိုးအရင်း ကိုက်ရတဲ့ သဘောနဲ့ ကျေးဇူးရှင် သဖွယ် မျက်စိမှိတ် ကာကွယ်နေတာကိုး၊ တကယ်တမ်းတော့ အခွင့်အရေး မျှော်ကိုးပြီး မင်းက တပ်ထဲ ၀င်တယ်ဆိုတာ သူများတွေ သိကုန်ပြီကွာ။မင်း သိထားဖို့က ၉၀ ရွေးကောက်ပွဲ ရလဒ်မှာ တပ်မတော်သား အများစုဟာ ဒီမိုကရေစီကို လိုလားကြောင်း ဆန္ဒပြု ခဲ့ကြတာ မင်း မမွေးသေးလို့လား? မွေးရင်တောင် နို့နံ့ မစင်သေးလို့လား? အခုရော နို့နံ့ စင်ရဲ့ လား? ကလေး အတွေးနဲ့ ကယောင်ကတမ်း မင်းက အဆင့်အတန်းမရှိဘဲ ထွီ..ထွမ် လုပ်နေတာ ရယ်စရာတောင် ကောင်းနေတယ်။ဗိုလ်ထက်မင်း ရေးတဲ့ တပ်မတော်သား အစစ်အမှန်များ ဆောင်းပါး အပိုင်း(၁) နဲ့ အပိုင်း(၂) ကို မင်း ဖတ်ကြည့်ပါ။ ငါတို့ ဒီဘာလောဂ်မှာ ရေးသားနေတဲ့ တပ်မတော်သား အစစ်အမှန်တွေဟာ Character နဲ့ ထွက်လာတဲ့သူ တစ်ယောက်မှ မပါဘူးလို့ သိရတယ်။တပ်မတော်သားတွေ ပကတိ ဖြစ်ရပ်မှန်ကို လေ့လာဖို့ လိုအပ်နေသေးတယ်။ တပ်ထဲမှာ ရှိနေတဲ့ တပ်မတော်သား အများစုဟာ အကြောက်တရားနဲ့ နေရတာမို့ မပြောဝံ့တဲ့ အခြေအနေကြောင့် မပြောသာတဲ့ အနေအထားမှာ ပြင်ပကို ရောက်လာတဲ့ တပ်မတော်သားတွေက သူတို့ကိုယ်စား ဖော်ထုတ် ပြောကြား ပေးနေတယ်ဆိုတာ မင်း သဘောပေါက် နားလည်ဖို့ လိုတယ်။ သူတို့ရဲ့  တင်ပြချက်တွေဟာ ပြည်တွင်းက တပ်မတော်သားတွေရဲ့  ရင်တွင်းဖြစ် ပေါက်ကွဲမှု အစစ်အမှန် ဖြစ်တယ်ဆိုတာ အချိန်က အဆုံးဖြတ် ပေးမယ်။တော်ကြာ ရုရှားက မင်း ပြန်ခါနီး ဒီမိုကရေစီ ရသွားခဲ့ရင် မပြန်ရဲတော့တဲ့ သနားစရာ ဘ၀မျိုး ရောက်နေဦးမယ်။ နိုင်ငံတကာနဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း အကြမ်းမဖက်ချင်လို့ မင်းတို့ အသက်ရှင်နေတာပါ။ မင်း ပြောသလို ငါတို့ ဒီမိုကရေစီ ဘက်တော်သားတွေ တမွန်းတည့်တောင် မခံဘူး လုပ်ထည့်လိုက်မယ်ဆိုရင် မင်းတို့လည်း တမနက်တောင် မခံဘူး၊ မင်းနဲ့ မင်း အဖေတွေကို လုပ်ထည့်လိုက်လို့ ရတယ်။မင်းပြောတဲ့ နွားအိုတွေ ဆိုတာ ဒီဘာလောဂ်မှာ ရေးနေတဲ့ သူတွေ မဟုတ်ဘူး။ အခုလက်ရှိ သန်းရွှေတို့၊ အောင်သောင်းတို့ကမှ နွားအိုတွေ အစစ်ဘဲ။ Character Case နဲ့ အရေးယူရရင် ဒီကောင်တွေ တစ်ယောက်မှ ပြေး မလွတ်ဘူး။ အစဉ်အဆက်ကို ပြန်ကြည့်လိုက်.. Character Case နဲ့ ဖြုတ်၊ ထုတ်၊ ချ ခဲ့ရတာ မင်း အဖေတွေချည်းဘဲ။ သူများ မျက်ချေး မြင်ပြီး ကိုယ့် မျက်ချေး ကိုယ် မမြင်လို့ မင်းကို ငါ သိပ် သနားတယ်။ မင်းလို IQ နိမ့်တဲ့ ကောင်တွေကြောင့် ပြည်သူနှင့် တပ်မတော်ကို အာဏာရှင်တွေက ခွဲခြားထားတာပေါ့။ ဒေါသ မကြီးဘဲ အမှန်တရားကို မြင်အောင်ကြည့်၊ ညဘက်ကျရင် မဟုတ်တာ မလုပ်နဲ့၊ မင်းရဲ့  အပြန်လမ်း ကောင်းမွန်အောင် တရားမှတ်ပါလို့ ရဲဘော်ရဲဘက် စိတ်နဲ့ သွန်သင် ရေးသား တင်ပြလိုက်ပါတယ်။"တပ်ပြင်ထွက်သွားတဲ့ သူတွေကမှ တကယ်အမှန်ကို ပြောပြနိုင်တာ" လို့ Cbox မှာ ရေးသားသွားခဲ့တဲ့ ရုရှားမှ KK ရဲ့  စာကိုလည်း ဖတ်ရလို့ အမှန်မြင်တတ်တဲ့ KK ကို ရဲဘော်ရဲဘက်စိတ်နဲ့ ချီးကျူးဂုဏ်ပြုကြောင်း ကျွန်တော် တရုတ်မက နိဂုံးချုပ် အမှာစကား ပါးအပ်ပါတယ် ခင်ဗျား။
ဒီရေဘလော့မှတစ်ဆင့်ဖော်ပြသည်။
ဦးကုလားဟုခေါ်ပါသည်။
အနာဂတ်ကုလသမဂ္ဂ
၂၀ ဒီဇင်ဘာ ၂၀၀၈၊ ခရမ်း
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည် ကွန်မြူနစ်ကို ဒူးတုန်အောင်ကြောက်လန့်နေမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် အပြစ်မဲ့ကမ္ဘာ့လူထုသန်းပေါင်းများစွာဟာ ကုလသမဂ္ဂရဲ့တာဝန်မဲ့မှု လူကိုတန်ဖိုးမထားမှု ကိုယ်တိုင်ပြောတဲ့အခွင့်အရေးကို ကိုယ်တိုင်အကောင်အထည်မဖေါ်ဆောင်နိုင်မှု
တွေကြောင့်သေဆုံးခဲ့ကြရပါတယ်။ ဒီကနေ့ကမ္ဘာကြီးမှာ ဒီမိုကရေစီနဲ့ ကွန်မြူနစ်စနစ်နှစ်ခုရဲ့ အားပြိုင်မှုကြောင့်လည်း ကုလသမဂ္ဂဆိုတာ နောက်နောင်တည်မြဲဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ၁၉၉၄ ခုနှစ်က လူမျိုးတုန်းအောင်သတ်ခဲ့တဲ့ ရ၀မ်ဒါလူသတ်ပွဲကြီး အပြစ်မဲ့တဲ့သူ ၁ သန်းကျော်သေဆုံးခဲ့ရတယ်။ အဲ့ဒီလိုဖြစ်ပျက်ခဲ့တဲ့နောက်ပိုင်းမှာ ကျူးလွန်သူကိုရှုံ့ချတာတွေ၊ နစ်နာသေဆုံးသူတွေအတွက် စိတ်မကောင်းတာတွေ ၀မ်နည်းမိတာတွေ ဒါတွေဘဲ ထပ်ကာတလဲလုပ်ပြနေတာဟာ ကုလသမဂ္ဂရဲ့ ဥာဏ်ဆိုးတစ်ခုလိုဖြစ်နေပါပြီ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အမေရိကန်နဲ့ ဗြိတိန်လိုနိုင်ငံကြီးတွေအပြင်
ကွန်မြူနစ်တွေဖြစ်ကြတဲ့ ရုရှားနဲ့ တရုပ်ကလည်းစစ်မျက်နှာတွေဖွင့်လာကြပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အားပြိုင်မှုတွေကြားမှာ လူသန်းပေါင်းမြောက်များစွာတန်ဖိုးမဲ့စွာ အသက်ပေးခဲ့ရတယ်။ ကုလသမဂ္ဂရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် ကွန်မြူနစ်စနစ်ဟာ ပိုမိုကြီးထွားလာခဲ့ရတယ်။ အီရတ်နိုင်ငံကို မခိုင်လုံတဲ့စွတ်ဆွဲချက်တွေနဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခဲ့လို့။ ကုလရဲ့ရလဒ်က အကြမ်းဖက် တုန့်ပြန်မှုတွေနဲ့ လူထုရဲ့နာကြီးမှုတွေဘဲဖြစ်တယ်၊ ဒီကနေ့ကမ္ဘာကြီးပေါ်မှာအကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာမှုတွေကလည်း ခံပျင်းမှုတွေ ဆုံးရှုံးနစ်နာမှုတွေ နာကြည်းမှုတွေကြောင့် ကလဲစားချေနေတာ မျိုးအဖြစ်မြင်တွေ့ရပါတယ်။
အကြမ်းဖက်တိုက်ခိုက်သူတွေကိုအမြဲ ကုလကအပြစ်ပြောနေပေမယ့် အကြမ်းဖက်တိုက်ခိုက်သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဥပကာပြုထားမှုတွေကြောင့်ဆိုတာထင်ထင်ရှားရှားမြင်ရမှာပါ။ မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ကတည်းက တရားဝင်လူသတ်ပွဲကြီးစတင်ခဲ့တယ်၊ ပညာတတ်တော်တော်များများဆုံးရုံးခဲ့ရတယ်။ လူ့အခွင့်အရေးတွေခြိုးဖောက်ခံရတယ်။ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့တွေက လူ့အခွင့်အရေးတွေထုတ်ပြန်တယ် ပြဌာန်းတယ်။ မြန်မာအာဏာလုစစ်တပ်က လူအခွင့်အရေးတွေ စနစ်တကျနဲ့ခြိုးဖောက်တယ် မုဒိန်းမှုတွေကို
စနစ်တကျစီစဉ်ကျင်းပတယ် လူညွန့်တုန်းအောင်စနစ်တကျနဲ့လုပ်ဆောင်တယ် နှစ်ပေါင်း ၅၀ ကျော်ပြည်တွင်း စစ်တွေဖြစ်နေတယ်၊ မူးယစ်ဆေးဝါးတွေ တရားဝင်ထုတ်လုပ်တယ် ဒီလိုလုပ်ဆောင်မှုတွေကို ကျူးလွန်မှုတွေကို စစ်တမ်းကောက် မှတ်တမ်းများထုတ်ပြန်ပြီး အရေးယူဖို့ တရားဝင်ကုလသမဂ္ဂကိုတင်ပြပေမယ့် မခိုင်လုံတဲ့ ပြည်တွင်းရေးဆိုပြီး ပယ်ချခံရတယ် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအံကြွမှုအပြီး အာဏာလုစစ်တပ်က ဆက်တိုက်တရားဝင် လူဖမ်းဆီးညှင်းပမ်းနှိပ်စက်ပွဲကြီးတရားဝင်ကျင်းပတယ် တရားဝင်မတရား အသက်ကျော်ထောင်ချမှုတွေပြုကျင့်ခဲ့တယ်။ ၂၀၀၈ ခုနှစ် နာဂစ် ဆိုက်ကလုန်းမုန်တိုင်းတုန်းက လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရတယ် စစ်တပ်ရဲ့တာဝန်မဲ့မှုတွေကြောင့် မသေသင့်ဘဲအသက်ဆုံးခဲ့ရတယ်။ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းဟာ တာဝန်နဲ့ ၀တ္တရားအရမြန်မာပြည်ကိုလာခဲ့ရတယ် ထို့အတွက် ကျေးဇူးတင်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။
မြန်မာအာဏာလုအစိုးရလုပ်ရပ်ကို နိုင်ငံတကာက ၀ိုင်းဝန်းပြောဆိုမှုတွေရှိလာပါတယ် ဒါပေမယ့် ကွန်မြူနစ်လိုလားတဲ့ တရုပ်နဲ့ ရုရှားမပါဝင်ပါဘူး ဒါကိုကုလသမဂ္ဂအတွင်းရေးမှူး
ဘန်ကီမွန်းက မလွှဲမရှောင်သာဖြင့် စိတ်ပျက်တယ် ဆိုတဲ့စကားတစ်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီ့စကားတစ်ခွန်းတည်းနဲ့ မြန်မာပြည်ပြောင်းလဲသွားမယ်လို့ ဘန်ကီမွန်းထင်နေပုံရတယ်။
၁၉၆၁ ခုနှစ် ကစပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသန့် ကထမ်းဆောင်ခဲ့တယ် သူလက်ထက်မှာ ကျူးဘား ဒုံးပျံအရေးအခင်းနဲ့ ကွန်ဂိုပြည်တွင်းစစ် ပြသနာများကိုဖြေရှင်းနိုင်ခဲ့တယ်။ ဘန်ကီမွန်းကတော့ အဂတိလိုက်စားမှု တွေရှိခဲ့တယ်ဆိုတာမလွဲနိုင်ပါဘူး။ အထူးကိုယ်စာလှယ်တွေခန့်အပ်ထားခဲ့တဲ့ မစ္စတာရာဇလီအစ်စ္စမေးလ်တောင် ကိုယ်စားလှယ်ယောင်ယောင် နဲ့စီးပွားရေးလုပ်သွားလို့ အီးပါ့စ်စပို့တောင်မြန်မာပြည်ကရလိုက်သေးတယ်။ ဂန်ဘာရီ ကုလားကျပြန်တော့ ပါးစပ်ကဘုရားဘုရား လက်က ကားယားကားယားနဲ့ မြန်မာပြည်လာပြီး ဖာလိုက်စားနေတာ ကုလလုပ်ငန်းတွေဖော်ဆောင်နေတာလား။ လူမိုက်တွေနဲ့ ဒေါ်စုအိမ်ရှေ့မှာ ဆူညံဆူညံနဲ့ အော်ဟစ်ပြောဆိုနေတာကုလရဲ့ အထူးကိုယ်စားလှည်လား။ မြန်မာနိုင်ငံ အမှန်တရားဖေါ်ထုတ်တဲ့နေရာမှာ ကုလမှတာဝန်ရှိသူတွေရဲ့ လှစ်လျူရှုမှုတွေ ပျက်ကွက်မှုတွေအပေါ်မှာပါ ထည့်သွင်းအရေးယူနိုင်ဖို့ ဆိုတာဟာလည်း အင်မတန်လိုအပ်ပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာရာဇ၀တ်မှုခုံရုံးက လူမျိုးပြုန်အောင်သတ်ဖြတ်မှုနဲ့ ရ၀မ်ဒါက ဗိုလ်မှူးကြီး သီယိုနစ်စတာကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။ ကုသသမဂ္ဂရဲ့တရားမမျှတလိုက်ပုံများ ကြည့်ကြပါဦး လူပေါင်း ၁ သန်းကျော်သတ်ဖြတ်ခဲ့တဲ့သူကို တစ်သက်တစ်ကျွန်းတဲ့ မြန်မာနိုင်ငံမှာ လူမသတ်ဘဲ လူ့အခွင့်အရေးလုပ်လို့ တစ်သက်တကျွန်းကျတဲ့သူတွေ ရှိပါတယ်။ မြန်မာနိုင်ငံက သန်းရွှေကိုတော့ နိုင်ငံတကာရာဇ၀တ်ရုံးမှာမစစ်ဘူး မြန်မာပြည်တွင်းရေးဖြစ်တာမို့ ကုလပါဝင်စရာမလိုဘူး စစ်ဖက်ဆိုင်ရာထိပ်တန်းအရာရှိတွေ ဆွေစဉ်မျိုးဆက်ကိုပြည်သူတွေက ဆုံးဖြတ်စီရင်ခွင့်ရှိတယ်။ ပြည်သူ့တရားရုံးက ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးထက်မျှတတယ် မှန်ကန်တယ်၊ မြန်ဆန်တယ်။ နောက်နောင်ကမ္ဘာမှာ ပြည်သူလူထုတွေက လူသားအချင်းချင်း လေးစားချစ်ခင်ပြီး
ကိုယ့်နိုင်ငံကိုအုပ်ချုပ်ကာ ကိုယ့်တရားကိုစီရင်ပြီး ညီညီညွတ်ညွတ်နေထိုင်မယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂဆိုတာရှိစရာမလိုပါဘူး နာမည်ခံကုလသမဂ္ဂဆိုတာမလိုတော့ဘူး။ နိုင်ငံတကာကပေးဆောင်နေရတဲ့ အခွန်အခတွေသက်သာပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးမရှိသင့်တော့ပြီလေ။
ထိုနည်းတူစွာဘဲ ဘန်ကီမွန်းရေ
၆ ဒီဇင်ဘာ ၂၀၀၈။
Group of Friends on Myanmar အဖွဲ့အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးရာထူးနဲ့ မထိုက်တန်တဲ့ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ မျှော်လင့်ထားတဲ့ရလာဒ်တွေထွက်မလာလို့ ပိုမိုစိတ်ပျက်လာကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသို့ အချိန်မရွေးသွားလို့ရကြောင်း ထို့အတွက် ခရီးစရိတ်လည်းအဆင်သင့်ထုတ်ပြီးထားကြောင်း အသုံးလွန်သွားလို့ အချိန်နှောင့်နှေးသွားတာဖြစ်ကြောင်းရှင်းပြပါတယ်။သိုသော် မြန်မာပြည်သူများနှင့် နိုင်ငံတကာမှလည်း စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ အတွင်းရေးမှူးကို အလွန်မင်း စိတ်ပျက်မိပါကြောင်း ဘန်ကီးမွန်းသိအောင်ပြော ဆိုလိုက်ပါသည်။
ဆင်မလိုက်သားရဲ့ စွမ်းအားမြှင့်သို့အကြံပြုချက်
၂၀ နိုဝင်ဘာ ၂၀၀၈။
ဘ၀င်မကျလို့ ပြောချင်တာလေးတစ်ခုရှိလာလို့ အခုလိုဘဲရေးလိုက်မိပါတယ်။ မြန်မာနိုင်ငံမှာ နအဖစစ်အစိုးရဟာ ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့နှိပ်စက်ညှင်းပမ်း နိုင့်ထက်ဆီး နင်းပြုမူဆက်ဆံနေတယ်ဆိုတာကိုတော့ အထူးတလည်ပြောမနေတော့ပါဘူး။
နအဖကို မခံချင်စိတ်နဲ့တုန့်ပြန်ကလဲ့စားခြေချင်သူတွေကတော့ ၅၂ သန်းမြန်မာပြည်သူတွေထဲက သန်း ၅၀ ကအမှုန့်ခြေချင်ကြတယ်လို့ယုံကြည်ပါတယ်။ နည်းအမျိုးမျိုးနဲ့လက်တုန့်ပြန်ဖို့ ခံယူချက်တွေမတူကွဲပြားပေမယ့် ရည်ရွယ်ချက်က စစ်ခွေးတွေကျဆုံးဖို့အတွက်ပါဘဲ။ နအဖကို သတိပေးခြောက်လှန့်ဖို့ အရင်ရန်ကုန်မြို့ရဲ့ ကုန်တိုက်တွေမှာ ဗုံးပေါက်ကွဲမှုတွေရှိခဲ့ပါတယ်။ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ဒုနဲ့ဒေးပါ။ နအဖက ပြည်ပရောက် အဖွဲ့စည်းတွေကိုပုံချပါတယ်။ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့က နအဖကိုပြောဆိုကြပါတယ်။ ကြားထဲကမြေဇာပင်က ပြည်သူလူထုပါ။ အခုလည်းပဲ ဇူလိုင်လအစောပိုင်းက ရန်ကုန်မှာ ဗုံးတွေပေါက်ကွဲမှုတွေကြောင့် ပြည်သူလူထုမှာ လမ်းအပြင်တောင်မ ထွက်ရဲကြပါဘူး။ နအဖစစ်ခွေးတွေက အတိုက်အခံနိုင်ငံရေးပါတီတွေကိုစွပ်စွဲပါတယ်။ ဒါပေမယ့်စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်အဖွဲ့ကသူတို့လုပ်ပါတယ်လို့ပြောဆိုပါတယ်။ ရွှေပြည်သာကြံ့ခိုင်ရေးရုံးအပါအ၀င် ရန်ကုန်မြို့တော်ခန်းမရှေ့ တာမွေရဲစခန်း ပေါက်ကွဲမှု စတာတွေဟာသူတို့ပါလို့ပြောဆိုပါတယ်။ သူများလုပ်တာမျိုး နအဖရဲ့ ကလိမ်ဥာဏ်မျိုးကို အသာလိုက်ပြီးတော့ နာမည်ဝင်ယူတာမျိုးဆိုရင်တော့ မြန်မာပြည်သူလူထုအတွက် စိတ်မကောင်းစရာတစ်ခုပါဘဲ။ တကယ်တန်းသာ စွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်အဖွဲ့ကလုပ်တာမှန်ရင်တော့ တစ်ခုလောက်တော့အကြံပြုချင်ပါတယ်။ ပေါက်ကွဲတဲ့နေရာ တွေဟာ အများပြည်သူသွားလာနေတဲ့နေရာဒေသ တွေမှာဖြစ်ပါတယ်။ ထိခိုက်ဒါဏ်ရာရသူတွေလည်း ရှိပါတယ် စွမ်းးအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်တွေတကယ်တန်းရှိနေတယ်ဆိုရင် ဂုဏ်ယူပါတယ်။ မြန်မာတွေကိုယ့်နိုင်ငံ ကိုယ်ဘာသာသာသနာအတွက် တကယ်ဘဲအသေခံရဲကြပြီလား နအဖကို ပျောက်ကျားစနစ်နဲ့ပြန်တိုက်ဖို့ စွမ်းးအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်တွေတကယ်ရှိနေပြီလား ဖောက်ကွဲမှုနည်းပညာတွေ ရှိနေကြပြီလား အသေခံဗုံးခွဲရဲကြပြီလား နအဖ စစ်ခွေးကို ကျောင်းမှန်း ကန်မှန်းသိအောင်ပြဖို့အချိန်တန်ပါပြီ အများပြည်သူသွားလာနေတဲ့နေရာဒေသမျိုးတွေကို ဖောက်ကွဲမှုတွေရှောင်ကျဉ်ဖို့လိုပါတယ် ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လူစာရင်းတွေဒီလင့်မှာရှိပါတယ် http://pyustate.blogspot.com/2008/11/blog-post_15.html အဲ့ဒီ့သူတွေ မတရားအမိန့်ချတဲ့ မတရားသူကြီးတွေရဲနာမည်စာရင်းတွေနဲ့ စစ်ခွေးတွေရဲ့အမည်စာရင်းတွေhttp://thehellsgeneralsofburma.blogspot.com/ ဒီမှာရှိပါတယ်။ အဲ့ဒီ့နေရာ အဲ့ဒီ့အိမ်တွေကိုအဓိက ပြစ်မှတ်ထားစေချင်ပါတယ်။ များများလုပ်ဖို့မလိုပါဘူး နမူနာ ၁၀ ယောက်လောက် ဆက်တိုက်ရက်ဆက် သတ်ပြလိုက်ပါ။ အဲ့သလိုမှမဟုတ်ဘဲ အများသူငါသွားလာလှုပ်ရှားနေတဲ့နေရာ ဒေသတွေမှာဗုံးပေါက်တိုင်း နှမ်းဝင်ဖြူးတာမျိုးတော့မလုပ်ပါနဲ့လို့အကြံပြုချင်ပါတယ်။ သေမှာမကြောက်လို့ပေတရာလမ်းထွက်လျှောက်တဲ့ သူတွေ ဒုနဲ့ဒေးပါဗျာ။
ဆင်မလိုက်သား (ရန်ကုန်)
ဒေါက်တာစိန်ဝင်းသို့ အိတ်ဖွင့်ပေးစာ
ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။
အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကိုတင်ပြမယ်ဆိုတုန်းကလေ..ကျုပ်ဗျာ…ဘယ်လိုပြောရမလဲ..ဒီတခါတော့ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။
ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..
မောင်သက်ပြင်း ( အင်းယားမြေ )
http://freeforcountry.blogspot.com
